12/11/2025
ယနေ့ eFootball သတင်းတစ်ပုဒ်အနေနဲ့ ဂုဏ်ပြုတင်ဆက်ပေးချင်တာကတော့၊
မြန်မာ 🇲🇲 Mobile eFootball ကစားသမားတွေထဲကနေ၊ AC Milan Event _ Round 3 မှာ Qualify ၁၆ သင်း စာရင်းဝင်ဖြစ်ဖို့ လက်တစ်ကမ်းအကွာအထိ ရောက်ရှိခဲ့တဲ့
" Wai Linn Htut Aung "
အကြောင်းပဲ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက eFootball-ers တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အဆိုပါ AC Milan Event ရဲ့ Round 3 မှာ စုစုပေါင်း ၁၆ သင်းကသာ Qualify ဖြစ်မှာ ဖြစ်ပြီး၊ eFootball-ers တွေအတွက် အခက်ခဲဆုံး အဆင့်တွေထဲက တစ်ခု ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့အထိ သတ်မှတ်အချိန် ညနေ ၅ ခွဲကနေ ည ၁၀ ခွဲအတွင်း၊ ကစားခဲ့ကြရတာဖြစ်ပြီး၊ အဆိုပါ အချိန်အတွင်းမှာ နိုင်ပွဲ၊ သရေ၊ အရှုံး ရလဒ်တွေပေါ် မူတည်ကာ Division လိုပဲ Rating တွေ အတက်အကျ ရှိတာ ဖြစ်ပါတယ်။
ACE Alliance eFootball Club ရဲ့ ကစားသမားဖြစ်သူ
" Wai Linn Htut Aung " အနေနဲ့ စုစုပေါင်း ၇၉ ပွဲ ကစားခဲ့ပြီး၊
၆၄ ပွဲ နိုင် ⬆️
၂ ပွဲ သရေ ➡️
၁၃ ပွဲ ရှုံး ⬇️
Rating ၁၇၀၅ 🔥
အဆင့် ၁၇ 🔥
မှာ ရပ်တည်နိုင်ခဲ့ပါတယ်။
အဆင့် ၁၆ မှာ ရပ်တည်ခဲ့တဲ့ ကစားသမားနဲ့ Rating ၁ ခုသာ ကွာဟခဲ့တာမို့၊ အတော်လေး နီးစပ်ခဲ့တယ်လို့ ပြောရမှာပါ။
ဘာပဲဖြစ်ဖြစ် မြန်မာကစားသမားတွေအနေနဲ့ ယခုလို လက်စွမ်းပြနိုင်ပြီး၊ အကောင်းဆုံးရလဒ်တွေ ဖော်ဆောင်လာနိုင်လို့၊ မြန်မာ့ eFootball လောကအတွက်တော့ ဂုဏ်ပြုစရာ တစ်ခုအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ဒီလိုတွေ ဖြစ်လာခြင်းဟာလည်း
- ကြိုးစားနေကြတဲ့ ကစားသမားများ
- အသင်းထောင်ပြီး ပံ့ပိုးနေတဲ့ ပိုင်ရှင် or Leaders များ
- ပြိုင်ပွဲတွေ ကျင်းပပေးနေတဲ့ အဖွဲ့အစည်းများ
- အကောင့်တွေ မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အဖက်ဖက်က ပါဝင်နေကြတဲ့ Sellers များ + Content Creators များ
ရဲ့ စုပေါင်းအားလို့ ပြောရမှာပါ။
ဆိုတော့ကာ
တခုနဲ့တခု အမှီသဟဲ ပြုနေကြခြင်းကို ကောင်းမွန်ခြင်းဖက်ကနေ သိမြင်နိုင်ပြီး၊ အားလုံးပဲ အတူတူ ဆက်လက်ကြိုးစားနိုင်ကြပါစေလို့ တိုက်တွန်းရင်း