Written Pieces ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Written Pieces, Digital creator, Bangkok.

ဆရာအကြည်တော်ရဲ့ ဆောင်းအိမ်မက်-------------------------------🧶 တစ်ခါ တစ်ခါ မိဘနှစ်ပါးကို မြန် မာဗီဒီယိုဇာတ်ကားထဲ ထည့် ထား...
30/08/2025

ဆရာအကြည်တော်ရဲ့ ဆောင်းအိမ်မက်
-------------------------------
🧶 တစ်ခါ တစ်ခါ မိဘနှစ်ပါးကို မြန် မာဗီဒီယိုဇာတ်ကားထဲ ထည့် ထားပေးချင်စိတ်ပေါက်တယ်။ ဟုတ်တယ်လေ။ ဒီတော့မှ မြန် မာဗီဒီယိုဇာတ်ကားထဲက မိဘတွေလို အလုပ်မရှိ၊ အကိုင်မရှိ၊ အားယားနေ ပြီး ကိုယ့်သားသမီး အိမ်ထောင်ချပေး ဖို့သိမှာ။ လူပျိုကြီးဖြစ်ရတာလည်း သိပ်တော့လွယ်လှတာမဟုတ်ဘူး။ လူ တိုင်းက ရောင်းမထွက်တဲ့ရှေးဟောင်းလိုကြည့်သွားတာတစ်မျိုး။ တချို့က လည်း လောကကြီးကို သေးပေါက်ဖို့ လောက် ရောက်လာတယ်ကပြော သေး။ ဒီကြားထဲ ကိုယ့်ပတ်ဝန်း ကျင်က မိန်းမတွေ၊ ကလေးမွေးရင် ကိုယ်နဲ့တူနေပြန်လည်း သိပ်အနေရ ခက်တာပဲသိလား။

🧶 “မိန်းမဆိုတာ ယူတတ်တဲ့လူမှ ရတာကွ” ကျွန်တော့်အစ်ကိုစကား မှန် သလားတော့မသိဘူး။ တချို့ဆို ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတာ။ Facebook သုံးတဲ့အခါ တစ်ခါတစ် ခါ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်တယ်။ ကလေးငယ်ငယ်လေးတွေက အိမ်ထောင်ပြုကြတာ။ ဒီကြားထဲ တစ်လောကတွေ့သေး။ မျက်မမြင် ယောက်ျားတစ်ယောက်က မိန်းမနှစ် ယောက်ယူပြီး မွေးလာတဲ့ကလေး ငါးယောက် ရှင်ပြုတာတဲ့။ သေရော။ ကျုပ်အတွေ့အကြုံအရဆို စိတ်ကျန်း မာရေးဆရာဝန်တောင် လုပ်လို့ရနေ ပြီ။ရည်းစားထားမယ်ဆိုတိုင်း၊ အရူး တွေနဲ့ချည်းပဲ ကြုံနေရတယ်။ ခေတ် ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျကြတာလည်း မပြောနဲ့။ သူတို့စံထားတာကိုက ရိုမီယိုနဲ့ ဂျူး လီးယက်။ ဂဃဏန သိကြရဲ့လားတော့ မသိဘူး။ စာရေးရင်တောင် ကိုယ်တို့ အချစ်က ရိုမီယိုနဲ့ ဂျူးလီးယက်လိုမခွဲ မခွာ ချစ်ကြမယ်ပေါ့။ ကောင်းပါတယ်။ တစ်ယောက်က အဆိပ်သောက်၊ တစ်ယောက်ကဓားနဲ့ထိုး အေးတာပဲ။ တစ်ခါတလေလည်း ကိုယ်မရလို့လား မသိဘူး။ ဂယောင်ဂယင်တွေက သိပ် တွေးမိတယ်။

🧶 ခုခေတ်မိန်းကလေးတွေ က ပြောတယ်။ “စင်ဒရဲလားတောင် Nightout မထွက်ရင်၊ မင်းသားလေးနဲ့ မရ ဘူး”တဲ့။ သူတို့ Night Out က ချင်တိုင်း စင်ဒရဲလားနဲ့ နှိုင်းကြတယ်။ ကျုပ်ကလည်း ပြန်ပြောတယ်။ “စဉ်းစဉ်းစားစားလည်း ပြောပါ ဦး။ စင်ဒရဲလားက Night Out ထွက်လို့ မင်းသားလေးနဲ့ ညားတယ် ဟုတ်လား။ ပြန်လည်းစဉ်းစားပါဦး။ ညတုန်းကတော့ မူးမူးရူးရူးနဲ့ ချစ်လှ ပါချည်ရဲ့၊ ကြိုက်လှပါချည်ရဲ့ဆိုပြီး ပြော၊ မနက်ကျ ရူးကြောင်မူးကြောင် နဲ့ မျက်နှာတောင် မမှတ်မိဘဲ၊ ကျကျန် ခဲ့တဲ့ ဖိနပ်နဲ့ တော်မတော် လိုက်စမ်း ရှာယူနေရတဲ့ အရက်သမားနဲ့ အ ကြောင်းပါသွားတဲ့ အကြောင်းလေး” ဟုတ်တယ်လေ။ ညတုန်းက တော့ ချစ်လိုက်တာ၊ ချစ်လိုက်တာ ဆိုပြီး မနက်ကျ ရုပ်တောင်မမှတ်မိ တော့လို့ ကျကျန်ခဲ့တဲ့ဖိနပ်နဲ့ လိုက် တိုင်းနေရတယ်တဲ့။ ဘယ်လိုငမူး ကောင်လဲဆိုတာ စဉ်းစားသာကြည့်။

🧶 မိန်းကလေးတွေကလည်း ခက် တော့ခက်သား။ မိန်းကလေးတွေရဲ့ စိတ်ကို စစ်တမ်းကောက်တဲ့ ပညာရှင် တွေက ပြောတယ်။ “မိန်းကလေးကိုးဆယ်ရာခိုင် နှုန်းဟာ သူတို့က ဘဝမှာ သူတို့ မင်းသမီးတွေချည်းပဲ”တဲ့။ သူတို့စဉ်းစားပုံကိုက သူတို့ မင်းသမီးနေရာကစပြီး စဉ်းစားကြ တယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် သူတို့တွေရဲ့ ဘဝမှာ မင်းသားတွေ နဲ့ပဲ တွေ့ချင်ကြမှာပေါ့။ ဒါကြောင့် သူတို့ဘဝအတွက် အရေးကြီးတဲ့ ရွှေမင်းသားပဲ လိုက်ရှာကြတာပေါ့။ ဒါပေမဲ့ “ရုပ်တောင် မမှတ်မိအောင် မူး ရူးနေပြီး ပါးစပ်ကတော့ တအားချစ် တယ်။ တအားချစ်တယ်၊ ပြောနေတဲ့ ရွှေမင်းသားနဲ့တွေ့တော့ အေးရော”

🧶 တချို့မိန်းကလေးတွေက ပြော သေး။ ရင်ကော့ပြီး “ကျွန်မဘဝမှာ မိဖုရားဖြစ်ချင် တာမဟုတ်ဘူး” “ဒါဆို ဘာဖြစ်ချင်တာလဲ” “ဘုရင်မရှင့်၊ ဘုရင်မဖြစ်ချင် တာ” ဒါနဲ့ ဆက်မေးရတာပေါ့။ “ဘယ်လိုဘုရင်မမျိုး ဖြစ်ချင် တာလဲ”ဆိုတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဘာပြောရမှန်း မသိဘူး။ နောက်မှ “ဟိုလေ ပျားဘုရင်မ” အေးရော။

🧶 ခုခေတ် ယောက်ျားလေး အ တော်များများကလည်း ပါးနပ်ကုန်ပြီ။ ကျွန်တော်တို့လို လူထူထူထိုင်းထိုင်း ကောင်တွေ မပါတော့ဘူး။ ခေတ် ကာလ အခြေအနေအရ အရက် ကလေး၊ ဘီယာကလေး သောက် တတ်ကြတာပေါ့။ ဒါပေမဲ့ သူတို့ ကြိုက်တဲ့ ကောင်မလေးတွေ့တဲ့အခါ “အရက်နဲ့ကျွန်မ ဘယ်ဟာရွေး မလဲ။ ပြတ်ပြတ်သားသား ပြောစမ်း” ဆိုသွားကြီး အစွမ်းကုန်ဖြဲပြီး … “ချစ်ကလည်း ချစ်ပဲရွေးမှာပေါ့။ အရက်က ဘာလုပ်ရမှာလဲ။ အလ ကား ကျန်းမာရေးတောင်ဆိုးနိုင်သေး” အဲဒါဆို ကောင်မလေးတွေက ကျေနပ်ရှာတယ်။ “သြော် ငါ့ကိုချစ်လို့ သူကြိုက်တဲ့ အရက်တောင် ဖြတ်ပေးရှာတယ်ပေါ့” အမှန်တော့ ဘာမှမဟုတ်ဘူး။ အရက်သမားဆိုတာမျိုးက အရက်ကို ဘယ်လိုခိုးသောက်ရမယ်ဆိုတာ သိကိုသိပြီးသား။

🧶 ဒါကြောင့်တစ်ချက် ခုတ်၊ နှစ်ချက်ပြတ်လုပ်တာ။ ဒါပေမဲ့ လေ။ ဘာပဲပြောပြာ။ “ချစ်သူရည်းစားထားခြင်းသည် လည်း ရံဖန်ရံခါ၌ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးနိုင်ပါ ကြောင်း “ကိုယ်မှမရတာ။

✍ အကြည်တော်
📝 မြန်မာဝတ္ထုတိုများမှ

#ဆောင်းအိမ်မက်
#အကြည်တော်
#စာပေ

ဆရာမင်းလူရဲ့ ဝတ္ထုတိုကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ ကျပ်တန်ပုံပြင်ကို ဖတ်ဘူးကြလား?လူတွေရဲ့စိတ်ကို ဝတ္ထုတိုတစ်ပုဒ်လေးမှာတင် တင်ဆ...
30/08/2025

ဆရာမင်းလူရဲ့ ဝတ္ထုတိုကောင်းလေးတစ်ပုဒ်ဖြစ်တဲ့ ကျပ်တန်ပုံပြင်ကို ဖတ်ဘူးကြလား?
လူတွေရဲ့စိတ်ကို ဝတ္ထုတိုတစ်ပုဒ်လေးမှာတင် တင်ဆက်ပြသထားတဲ့အပြင် ဇာတ်လမ်းထဲက မြေးတစ်ယောက်အဘွားဖြစ်သူရဲ့ ဘဝကဆင်းရဲလင့်ကစား မြေးရဲ့စံပြဖြစ်စေမယ့် အပြုအမူလေးနဲ့ ဇာတ်သိမ်းထားပုံလေးက ဇာတ်လမ်းလေးကို လှပစေပါတယ်။ မဖတ်ရသေးတဲ့ ပရိသတ်ကော၊ ဖတ်ပြီးသွားလို့ ပြန်ခံစားခြင်တဲ့ပရိသတ်ရောအတွက် တင်ဆက်လိုက်ပါတယ်။
--------------------------------
မင်းလူ ကျပ်တန်ပုံပြင်
(၁)
ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး ...
"ငါးကျပ်တန်ပေးတာ ဘယ်သူလဲ" ဟု မေးသည်။
"ဒီမှာ ... ဒီမှာ"
လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။
ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။

(၂)
စာရေးမလေးသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ်တက်နေသော အင်္ကျီအောက်နားစကို ဆွဲဆန့်လိုက်သည်။ ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကမ်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။
အခန်းထဲ၀င်သည်။ စားပွဲပေါ် ခြင်းတောင်းချ၊ ကုလားထိုင်ဆွဲပြီး ထိုင်သည်။ ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်ပြန်သည်။ အလျားလိုက် ခေါက်ပြီး ထပ်ထားသော ကျပ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် ကျပ်တန်အလှည့်တွင် လက်က တုံ့ခနဲဖြစ်သွားသည်။
ကျပ်တန်အလယ်တည့်တည့်က ထက်ပိုင်းစုတ်ပြဲနေသည်ကို စက္ကူဖြင့် ပြန်ကပ်ထားခြင်း ဖြစ်သည်။ သူ့မျက်နှာက နည်းနည်းအိုသွားသည်။ ပြီးတော့မှ နှုတ်ခမ်းထောင့်စွန်းကလေး တွန့်ရုံ ပြုံးလိုက်၏။
ပိုက်ဆံအိတ်ဖွင့်၍ ကျပ်တန်အကောင်းဆုံး သုံးရွက်ကို ထည့်သည်။ ငါးကျပ်တန်တစ်ရွက် ပြန်ထုတ်သည်။ စောစောက ကျပ်တန်အစုတ်ကိုပါယူပြီး ခပ်လှမ်းလှမ်းရှိ စာရေးကြီး စားပွဲသို့ သွားသည်။
"ဆပ်ပြာဖိုး ငွေသွင်းလို့ရပြီလား"
စာရေးကြီးက ဖိုင်တွဲလေးကို လှန်လှောနေရာမှ မော့ကြည့်ပြီး ...
"ရပြီလေ၊ သုံးပိုင်းအတွက် ခြောက်ကျပ်သွင်းရမယ်"
စာရေးမလေးက ငွေခြောက်ကျပ် လှမ်းပေးသည်။ စာရေးကြီးက ကျပ်တန်အစုတ်ကို မြင်သွား၏။
"ဟာဗျာ၊ ခင်ဗျားတို့ကလည်း အစုတ်အပြဲမှန်သမျှ ဒီမှာချည်း လာပေးတာပဲ။ ဟိုကျလို့ ငွေသွင်းတဲ့အခါ ခဏခဏစကားများရတယ်"
"ရပါတယ်၊ ဟိုကလည်း ဘဏ်သွင်းရမှာပဲဟာ"
စာရေးမလေးက ပြောပြောဆိုဆို လှည့်ထွက်သွား၏။ ထိုအချိန်မှာပင် သက်သာလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေး ရောက်လာသည်။
"အစ်ကိုရေ၊ အစိတ်ဖိုးလောက် လဲပေးပါဦး၊ ကျပ်တန်ချည်းပဲရရင် ပိုကောင်းတယ်"
"သိပ်ရတာပေါ့ကွာ"
စာရေးကြီးက ကျပ်တန်အရွက်အစိတ် ရေတွက်ပြီး ပေးလိုက်သည်။

(၃)
ရုံးအုပ်ကြီးက ကောင်တာပေါ်သို့ ဆယ်တန်တစ်ရွက် တင်လိုက်ပြီး...
"လက်ဖက်ရည် နှစ်ခွက်ဟေ့"
ဟုပြောလိုက်သည်။ ကောင်တာထိုင်သူက တိုကင်ပြား နှစ်ပြားအရင်ပေးလိုက်သည်။ ထို့နောက် အကြွေပြားနှစ်ဆယ်၊ ကျပ်တန်သုံးရွက်နှင့် ငါးကျပ်တန်တစ်ရွက် ပြန်အမ်းသည်။ ရုံးအုပ်ကြီးက ပြန်အမ်းငွေကိုယူ၍ လက်ဖက်ရည်ဖျော်သည့်နေရာသို့ ထွက်လာပြီးမှ ပြန်လှည့်ကာ ...
"ဟေ့ကောင်၊ ကျပ်တန်တစ်ရွက် ပြန်လဲပေးကွာ၊ အစုတ်ကြီး"
"ကျပ်တန်က ဒါပဲရှိလို့ပါ၊ ခုနရုံးပေါ်က သွားအမ်းလာတာ အစိတ်ဖိုးက ဒါနောက်ဆုံးကျန်တာပဲ။ သုံးလို့ရပါတယ် ဆရာရဲ့"
"ဟာ ... ရမယ်မထင်ဘူးကွ၊ စုတ်တဲ့အပြင် နွမ်းလည်းနွမ်းနေသေးတယ်"
"လွယ်ပါတယ်ဆရာရယ်၊ နောက်နေ့လည်း လက်ဖက်ရည် သောက်ဦးမှာပဲ။ အဲဒီတော့မှ ပြန်ပေးပေါ့"

(၄)
ရသာမုန့်ဆိုင်ရှေ့ရှိသုံးဘီး၊ လေးဘီးဂိတ်တွင် လူတွေ ပုံနေသည်။ မှောင်စပြုလာသောအချိန်တွင် လူကပိုကျလာ၏။ ကားက အ၀င်နည်းနေသည်။ သုံးဘီးတစ်စီး ၀င်လာသည်။ နောက်ဘက်မှ တွယ်ပြီးလိုက်လာသော ကောင်လေးက "တာမွေ တာမွေ" ဟုအော်သည်။ လူတစ်စု ပြုံပြီးတိုးတက်သည်။ ရုံးအုပ်ကြီးသည် အစွန်ဆုံး တစ်နေရာကို ရလိုက်၏။
ကျောက်မြောင်း သီတာလမ်းထိပ်တွင် သူဆင်းသည်။ ကားမောင်းသမားကို ကျပ်တန်တစ်ရွက်ပေးပြီး ချာခနဲ လှည့်ထွက်လိုက်၏။ ခပ်သုတ်သုတ် လျှောက်သွားသည်။
မိန်းကလေးက သုံးဘီးကားကို လှမ်းတာသည်။ ကားရပ်ပေး၏။ မိန်းကလေးကမေးသည်။
"စိန်ဂျွန်းစျေးသွားချင်လို့"
"ရပါတယ် ရှစ်ကျပ်တော့ပေးပေါ့"
"ဟင် ...များတာပေါ့၊ သိပ်မှမဝေးတာ၊ ငါးကျပ်ပဲ"
ကားဆရာက ခေါင်းခါပြီး ...
"ငါးကျပ်တော့ မရဘူး၊ ပိုပြောတာမဟုတ်ပါဘူး။ တစ်မနက်လုံး ကားပြင်နေရလို့ အုံနာခတောင် မရသေးပါဘူးဗျာ"
နောက်ဆုံး ခြောက်ကျပ်နှင့် စျေးတည့်သွားသည်။ စိန်ဂျွန်းစျေးသို့ ရောက်အောင် ဆယ်မိနစ်တောင် မမောင်းရ။
စျေးရှေ့တွင် ကားရပ်သည်။ မိန်းကလေးက ငါးကျပ်တန် နှစ်ရွက်ပေးသည်။ ကားဆရာက ...
"ကျပ်တန်မပါဘူးလား"
မိန်းကလေးက ခေါင်းခါပြသည်။ ကားဆရာသည် ငါးကျပ်တန် နှစ်ရွက်ယူပြီး ကျပ်တန်လေးရွက် ပြန်အမ်းသည်။ မိန်းကလေးက ကျပ်တန်လေးရွက်ကို ရေတွက်ကြည့်နေရာမှ "ဟင်" ဟု အာမေဋိတ်ပြုလိုက်ပြီး...
"ဒီမှာ ... ဒီမှာ ဟိုး...ဟိုး..."
ဟု လှမ်းအော်သည်။ သုံးဘီးကားက မောင်းထွက်သွားပြီ ဖြစ်၏။

(၅)
အလှကုန်ဆိုင်ရှင် အမျိုးသမီးကြီးသည် ဆိုင်ရှေ့မှာ လာရပ်သော မိန်းကလေးကို ...
"ဘာရှာသလဲ ညီမ"
ဟု ဆီးကြိုလိုက်သည်။ မိန်းကလေးက ...
"မဉ္ဇူခေါင်းလျှော်ရည်ရှိလား"
"ရှိတယ် ညီမ"
"ဘယ်လောက်လဲ"
"ဆယ့်နှစ်ကျပ်ပါ"
"ဟင် ... စျေးကလည်းများလိုက်တာ"
"မများပါဘူးကွယ်၊ ပစ္စည်းမှန် စျေးမှန်ပါပဲ"
"အရင်တစ်ခါ၀ယ်တုန်းက ကိုးကျပ်ပဲပေးရတယ်"
"အခုမရတော့လို့ပါ ညီမရယ်၊ ကောက်တာတောင် ဆယ့်တစ်ခွဲပေးရပါတယ်။ အစ်မတို့ ငါးမူးစားရတာပါ"
"တစ်ဆယ်အတိပဲ ထားလိုက်ပေါ့"
"မရလို့ပါ၊ တခြားဆိုင်တွေလည်း မေးကြည့်ပါ"
"ထားလိုက်ပါ၊ တစ်ဆယ်ပဲ"
"ကဲ ... ဆယ့်တစ်နဲ့ယူသွား၊ ဟုတ်လား ။ နောက်လည်း ဒီမှာ၀ယ်ဖြစ်သွားအောင် ငါးမူးအရှုံးခံပြီး ပေးလိုက်မယ်"
ရှိုးကေ့စ်ထဲမှ ခေါင်းလျှော်ရည်တစ်ပုလင်း ထုတ်ပေးသည်။ မိန်းကလေးက လှမ်းယူပြီး ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်လိုက်သည်။
ထို့နောက် ပိုက်ဆံအိတ်ကလေးထဲမှ ငါးကျပ်တန်နှစ်ရွက်ကို အရင်ထုတ်ပေးသည်။ ပြီးမှ ကျပ်တန်တစ်ရွက်ကို ခေါက်လျက်သား ပေးလိုက်၏။

(၆)
မိန်းမကြီးတစ်ယောက် ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်လက်ဆွဲခြင်းကိုကိုင်လျက် ထော့နဲ့ထော့နဲ့ လျှောက်လာသည်။ ဆိုင်ရှေ့မှာ လာရပ်သည်။ ဆွဲခြင်းကို ဆိုင်ပေါ်တင်ပြီး နဖူးမှာသီးနေသော ချွေးသီးများကို လက်ဖြင့်သပ်ချလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက ...
"နောက်ကျလှချည်လား"
ဟု ပြောလိုက်သည်။ မိန်းမကြီးက ...
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဟိုဒင်းဖြစ်နေလို့"
"ဘာလဲ၊ လမ်းလျှောက်လာရလို့လား"
"အင်း ... ကားကလည်း ကျပ်တာနဲ့"
"နောက်နေ့တော့ စောစောလာပို့နော်"
"ဟုတ်ကဲ့"
ဆိုင်ရှင်အမျိုးသမီးက ပိုက်ဆံသေတ္တာထဲရှိ ငွေစက္ကူများထဲမှ ကျပ်တန်တစ်ရွက်ကို ယူလိုက်သည်။ လေးခေါက်ခေါက်ပြီး မိန်းမကြီး လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ မိန်းမကြီးက ကျပ်တန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ပြန်ထွက်သွားသည်။

(၇)
မိန်းမကြီးသည် စိန်ဂျွန်းစျေးမှ မြေနီကုန်းအထိ လမ်းလျှောက်ပြန်လာသည်။ လမ်းထိပ် ကွမ်းယာဆိုင်ကို ၀င်သည်။
ကျားပျံမကောက်ဆေးပေါ့လိပ် တစ်လိပ်နှင့် မရန်းပြားတစ်ထုပ် ယူသည်။ ကျပ်တန်ကို လှမ်းပေးလိုက်၏။ ဆိုင်က ကောင်လေးကျပ်တန်ကို ဖြန့်ကြည့်ပြီး ...
"အဒေါ်ကြီး ကျပ်တန်ပြန်လဲပေးပါ"
"ဟဲ့ ...ဘာဖြစ်လို့လဲ"
"ဒီမှာမတွေ့ဘူးလား၊ ထက်ပိုင်းပြဲနေလို့ စက္ကူနဲ့ ပြန်ကပ်ထားတာ"
"ဟေ ...ဟုတ်လား၊ အမေကြီးလည်း မျက်စိကမွဲတော့ သေသေချာချာ မကြည့်မိဘူး။ နို့ အဲဒီပိုက်ဆံက သုံးလို့မရဘူးလား"
"ပြန်အမ်းတဲ့အခါကျတော့ ဘယ်သူမှ မလိုချင်ဘူးဗျ၊ ပြီးတော့ အမေကလည်း ပြန်လာရင် ဆူနေမှာ"
"အေးအေး... ဒါဆိုလည်း ပြန်ပေး"
မိန်းမကြီးက ကျပ်တန်ကို ပြန်ယူလိုက်သည်။ ပြီးတော့ ချွေးခံအင်္ကျီထဲသို့ နှိုက်စမ်းပြီးထုတ်လိုက်ရာ မတ်စေ့တစ်စေ့ပါလာ၏။ ဆေးလိပ်မ၀ယ်တော့ဘဲ အချဉ်ထုပ်သာယူခဲ့သည်။

(၈)
"အမေကြီး မရန်းပြားပါလား"
ဟု ကလေးမလေးက မေး၏။ မိန်းမကြီးက မရန်းပြားထုပ်ကို လှမ်းပေးလိုက်ပြီးနောက် ကွပ်ပျစ်ကလေးဘေးတွင် ဟိုစမ်းဒီစမ်းလုပ်နေသည်။
"ဟဲ့... အမေကြီး ဆေးလိပ်တိုလေးထားခဲ့တာ မတွေ့မိဘူးလား"
"ဒီမှာလေ အမေကြီးရဲ့"
ကလေးမလေးက ကြွက်လျှောက်ပေါ်က ဆေးလိပ်တိုကို ယူပေးရင်း...
"အမေကြီး ဆေးလိပ်ကဖြင့် အစီခံနားကပ်နေပြီ။ အသစ်မ၀ယ်ခဲ့ဘူးလား"
"၀ယ်မလို့ပဲကွယ်၊ ပိုက်ဆံက စုတ်နေလို့တဲ့။ သုံးလို့မရတာနဲ့ မ၀ယ်ခဲ့ရဘူး"
"စျေးထဲကပေးလိုက်တဲ့ ပိုက်ဆံလားဟင်"
"အေးပေါ့"
"ဒါဆို အကောင်းနဲ့ပြန်လဲခိုင်းပေါ့"
"အမေကြီးက မျက်စိကမွဲတော့ မမြင်မိဘူး။ ပြန်လဲခိုင်းလို့လည်း မဖြစ်ပါဘူး။ တော်ကြာစိတ်ဆိုးပြီး နောက်မခိုင်းဘဲနေပါဦးမယ်"
"အဲဒီပိုက်ဆံပြပါဦး"
မိန်းမကြီးက ချွေးခံအင်္ကျီအိတ်ထဲက ကျပ်တန်ကို ထုတ်ပြသည်။ ကလေးမလေးက ယူကြည့်ပြီး...
"ဟာ... ဟုတ်ပြီ၊ ဟိုဘက်လမ်းထဲကဆိုင်မှာ ဆေးလိပ်သွား၀ယ်ရမယ်။ အဲဒီဆိုင်က အဘွားကြီးက မျက်စိသိပ်မကောင်းဘူး အမေကြီးရဲ့"
"ဟဲ့... မလုပ်ကောင်းဘူး၊ အမေကြီးတောင် ဒီပိုက်ဆံကိုရတော့ တော်တော်စိတ်မချမ်းသာ ဖြစ်သွားရသေးတာ။ သူများတွေလက်ထဲ ရောက်သွားရင်လည်း ဒီလိုပဲခံစားရမှာပေါ့"
"ဒါဆို ဒီလိုလုပ် အမေကြီး၊ ရှင်စောပုဘုရားက အလှူခံပုံးထဲထည့်လိုက်မယ် မကောင်းဘူးလား"
မိန်းမကြီးက ခေါင်းကို တွင်တွင်ခါသည်။
"မလုပ်ပါနဲ့ကွယ်၊ ဟိုဘ၀က လှူဒါန်းတာ မစင်ကြယ်ခဲ့လို့ ဒီဘ၀မှာ ဒုက္ခိတတစ်ပိုင်းလာဖြစ်နေတာ။ နောက်ဘ၀ကို ဆက်ပါနေပါဦးမယ်။ လှူတယ်ဆိုတာ သန့်သန့်ရှင်းရှင်းစိတ်ထားမှကွဲ့။ အင်း... ဒီပိုက်ဆံကို မသုံးဘဲထားလိုက်တာ အကောင်းဆုံးပါပဲလေ"
မိန်းမကြီးသည် ကျပ်တန်စုတ်ကလေးကို ကွပ်ပျစ်ပေါ်မှာခင်းထားသော ဖျာအောက်သို့ အသာအယာထိုးထည့်လိုက်လေသည်။

✍ မင်းလူ
📝 စံပယ်ဖြူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၅

#ကျပ်တန်ပုံပြင်
#ဆရာမင်းလူ
#ဝတ္ထုတို
#မြန်မာစာပေ

Weather is hot Love is more hot
22/04/2024

Weather is hot
Love is more hot

Many fish 🐠
17/04/2024

Many fish 🐠

14/04/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

29/03/2024

You can love as long as you live

29/03/2024

Let’s eat

29/03/2024

Life is too short

28/03/2024

Love you more 3000

28/03/2024

Morning guys

27/03/2024

Morning breakfast time

26/03/2024

Good night 💤

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Written Piecesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท