Finn

Finn welcome my guys

သူငယ်ချင်း.... ကျွန်တော့်ဘဝမှာမိဘပြီးရင်သူငယ်ချင်းကအရေးအကြီးဆုံးပါပဲ။ငယ်စဉ်တည်းကအပေါင်းအသင်းမက်တဲ့သူဖြစ်လို့လားတော့မသိဘူ...
28/11/2022

သူငယ်ချင်း....

ကျွန်တော့်ဘဝမှာမိဘပြီးရင်သူငယ်ချင်းကအရေးအကြီးဆုံးပါပဲ။ငယ်စဉ်တည်းကအပေါင်းအသင်းမက်တဲ့သူဖြစ်လို့လားတော့မသိဘူးဗျ။
လူအများကြီးနဲ့လဲပေါင်းဖူးတယ်။ကိုယ့်ပေါ်ကောင်းတဲ့သူရှိသလို၊ကိုယ့်အပေါ်မပေါင်းတဲ့သူလဲရှိတယ်။သေချာတာတစ်ခုကတော့ကျွန်တော့်ဘက်ကစိတ်ရင်းအမှန်နဲ့ပေါင်းခဲ့တယ်ဆိုတာပါပဲ။
ဆင်းရဲတဲ့သူနဲ့လဲပေါင်းသလို၊ချမ်းသာတဲ့ကောင်နဲ့လဲပေါင်းဖူးတယ်။မင်းကချမ်းသာတယ်၊မင်းကဆင်းရဲတယ်ဆိုပြီး​တေ့ာလဲမခွဲခြားခဲ့ဘူး။မင်းဟာမင်းဘာဖြစ်ဖြစ်မင်းကငါ့သူငယ်ချင်းပဲ။
သူငယ်ချင်းကိုထိလို့ကာကွယ်ပေးခဲ့ဖူးတယ်။သူတို့ကလဲကိုယ့်ကိုပြန်ကာကွယ်တညတွေရှိခဲ့ဖူးတယ်။အိမ်မှာမနေဘဲသူငယ်ချင်းအိမ်မှာတစ်နေ့လုံးနေဖူးတယ်။အိမ်နဲ့ပြသနာဖြစ်လာရင်သူငါ်ချင်းအိမ်မှာအိပ်ဖူးတယ်။
စိတ်ညစ်စရာတွေရှိရင်ငါတို့အတူတူရင်ဖွင့်ခဲ့ကြတယ်။ပြသနာပေါင်းသောင်းခြောက်ထောင်ကိုလဲငါတို့တွေဖြေရှင်းခဲ့ဖူးတယ်။ငါ့မှာပိုက်ဆံမရှိလို့မင်းတို့ဆီကကပ်စားခဲ့ဖူးတယ်။
ပိုက်ဆံချေးပြီးရင်ပြန်မဆပ်တာသိသိကြီးနဲ့မင်းငါ့ကိုချေးပေးခဲ့တယ်။မင်းမှာမရှိတဲ့အချိန်လဲငါ့မှာမင်းယူဖူးတယ်။ငါတို့ကသွေးမတော်သားစပ်တွေဆိုပေမဲ့ငါတို့ညီကိုအရင်းထပ်တောင်ချစ်ကြသေးတယ်။
ငါတို့ဖြတ်သန်းခဲ့တဲ့အချိန်တွေကိုပြန်ဝယ်လို့မရတော့ဘူးကွာ။ဒါပေမဲ့ငါတို့လူစုံတိုင်းဘယ်လိုဆိုးခဲ့လဲ၊ယ်လိုမိုက်ခဲ့လဲ၊ဘယ်လိုလိမ္မာခဲ့လဲဆိုတာကိုငါတို့ပြန်ပြောရင်းအမှတ်တရတွေကိုပြန်သတိရကြတာပေါ့ကွာ။
ဘာတွေဘယ်လိုဖြစ်ဖြစ်ငါ့မှာမင်းတို့လို၊သူငယ်ချင်းတွေရှိတာအရမ်းဂုဏ်ယူတယ်။
အခုတော့ငါတစ်ယောက်တည်းဘဝအတွက်ကြိုးစားရင်း
ငါတို့ရဲ့အမှတ်တရတွေအမြဲသတိရတယ်ကွာ။ငါတို့ဖုန်းမပြောဖြစ်၊စကားမပြောဖြစ်လဲ၊ငါတို့ရဲ့ခင်မင်မှုကပြတ်မသွားပါဘူး။တစ်နေ့တော့ငါတို့အားလုံးပြန်ဆုံရင်းမင်းတို့မရှိတဲ့ရက်တွေဘယ်လိုဖြတ်သန်းလဲဘယ်လိုမျိုးသတိရလဲဆိုတာပြောရင်းဟားကြတာပေါ့ကွာ။
snare သီချင်းထဲကလိုပဲ ထာဝရပါသူငယ်ချင်းတို့......

20/11/2022

ဒီနေ့မှာတော့စိတ်ကဖြစ်လာလို့ကျွန်တော်singaporeကကောင်မလေးတွေရဲ့logicလေးတွေပြောပြမယ်ဗျာ😅

သူတို့ကဘယ်လိုလဲဆိုတော့ဗျာ၊တကယ်တမ်းသူတို့အလုပ်တွေကအရမ်းပင်ပန်းတယ်ဗျ၊လူကြီးပင်ပန်းတာမဟုတ်ပဲ၊စိတ်တွေပါပင်ပန်းကြတယ်ဗျာ။offdayကတော့
သူတို့ရဲ့လွတ်လပ်တဲ့နေ့ပေါ့ဗျာ။တစ်ချို့ကအပတ်တိုင်စထွက်လို့ရတယ်၊တစ်ချို့ကတစ်လမှာနှစ်ရက်ရကြတယ်၊
တစ်ချို့ကတော့တစ်လမှာတစ်ရက်ပဲရကြတယ်ဗျာ။
အဲ့ဒီနေ့တွေကတော့သူတို့အရမ်းကိုလွတ်လပ်တဲ့နေ့ပေါ့
ဒါကြောင့်fashionတွေဆိုလဲလုံးဝကိုအမိုက်စားတွေဝတ်တယ်၊တစ်ချို့ကတော့မြန်မာဆန်ဆန်ဝတ်ကြတယ်။ဒါလဲကောင်းပါတယ်ဘာလို့လဲဆို​တေ့ာကိုယ့်ရဲ့မြန်မာဝတ်စုံကိုယ်တန်ဖိုးထားရမှာပေါ့။
ပြောချင်တာကဗျာအဲ့ဒီofffdayနေ့မှာမှမိန်းကလေးတွေ
သူတို့ပုံစုံနဲ့သူတို့ကွဲထွက်သွားတာတွေရှိတယ်။🤣

ပထမတစ်ဖွဲ့ကဘယ်နေရာကိုသွားလို့သွားရမှန်းမသိတဲ့အဖွဲ့ပါ။အဲ့အဖွဲ့ကတော့ကျွန်တော်ထင်ပါတယ်😅ဘီယာဝယ်ပြီးcity hall ပန်းခြံမှာပဲထိုင်ဖြစ်မှာပါ🤣

ဒုတိယအဖွဲ့ကဓာတ်ပုံတွေttတွေဇွတ်ရိုက်ပြီးမလှမချင်းရိုက်၊နေရာပြောင်းပြီးရိုက်နေရင်းဘယ်လိုမိုးချုပ်လို့ချုပ်သွားလဲဆိုတာမသိတဲ့အဖွဲ့ပါ😅ပြီးတော့ပြောလိုက်သေးတယ်အချိန်ကုန်တာမြန်လိုက်တာတဲ့🤣

တတိယအဖွဲ့ကတော့ဟိုနေရာသွားပြီးပုံရိုက်မယ်၊ပြီးရင်ဒါလေးစားမယ်၊စားပြီးရင်တစ်နေရာထပ်သွားမယ်ဘာညာပြောထားပြီးမှတကယ်တမ်းစိတ်ကူးတွေဖြစ်မလာတဲ့အဖွဲ့ပါ🤣နောက်ဆုံးcity hallမှာပဲငြိမ်နေကြတာပါ🤣

လေးဖွဲ့မြောက်ကတော့ ဘောက်ဖွင့်ပြီးဒွန့်တဲ့အဖွဲ့ပါ🤣
အဲ့အဖွဲ့ကတော့မိုးလင်းတာနဲ့ဒွန့်ပြီးနေ့လည်လောက်ဆို
ပလက်ကြီးလန်ပြီး​တေ့ာ🤣🤣နိုးလာရင်မိုးချုပ်ထိပြန်ဒွန့်ကြပါတယ်။တကယ်မလေးစားပဲမနေနိုင်ပါဘူး🤣

နောက်ဆုံးအဖွဲ့ကတော့adminလိုမျိုးကောင်လေးချောချောတွေလာရင်🙄ငန်းနဲ့အဖွဲ့ကပါ🤣ကျွန်တော်ပြောချင်တာကadminလဲခင်တက်ပါတယ်။ဖုန်းနံပါတ်တွေအကောက်တွေလိုချင်ရင်မငြင်းပါဘူးပေးမှာပါ။🤣🤣
အကြောက်ပါနဲ့။🤣

ဒါပေမဲ့အဲ့ငါးဖွဲ့လုံးမှာတူညီတဲ့အချက်တစ်ခု​တေ့ရှိတယ်ဗျ
ဘာလဲဆိုတော့offdayမှာရိုက်ထားတဲ့ပုံတွေttတွေကိုတစ်လလုံးနောက်အပုံသစ်မရမချင်းတင်တာပါပဲ။🤣🤣
တကယ်တော့ကျွန်တော်တို့မြန်မာမိန်းကလေးတွေကချစ်စရာလေးတွေပါ။မူးတဲ့အချိန်ဆိုပိုတောင်ချစ်ဖို့ကောင်းသေးတယ်။🤣

ကျွန်တော်သိသလောက်အပျော်သဘောနဲ့တင်ပေးလိုက်တာပါ။တကယ်ချစ်ဖို့ကောင်းကြပါတယ်။ကောင်လေးရှိတဲ့သူတွေကလွဲရင်ပေါ့။🤣

ကဲ...နောက်လဆိုရင်christmasရောက်တော့မယ်ဆိုတော့ကာကျွန်တော့်လိုလိုက်သွားရတာကြိုက်တဲ့သူတွေတော့ဘယ်သွားရမလဲဘာတွေဝတ်ရမလဲဆိုတာကြ...
18/11/2022

ကဲ...

နောက်လဆိုရင်christmasရောက်တော့မယ်ဆိုတော့ကာ
ကျွန်တော့်လိုလိုက်သွားရတာကြိုက်တဲ့သူတွေတော့
ဘယ်သွားရမလဲဘာတွေဝတ်ရမလဲဆိုတာကြိုပြီးစဉ်းစား
နေလောက်ရောပေါ့😅 ဒီနှစ်christmasကsundayနဲ့တိုက်တယ်ဆို​တေ့ာအရမ်းကိုမိုက်မယ်လို့ထင်ပါတယ်။ဘယ်သွားရမလဲဆိုတာplanချပြီးတဲ့သူတွေရော၊မချရသေးတဲ့သူတွေရောအတွက်၊ကျွန်တော်ဒီနေ့မှာchristmasမှာသွားသင့်တဲ့နေရာတွေကိုတင်ပေးသွားမှာပါ၊ပြောရရင်တော့
singaporeနိုငိငံမှာ​တေ့ာပုံမှန်နေ့တွေတောင်လည်ချင်တဲ့နေရာတွေကအများကြီးပဲဗျ။christmasလိုနေ့မျိူးဆိုရင်
ပို​တောင်မှများပါသေးတယ်။ဒီထဲမှာမှကျွန်တော်သွားမလို့စဥ်းစားထားတဲ့နေရာတွေကိုတင်ပေးသွားပါမယ်။

1.Orchard
2.Somerest
3.Chinatown
4.Cityhall
5.Marina bay
6.Changi airport

ဒိခြောက်ခုကတော့ဒိနှစ်christmasမှာကျွန်တော်ရွေးထားတဲ့နေရာတွေပဲဖြစ်ပါတယ်။ဘယ်နေရာကိုအဓိကသွားဖြစ်မလဲဆိုတာတော့မသိသေးပါဘူး။friတို့လဲဘယ်နေရာတွေသွားကြမလဲဗျ။မိုက်တဲ့နေရာလေးတွေပြောပေးကြပါအုံးဗျ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။ planလေးတွေရေးပေးကြပါအုံး😁

16/11/2022

အခုကျွန်တော်တင်ပေးချင်တာကတော့
၁၃နှစ်သားလေးရဲ့အနစ်နာခံတာတွေ၊မိဘအပေါ်နားလည်တာတွေ၊ညီကိုယ်မောင်နှမစိတ်ဓာတ်အပြည့်ရှိတာတွေပါပဲ၊
ဒီကောင်လေးအရွယ်ကကျွန်တော်ဆိုရင်ကျောင်းနေတုန်း
အရွယ်ပေါ့၊မုန့်ဖိုးတောင်းမယ်ကျောင်းသွားမယ်။ဒါပေမဲ့အဲ့အရွယ်ကကျွန်တော်ခလေးဘဝရဲ့ပုံစံအတိုင်းပျော်ပျော်နဲ့ဖြတ်သန်းခဲ့တယ်ဗျ။အပူပင်လဲသိပ်မရှိသေးဘူး၊မိဘကိုလုပ်ကျွေးဖို့လဲမစဉ်းစားသေးဘူး။
ဒိကောင်လေးကတော့အရွယ်နဲ့မလိုက်အောင်မိဘအပေါ်
သိတက်တာတွေ၊ညီကိုယ်မောင်နှမတွေကိုထောက်ပံံ့နိုင်တာတွေကလုံးဝကိုအရွယ်နဲ့မလိုက်ဘူဗျာ။
မိဘကိုထောက်ပံ့နိုင်လို့ပျော်နေတဲ့သူ့ရဲ့အပြုံးတွေကိုခံစားမိကြမှာပါ၊ကျွန်တော်ဆိုကြည့်ရင်းမျက်ရည်ပါကျတယ်။ဘာလို့လဲဆိုတော့အကိုအကြီးဆုံးပီသပါတယ်ငါ့ညီ။အဲ့လိုခလေးတွေကိုမှမလေးစာရင်ဘယ်သူ့ကိူလေးစားရမှာလဲဗျာ။

မူရင်းvideo-https://fb.watch/gQGeHvLhpc/

07/11/2022

ကမ္ဘာမှာ သူရဲအခြောက်ဆုံးဘူတာတွေထဲမှာမှနံပါတ်
တစ်ဖြစ်တဲ့ စက်ာပူနိုင်ငံရှိBishan ဘူတာအကြာင်း😬

အခုတလောလူပြောများနေတဲ့bishanဘူတာကခေါင်းပြတ်သရဲဆိုတာတကယ်ဟုတ်မဟုတ်ကျွန်တော်လဲမသိပါဘူး။ဘာလို့လဲဆို​တော့ကျွန်တော်လဲတစ်ခါမှမကြုံဖူးဘူးဗျ၊ကျွန်တော်ဆိုအပြင်သွားရင်တစ်ယောက်တည်းလျှောက်လစ်နေတာပဲ၊ဒါပေမဲ့ဘာမှတော့မတွေ့ဘူးဗျ😅
သရဲကတော့နေရာတိုင်းမှာရှိပါတယ်လို့ပြောကြတာပဲ
တစ်ခါမှမတွေ့ဖူးတာတော့ခတ်တယ်ဗျ၊တွေ့လဲမတွေ့ချင်ပါဘူး😂ဒါပေမဲ့အခုကိစ္စကတော့လူပြောများနေပါတယ်
bishan mrtမှမဟုတ်ပါဘူးတစ်ခြားmrtတွေလဲခြောက်ခံရတဲ့သာတွေရှိပါတယ်၊ဒါတွေကိုစိတ်ဝင်စားရင်တော့
youtubeမှာရှာကြည့်လို့ရပါတယ်၊ခြောက်ခံထိတဲ့သူတွေ
ကတော့ပြောကြပေမဲ့၊ကျွန်တော်ကတော့တစ်ခါမှအခြောက်မခံထိဘူးဗျ။သရဲကိုပြောတာပါ😅
အောက်ကvideoကတော့တကယ်ကိုကြက်သီးထဖို့ကောင်းပါတယ်...ကျွန်တော်စိတ်ဝင်စားလို့ရှာထားတာပါ
ခြောက်ခံထိတဲ့သူတွေရဲ့အတွေ့အကြုံလဲရေးသွားပေးအုံး
သိတဲ့သူတွေလဲသိသလောက်ပြောပေးပါအုံးဗျ......
videoကတော့bishan mrt နဲ့ bishan parkမှာဖြစ်သွားတာပါ

01/11/2022

ဖုန်းပြောတဲ့အချိန်ဆို အမေနေကောင်းရဲ့လားလို့မေးရင်
အမေပြောနေကြစကားလေးပေါ့၊အလုပ်ထဲမှာဒဏ်ရာသေးသေးလေးရလို့ပြောပြရင်သူ့မှာကမ္ဘာပြတ်သလိုပဲ၊
(ဆေးထည့်လေသားရယ်၊အဝေးမှာရောက်နေတော့အမေပြုစုပေးလို့ရတာမဟုတ်ဘူးတဲ့😔ဂရုစိုက်ပါငါ့သားရယ်တဲ့😔)ငယ်ငယ်ကအရမ်းဆိုးခဲ့တဲ့ကျွန်တော့်အတွက် အဲ့လိုစကားတွေပြန်ကြားရတော့လဲဝမ်နည်းမိတယ်ဗျာ၊အိမ်နဲ့ခွဲရတော့မှအိမ်ကိုလွမ်းတဲ့စိတ်ကအရမ်းကိုပြင်းထန်လာတယ်ဗျာ😔အရင်လိုသားမဆိုးတော့ပါဘူးအမေရေ့သားအလုပ်တွေကြိုးစားနေပါတယ်။
vd crd

01/11/2022

တခါတလေပြန်စဉ်းစားလိုက်ရင်
ခလေးဘဝလောက်ပျော်စရာကောင်းတဲ့အရွယ်ရှိမှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဗျာ၊ဘာလို့လဲဆိုတော့အသက်အရွယ်ကြီးလာတဲ့နဲ့အမျှကျွန်တော်တို့ဘဝမှာစိတ်ညစ်စရာတွေပိုများလာသလိုပဲ။ငယ်ဘဝကလူကြီးဖြစ်ချင်ခဲ့ပေမဲ့၊အခုကျ​တေ့လဲငယ်ဘဝကိုပြန်သတိရမိနေတယ်ဗျာ၊လူ့ဘဝဆိုတာဒီလိုပါပဲ၊လိုတာမရရတာမလို
ဒီလိုနဲ့ပဲအဆင်မပြေမှုတွေကြားထဲတစ်ရက်ပြီးတစ်ရက်ဖြတ်သန်းရင်းတစ်နှစ်ပြီးတစ်နှစ်ကြီးလာကြာတာပေါ့။

ကျွန်တော့်ရဲ့အဖြစ်အပျက်လေးပြောပြချင်ပါတယ်😅လကုန်ခါနီးတစ်ရက်လောက်အလိုလောက်ဆို၊လစာဝင်ပါတယ်။ဝင်တာနဲ့ကုန်နေတဲ့ဟင်းချက်စရာဖိုး...
31/10/2022

ကျွန်တော့်ရဲ့အဖြစ်အပျက်လေးပြောပြချင်ပါတယ်😅
လကုန်ခါနီးတစ်ရက်လောက်အလိုလောက်ဆို၊လစာဝင်ပါတယ်။ဝင်တာနဲ့ကုန်နေတဲ့ဟင်းချက်စရာဖိုးတွေအရင်ဖယ်ရပါတယ်၊ဘာလို့လဲဆို​တေ့ာစားသောက်ဖို့ကအဓိကပဲလေ၊ဟုတ်ပြီးဖယ်ပြီးရင်ကျွန်တော်တို့ပေးစရာရှိတဲ့ဟာတွေပေးပါတယ်၊မပေးရင်နောက်ခါမချေးပေးရင်ဘယ်လိုလုပ်မလဲဟုတ်တယ်မလား😅လမ်းကြုံလို့ပြောရပါအုံးမယ်တစ်ချို့ကယူတုန်းကယူပြီး၊ပေးခါနီးကျရင်
လှည့်နေကျတယ်၊ဘာလုပ်တာလဲဗျ😆ကျွန်တော့်လိုလူကတော့ပေးစရာရှိတာအရင်ပေးတယ်ဘာလို့လဲဆိုတော့အကြွေးရှိရင်နေရတာမပျော်ဘူးဗျ၊အဲ့လိုနဲ့ပဲ​​ပေးစရာရှိတာတွေဖယ်တယ်၊ပြီးရင်ကျွန်တော်တိူ့မိဘတွေကိုလွဲဖို့ပိုက်ဆံဖယ်ပါတယ်၊ကျွန်တော့်ဘဝမှာအချိန်တွေအကြာကြီးမိဘပိုက်ဆံဖြုန်းခဲ့ဖူးတယ်၊အကြာကြီအမှားတွေလုပ်လာဖူးတယ်ဗျ၊ဒါကြောက့်ကျွန်တော်လူကောင်းဖြစ်လာတဲ့အချိန်မှာကျွန်တော့်မိဘကိုပြန်လုပ်ကျွေချင်တဲ့စိတ်ကအမြဲရှိတယ်၊ဘယ်လောက်ဆိုးဆိုးစိတ်မပြတ်တဲ့အတွက်လဲရင်ထဲကနေအရမ်းဝမ်းသာပါတယ်အဖေနဲ့အမေရယ်။
အဲ့ဒါတွေဖယ်ပြီးရင်၊ကျွန်တော့်လက်ထဲပိုက်ဆံသိပ်မကျန်တော့ဘူးဗျ၊ကျွန်တော်ကအပြင်သွားလေ့ရှိတယ်ဆို​တေ့လဲ၊အပြင်ထွက်ဖို့အတွက်ပိုက်ဆံကထပ်ချေးရပြန်တယ်😅၊ဒီလိုနဲ့ပဲလည်နေတာပေါ့ဗျာ၊တစ်လနဲ့တစ်လစျေးဝယ်တဲ့ဘောက်ချာတွေရယ်၊အိမ်ကိုလွမ်းတဲ့စိတ်တွေရယ်ပဲကျန်တယ်ဗျာ။ကျွန်တော်တို့လိုသူများနိုင်ငံမှာအလုပ်လာလုပ်တဲ့သူတွေဆိုပိုဆိုးတာပေါ့ဗျာ၊ကျွန်တော်ပြောဖူးပါတယ်၊လုံးဝအရင်ကတော့မသိဘူးဗျာလွယ်မယ်ထင်တာပေါ့၊ကိုယ်တိုင်လာမှမလွယ်ဘူးဆိုတာသိလိုက်ရတယ်၊တကယ်ဗျာပိုက်ဆံရှာရတာလုံးဝမလွယ်သလို၊ကိုယ့်စိတ်ကိုထိန်းရတာလဲလုံးဝမလွယ်ဘူးဗျာ၊အဲ့တော့တစ်လတစ်လဘာတွေကျန်လဲဆိုရင်၊
စျေးဝယ်ဘောက်ချာနဲ့အိမ်ကိုပြန်ချင်တဲ့စိတ်တွေပဲကျန်ပါတယ်😂 ကျွန်တော့်လိုလူတွေလဲရှိမယ်ထင်ပါတယ်။
ဘာဖြစ်ဖြစ်ကျွန်တော်တို့မနက်ဖြန်ကိုအကောင်းဆုံရှေ့ဆက်မယ်ဗျာ😁
ဘဝတူတွေရှိရင်ညီကိုတွေရဲ့အဖြစ်အပျက်လေးလဲပြောသွားကြပါအုံး😂
ပုံကတော့ကျွန်တော်စျေးဝယ်တိုင်းသိမ်းထားတဲ့ဘောက်ချာတွေပါ🤣

Black Pinkbpအနေနဲ့ 2023 may 13ရက်နေ့မှာ singapore မှာပွဲတစ်ခုရှိပါတယ်။ ကျွန်တော့်စိတ်ထင်တော့လက်မှတ်တစ်ခုရဖို့အရမ်းခတ်ခဲမ...
29/10/2022

Black Pink

bpအနေနဲ့ 2023 may 13ရက်နေ့မှာ singapore မှာပွဲတစ်ခုရှိပါတယ်။ ကျွန်တော့်စိတ်ထင်တော့လက်မှတ်တစ်ခုရဖို့အရမ်းခတ်ခဲမယ်လို့ထင်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေအရမ်းကြိုက်တဲ့အတွက်ဘာဖြစ်ဖြစ်tryကြည့်သင့်တယ်လို့ထင်ပါတယ်၊ရတော့လဲတန်တာပေါ့😅
လက်မှတ်တွေကိုတော့ပုံမှာပါတဲ့အတိုင်းtryရမယ်ထင်ပါတယ်။မသိသေးတဲ့သူတွေသိရအောင်ကျွန်တော်တင်ပေးတာပါ။ကျွန်တော်လဲအများကြီးမသိပါဘူး။
𝘽𝙇𝙄𝙉𝙆 𝙈𝙀𝙈𝘽𝙀𝙍𝙎𝙃𝙄𝙋 𝙋𝙍𝙀𝙎𝘼𝙇𝙀 𝙍𝙀𝙂𝙄𝙎𝙏𝙍𝘼𝙏𝙄𝙊𝙉 𝙋𝙀𝙍𝙄𝙊𝘿:
7 Nov (Mon) 2PM - 9 Nov (Wed) 2PM
https://fanevent.weverse.io/links?e=815

𝘽𝙇𝙄𝙉𝙆 𝙈𝙀𝙈𝘽𝙀𝙍𝙎𝙃𝙄𝙋 𝙀𝘼𝙍𝙇𝙔 𝘽𝙄𝙍𝘿 𝙋𝙍𝙀𝙎𝘼𝙇𝙀:
21 Nov (Mon), 10AM - 11:59PM

𝘽𝙇𝙄𝙉𝙆 𝙈𝙀𝙈𝘽𝙀𝙍𝙎𝙃𝙄𝙋 𝙋𝙍𝙀𝙎𝘼𝙇𝙀:
21 Nov (Mon), 12PM - 11:59PM

𝙋𝙐𝘽𝙇𝙄𝘾 𝙊𝙉 𝙎𝘼𝙇𝙀:
24 Nov (Thu), 10
အပေါ်ကဟာတွေကလက်မှတ်ကြိုဝယ်ရမဲ့နေ့တွေဖြစ်ပါတယ်။သွားချင်တဲ့သူများရကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
နောက်ထပ်ကျွန်တော်သိတာတွေကို videoတွေpostတွေနဲ့တင်ပေးသွားမှာဖြစ်လို့pageကိုlike&followလုပ်ထားဖို့တောင်းဆိုပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်။

Singapore 🇸🇬Singaporeနိုင်ငံလို့ပြောလိုက်တာနဲ့လုံးဝခေတ်မှီဖွံ့ဖြိုးနေတဲ့နိုင်ငံလို့အားလုံးကသိထားကြမှာပါ။ ပိုက်ဆံချမ်းသာတ...
27/10/2022

Singapore 🇸🇬

Singaporeနိုင်ငံလို့ပြောလိုက်တာနဲ့လုံးဝခေတ်မှီဖွံ့ဖြိုးနေတဲ့နိုင်ငံလို့အားလုံးကသိထားကြမှာပါ။ ပိုက်ဆံချမ်းသာတဲ့သူတွေအနေနဲ့လည်ပတ်ဖို့လွယ်ကူပေမဲ့၊သာမန်လူတန်းစားတွေအတွက်တော့အလုပ်လာလုပ်ဖို့ကလွဲလို့တစ်ခြားလာနိုင်ဖို့အကြောင်းအရင်းမရှိသလောက်ပါပဲ။
ကျွန်တော်တို့လိုအလုပ်သမားတွေအနေနဲ့လဲ၊ မိမိနိုင်ငံ၊
ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေအားလုံးနဲ့
ခွဲပြီးလာရပါတယ်၊ အပြင်ပိုင်းမှာသာအဆင်ပြေတယ်ထင်ရပေမဲ့၊ ကျွန်တော်တို့လုပ်ငန်းတွေ ကျွန်တော်တို့စိတ်ထဲကအဆင်မပြေတာတွေ၊ အိမ်နဲ့ခွဲပြီးအလုပ်လာလုပ်တဲ့သူတွေကလွဲရင်ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။
အများနဲ့ပေါင်းသင်းဆက်ဆံရတဲ့အတွက်၊လူမျိုးစုံစိတ်မျိုးစုံရှိပါတယ်။ အဲ့ချိန်မှာပြသနာမတက်ရအောင်ကိုယ့်ရဲ့စိတ်ကိုဘေးထားပြီးသည်းခံရတာတွေလဲအများကြီးရှိပါတယ် ။အခူလာမဲ့သူတွေလဲအစအဆုံးတွေးပြီးမှသာလာသင့်ပါတယ်။ ဘာလို့လဲဆို​တေ့ပိုက်ဆံမရှိရင်ရေတောင်အလကားမရပါဘူး၊ ကျွန်တော်တို့နိုင်ငံမှာဆိုင်ရေတစ်ခွက်ကကြိုက်တဲ့နေရာမှာဝင်သောက်လို့ရပါတယ်
ထမင်းတစ်နပ်လောက်ကြိုက်တဲ့ဘုန်းကြီးကျောင်းမှာဝင်စားလို့ရပါတယ်။
အခုချိန်မှာအလိမ်ညာတွေကလဲပေါတော့ လာမယ်ဆိုရင်သေချာစဉ်းစားဆုံးဖြတ်ပါဗျ၊ ပြောတိုင်းလဲမယုံပါနဲ့ သေချာစဉ်းစားပြီးမှသာချိတ်ဆက်ပါဗျ၊ ဒုက္ခရောက်ရင်ကိုယ်ပဲဒုက္ခရောက်မှာပါ ၊အခုလာဖို့လုပ်နေကြတဲ့သူတွေလဲအားလုံးအဆင်ပြေပြေနဲ့ရောက်လာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်။လူကြီးမင်းတို့ရဲ့အခတ်အခဲတွေလဲရေးသွားကြပါအုံး။ရင်ဖွင့်ကြတာပေါ့။

နောက်ထပ်videoတွေ postတွေတင်သွားပေးမှာဖြစ်လို့
pageကိုlike&followတွေလုပ်သွားပေးကြပါအုံး😊
အားလုံးကိုထပ်ပြီးကျေးဇူးတင်ပါတယ်။အဆင်ပြေကြပါစေဗျ😊

discount store.discount store လို့ပြောလိုက်တာနဲ့ရက်ကြီးခါကြီးတွေပဲdiscountချတယ်လို့မြင်ကြမှာပါ ဒါကလုံးဝမှားပါတယ်အခုကျွန်...
27/10/2022

discount store.

discount store လို့ပြောလိုက်တာနဲ့ရက်ကြီးခါကြီးတွေပဲ
discountချတယ်လို့မြင်ကြမှာပါ ဒါကလုံးဝမှားပါတယ်အခုကျွန်တော်ပြောမဲ့ဆိုင်တွေကတော့အမြဲတမ်းdiscountရှိတဲ့ဆိုင်တွေပဲဖြစ်ပါတယ်😄
သူများနိုင်ငံမှာနေရတာဆိုတော့ဒီလိုမျိုးဆိုင်တွေကလုံးဝအသုံးဝင်ပါတယ်😁ဘာလို့လဲဆိုတော့စားစရာတွေရေချိုးဆပ်ပြာတွေကအစ ခေါင်းအစခြေအဆုံးအကုန်ရှိတဲ့အတွက်ပါပဲ dustount store တွေကိုကျွန်တော်တို့ကအလွယ်နည်းနဲ့ တစ်ကျပ်တံဆိုင်လို့ခေါ်လေ့ရှိပါတယ်
တော်တော်များများပစ္စည်းတွေက$1လောက်ပဲရှိလို့ပါ😁
ကျွန်တော်ပုံမှန်ဝယ်လေ့ရှိတဲ့ဆိုင်ကတော့city hall ကဆိုင်နဲ့
boon layကဆိုင်ပါပဲ လူကျုံရှိလို့အိမ်ကိုလက်ဆောင်ထည့်ပေးချင်တာပဲဖြစ်ဖြစ်ကိုယ့်အတွက်ပဲဖြစ်ဖြစ်ဒိဆိုင်ကတော့လုံးဝမိုက်ပါတယ် ကျွန်တော့်အမြင်နဲ့ပြောတာပါ
များသောအားဖြင့်ဆိုင်နာမည်တွေက valu$ ဆိုပြီးတော့ရှိပါတယ် singaporeကလူကြီးမင်းတို့ရောဘယ်လိုမြင်လဲပြောခဲ့ပေးပါအုံး😁
နောက်ထပ် post တွေ videoတွေတင်ပေးသွားမဲ့အတွက်
page ကို like & follow တွေလုပ်ထားပေးပါအုံးဗျ.
အဆုံးထိဖတ်ပေးတာကျေးဇူးတင်ပါတယ်😊

ဒီနေ့ကျွန်တော်တင်ပေးချင်တာကတော့singapore မှာရှိတဲ့ Giordano Outletဆိုင်တွေပဲဖြစ်ပါတယ် လျှော့စျေးတွေအများကြီးပေးထားတဲ့အတွ...
27/10/2022

ဒီနေ့ကျွန်တော်တင်ပေးချင်တာကတော့
singapore မှာရှိတဲ့ Giordano Outletဆိုင်တွေပဲဖြစ်ပါတယ် လျှော့စျေးတွေအများကြီးပေးထားတဲ့အတွက်လူကြီးမင်းတို့သွားရောက်ဝယ်ယူသင့်တယ်လို့ထင်ပါတယ်
အများဆုံးလျှော့စျေး70%ထိလျှော့ထားပေးပါတယ်
အခုကျွန်တော်တင်ထားပေးတဲ့ပုံကတော့ jurong eastမှာရှိတဲ့ဆိုင်ပါ တစ်ခြားဆိုင်တွေကလဲအများကြီးရှိပါတယ်
တစ်ခြားဆိုင်တွေရဲ့locationတွေကိုအောက်မှာရေးထားပေးပါမယ်
shirts တွေ pantsတွေအိတ်တွေအများကြီးရှိပါတယ်
maleတွေအတွက်ရောfemeတွေအတွက်ရောအစုံရှိပါတယ်သွားရောက်ကြည့်သင့်တယ်လို့ထင်လို့ကျွန်တော်တင်ပေးလိုက်တာပါ
နောက်ထပ်ဘယ်နေရာမှာဘာတွေရှိလဲဆိုတာလဲထပ်တင်ပေးသွားမှာပါ
အားလုံးပဲကျွန်တော့် pageကို like&followတွေလုပ်ထားပေးကြပါဗျ

2 Jurong East Street 21, #01 - 74 IMM Building, Singapore 609601

304 Orchard Rd, Singapore 238863

21 Choa Chu Kang Ave 4, #01-15 Lot One Mall, Singapore 689812

1 Bukit Batok Central Link, #01-30, West Mall, Singapore 658713

3155 Commonwealth Avenue West, #03-09, The Clementi Mall, Singapore 129588

23 Serangoon Central, #02 - 36 / 37 NEX, Singapore 556083

Address

Tuas

Telephone

+6588544681

Website

Alerts

Be the first to know and let us send you an email when Finn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Finn:

Share

Category