Easter HĂąiĂą HĂąiĂą

  • Home
  • Easter HĂąiĂą HĂąiĂą

Easter Hñiñ Hñiñ 🤍 Knowledge 🧭🧷🤍
🍝Food & daily vlog🍝🍟🥘🥙🧆 စာအုပ်စာပေလေ့လာခြင်းဖြင့်သာ သင့်ဘဝကို အကောင်းမွန်ဆုံးဖြတ်သန်းပါ

09/10/2025

I'm done ✅💯

Shout out to my newest followers! Excited to have you onboard! ဦး မိုး, U Khin Mg Thin
03/09/2025

Shout out to my newest followers! Excited to have you onboard! ဦး မိုး, U Khin Mg Thin

ကျန်းမာရေးအတွက် နေ့စဉ်လုပ်ဆောင်သင့်သည့် အချက် (၅) ချက်ကျန်းမာရေးကောင်းမွန်ခြင်းသည် လူတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ လာ...
03/09/2025

ကျန်းမာရေးအတွက် နေ့စဉ်လုပ်ဆောင်သင့်သည့် အချက် (၅) ချက်

ကျန်းမာရေးကောင်းမွန်ခြင်းသည် လူတိုင်းအတွက် တန်ဖိုးဖြတ်လို့မရတဲ့ လာဘ်တစ်ပါးပါ။

ဒီလိုအရေးကြီးတဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ရာ သင့်ကျန်းမာရေးအတွက် နေ့စဥ်လုပ်ဆောင်သင့်တဲ့ အချက် ၅ ချက်ကို မန္တလာဆေးရုံမှ ဝေမျှလိုက်ပါတယ်။

1️⃣ နေ့စဥ် ပုံမှန်လှုပ်ရှားမှု ပြုလုပ်ပါ။

ဒီနေ့ခေတ်မှာ တနေရာကနေ တနေရာကို အလွယ်တကူသွားလာလို့ရတဲ့ ယာဥ်တွေ၊ ဓာတ်လှေကားတွေကို အသုံးများလာတဲ့အခါ ကျွန်တော်တို့အများစုဟာ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ နည်းပါးလာကြပါတယ်။

ဒီအခါ လှုပ်ရှားမှုနည်းပါးမှုကြောင့်ဖြစ်တဲ့ အရိုးအကြောအဆစ်ရောဂါတွေကို ကြုံတွေ့ကြရပါတယ်။ ဒါကို ကာကွယ်နိုင်ဖို့ မိမိအနေနဲ့ လမ်းလျှောက်ခြင်း၊ ပြေးခြင်းစတဲ့ လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

2️⃣ အစာအာဟာရ စုံလင်စွာ စားသောက်ပါ။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုတဲ့စကားရှိပါတယ်။ အစားအသောက်ဟာ သင့်ရဲ့ကျန်းမာရေးအပေါ် များစွာ လွှမ်းမိုးမှုရှိပါတယ်။

ချိုလွန်းတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ရေရှည်စားမိတဲ့အခါ သင့်အနေနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ဒီအတွက် သင့်ရဲ့နေ့စဥ် စားသောက်မှုပုံစံမှာ ထမင်း၊ အသီးအရွက်၊ အသားငါး၊ အသီးအနှံ စုံလင်မျှတစွာပါရှိဖို့ လိုအပ်ပါတယ်။

3️⃣ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ။

စိတ်ကျန်းမာရေးဟာ သင့်ရဲ့ ကိုယ်ကျန်းမာရေးနဲ့ ဆက်စပ်နေတဲ့အတွက် သင့်အနေနဲ့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

စိတ်ဖိအားတွေများလာတဲ့အခါ ဘယ်လိုဖြေလျှော့မလဲ?
စိတ်ပင်ပန်းလာတဲ့အခါ ဘယ်လိုအနားယူမလဲ?
ဆိုတဲ့ နည်းလမ်းတွေကို စဥ်းစားပြီး သင့်ရဲ့ နေ့စဥ်လုပ်ဆောင်မယ့်အချက်တွေထဲ ထည့်ထားသင့်ပါတယ်။

4️⃣ ရေလုံလောက်အောင် သောက်ပါ။

ရေဓာတ်ဟာ သင့်ခန္ဓာကိုယ်အတွင်းက လုပ်ငန်းဆောင်တာများ ပုံမှန်လုပ်ဆောင်နိုင်ဖို့ အရေးကြီးတဲ့ ကဏ္ဍကပါဝင်ပါတယ်။

ရေသောက်နည်းတဲ့အခါ ဆီလမ်းကြောင်းကျောက်တည်ခြင်း၊ ဝမ်းချုပ်ခြင်း စတဲ့ ရောဂါတွေဖြစ်နိုင်ပါတယ်။ နေ့စဥ် ရေ ၂လီတာခန့်သောက်သုံးပေးခြင်းဟာ သင့်ရဲ့ ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုမှာပါ။

5️⃣ တစ်နေ့ (၈)နာရီခန့် အိပ်စက်ပါ။

သင့်ရဲ့ ခန္ဓာကိုယ်ဟာ သင်အိပ်စပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ပျက်စီးမှုတွေကို ပြုပြင်ခြင်း၊ အနားယူခြင်းတွေကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် သင့်အနေနဲ့ နေ့စဥ် အိပ်စက်ချိန် လုံလောက်စွာမထားရှိရင် ရေရှည်မှာ သင့်ကျန်းမာရေး ထိခိုက်မှုတွေ ကြုံရနိုင်ပါတယ်။

လူ၁ယောက်ဟာ ၁ရက်ကို ပျှမ်းမျှအိပ်ချိန် ၈နာရီခန့် လိုအပ်တယ်လို့ ဆေးသုတေသီတွေက ဆိုပါတယ်။ သင့်အနေနဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေကြားက ပုံမှန်အိပ်စက်ချိန်ထားခြင်းဟာ သင့်ကို ရေရှည် ကျန်းမာစွာနဲ့ အလုပ်တွေလုပ်နိုင်ဖို့ အထောက်အကူပြုမှာပါ။

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ။
ဒီကပ်ဆီုးကြီးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ။

Dr.BARRY 🩺👨‍⚕

02/09/2025

ငါ့ကြောင့်

🎤🎤Fanny Htoo

#ငါ့ကြောင့်

ဖုန်းအချက်အလက်နဲ့ ဖုန်းကောင်း/မကောင်း စစ်ဆေးနိုင်တဲ့ အဖိုးတန်ဆော့ဝဲလေးဖုန်းသုံးတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ အရမ်းအသုံးဝင်...
30/08/2025

ဖုန်းအချက်အလက်နဲ့ ဖုန်းကောင်း/မကောင်း စစ်ဆေးနိုင်တဲ့ အဖိုးတန်ဆော့ဝဲလေး

ဖုန်းသုံးတဲ့သူတိုင်း ဆောင်ထားသင့်တဲ့ အရမ်းအသုံးဝင်တဲ့ ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်။

ဖုန်းအဟောင်းပြန်ဝယ်ချင်တဲ့သူတွေ ဖုန်းထဲက Function တွေကောင်း/မကောင်း စစ်ဆေးနိုင်ပါတယ်။

ဖုန်းအသစ်ဝယ်မဲ့သူတွေအတွက်လည်း ဘယ်ဖုန်းအမျိုးအစားကောင်းလဲဆိုတာ ကြည့်ရှုနိုင်ပါတယ်။

မိမိဖုန်းရဲ့လက်ရှိအခြေအနေနဲ့ အချက်အလက်အစုံကိုလည်း ကြည့်ရှုနိုင်ပါတယ်။

CPU-X ဆော့ဝဲ
Play Store မှ ဒေါင်းယူရန်👇
https://apk.dfaviral.com/cpux/

အားလုံးအဆင်ပြေပါစေ
ဆော့ဝဲလမ်းညွှန်

🚨update news 🇸🇬  **e ကို လက်ဝယ်မတွေ့ရပေမယ့် V**e သောက်ထားတဲ့ စမ်းသပ်ချက် တွေ့ရှိလို့ ရာသက်ပန် ပြည်ဝင်ခွင့် ပိတ်လိုက်တဲ့ ...
28/08/2025

🚨update news 🇸🇬

**e ကို လက်ဝယ်မတွေ့ရပေမယ့် V**e သောက်ထားတဲ့ စမ်းသပ်ချက် တွေ့ရှိလို့ ရာသက်ပန် ပြည်ဝင်ခွင့် ပိတ်လိုက်တဲ့ စင်္ကာပူ။

V**e သောက်တတ်တဲ့ သူငယ်ချင်းများ ကို မြန်မြန်လေး လက်တို့ပေးလိုက်ကျပါအုံးနော်

ဥပဒေသစ်အရ၊ အသက် 18 နှစ်အောက် vapes ဖမ်းမိသူများကို ပထမပြစ်မှုအတွက် S$500ဒဏ်ငွေအပြင် သတိပေးခြင်းစာ (NOC) ပေးဆောင်မည်ဖြစ်ပြီး အသက် 18 နှစ်နှင့်အထက်သူများကို S$700 ပေးဆောင်ရမည်ဖြစ်သည်။

ဒုတိယပြစ်မှုတွင် ပြစ်မှုကျူးလွန်သူများသည် သုံးလကြာ ပြန်လည်ထူထောင်ရေးသို့ တက်ရောက်ရမည်ဖြစ်သည်။

တတိယအကြိမ်ပြစ်မှုကျူးလွန်ပါက တရားစွဲခံရမည်ဖြစ်ပြီး အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။

အထက်ဖော်ပြပါ ပြစ်ဒဏ်များသည် နိုင်ငံခြားသားများအလုပ်လာလုပ်ကျသူများ အလည်လာသူများနဲ့လည်း သက်ဆိုင်သလို ထပ်မံကျူးလွန်သူများသည် နောက်ဆက်တွဲ အကျိုးဆက်များ ကြုံတွေ့ရနိုင်သည်။



ခေတ်တွေက ပြောင်းလာပြီ😌
28/08/2025

ခေတ်တွေက ပြောင်းလာပြီ😌

27/08/2025

ကျမကတော့ Supermarket ထက် wet market ကို သဘောကျတယ်

သူပေါ့နော်

Shout out to my newest followers! Excited to have you onboard! Meriam LC, Cecilia Hkawn Nu, Æye Chan, Eh Mi, Khun Tun Pa...
27/08/2025

Shout out to my newest followers! Excited to have you onboard! Meriam LC, Cecilia Hkawn Nu, Æye Chan, Eh Mi, Khun Tun Pay, Nan Cherry, Nan Nan, Nay Myo, Ko Thein, Ko Ko, Sian Tete Vlogs

25/08/2025

အဲ့ဒီကလေးအတိုင်းဘဲ ဘဝက 🥲😑🤭

22/08/2025

🤭

ခလေးအမေကဝန်ခံထွက်ဆိုချက်အမှန်ကို ပေးလိုက်ပီ။ မလုပ်ပါဘူးလို့ သူငြင်းတာ နောက်ဆုံး ငြင်းလို့မရခဲ့ဘူး  ခလေးမိဘ တွေကို 20ရက် ...
21/08/2025

ခလေးအမေကဝန်ခံထွက်ဆိုချက်အမှန်ကို ပေးလိုက်ပီ။ မလုပ်ပါဘူးလို့ သူငြင်းတာ နောက်ဆုံး ငြင်းလို့မရခဲ့ဘူး ခလေးမိဘ တွေကို 20ရက် နေ့လည် 2:00လောက် က မိသွားခဲ့ပီး၊ ခလေးအမေ ပထမထွက်ဆိုချက် ပေးတာက သူမက ခလေးလေးကို တယောက်ထဲမွေးခဲ့တယ်။ ယောက်ကျားက အလုပ်သွားတယ်။ မွေးပီးတော့ သူမဟာ ခေါင်းမူးလာတယ် နောက် ခလေးလေး ရင်ဘတ် ပေါ်ကိုဖိမိလို့ ခလေးက ဆုံးသွားခဲ့ရတယ် လို့ပြောပြတယ်။ ဒါဆိုရင် နင်က ခလေးကို ဖိမိတယ်လဲဆိုတယ်၊ ခလေးရင်ဘတ်မှာ ဖိမိတဲ့ အရာကိုလဲ စစ်ဆေးတော့ မတွေ့ရဘူး
ဆရာဝန်က %အပြည့်ပြောပြတာက၊ ခလေးလေးဟာ ကိုလက်တွေအားလုံးပြည့်စုံတယ်။ မွေးပီးပီးခြင်း ဆုံးသွားတာ မဟုတ်ဘူးတဲ့ ခလေးဟာ အသက်ရှင်တယ်။ မွေးတဲ့ရက်က 2-5ရက်အတွင်း မွေးလာနိုင်ခြေရှိတယ်။ ခလေးဟာ အမေနို့ကို သောက်ပီးပီ။ ခလေးရဲ့ အူတွေဟာ နို့ရည်ဝင်တော့ အလုပ်လုပ်လို့ ၊ခလေးရဲ့ ဝမ်းထဲမှာ မစင်တွေကို တွေ့ရတယ်။ မီးဖုတ် ခံထားရတော့ မစင်တွေဟာ မီးပြာအဖြစ် ပြောင်းလဲ သွားပေမဲ့၊ ဆရာဝန် ကတော့ မစင်ဆို တာကို ရဲရဲကြီး ပြောပြခဲ့တယ်
နောက်ဆုံး မှာတော့ မိခင်ဟာ ထွက်ဆိုချက် အမှန်ကို ပေးခဲ့တယ်။ သူမဟာ ခလေးလေး အပြင်ကို ရောက်လာတော့ ခလေးကို တာဝန်မယူ နိုင်မှာကို၊ တွေးပီး စိတ်ညစ်လာ ခဲ့တယ်တဲ့ ပထမ ခလေးလေးကို ပေါင်ပေါ်ကို တင်ထား လိုက်တယ်။ ခလေးလေးကတော့ အမေ ဘာလုပ်မယ် ဆိုတာကို မသိရှာ သေးဘူး အမေ ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော် နေခဲ့တာ။ ပီးတော့ ခလေးအမေဟာ စောင်ကို ယူလိုက်ပီး၊ ခလေးမျက်နှာ ပေါ်ကို စောင်နဲ့ အုပ်လိုက်တယ်။ အသက်ရှု မရတော့ ခလေးလေး ဆုံးသွားခဲ့ပါတယ်
အလောင်းကို ဘယ်လိုလုပ်ခဲ့လဲ ဆိုပီးမီ):ဖုတ်တဲ့နေရာကို
စ/ဆုံး လိုက်ပြခိုင်းတယ်။
သူတို့လင်မယား ၂ယောက်ဟာ ခြင်း အပန်းရောင် ထဲမှာ အလောင်းကိုထည့်ပီး ဆိုင်ကယ်နဲ့ ကြံစိုက်ခင်း ထဲဆီကို ထွက်လာခဲ့ကြတယ်
ကြံတော ရောက်တော့ မီးဖိုနားမှာ ထင်း7-8ချောင်းလောက်ရှိတယ်။ ယောက်ကျားက ဆိုင်ကယ် ဆီယူပီး အဝတ်မှာ စွပ်လိုက်ပီး မီးမွေးခဲ့ တယ် ပီးနောက် အလောင်းကို မီးဖိုထဲ လှမ်းထည့်ခဲ့ပီး သူတို့လဲ ထွက်ပြေး သွားခဲ့တယ် လို ဝန်ခံ ထွက်ဆို ခဲ့ကြတယ်။ ရဲကတော့ ကို့သားသမီး အရင်းကို €**တ်တဲ့ သူတို့၂ယောက်ကို ထိန်းသိမ်းထားလိုက် ပါပီ ခလေးလေး ကောင်းမွန်ရာ ရောက်ပါစေဗျ🥹🥹🥹

Address


Telephone

+93426830622

Website

Alerts

Be the first to know and let us send you an email when Easter HĂąiĂą HĂąiĂą posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share