Phong and Razi

Phong and Razi Exploring Northern Myanmar near the ice mountains 🏔️⛰️
Traveling | Fishing | Hiking | Cooking & Meeting amazing people along the way 📸🎣🥾🔥🤝🌲

11/07/2026

မိုးရွာတိုင်း လွမ်းတတ်တဲ့သူတွေရှိလား…

11/07/2026

အားလုံးကို ဖါမရာ…

အလာဖုန်တို့တောင်ပေါ်ဒေသမှာလည်း လယ်ယာစိုက်ပျိုးကြပါတယ်…

အရင်ဘိုးဘွားတွေခေတ်ကတော့ ရွှေ့ပြောင်းတောင်ယာကို လုပ်ခဲ့ကြပါတယ်…

တစ်ချို့နေရာတွေမှာတော့ ခုထိ ရွှေ့ပြောင်းတောင်ယာတွေ လုပ်နေကြတုန်းပါပဲ…

အရင်ကတော့ ကျွဲနွားတွေကိုသာ အသုံးပြုခဲ့ကြပေမယ့် အခုတော့ စက်တွေနဲ့ အစားထိုးပြုလုပ်လာကြပါပြီ…

#မိုးရာသီတောင်ပေါ်ဒေသလယ်စိုက်ချိန်

16/06/2026

မိုးရာသီလည်း စိမ်းစိုပြီး လှတဲ့ အလာဖုန်တို့ရဲ့ ပူတာအို …
ရဇီတွေပတ်ကာ ဝန်းရံထားပြီး နွေမိုးဆောင်း သာယာတဲ့ အလာဖုန်တို့ရဲ့ ပူတာအို

ငါးမျှားရာသီရောက်လာပြီ … ပူတာအိုမှာ ငါးအကိတ်တွေ သွားမျှားကြမယ်လေ…
16/06/2026

ငါးမျှားရာသီရောက်လာပြီ …
ပူတာအိုမှာ ငါးအကိတ်တွေ သွားမျှားကြမယ်လေ…

13/06/2026

ပူတာအိုမှာ မိုးရွာတာ တစ်ပတ်လောက်ရှိပြီ…

12/06/2026

တစ်ခါတစ်ရံ ဘဝမှာ အဆုံးကို မမြင်ရတဲ့ လမ်းတွေရှိပေမယ့်….

ခြေလှမ်းမရပ်သရွေ့ ပန်းတိုင်ကို ရောက်သွားမှာပဲ…

ဒီနှစ်ထွက် တန်ဖိုးကြီး ဆေးဖက်ဝင် ရှီးပတီ အကိတ်..   #ရှီးပတီ    Photos: RM Hpong
10/06/2026

ဒီနှစ်ထွက် တန်ဖိုးကြီး ဆေးဖက်ဝင် ရှီးပတီ အကိတ်..

#ရှီးပတီ

Photos: RM Hpong

09/06/2026

အားလုံးကို Pamvra

Vlog တွေမတင်တာလည်းကြာပြီ…
အခုအလာဖုန် တင်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ အလာဖုန်တို့ ရဝမ်မျိုးနွယ်စုတွေ ရှေးခေတ်ကတည်းက ယနေ့ထိတိုင် သွားရည်စာအဖြစ် စားသုံးကြတဲ့ အူလိုင်မုန့် ပြုလုပ်ပုံကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ…

မင်းဘောပင်လို့ခေါ်တဲ့ အူလိုင်ပင်ဟာ တောင်ပေါ်ဒေသမှာ အလေ့ကျပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်…

ရဝမ်လို Vlé (အလေး) လို့ ခေါ်ပြီး တစ်နေရာနဲ့တစ်နေရာ ခေါ်ဝေါ်တာခြင်းမတူ ကြပါဘူး…

အရင်ခေတ်က ဘိုးဘွားတွေဟာ တောတောင်ထဲက အစားအသောက်များကို ရှာကြံပြီး ချက်ပြတ်စားသောက်ခဲ့ကြပါတယ်…

အဘိုးအဘွားတွေပြောတဲ့ပုံပြင်တွေလည်း ရှိပါတယ်
ရှေးနတ်စားတဲ့ခေတ်တွေမှာ အူလိုင်အပင်ခုတ်လှဲတော့မယ်ဆိုရင် နတ်ကိုအရင်မေးပြီးမှ လုပ်ငန်းစတင်ကြရတယ်လို့ဆိုပါတယ် …

အူလိုင်မုန့်ပြုလုပ်တော့မယ်ဆိုရင် အပင်ခုတ်လှဲမယ့်သူ ခေါင်းဆောင်ဟာ အရေးပါလှပါတယ်…

အပင်မခုတ်လှဲခင် ဘာအစာမှ စားထားလို့မရဘူးလို့ ပြောပါတယ် …

အပင်ခုတ်လှဲပြီးရင်လည်း အူလိုင်မုန့်ပြုလုပ်မယ့် အပိုင်းကို မဖြတ်တောက်ခင် ခွကျော်ပြီးမှ ဖြတ်ယူရတယ်လို့ဆိုပါတယ်…

တစ်ခုခုမှားယွင်းသွားတာနဲ့ သူလုပ်တဲ့ အူလိုင်ဟာလည်း ပျက်စီးတတ်တယ်ဆိုတဲ့ ပုံပြင်တွေလည်း ရှိပါတယ်…

အခုခေတ်မှာတော့ ဒီလိုမျိုးအယူတွေမရှိတော့ပါဘူး..

အူလိုင်အမုန့်ကိုတော့ မုန့်ပဲသွားရည်စာအမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်ခင်ဗျာ…

ပူတာအို နံနက်ခင်းစျေးမှာလည်း အူလှိုင်အမှုန့်တွေ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ…

အားလုံးကို ဖါမရာ….

#အူလိုင် #မင်းဘော

09/06/2026

ပူတာအိုက ငါးဂါလာ (Golden Mahseer) အကိတ်

အရုပ်နဲ့ ဒီနေ့မျှားထားတာ…

ခန့်မှန်း ပိဿာချိိန် ၁၃ ပိဿာ

Happy birthday to me 🎊🎉🎂အသက်တစ်နှစ်ကြီး သွားပေမယ့် ရာဇီတွေကို ချစ်တဲ့အချစ်ကတော့ လျော့မသွားပါဘူး အားလုံးကို ဖါမရာ…Vlog တွ...
06/06/2026

Happy birthday to me 🎊🎉🎂

အသက်တစ်နှစ်ကြီး သွားပေမယ့် ရာဇီတွေကို ချစ်တဲ့အချစ်ကတော့ လျော့မသွားပါဘူး

အားလုံးကို ဖါမရာ…

Vlog တွေလည်း ပုံမှန်တင်နိုင်အောင် ကြိုးစားသွားပါမယ်

❤️

Address

Singapore River

Website

Alerts

Be the first to know and let us send you an email when Phong and Razi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phong and Razi:

Shortcuts

Share