30/12/2025
Grab Sampling Vs Online reading
——————————————————
2015 မှာ အလုပ်စဝင်တော့ မနက်မိုးလင်းရင် plant ထဲကို တာဝန်ကျ Technician က ခြင်းတစ်လုံးနဲ့ sample ပတ်ယူရတယ် ။ ( grab sampling ) လို့ခေါ်တာပေါ့လေ ။
Intake
Equalization
Aerobic
Anaerobic
Final tank ဆိုပြီး ဘူးလေးတွေနဲ့ plant ထဲ စျေးပတ်ဝယ်သလိုပဲ ။
ပြီးရင်တော့ Lab ထဲယူသွားပြီး တစ်နေကုန် နီးနီး တိုင်းပေတော့ပဲ ။
ဘာတွေတိုင်းသလဲဆိုတော့
pH, TSS, TDS, TCOD, SCOD, VFA, sulphur, စုံလို့ပဲ ။ oven တွေ ၊ furnace တွေနဲ့ Analytical methods တွေနဲ့ တိုင်းကြတာ ။
တိုင်းလို့ထွာလို့ပြီးပြီဆို log book ထဲရေး ညနေကျ excel sheet ထဲဖြည့်ပေါ့ ။
ပညာလည်း ရသလို ၊ ပျော်စရာလည်းကောင်း ။
ကျောင်းမှာ လေးနှစ်လုံး အချိန်ပြည့်နီးနီး ဓာတ်ခွဲခန်းဝင်လာရတဲ့ကောင်ဆိုတော့ အလုပ်နဲ့ စာနဲ့ ထပ်တူတွေကျပြီး ပျော် ။
ပင်ပန်းတယ်ဆိုတာမရှိ ၊ ဖလန်းဖလန်းတွေထ ။
ဆယ်နှစ်အကြာ ဒီ field မှာပဲ ဘာတွေပြောင်းသွားသလဲဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လုပ်ခဲ့ရတဲ့ grab sampling ဆိုတာ validation / verification အတွက်သီးသန့်ဖြစ်သွားပြီး အရာအားလုံးဟာ online sensors တွေပေါ်မှာပဲ မူတည်သွားတော့တယ် ။ ပိုပြီးလည်း accurate ( တိကျ ) တယ်ဆိုတာ နားလည်လာတယ် ။
Old fashioned plants တွေကနေ Latest technologies သုံးထားတဲ့ plants တွေကို operation အပြင် commissioning ရော Certification ပါ ကိုင်ခဲ့ရသူဆိုတော့ လျှာလေးနည်းနည်းရှည်ကြည့်ချင်တယ် ။
တိုင်းတာတဲ့ လုပ်ငန်းစဉ် နှစ်ခုမှာ အဓိက ဘာကွာလဲဆိုတော့
Grab sampling ဟာ immediate action အတွက် အချိန်မလောက်ဘူးဆိုတာပဲ ။
24 / 7 ကို full capacity နဲ့ run နေတဲ့ plant တွေမှာ sensors သည်သာ အခရာပဲ ။
Sensor failure မဖြစ်ဖို့ periodical calibration လုပ်ဖို့လိုအပ်တယ် ။ မကောင်းရင် အသစ်လဲပေးဖို့လိုအပ်တယ် ။
အဲ့လိုပုံမှန်လုပ်ပေးရင် live data တွေရတယ် ။ accurate ဖြစ်တယ် ။ immediate action ယူနိုင်တယ် ။
Grab sampling လုပ်ပြီး တိုင်းတဲ့အခါမှာကျ အချို့သော parameters တွေဟာ နာရီနဲ့ချီပြီးကြာတယ် ။
ဆိုကြပါစို့ COD တိုင်းတယ်ဆိုရင်
Heat up လုပ်တာက ၂ နာရီ
အအေးခံတာနဲ့ တိုင်းတာနဲ့ဆို ၃ နာရီလောက်ကြာတယ် ။
အဲ့ ၃ နာရီအတွင်း ကိုယ့် plant က အဆက်မပြတ် discharge လုပ်နေမယ်ဆိုရင် result ရတော့မှ out of spec ( သတ်မှတ်အရည်အသွေးထက် ကျော်လွန် ) ဖြစ်နေပြီဆိုရင်က အဲ့ဒီ ၃ နာရီစာလုံးက ကွိုင်တက်ပြီ ။
အဲ့လိုမဟုတ်ပဲ online Analyzer သာသုံးထားမယ်ဆို နာရီဝက်တစ်ခါ reading ရမယ် ။ HRT အရလည်း safe ဖြစ်တယ်
အဲ့တော့ real time sampling / reading ရတဲ့ online sensors တွေကို သုံးကြတယ် ။
Out of spec ဖြစ်ပြီဆို immediate action ယူလို့ရအောင်ပေါ့ ။
ဒီကိစ္စက ဘယ်မှာ ပြသနာသွားတက်သလဲဆိုတော့ online sensors မရှိတဲ့ ထုတ်လုပ်မှုတိုင်းမှာ ပြသနာတက်တယ် ။
နားလည်လွယ်တဲ့ scenario တစ်ခုနဲ့ကြည့်ကြည့်ရအောင် ။
ရေသန့်ထုတ်တယ်ဆိုကြပါစို့ ။
Final product ရဲ့ quality ကို pH 7 ရအောင်လုပ်ချင်တယ် ။ online sensor လည်း မရှိဘူး ။ SCADA မရှိဘူး ။ trend မရှိဘူး ။ manual grab sampling နဲ့ ၂ နာရီတစ်ခါ တိုင်းမယ်ဆိုကြပါစို့ ။
မနက် ၈ နာရီမှာ တိုင်းတုန်းက pH 7 ဝန်းကျင်ရှိနေပေမယ့် ၊ ၈ နာရီနဲ့ ၉ နာရီကြားမှာ chemical dosing pump ရပ်သွားလို့ pH ထိုးကျသွားတယ် ။ operator က မသိလိုက်ဘူး ။ production က ဆက်လည်နေတယ်ဆိုပါစို့ ။
၁၀ နာရီရောက်မှ နောက်တစ်ခါ တိုင်းကြည့်မှ pH ကျနေမှန်း သိတယ် ။
တစ်နာရီ ဘူး ( ၁၀၀၀ ) ထွက်တဲ့ ရေသန့်ထုတ်တဲ့နေရာသာဆိုရင် ဘူး ( ၂၀၀၀ ) လောက်က packaging ထဲ ရောက်နေပြီ ။
အဲ့ ဘူး ( ၂၀၀၀ ) quality criteria မမှီပါဘူးဆိုပြီး ပြန်ဖောက်ရတော့မယ် ။ lot တွေပြန်ကြည့်ရတော့မယ် ။
အဲ့နေရာမှာသာ online sensors တွေတပ်ထားပြီး interlock စနစ်ရှိမယ်ဆို quality parameters meet မဖြစ်တာနဲ့ production ရပ်ပစ်တာ ၊ filling ဆက်မလုပ်တော့တာ ၊ alarm မြည်တာ စတာတွေ လုပ်ထားလို့ရတယ် ။ လိုအပ်တဲ့ immediate action ကို တန်းယူရုံပဲ ။
Industrial 4.0 မှာ manual grab sampling နဲ့ Quality Assurance လုပ်နေတုန်းဆိုရင်တော့ မလိုပဲ အလုပ်ပိုများမှာပေါ့လေ ။
ဆွေးနွေးငြင်းခုန်ပေးခဲ့ကြပါဦး ။
Photo source - Google