Wai’s Diary

Wai’s Diary Cosmetics & Skincare and fashion reviews from my own experience🧴
Skin first. Makeup second. Reviews always🫶

အသားအရေ တွေ ကြည်ဝင်းလာရတဲ့ အဓိက အရာတွေထဲမှာDove scrub ကိုလည်းမေ့ထားလို့မရဘူးးအရမ်းအရမ်းကိုမှ ကြိုက်သောပဲ ဒါနဲ့ဆို လေးဘူး...
03/06/2026

အသားအရေ တွေ ကြည်ဝင်းလာရတဲ့ အဓိက အရာတွေထဲမှာDove scrub ကိုလည်းမေ့ထားလို့မရဘူးးအရမ်းအရမ်းကိုမှ ကြိုက်သောပဲ ဒါနဲ့ဆို လေးဘူးမြောက် ပါ ၊ လက်ရှိအသားအရေ ကို skin tone တတ်ချင်တယ် အသားအရေ ကြည်လာချင်တယ် ဒူးမဲ တံတောင်မဲ တာတွေ လျော့ပါးချင်တယ် ဆို ဒါကို သုံးး
ဘာကြောင့် သုံးသင့်လည်း မေးရင်
နံပတ်(၁) budget save ဖစ်တယ်( ဒါအဓိက အချက်ပဲ🥲)
နံပတ်(၂) scrub သားက တိုက်လိုက်ရင် ကြမ်းမနေဘူး
cream သားလေး body ပေါ် တင်လိုက်သလို နူးနူးညံ့ညံ့အိအိစက်စက်လေး
နံပတ်(၃) အနံ့က တအားကိုမွှေးတာဟေ့ အဖုံးဖွင့်လိုက်တည်းက လုံးဝကိုက်စားချင်စရာကြီးကွာ တအားကိုမှမွှေးတာ အနံ့က လည်း ပေါင်းစုံလာတယ် အကုန် မွှေးတယ် အခုဒီဘူးလေးကိုတော့ အဝေ အကြိုက်ဆုံးပဲ သူ့တိုက်ပီး Nivea lotion လေးသာလူးလိုက် အိုကေ စိုပြေ သောပဲ
နံပတ်(၄) အဓိက အချက်ပဲ results ကအရမ်းသိသာတယ် နှစ်ပတ်လောက်နဲ့ ကိုအသားအရေ က စိုလာတာ တစ်ပတ် နှစ်ကြိမ်ဆို လုံလောက်ပါပီ နေ့တိုင်း မတိုက်သင့်ပါဘူးး အသားအရေ တွေ ပါးနိုင်ပါတယ် scrub တိုက်ရင် ညနေပိုင်းတိုက်ပါ နောက်နေ့မနက်မှာ spf အပြည့်ပါတဲ့ lotion လူးပေးပါနော် မလူးရင် အသားအရေက လက်ရှိထက်ပိုမည်းပါတယ်၊ scrub တိုက်ထားတဲ့ အသားအရေ ကပုံမှန်ထက်ပို ပါးပိုနု တာဖစ်တဲ့အတွက် sunscreen မဖစ်မနေ ပြန်လူးပေးရပါမယ် ..
အဝေ ကတော့ တပတ်ကို နှစ်ကြိမ်သုံးပါတယ် သူ့သုံးပီးရင် ရေချိုးခန်းထဲကို မထွက်ချင်တော့ဘူးးမွှေးကြိုင်နေတာပဲ တဘူးဆိုလည်း အကြာကြီးခံပါတယ် ရှင်
လက်ရှိအသားအရေထက်ပိုပီး glow ပိုဝင်း ပိုကြည် ဖြူလာချင်တဲ့သူတွေ အတွက် must have item လေးပါ ထပ်ပြောပါမယ် အရမ်းအရမ်း ကောင်းတယ်လို့ 🥰😍😘
❌ "ပုံနှင့်စာများ ကူးယူသုံးစွဲခွင့်မပြု"❌

Address

Singapore River

Website

Alerts

Be the first to know and let us send you an email when Wai’s Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share