Peace Of Mind With Book 21

Peace Of Mind With Book 21 Just Do it right Now

21/02/2025
19/02/2025
19/02/2025
19/02/2025
19/02/2025
ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့ဘယ်တော့မှ မတွေးသလို၊ မျောက်တစ်ကောင်ဟာလည်း ငါဘာလို့ လေမှာ...
12/07/2024

ငါးတစ်ကောင်ဟာ ငါ့မှာ ဘာလို့
လမ်းလျှောက်ဖို့ ခြေထောက်မပါတာလည်းလို့
ဘယ်တော့မှ မတွေးသလို၊

မျောက်တစ်ကောင်ဟာလည်း
ငါဘာလို့ လေမှာ မပျံနိုင်ရသလဲလို့ မတွေးပါဘူး။

အရာရာတိုင်းမှာ လောကကြီးက
သူ့နေရာနဲ့သူ အားနည်းချက် ၊
အားသာချက် တွေနဲ့ ဖန်တီးထားလို့ပဲဖြစ်တယ်။

မင်းကားမောင်းတဲ့နေရာမှာ ဆရာတစ်ဆူ
ဖြစ်ချင်ဖြစ်လိမ့်မယ်။

လူတင်ပြီး နင်းရတဲ့ ဆိုက်ကားမှာတော့
ဆိုက်ကားဆရာကို မှီမှာ မဟုတ်ဘူး။

တက္ကသိုလ်မှာ မင်းဟာ ပါမောက္ခတစ်ယောက် ဖြစ်ချင် ဖြစ်လိမ့်မယ် ။

ဒါပေမဲ့ ပင်လယ်ပြင်ကို ခရီးနှင်တဲ့အခါ
လေးထိုးသားလောက် မင်းဟာ အရေးမပါနိုင်ဘူး။

လောကမှာ ဘယ်သူ့ကိုမှ အထင်သေးလို့မရသလို
ဘယ်သူ့ကိုမှ အသလွတ် အထင်ကြီးနေလို့ မရဘူး။

ဘာလို့ဆို ကိုယ့် မှာ မရှိတဲ့အရာ
တစ်ပါးသူမှာ ရှိနေနိုင်လို့ပဲ ဖြစ်တယ်။



#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

လူတချို့က ...တွဲလို့ရတယ် ပေါင်းသင်းလို့မရဘူး။လူတချို့ကျတော့ ...စကားပြောလို့ပဲရတယ်ဆွေးနွေးလို့မရဘူး။လူတချို့ကျပြန်တော့ .....
11/07/2024

လူတချို့က ...
တွဲလို့ရတယ်
ပေါင်းသင်းလို့မရဘူး။

လူတချို့ကျတော့ ...
စကားပြောလို့ပဲရတယ်
ဆွေးနွေးလို့မရဘူး။

လူတချို့ကျပြန်တော့ ...
မိတ်ဆွေတစ်ယောက်အနေနဲ့ပဲ ခင်လို့ရတယ်
သူငယ်ချင်းစစ်စစ်တော့ ဖြစ်ပေးလို့မရဘူး။

လူတချို့ကိုကျတော့ ...
အရာဝတ္ထု ပစ္စည်းတွေပဲ ပေးလို့ရတယ်
စိတ်အရင်းတော့ ပေးလို့မရဘူး။

လူတချို့ကျတော့..
လူလည်ကျချင်တဲ့ စိတ် ပဲ ရှိကြတယ်
မိတ်ဆွေစစ်မလိုချင်ကြဘူး

တစ်ယောက်ယောက်ကို ချစ်ချင်လား ချစ်ပစ်လိုက်၊တစ်ခုခုကို လုပ်ချင်နေလား လုပ်ပစ်လိုက်၊ တစ်နေရာရာကို သွားချင်လား သွားပစ်လိုက်၊ပ...
11/07/2024

တစ်ယောက်ယောက်ကို ချစ်ချင်လား ချစ်ပစ်လိုက်၊

တစ်ခုခုကို လုပ်ချင်နေလား လုပ်ပစ်လိုက်၊
တစ်နေရာရာကို သွားချင်လား သွားပစ်လိုက်၊

ပြီးရင် မေ့ပစ်လိုက်၊ ဘာမှမမျှော်လင့်နဲ့၊
ဘာကိုမှ အစွဲအလမ်းမထားနဲ့၊
ဒါက အကောင်းဆုံးသော ဘဝနေထိုင်နည်းတခုပဲ၊

ငါတို့ရဲ့စုတ်ပျက်နေတဲ့ လူနေမှုဘဝမှာ

လုပ်ချင်တာတွေ လုပ်ပြီးလို့

ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
"နေတတ်"အောင်သင်ယူဖို့ကလဲ
တကယ် အရေးကြီးတယ် ။

-မြူကင်း(တန့်ဆည်)

💭

ငါလည်း ငါ့နည်းငါ့ဟန်နဲ့ ငါတတ်သလောက်ကြိုးစားပြီး ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်မင်းပဲမမြင်သွားတာလား ဒါမှမဟုတ် ငါဆိုလိုတ...
10/07/2024

ငါလည်း ငါ့နည်းငါ့ဟန်နဲ့ ငါတတ်သလောက်
ကြိုးစားပြီး ချစ်ခြင်းမေတ္တာကို ပြခဲ့ပါသေးတယ်
မင်းပဲမမြင်သွားတာလား ဒါမှမဟုတ်
ငါဆိုလိုတဲ့အဓိပ္ပါယ်တွေကပဲ မင်းဆီမရောက်ခဲ့တာလားဆိုတာ
ငါ့ကိုယ်ငါလည်း နားမလည်တော့ဘူး
သေချာတာကတော့ မင်းဆီလာဖို့ငါအားထုတ်ခဲ့တယ်
မင်းနဲ့နီးဖို့ ငါသေသေချာချာရောက်လာခဲ့ဖူးတယ်ဆိုတာပါပဲ

ဒီလိုပါပဲ မဆုံဖို့ကံပါလာရင်
ချစ်ခြင်းတရားဟာလွဲကိုလွဲရပါတယ် ။

- Wai Yan Nwe

💭 || 18.6.2024

10/07/2024

သွားချင်ရာ သွားလို့ ရတဲ့အရွယ်မှာ
အိမ်ကိုပဲ ပြန်ချင်လာတယ်

လုပ်ချင်ရာ လုပ်လို့ ရတဲ့အရွယ်မှာ
အမေ့စကားတွေပဲ နားထောင်ဖြစ်လာတယ်

ကမ္ဘာက တစ်ကယ်လည်နေတာ ကိုယ့်လူ
ဒီနေ့ ဝမ်းနည်းရရင် မနက်ဖြန် ပျော်ရမှာပါ။ 🤎

09/07/2024

! မမေ့ပါနဲ့
တစ်ချိန်က မင်းကို နိမ့်ချဆက်ဆံခဲ့သည့် လူတချို့အား
တစ်ချိန်မှာ မင်းကို မြင်၍ ရှက်တတ်သွားအောင်
မင်းကြိုးစားပြပါ

! မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ်မှာ ကောက်ကျစ်စဥ့်လဲခဲ့သည့်
လူတချို့အား တစ်ချိန်မှာ မင်းကို မြင်၍ ရှိန်းသွားစေအောင်
မင်းလုပ်ပြရမယ်

! မမေ့ပါနဲ့
တစ်ချိန်က မင်းစိတ်ဓာတ်ကျနေချိန် ရှောင်ဖယ်သွားသည့်
လူတချို့အား မင်းကို မြင်၍ ခေါင်းမဖော်နိုင်အောင်
မင်းစွမ်းဆောင်ပြရမယ်

! မမေ့ပါနဲ့
တစ်ချိန်က မင်းအပြောတွေကို နားမဝင်ခဲ့သည့် လူတချို့အား
တစ်ချိန်မှာ မင်းဘာပြောပြော နားခံလာအောင်
မင်းလေ့လာရမယ်

! မမေ့ပါနဲ့
တစ်ချိန်က မင်းအပေါ် မကောင်းခဲ့သည့် လူတချို့အား
တစ်ချိန်မှာ မင်းဘာလုပ်လုပ် အကောင်းမြင်လာစေဖို့
မင်းရဲ့ အရည်အချင်းတွေကို ပြသလိုက်စမ်းပါ

! မမေ့ပါနဲ့
အတိတ်က အကြောင်းအရာတွေကို
အချိန်ယူပြီး တစ်ခုခြင်း မင်းလုပ်နိုင်ကြောင်း
ဖော်ပြလိုက်စမ်းပါ

! မင်းကိုမင်း သင်ပြလိုက်ရင်
အားလုံးကို မင်းသင်ပြနိုင်လာလိမ့်မယ်

! ``အချိန်ရှိခိုက် လုံးလစိုက်တဲ့
မင်းစိတ်ထဲမှာ ရှိသမျှ မကြည်ဖြူသည့်လူတချို့ကို
တွန်းအားအဖြစ် သွပ်သွင်းပြီး ကြိုးစားလိုက်စမ်းပါ
လူတချို့ကို တန်ပြန်သက်ရောက်မှု့အချို့ ပေးရအောင်လေ

08/07/2024

တစ်သိန်းပဲ ဝင်ငွေရှိချင်ရင်

တစ်သိန်းနဲ့တန်တဲ့ စိတ်ဖိစီးမှုပဲ ခံစားရမယ်

ဆယ်သိန်းဝင်ချင်ရင် ဆယ်သိန်းနဲ့တန်တဲ့

စိတ်ဖိစီးမှုရှိမယ် ...

သိန်း၁၀၀ ရချင်ရင် သိန်း၁၀၀နဲ့တန်တဲ့ Stress ရှိမှာပဲ

လူတချို့ ပိုက်ဆံရှာတာပဲလူသိကြတာ ။

အဲ့လူတွေရဲ့ အိပ်မပျော်တဲ့ညတွေအကြောင်း

လူတော်တော်များများက မသိကြဘူး
လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး

Address

Singapore

Telephone

09777775231

Website

Alerts

Be the first to know and let us send you an email when Peace Of Mind With Book 21 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share