Love’s Travelling

Love’s Travelling ကျွန်တော်နဲ့အတူတူ ကမ္ဘာအနှံ့ခရီးထွက်ကြရအောင် 🎈

နောက်ထပ် UAE နိုင်ငံရဲ့ Emirate ID ၂ နှစ်ရဖို့ ကြိုးစားနေပါတယ်အခု Trend ဖြစ်နေတဲ့ 1 boy 5 dreams မှာကိုယ်လည်း ကိုယ့်မှာရ...
11/09/2026

နောက်ထပ် UAE နိုင်ငံရဲ့ Emirate ID
၂ နှစ်ရဖို့ ကြိုးစားနေပါတယ်

အခု Trend ဖြစ်နေတဲ့ 1 boy 5 dreams မှာ
ကိုယ်လည်း ကိုယ့်မှာရှိတာလေး ထုတ်ပြီးကြွားမယ်နော်

အခုက နောက်တစ်နိုင်ငံရဲ့နှစ်ရှည်ဗီဇာရဖို့
ကြိုးစားနေပါတယ်

Nothing to show off, just sharing some motivation.
Love You GUYS 🥰😘



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

09/09/2026

၂၀၂၆ နိုင်ဝင်ဘာ ၇ ရက်နေ့ စထွက်ပါမယ်ဗျ

သတိပေးချင်ပါတယ် 🚨❌ဒီအခြေအနေကြီးမှာ လုပ်စားနေတဲ့အေးဂျင့်တွေရှိပါတယ်အဓိကအားဖြင့် စင်္ကာပူ မလေးရှား နဲ့ ထိုင်းနိုင်ငံတွေကနေ...
04/09/2026

သတိပေးချင်ပါတယ် 🚨❌
ဒီအခြေအနေကြီးမှာ လုပ်စားနေတဲ့အေးဂျင့်တွေရှိပါတယ်

အဓိကအားဖြင့် စင်္ကာပူ မလေးရှား နဲ့ ထိုင်းနိုင်ငံတွေကနေ
အခုတလောဂျပန်ဗီဇာလျှောက်ထားတဲ့သူတွေ ဆိုရင်
အခုပုံမှာပြထားတဲ့ Termination ဆိုတဲ့
အဖြူရောင် စာရွက်အပိုင်းလေးကို သိကြမှာပါနော်

ဒီစာရွက်ရဲ့ အဓိပ္ပါယ်က
အခုတလောဂျပန်ဗီဇာလျှောက်တဲ့အခါ
ဗီဇာကို approve လည်းမပေး reject လည်းမလုပ်တဲ့
ဟိုမတင် ဒီမကျ အခြေအနေတစ်ခုပါ

ဒါဟာ ဗီဇာလျှောက်ထားသူဘက်က
လိုအပ်ချက်ရှိလို့ မပြည့်စုံလို့ ဗီဇာမအောင်တာမဟုတ်ပါ

ဘယ်အေးဂျင့်ဆီမှာပဲ လျှောက်လျှောက်
ရှိုးမန်းနီးဘယ်လောက် ပြပြ
လစာတွေမိုးပျံနေအောင်ဘယ်လောက် ကောင်းကောင်း
ဘာပါမစ်ကြီးပဲ ကိုင်ထားကိုင်ထား
ဗီဇာလျှောက်တဲ့လူတိုင်းကြုံတွေနေရတဲ့ အခြေအနေပါ

ဒီလိုအခြေအနေကြီးမှာ
ဂျပန်အလည်ဗီဇာလျှောက်ဖို့အတွက်
ဝန်ဆောင်ခ ၁၀ သိန်းကျော်ယူပြီး
လုပ်စားနေတဲ့ အေးဂျင့်တွေလည်းရှိပါတယ် သတိထားပါ

အခုအခြေအနေက ၁၀ မှာ ၁ ယောက်တောင်
ဗီဇာမအောင်တဲ့ အခြေအနေပါ
ဗီဇာလျှောက်တဲ့ အယောက် ၁၀၀ မှာ ၁ ယောက်
ရှားရှားပါးပါး ဗီဇာအောင်နေတဲ့အခြေအနေပါ

အရင်လို ပိုက်ဆံစု (၃ လ) ဘဏ်စာရင်းရှိုးမန်းနီးပြ
သူဌေးထောက်ခံစာရရင် ဗီဇာလျှောက်လို့အောင်တဲ့
အခြေအနေ မဟုတ်တော့ပါဘူး

အခုလတ်တလော ကျန်ခဲ့တဲ့ ၈ လပိုင်းကမှ
Singapore မှာ Spass လစာ ၄၈၀၀ နဲ့
ရှိုးမန်းနီး ၈၀၀၀ - ၁၀၀၀၀ ကျော်ပြပြီး
လေယာဉ်လက်မှတ်အစစ်ဝယ်ပြီး လျှောက်တာတောင်
Termination ဆိုပြီး ပတ်စ်ပို့ပြန်ကမ်းလာတဲ့အခြေအနေပါ

ဗီဇာလျှောက်ချင်တဲ့သူတွေအနေနဲ့စိတ်ရှည်သည်းခံပါ

အချိန်တွေပေးပြင်ဆင်ထားခဲ့ရတာမလို့
ဗီဇာကို အလောတကြီးလျှောက်ချင်နေကြတာကို
ကျွန်တော်တို့နားလည်ပါတယ်

ဒါပေမယ့် ဒီလိုအခြေအနေကြီးမှာ
အလောတကြီး ဗီဇာမလျှောက်သင့်ပါ

အထူးသဖြင့် ဗီဇာလျှောက်တဲ့ဝန်ဆောင်ခ
၁၀ သိန်းကျော်ယူတဲ့ အေးဂျင့်ဆိုရင် ဗီဇာမအပ်သင့်ပါ
ဗီဇာလျှောက်တာ အဲ့လောက်ကုန်စရာအကြောင်းမရှိပါ

ဗီဇာအပ်တော့မယ်ဆိုရင် ဒါတွေမေးပါ

၁) အကယ်လို့ ဗီဇာမအောင်ခဲ့ရင်
ဝန်ဆောင်ခထဲက ပြန်အမ်းငွေရှိမရှိမေးပါ

၂) ဗီဇာအပ်မယ့်အေးဂျင့်ရဲ့
လတ်တလော ဗီဇာအောင်ချက်ရာခိုင်နှုန်းကိုမေးပါ

ဗီဇာအောင်အောင် မအောင်အောင်
ဝန်ဆောင်ခ ၁၀ သိန်းကျော် ဒီအတိုင်းပေးလိုက်ရမှာဆိုရင်
အဲ့ဒီအေးဂျင့်အတွက်က ၁ ယောက် ၁၀ သိန်း နဲ့
အယောက် ၂၀ ကျော်လျှောက်ပေးရရင် သိန်း ၂၀၀ ပါ

အဲ့လို ဝန်ဆောင်ခရရင်ပြီးရော လျှောက်ပေးနေတဲ့
အေးဂျင့်တွေရှိပါတယ် သတိထားကြပါ

Love You GUYS 🥰😘



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

ထိုင်းနိုင်ငံကနေ ကိုရီးယားဗီဇာလျှောက်ချင်သူတွေအတွက်Very very good news - သတင်းကောင်း ✌️🇹🇭🇰🇷ထိုင်းမှာ Non-LA ဗီဇာ နဲ့ နေတ...
26/08/2026

ထိုင်းနိုင်ငံကနေ ကိုရီးယားဗီဇာလျှောက်ချင်သူတွေအတွက်
Very very good news - သတင်းကောင်း ✌️🇹🇭🇰🇷

ထိုင်းမှာ Non-LA ဗီဇာ နဲ့ နေတဲ့သူတွေလည်း
ပတ်စ်ပို့စာအုပ်အနီမှာ ဘတ်ရိုက်ပြီး ဝါ့ခ်ပါမစ် နဲ့
ထိုင်းမှာ ၂ နှစ် တရားဝင်နေထားပြီးရင်
ရှိုးမန်းနဲ့ပြစရာမလို , သူဌေးထောက်ခံစာမလိုပဲ
Korea Visa ကို ကြိုးစားကြည့်ချင်ရင်

အခုပို့စ်ရဲ့ Comment မှာ

၁) ဘယ်နိုင်ငံမှာ အခုနေပါတယ်
၂) ဘာပါမစ် or ဘာဗီဇာ နဲ့ ဘာအလုပ်လုပ်နေပါတယ်
၃) ဂျပန် or ကိုရီးယား ဗီဇာလျှောက်ဖို့အတွက်
ဘာတွေပြင်ဆင်ထားပါတယ်
ဘာလေးတော့ လိုအပ်နေလို့ ဆွေးနွေးချင်ပါတယ် လို့
အသေးစိတ်လေး comment မန့်ပြီး

Messenger မှာ Passport နဲ့
ပါမစ် or ဗီဇာ တွေ ပို့ထားရင်
စာပြန်ရတာလွယ်ပြီး မြန်ပါတယ်ဗျ

စာပြန်နောက်ကျတာတွေအတွက် sorry ပါဗျ
Social မှာ Visa consultant လုပ်တဲ့သူကနည်းပြီး
ဗီဇာလျှောက်ချင်တဲ့ customer ကများနေတော့
စာပြန်တဲ့ process မှာ အနည်းငယ်အဆင်မပြေမှုရှိပါတယ်

Eco သဘောတရားအရပြောရမယ်ဆိုရင်
ရောင်းလိုအားထက် ဝယ်လိုအားကများနေတာကြောင့်ပါဗျ

Nothing to show off, just sharing some motivation.
Love You GUYS 🥰😘



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

Europe ရေ… ငါလာပြီ 🇪🇺✈️   သူဌေးထောက်ခံစာမလိုပဲ ရှန်ဂန်ဗီဇာလျှောက်ကြမယ်တစ်ချိန်က Map ပေါ်မှာပဲ ကြည့်ခဲ့ဖူးတဲ့ Europe…Trav...
24/08/2026

Europe ရေ… ငါလာပြီ 🇪🇺✈️
သူဌေးထောက်ခံစာမလိုပဲ ရှန်ဂန်ဗီဇာလျှောက်ကြမယ်

တစ်ချိန်က Map ပေါ်မှာပဲ ကြည့်ခဲ့ဖူးတဲ့ Europe…
Travel vlog တွေ၊ ဓာတ်ပုံတွေထဲမှာပဲ မြင်ဖူးခဲ့တဲ့
လမ်းတွေ၊ မြို့တွေ၊ တောင်တန်းတွေကို
ကိုယ်တိုင်သွားရောက်ခံစားရမယ့်နေ့ ရောက်လာပြီ။

Asia ဘက်ကနေ ခရီးတွေထွက်ခဲ့တာ
အများကြီးရှိခဲ့ပေမယ့်
ဒီတစ်ခေါက်ခရီးကတော့ အနည်းငယ်ပိုထူးခြားတယ်။

Europe ရေ… ငါလာပြီ။ ❤️

တစ်မြို့ပြီးတစ်မြို့ လျှောက်မယ်၊
မသိသေးတဲ့လမ်းတွေထဲ ဝင်မယ်၊
ဒေသခံအစားအစာတွေ စမ်းစားမယ်၊
မတွေ့ဖူးသေးတဲ့ လူတွေနဲ့ တွေ့မယ်၊
ပြီးတော့ Camera ထဲမှာသာမက
ကိုယ့်ရဲ့အမှတ်တရတွေထဲမှာပါ သိမ်းထားမယ်။

ခရီးသွားတာက နေရာအသစ်တွေကို
ရောက်ဖို့သက်သက်မဟုတ်ဘူး။
ကိုယ့်ဘဝထဲမှာ မရောက်ဖူးသေးတဲ့
အခန်းသစ်တစ်ခန်းကို ဖွင့်ကြည့်တာလည်း ဖြစ်တယ်။

ဒီတစ်ခေါက်တော့
“တစ်နေ့နေ့တော့ သွားမယ်” ဆိုတဲ့ အိပ်မက်တစ်ခုကို
“အခု ငါရောက်နေပြီ” ဆိုတဲ့
အမှတ်တရအဖြစ် ပြောင်းတော့မယ်။

📍 Europe
🎒 New Journey
📸 New Memories
❤️ Same Traveller

Europe ရေ… ငါလာပြီ။
ဒီတစ်ခေါက်တော့ အလှတွေကို ကြည့်ဖို့တင်မဟုတ်ဘူး…
အမှတ်တရတွေ ဖန်တီးဖို့လာတာ။ ✈️🌍

Nothing to show off, just sharing some motivation.
Love You GUYS 🥰😘



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

သံရုံးက အမျိုးမျိုးရစ်နေလို့ ဗီဇာတွေခက်နေချိန်မှာစင်္ကာပူကနေ အောင်မြင်ခဲ့သော ဂျပန်အလည်ဗီဇာလေးအခုနောက်ပိုင်း ဂျပန်ကို အလည...
16/08/2026

သံရုံးက အမျိုးမျိုးရစ်နေလို့ ဗီဇာတွေခက်နေချိန်မှာ
စင်္ကာပူကနေ အောင်မြင်ခဲ့သော ဂျပန်အလည်ဗီဇာလေး

အခုနောက်ပိုင်း ဂျပန်ကို အလည်သွားဖို့
Visa လျှောက်တဲ့အခါ
သံရုံးဘက်က စိစစ်မှုတွေ ပိုပြီးတင်းကျပ်လာတာကြောင့်
Japan Tourist Visa လျှောက်ဖို့ကိုလည်း
“လွယ်ပါ့မလား” ဆိုပြီး
စိုးရိမ်နေကြသူတွေ အများကြီးရှိပါတယ်။

ဒါပေမယ့် စင်္ကာပူ မလေးရှား နဲ့ ထိုင်းမှာ
တရားဝင်နေထိုင်ခွင့်ရှိသူတွေ အနေနဲ့တော့
အခုလက်ရှိ ကိုယ်ရောက်နေတဲ့နိုင်ငံကနေ
Japan အလည် Visa လျှောက်လို့ရနိုင်ပါတယ်။

ဂျပန်သံရုံးရဲ့ လက်ရှိစည်းမျဉ်းအရ
နိုင်ငံတခုခုမှာ တရားဝင် ဝါ့ခ်ပါမစ် , Long-Term visa စတဲ့
long-term status တစ်ခုခုနဲ့ လက်ရှိနေထိုင်နေသူတွေကို
လျှောက်ထားခွင့်ပြုထားပါတယ်။

Visit အနေနဲ့ အလည်လာသူတွေကတော့
ဂျပန်အလည်ဗီဇာကို လျှောက်လို့မရပါဘူး။

Japan visa လျှောက်ဖို့ အခြေခံလိုအပ်ချက် (၂) ခု

(၁) ရှိုးမန်းနီး Singapore dollar 3000 ကျော်
5000 နီးပါးလောက် ကို ဘဏ်ထဲမှာ ၃ လ
ထည့်ထားပြီး ပြဖို့လိုပါတယ်

ခရီးစရိတ်ကို ကိုယ်တိုင် ကျခံနိုင်ကြောင်းပြဖို့—

* Latest Income Tax / လစာ pay slip
* Updated Bank Statement

ဒီနေရာမှာ “Bank Account ထဲ
ပိုက်ဆံဘယ်လောက်ရှိရမလဲ?” ဆိုတာထက်

အဓိကက ကိုယ့်ရဲ့ ဝင်ငွေ၊ အလုပ်အကိုင်၊
ခရီးစရိတ်နဲ့ Bank Transaction တွေက ကိုက်ညီပြီး
ဒီခရီးကို ကိုယ်တိုင်တတ်နိုင်ကြောင်း
သဘာဝကျကျပြနိုင်ဖို့ ဖြစ်ပါတယ်။

(၂) Company letter မဖြစ်မနေ ရဖို့လိုပါမယ်

သူဌေး သို့မဟုတ် ကိုယ့်အထက်လူကြီးဆီက
ထောက်ခံစာ-ခွင့်စာရဖို့ လိုပါတယိ

ခွင့်စာမှာ အဓိကထည့်ရေးရမှာတွေက—

* Position
* Salary
* Joined Date
* Japan ကိုသွားလည်မယ့် Travel Date
* Employer ရဲ့ Signature

စတဲ့ အချက်အလက်တွေ ပါဝင်သင့်ပါတယ်။
ခွင့်စာကို ဗီဇာလျှောက်လွှာ မတင်ခင်
၁ လအတွင်း ရေးထားတဲ့ Letter ဖြစ်ရပါမယ်

နောက်ထပ် အသိပေးချင်တာလေးတစ်ခုက—

Visa လျှောက်တဲ့အချိန် ဘဏ်စာရင်း ရှိုးမန်းနီးပြဖို့
“မနက်ဖြန် ဗီဇာလျှောက်မယ်…
ဒီနေ့ ဘဏ်ထဲကိုပိုက်ဆံသွင်းလိုက်မယ်…”

ဆိုတဲ့ အတွေးနဲ့ လုပ်တာက
အကောင်းဆုံးနည်း မဟုတ်ပါဘူး။

ဗီဇာရုံးက Visa Officers အရာရှိတွေက
“ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ” ဆိုတာ
တစ်ခုတည်းကိုပဲ မကြည့်ကြပါဘူး။

သူတို့ကြည့်တာက…

✔️ ဒီငွေက ပုံမှန်စုထားတဲ့ ငွေလား။

✔️ ဝင်ငွေ၊ အသုံးစရိတ်တွေက သဘာဝကျလား။

✔️ ငွေကြေးအခြေအနေ တည်ငြိမ်မှုရှိလား။

စတဲ့ အချက်တွေကိုပါ တစ်ချက်ချင်း စစ်ဆေးနိုင်ပါတယ်။

ဒါကြောင့် ဗီဇာလျှောက်မယ့်ရက်နီးမှ
ငွေအများကြီး သွင်းလိုက်တာက
ဗီဇာအောင်ဖို့ အာမခံချက်မဟုတ်ပါဘူး။



တကယ်လို့ ကိုယ်က နောင်တစ်ချိန်မှာ
Japan၊ Korea၊ Australia၊ Canada၊ Europe
ဒါမှမဟုတ် တခြားနိုင်ငံတစ်နိုင်ငံကို
အလည်သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင်…

ဒီနေ့ကစပြီး

၁-) ဘဏ်စာရင်းကို စနစ်တကျ အသုံးပြုပါ။

၂-) လစာဝင်ရင် ဘဏ်ထဲဝင်ပါစေ။

၃-) အသုံးစရိတ်တွေကိုလည်း ဖြစ်နိုင်သလောက်
ဘဏ်ကနေ ဖြတ်သန်းပါစေ။

စုငွေရှိရင်လည်း ဘဏ်ထဲမှာ ပုံမှန်ထားပြီး
ငွေကြေးမှတ်တမ်း (financial history) ကို
အချိန်ယူတည်ဆောက်ပါ။



ဗီဇာအောင်တာက “ပိုက်ဆံများလို့” မဟုတ်ပါဘူး။

“ယုံကြည်စိတ်ချရတဲ့ ငွေကြေးမှတ်တမ်း၊
စနစ်တကျပြင်ဆင်ထားတဲ့ စာရွက်စာတမ်းနဲ့
ခိုင်မာတဲ့ ခရီးသွားအစီအစဉ်” တွေက
ပိုအရေးကြီးပါတယ်။

ဒါကြောင့်…

ဗီဇာလျှောက်မယ့်နေ့မှ မပြင်ဆင်ပါနဲ့။

ခရီးသွားဖို့ စဉ်းစားတဲ့နေ့ကစပြီး
ကိုယ့်ရဲ့ Bank Statement ကို
စတင်တည်ဆောက်ထားဖို့ လိုပါတယ်။

ဒါဟာ သင့်အတွက် အနာဂတ်မှာ
အများကြီး အထောက်အကူဖြစ်လာနိုင်ပါတယ်။



❌ မြန်မာပြည်တွင်းကသူတွေအတွက်
အားနာပါတယ် ခင်ဗျ

ကျွန်တော်တို့အခုလုပ်ပေးနေတာက
စင်္ကာပူ ထိုင်း နဲ့ မလေး မှာ အလုပ်လုပ်နေတဲ့သူတွေကိုပဲ
ဂျပန်တို့ ကိုရီးယားတို့ သွားဖို့ လုပ်ပေးတာပါ

မြန်မာကလူတွေအတွက် မလုပ်ပေးပါဘူး

မြန်မာကနေ စင်္ကာပူ မလေး နဲ့ ထိုင်း ကို
အလုပ်နဲ့လာလုပ်ရင်လည်း
၁ နှစ် ၂ နှစ်လောက် အချိန်ယူရပါတယ်ဗျ

✅ နိုင်ငံခြားရောက်နေတဲ့သူက
Passport PJ ပဲဖြစ်ဖြစ် PV ပဲဖြစ်ဖြစ်
သက်တမ်းရှိသေးတဲ့ Passport အနီစာအုပ်ဖြစ်ရင်
လျှောက်လို့ရပါတယ် (only for Thailand တွေတော့မရပါ)

❌ 🇲🇾မလေးကဆိုရင် O သမား ၊ ci သမား
🇸🇬စင်္ကာပူကဆိုရင် visit pass သမား ၊ အိမ်အကူပါမစ်
🇹🇭ထိုင်းကဆိုရင် ဘတ်ရိုက်ထားပြီး အလုပ်မလုပ်သူ
ဒီလိုသူတွေအတွက် အလည်ဗီဇာလျှောက်ပေးလို့မရနိုင်ပါဘူး

⏰ ဘယ်လောက်ကြိုလျှောက်သင့်လဲ?

Visa လျှောက်တဲ့ကြာချိန်က
ပုံမှန်အားဖြင့် Application တင်ပြီးနောက်
10 working days ခန့် ကြာနိုင်ပါတယ်။
သို့သော် Individual case အလိုက်
Additional Documents တောင်းတာ၊
Japan ဘက်ကို ထပ်မံစိစစ်ခိုင်းတာတွေရှိရင်
ရက်ပိုကြာနိုင်ပါတယ်။

ဒါကြောင့် Flight date နီးမှ Visa လျှောက်တာထက်
ခရီးစဉ်သေချာပြီဆိုတာနဲ့ အချိန်လုံလုံလောက်လောက်ယူပြီး
ကြိုတင်လျှောက်ထားတာ ပိုကောင်းပါတယ်။

Love You GUYS 🥰😘

Visa ခက်နေတဲ့အချိန်မှာ
Japan Visa အောင်မြင်ခဲ့တဲ့ Case လေးကို
မျှဝေပေးတာပါ။ 🇯🇵✈️



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

One step closer to တိဘက် 🏔️ တောင်တန်းတွေဆီသို့၁၁ လပိုင်း တိဘက်ခရီးစဉ် ၆ ယောက် confirmed ပါExplore the World 🌎 with me ✈️...
15/08/2026

One step closer to တိဘက် 🏔️ တောင်တန်းတွေဆီသို့
၁၁ လပိုင်း တိဘက်ခရီးစဉ် ၆ ယောက် confirmed ပါ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်
#ကိုသစ်

Thai က Non-La သမားတွေဂျပန်ဗီဇာအောင်တာ ပိုများလာပြီနော်Fighting guys ✌️🙋‍♂️🍀
14/08/2026

Thai က Non-La သမားတွေ
ဂျပန်ဗီဇာအောင်တာ ပိုများလာပြီနော်
Fighting guys ✌️🙋‍♂️🍀

14/08/2026

ကိုရီးယားကို အလည်ဗီဇာနဲ့ သွားချင်တဲ့
ထိုင်း 🇹🇭 က ညီလေးတွေအတွက် #ကိုသစ်

DISCLAIMER I do not own the music in this vedio. It's only for entertainment.
Absolutely no copyright infringement intended .. please kindly allow the audio 🙏

မလေးရှား ကနေ ဂျပန်ကို သွားချင်သူတွေအတွက် အထူးအခွင့်အရေး ၈ လပိုင်း ၂၆ နဲ့ ၂၇ (၂ ရက်) မလေးရှား KL မှာ ကိုသစ်တို့ရှိနေပါမယ်...
12/08/2026

မလေးရှား ကနေ ဂျပန်ကို သွားချင်သူတွေအတွက်
အထူးအခွင့်အရေး ၈ လပိုင်း ၂၆ နဲ့ ၂၇ (၂ ရက်)
မလေးရှား KL မှာ ကိုသစ်တို့ရှိနေပါမယ်

စင်္ကာပူက ကိုသစ်ရယ် ၊ ဂျပန်က ကိုဖြိုးလေးရယ်
ထိုင်းက TOP page ရဲ့ CEO ညီလေး မင်းချစ်ငြိမ်းရယ်
၃ ယောက် မလေးရှား KL မှာ ဆုံပြီးတွေ့ဖို့ရှိပါတယ်ဗျ

အဓိက အခက်ခဲဆုံး ၂ ချက်ဖြစ်တဲ့
သူဌေးခွင့်စာ နဲ့ ရှိုးမန်းနီး လိုအပ်ချက်တွေအတွက်
လာရောက်ဆွေးနွေးဖို့ အကြံပေးပါတယ်ဗျ

မလေးရှားကနေ ဂျပန်ကို သွားချင်ပေမယ့်

- သူဌေးခွင့်စာမရနိုင်တဲ့သူတွေ
- ရှိုးမန်းနီး (ဘဏ်စာရင်း) မပြနိုင်တဲ့သူတွေ
- ကုန်ကျစရိတ် အသေးစိတ်သိချင်တဲ့သူတွေ
- ဂျပန်ဘက်က အလုပ်အကိုင်အခြေအနေ သိချင်တဲ့သူတွေ

လာရောက်တွေ့ဆုံဆွေးနွေးလို့ရပါတယ်

အဲ့နေ့မှာ လာဆွေးနွေးလို့ ဘာဝန်ဆောင်ခမှမပေးရပါဘူး
(ကုန်ကုန်ပြောမယ် ရေတောင်ဝယ်တိုက်စရာမလိုပါဘူးဗျ)

ပီးနန်း ၊ ဂျိုဟိုး နဲ့ တခြားမြို့ကလူတွေအတွက်တော့
တကယ်ပဲ sorry ပါဗျ
ရက်လည်းအများကြီးမရတာမလို့
၈ လပိုင်း ၂၆-၂၇ (၂ ရက်လုံး) KL မှာပဲ ရှိပါမယ်ဗျ

ကုန်ကျစရိတ်နည်းဖို့ တာဝန်ယူပါတယ်
အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေပါတယ်

Comment မှာ လာတွေ့ချင်တဲ့ရက်ကို မန့်ထားပေးပါ
နေရာ နဲ့ အချိန်ကို လာဆက်သွယ်ပေးပါမယ်

Love You GUYS 🥰😘



ဂျပန်ဗီဇာ ၊ ကိုရီးယားဗီဇာ ၊ ဗီယက်နမ်ဗီဇာ
🇯🇵🇰🇷🇻🇳 ဒီနိုင်ငံတွေအတွက် ဗီဇာလျှောက်ပေးပါတယ်ဗျ

Singapore ကနေ Malaysia နေရာအနှံ့
ကား နဲ့ ရထားလက်မှတ်များ ဝယ်ပေးပါတယ်ဗျ

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို လိုအပ်ပါက
Chat 💬 Box မှာ မေးမြန်းစုံစမ်းလို့ရပါတယ်ဗျ

Explore the World 🌎 with me ✈️
Travelled to 🇲🇲🇯🇵🇰🇷🇻🇳🇸🇬🇰🇭🇮🇩🇲🇾🇹🇭🇲🇻🇵🇭🇹🇼🇲🇴🇦🇪🇧🇹🇮🇳🇷🇺🇶🇦🇭🇰🇧🇳🇲🇳🇨🇳🇳🇵🇱🇦

#လူတိုင်းခရီးသွားနိုင်ရမည်

#အားလုံးကိုချစ်သည်

Address

Singapore

Telephone

+6585737330

Website

Alerts

Be the first to know and let us send you an email when Love’s Travelling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Love’s Travelling:

Shortcuts

Share