𝘭𝘪𝘧𝘦'𝘴 𝘔𝘦𝘮𝘰𝘳𝘪𝘦𝘴

  • Home
  • Singapore
  • Singapore
  • 𝘭𝘪𝘧𝘦'𝘴 𝘔𝘦𝘮𝘰𝘳𝘪𝘦𝘴

𝘭𝘪𝘧𝘦'𝘴  𝘔𝘦𝘮𝘰𝘳𝘪𝘦𝘴 ✨🅐🅗🅜🅞🅝'🅢🅛🅘🅕🅔🅜🅔🅜🅞🅡🅘🅔🅢✨

25/08/2025

ကျန်းမာရေးပြဿနာတွေကြောင့် ဝန်ထုပ်ဝန်ပိုးထပ်မဖြစ်ရအောင်

ကိုယ်ရောကိုယ့်မိသားစုရောရဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ကြပါ။ အခုချိန်မှာ နေထိုင်မကောင်းဖြစ်လို့ ကုသမှုခံယူရရင် တကယ်မလွယ်ဘူး။ အရင်ကတည်းကမှ ပိုပိုလျှံလျှံမရှိ ရရစားစားဖြစ်နေချိန်မှာ ကျန်းမာရေးလို ငွေကုန်ကြေးကျများတဲ့ နောက်ထပ်ဝန်ထုပ်ဝန်ပိုးတစ်ခုများ ဖြစ်လာခဲ့ရင် အတော်ရုန်းထရ ခက်ခဲသွားလိမ့်မယ်။ အခုချိန်က လူလတ်တန်းစားတွေတောင် ဆေးရုံမှာ ကာလကြာရှည် ကုသမှုခံယူနိုင်တဲ့အနေအထားမျိုး မဟုတ်တော့ဘူး။

အသက်ကို ဉာဏ်စောင့်တယ်ဆိုတာအမှန်ပဲ။ ဒီအချိန်မှာ ဉာဏ်နဲ့ယှဉ်တဲ့ရွေးချယ်မှုတွေလုပ်ရမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ကြိုးစားနေထိုင်စားသောက်ရမယ်။ မျိုးရိုးရှိရင် ရောဂါက ဖြစ်ချင်ဖြစ်တာပဲဆိုပေမယ့် ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံဟာ ရောဂါအတော်များများကို ကာကွယ်နိုင်ပါတယ်။ ဖြစ်နေရင်လည်း ဝေဒနာလျော့ပါးသက်သာအောင်၊ ရောဂါထိန်းရလွယ်အောင် ကူညီပေးနိုင်ပါတယ်။

အထွေထွေအနေနဲ့ ဒါတွေအကြံပြုချင်တယ်။

၁။ အရသာထက် ကျန်းမာတဲ့အစားအသောက်တွေကို ရွေးချယ်ပါ။
အပြင်စာ၊ ထပ်ခါထပ်ခါကြော်လှော်ပြင်ဆင်ထားတဲ့အစားစာတွေ၊ မသန့်ရှင်းတဲ့ အစားအသောက်တွေ၊ အသင့်စားတွေ၊ အာဟာရမရှိတဲ့အစားအသောက်တွေကိုရှောင်ပါ။ အသား၊ အသီးအရွက်၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အသီးအနှံကို ရွေးချယ်ပါ။ အရသာထက် အာဟာရကိုရွေးပါ။

၂။ လှုပ်ရှားမှုရှိနေအောင် ကြိုးစားပါ။
မကြာခင်ကထွက်တဲ့စာတမ်းအရ တစ်ရက်ကို ခြေလှမ်း ၇၀၀၀ လျှောက်ရင် ရောဂါမျိုးစုံကြောင့်သေဆုံးမှုနှုန်းကို တဝက်လျှော့ချနိုင်ပါတယ်တဲ့။ အနည်းဆုံး ခြေလှမ်း ၃-၄၀၀၀ လျှောက်ခြင်းကိုက ကျန်းမာရေးအတွက် အလွန်အကျိုးများတယ်လို့ဆိုပါတယ်။ ရနိုင်သမျှနည်းနဲ့ လမ်းလျှောက်စေချင်တယ်။ သွားစရာလာစရာရှိတဲ့အခါ နီးနီးနားနားလမ်းလျှောက်တာ။ ကားကိုခပ်ဝေးဝေးမှာထားပြီးလျှောက်တာ။ ရိုးရိုးလှေခါးနဲ့အတက်အဆင်းလုပ်တာတွေ လုပ်လို့ရတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် လမ်းလျှောက်တာ ပြေးတာ စက်ဘီးစီးတာလိုမျိုးလေးတွေ လုပ်ပေးပါ။ အနည်းဆုံးတော့ တစ်ပတ်ကို စုစုပေါင်း မိနစ် ၁၈၀ လောက် လှုပ်ရှားမှုရှိနေအောင် ကြိုးစားသင့်ပါတယ်။

၃။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
အိပ်ချိန်အနည်းဆုံး ၇-၈နာရီလောက်ရှိအောင်ကြိုးစားပါ။ စိတ်ဖိစီးမှုကိုဖြေလျှော့တဲ့ ကျန်းမာတဲ့ နည်းလမ်းတစ်ခုခု ရှာဖွေပါ။ အားကစားတစ်ခုခုလုပ်တာ၊ ဝါသနာပါတဲ့ အတတ်ပညာလေ့လာတာ၊ ခရီးထွက်တာ၊ ပိတ်ရက်တွေမှာ မိသားစုနဲ့ အပန်းဖြေထွက်တာ စသဖြင့်ပေါ့။ စိတ်ဖိစီးမှုဟာ ရောဂါတော်တော်များများနဲ့ ဆက်စပ်မှုရှိတယ်။ စိတ်ဖိစီးမှုများလေ ရောဂါပိုဖြစ်လေပဲ။ အခုချိန်မှာ စိတ်ဖိစီးစရာတွေရှိတယ်ဆိုပေမယ့် နိုင်အောင်တော့ ကိုင်တွယ်မှရမယ်။ ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲ။ စိတ်ဖိစီးမှုကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ တတ်နိုင်သလောက် ရအောင်လျှော့ချစေချင်တယ်။

၄။ ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်တဲ့အရာတွေကို ရှောင်ပါ ဒါမှမဟုတ် လျှော့ပါ။
ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ ကွမ်းစားတာလိုမျိုးကနေစလို့ မူးယစ်ဆေးအမျိုးမျိုးသုံးတာအထိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်လိုပဲသုံးသုံး ဒါတွေဟာ ခန္ဓာကိုယ်ကို ထိခိုက်စေပါတယ်။ ထိခိုက်စေတယ်ဆိုတဲ့အကြောင်းလည်း လေ့လာချက်တွေအမြောက်အများရှိပါတယ်။ ဉာဏ်နဲ့ယှဉ်တဲ့ရွေးချယ်မှုတွေ လုပ်ကြစေချင်ပါတယ်။ တပူပေါ်နောက်တပူဆင့်တာတွေဖြစ်မလာဖို့ ကာကွယ်လို့ရပါတယ်။ ဒီအရာတွေမှာ ပမာဏဟာ အရမ်းစကားပြောပါတယ်။ တစ်နေ့ တစ်ပက်သောက်သူနဲ့ တစ်နေ့ တစ်လုံးသောက်သူကြား။ တစ်နေ့တစ်လိပ်သောက်သူနဲ့ တစ်နေ့တစ်ဘူးသောက်သူကြား။ ကွာခြားချက် အရမ်းကြီးပါတယ်။ မဖြတ်နိုင်ရင်တောင် နည်းနည်းလျှော့နိုင်ရင် ကျန်းမာရေးအတွက် အကျိုးများပါလိမ့်မယ်။

အချိန်တိုင်း စိတ်ပင်ပန်းနေတာမျိုးကို အကျင့်မလုပ်နဲ့။ တစ်ခါတလေကျရင် အများကြီးမတွေးတာကောင်းတယ်။ 💭   ||   19.8.2025
19/08/2025

အချိန်တိုင်း စိတ်ပင်ပန်းနေတာမျိုးကို
အကျင့်မလုပ်နဲ့။ တစ်ခါတလေကျရင်
အများကြီးမတွေးတာကောင်းတယ်။

💭 || 19.8.2025

☁️
19/08/2025

☁️

🫶🏻
19/08/2025

🫶🏻

ကံကောင်း အကြောင်းလှဖို့ ဖန်လာခဲ့ရင်လည်း အဆုံးသတ်ရတဲ့ ဆက်ဆံရေးတွေအပြင် တစ်ချို့လူတွေနဲ့ ဝေးသွားဖို့ဖြစ်လာရတာပါပဲ…ဝေးသွားတ...
17/08/2025

ကံကောင်း အကြောင်းလှဖို့ ဖန်လာခဲ့ရင်လည်း အဆုံးသတ်ရတဲ့ ဆက်ဆံရေးတွေအပြင် တစ်ချို့လူတွေနဲ့ ဝေးသွားဖို့ဖြစ်လာရတာပါပဲ…

ဝေးသွားတိုင်း ကံမကောင်းတာမဟုတ်ပဲ ကောင်းဖို့ဖြစ်လာတာလည်း အများကြီးပါပဲ…

—— မာရင်ရင်

တိမ်တွေတောက်ပြီး သိပ်ကိုသာယာတဲ့ ညနေခင်းတစ်ခုမှာ ပတ်ဝန်းကျင်ကိုကြည့်ရင်း အဖေ့ကိုသတိရနေမိတယ်။ကျွန်မတို့အဖေကွယ်လွန်ခဲ့တာ လွ...
13/08/2025

တိမ်တွေတောက်ပြီး သိပ်ကိုသာယာတဲ့ ညနေခင်းတစ်ခုမှာ ပတ်ဝန်းကျင်ကိုကြည့်ရင်း အဖေ့ကိုသတိရနေမိတယ်။

ကျွန်မတို့အဖေကွယ်လွန်ခဲ့တာ လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းကပါပဲ။ သူဆုံးတဲ့လက သင်္ကြန်မကျခင် ဧပြီလဖြစ်တယ်။ ပူပေမယ့် ခြောက်ခြောက်သွေ့သွေ့ သာသာယာယာ ရှိတဲ့လပါပဲ။ ဆုံးတဲ့ညနေမှာ တိမ်တွေတောက်ပြီး မြက်ခင်းစိမ်းစိမ်းမှာ နေရဲ့ အလင်းရိပ်တွေ ကျနေခဲ့သေးတယ်။ တကယ်ကိုသာယာလှပတဲ့ ညနေခင်းတစ်ခုပါပဲ။

အဖေထွက်ခွာသွားတာ ဒီလိုညနေခင်း ဒီလိုအချိန်မျိုးပဲလို့ တွေးရင်း သူဆုံးတာပဲ အနှစ် ၂၀ ကျော်ပြီဆိုတော့ လူအဖြစ်ပြန်ပြီးမွေးလာဦးမယ်ဆိုရင် ယခုအချိန်မှာ အသက် ၂၀ ကျော် လူတစ်ယောက်တော့ ဖြစ်နေမှာပါပဲ။ တကယ်တော့ ကျွန်မတို့လုံးဝမသိနိုင်တဲ့ ဘဝတစ်ခု ပုံစံတစ်ခု အမည်တစ်ခုနဲ့ ဒီမိုးကောင်းကင်အောက်ကိုပဲ ပြန်ရောက်နေမှာပဲ ဖြစ်ပါတယ်။

ကျွန်မကတော့ အဖေဆိုတဲ့အသိနဲ့ သူ့ကိုလွမ်းနေသေးပေမယ့် ဘဝအသစ်ကိုရောက်သွားပြီဖြစ်တဲ့ အဖေကတော့ ကျွန်မကိုလည်းသိတော့မှာမဟုတ်သလို ကျွန်မတို့သူ့ကို လွမ်းနေ သတိရနေကြောင်းလည်း သိတော့မှာမဟုတ်ပါဘူး။

ဒီလိုဘဲ ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်က အမေ့ရဲ့သွေးသားခန္ဓာကိုယ်ကို အသုံးပြုပြီး ဒီလူ့ဘဝကို ဒီရုပ်ခန္ဓာ ဒီနာမည်နဲ့ ရောက်လာခဲ့ရပါတယ်။ အရင်ဘဝက ကျွန်မဟာ အမေတစ်ယောက်လည်းဖြစ်နိုင်သလို သမီးတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။

ကျွန်မ ဘယ်လိုဘယ်ပုံဆိုတာမသိနိုင်ပေမယ့် ကျန်ခဲ့တဲ့ မိသားစုဝင်တွေကတော့ ကျွန်မကိုအခုချိန်ထိ သတိရလွမ်းဆွတ်နေကြဦးမှာပဲဖြစ်ပါတယ်။

ကျွန်မကတော့ အရင်က ဘယ်သူတွေရှိခဲ့မှန်းလည်းမသိတော့ဘူး။ ဘယ်သူတွေက ကိုယ့်ကို သတိရနေမှန်းလည်းမသိတော့ဘူး။

အခုရလာတဲ့ဘဝမှာ ကျွန်မရဲ့မိသားစုဝင်တွေနဲ့ သံယောဇဥ်တွေ ရစ်ပတ်ပြီး သူတို့ကိုပဲအချစ်ဆုံးဖြစ်နေပါတယ်။ ကျွန်မ ပျော်နေပါတယ်။

6သခြင်းတရားဆိုတာ ဘဝတစ်ခုကနေတစ်ခုကိုကူးတဲ့ တံခါးပေါက်လေးတွေနဲ့တူပါတယ်။ ဒီဘဝကနေ ခြေတစ်လှမ်းကြွလိုက်တာနဲ့ဒီဘဝပြီးသွားပြီးနောက် ခြေတစ်လှမ်းချလိုက်တာနဲ့ နောက်အသစ် ဘဝထဲကိုရောက်ရှိသွားပါတယ်။

ထွက်လာတဲ့တံခါးပေါက်နဲ့ ဝင်လာတဲ့တံခါးပေါက်က တကယ်တော့ တစ်ခုတည်း အတူတူပဲဖြစ်ပါတယ်။

နောက်ဘဝခြေတစ်လှမ်းချလိုက်တာနဲ့ အရင်ကဘဝကို မမှတ်မိပါ။ ဒီလိုနဲ့သံသရာမှာ ဘဝမျိုးစုံနဲ့ အကြိမ်ကြိမ်အခါခါမဆုံးနိုင်အောင် မမောနိုင်အောင် လည်ပတ်နေမိကြပါတယ်။

6သခြင်းတရားဆိုတာ ဘဝအတွက် ရိုးရှင်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့ အဓိပါယ်ကတော့ အင်မတန်လေးနက်ပါတယ်။ ဒီလိုပဲ ခဏခဏ6သနေရတာကိုကြိုက်သလား။ ခဏခဏပြန်မွေးလာရတာကိုကြိုက်သလားလို့မေးစရာဖြစ်လာပါတယ်။

ဒီလိုတံခါးပေါက်တွေအများကြီးကိုဖြတ်သန်းခဲ့ရပြီး ကျွန်မတို့က နောက်ထပ်တံခါးပေါက်တွေကို ထပ်ဖွင့်ဖို့ ကံဆိုတဲ့အလုပ်တွေနဲ့ အချိန်နဲ့အမျှကြိုးစားနေကြပါတယ်။

တံခါးရွက်တစ်ခုကိုဖွင့်လိုက်တယ်။ ဘဝသစ်တစ်ခုထဲ ခြေတစ်လှမ်းချလိုက်တယ်။ ဟုတ်တယ်။ ကျွန်မတို့မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ အချိန်ရောက်တဲ့အခါ အကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွားကြမယ်။

ဗုဒ္ဓဘာသာဝင်တစ်ယောက်ဆိုရင်တော့ သူ့ရဲ့နောက်ဆုံးပန်းတိုင်ဟာ နိဗ္ဗာန်သာဖြစ်ပါတယ်။ သံသရာရဲ့ထွက်ပေါက်ကို မတွေ့မချင်းတော့ ကျွန်မတို့က နေ့စဉ်အချိန်တိုင်းမှာ ကုသိုလ်စိတ်ကိုပဲ အလေ့အကျင့်ဖြစ်အောင်မွေးမြူနေရမှာပါ။

စိတ်အညစ်အကြေးတွေ ကံအညစ်အကြေးတွေ တစ်ဘဝပြီးတစ်ဘဝ ကင်းစင်လာတာနဲ့အမျှ ကျွန်မတို့ဟာ သံသရာထွက်ပေါက်နဲ့ နီးကပ်လာလေပဲဖြစ်ပါတယ်။

အဲဒီအတွက်က သတိရှိနေဖို့လိုအပ်သလို ပညာဆိုတဲ့ Wisdom ကို ပါရမီတစ်ခုလို ထုံနေအောင် ဖြည့်သွားဖို့လိုပါတယ်။ ကျွန်မအတွက်ကတော့ ဒါဟာ နေ့စဥ်ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်ပါတယ်။

မွန်ဟော်စီ
၂၀၂၂




#မနက်စာအာဟာရ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when 𝘭𝘪𝘧𝘦'𝘴 𝘔𝘦𝘮𝘰𝘳𝘪𝘦𝘴 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝘭𝘪𝘧𝘦'𝘴 𝘔𝘦𝘮𝘰𝘳𝘪𝘦𝘴:

Share