ခိုင် အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈

ခိုင် အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ခိုင် အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈, Singapore.
(1)

စိတ်ကို အရောင်ဆိုးခံရပြီးနောက် ~ ☔ရင်ထဲမှာ အလိုမကျ ဖြစ်နေရင်တောင်~~ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောပြဖြစ်တော့ဘူးအကြောင်းမတိုက်...
15/10/2025

စိတ်ကို အရောင်ဆိုးခံရပြီးနောက် ~ ☔

ရင်ထဲမှာ အလိုမကျ ဖြစ်နေရင်တောင်~~
ဘယ်သူ့ကိုမှ ထုတ်ဖော် မပြောပြဖြစ်တော့ဘူး

အကြောင်းမတိုက်ဆိုင်လို့ ခွဲခွာရခြင်းတွေကို
မထိုက်တန်ခြင်းတွေလို့ပဲ လက်ခံထားလိုက်တယ်

ကိုယ့်ရဲ့ဖြစ်တည်မှုလေး အပေါ် မှာ ရိုးသားစွာ
နေထိုင်သွားဖို့ပဲ ပိုအာရုံ စိုက်လိုက် တယ်"

တစ်ခါတရံ ကြေကွဲမှုတွေနဲ့ အရမ်းပင်ပန်းတဲ့
ခံစားချက်တွေကြောင့် အိပ်မပျော်နိုင်တဲ့

ညဘက်တွေမှာ အတတ်နိုင်ဆုံး သူများကို
သွားမနှောင့်ယှက်မိအောင် နေထိုင်တယ်"

ပြိုလဲကျချင်နေရင်တောင် တောင့်ခံပြီး
ကိုယ့်အတွက်ကိုယ် ရပ်တည်နေပါတယ်"

ဒီလို သန်မာအောင် ကြိုးစား နေတဲ့ ကြားက
ကိုယ်တကယ် အရမ်းနာကျင်လာရင်လည်း
အရာအာလုံးကို လွှတ်ချ လိုက်တယ်"

လူတချို့ကြောင့် ကိုယ်ဝမ်းနည်းလာရင်
တိတ်တဆိတ် ရှောင်ထွက်သွား လိုက်တယ်"

စိတ်မပျော် မရွှင် ဖြစ်စေတဲ့ အရာတွေ
အတိတ်ကြောင်းတွေကို မေ့ထားလိုက်တယ်"

ကိုယ် အဆင်ပြေမှပဲ အနားမှာ နေချင်တဲ့
တချို့ တချို့သော သူတွေကို တော့
ဥပေက္ခာပြုထား လိုက်ပါတယ်

မလာချင်တဲ့ သူကို အတင်းမခေါ် ချင်ဘူး။
ကိုယ့် အနားမှာ ရှိနေပေးတဲ့ လူ ကိုဘဲ
တန်ဖိုးထား ပိုချစ်ပေး လိုက်တယ်"

အမြဲတမ်း ပျော်ရွှင်နေတာ မဟုတ်ပေမယ့်
အတတ်နိုင်ဆုံးတော့ ပျော်အောင်နေတယ်"

ဒါကြောင့် ~~ နောက်ဆိုရင်လည်း
ကြုံတွေ့ရမယ့် လောကဓံ"ဟာ ဆိုးဆိုး
ကောင်းကောင်း အပြုံးနဲ့ပဲ ရင်ဆိုင်သွားမယ်"

ဘဝရဲ့ စမ်းသပ်မှုတွေ ကြားမှာ သန်မာနေဖို့
တစ်ယောက်တည်းပဲ အစွမ်းကုန် ကြိုးစားမယ်"

အမျိုးမျိုးသော လောကဓံလှိုင်းတွေ ကြားမှာ
ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို
ကိုယ်တိုင်ပဲ တာဝန်ယူ ဖြေရှင်းသွားပါ့မယ်"

တချို့သော အဖြစ်အပျက် တွေကြောင့်
သူတို့ရဲ့ စိတ်ရင်းကို ပုံဖော်ကြည့် နိုင်ခဲ့ပြီး

ကိုယ့်စိတ်ကိုလည်း ဒီထက် ပိုကျန်းမာပြီး
ကြံ့ခိုင်သန်မာဖို့ အဓိကထား ဂရုစိုက်ရင်းနဲ့

တချို့ ကိစ္စတွေရယ် လူတချို့အပေါ်ရယ်
တည်တည်ငြိမ်ငြိမ်နဲ့ ပြတ်သားတတ်လာတယ်"

ကိုယ်က သန်မာလွန်းတဲ့ သူ မဟုတ်ပေမယ့်
အခုနောက်ပိုင်း ပိုသိ ပိုနားလည် လာတာက

နာကျင်စရာတွေ ဆီက ပိုကောင်းဖို့ သင်ယူရင်း
စုံပလုံစိ နေတဲ့ ဒုက္ခတွေ အလုပ်တွေ ကြားမှာ

ကိုယ်ဟာ ထင်သလောက်ကြီး တော့လည်း
” မပျော့ညံ့ သေး ဘူး ဆိုတာ လေးပါ "

ခိုင် [အညာမြေ ] Zin Mar Khaing ✍👸🌻💙
#မိန်းကတိုင်းအတွက် ゚viralシ #ကျွန်မဖတ်ဖို့

တိတ်တဆိတ်လေးနေရတဲ့ အရသာကိုသဘောကျလာလို့ ထင်ပါရဲ့ ။သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။တကယ...
15/10/2025

တိတ်တဆိတ်လေးနေရတဲ့ အရသာကို
သဘောကျလာလို့ ထင်ပါရဲ့ ။
သွေးအေးအေး နေနိုင်တယ်နော် ဆိုတဲ့
အကြောင်းတွေ ပြောလာရင် ပြုံးနေမိတယ် ။

တကယ်တမ်းကျတော့....
သွေးအေးအေး နေနိုင်သွားတယ်ဆိုတာ
သွေးအေးအောင် လုပ်ခဲ့တဲ့သူတွေ ရှိနေ လို့ပါ ။

ကိုယ်ဘယ်လောက် သွေးအေးသွားလဲ ဆိုရင်
ဒါဟာ ခေါင်းရှုပ်စရာလို့ စိတ်ထဲမှာ ထင်တာနဲ့
အဲဒီအရာကို လွှတ်ချဖို့ပဲ တွေးတဲ့ သူလို့
ပြောရင်တောင် မမှားပါဘူး ။

တချို့လူတွေနဲ့ စကားတွေများပြီး
ငြင်းခုန်ရတာတွေကို ငြီးငွေ့လာတယ် ။
အတိုက်အခိုက်တွေ တိုးဝင်လာရင်
ပြိုင်လုရတာတွေကို စိတ်ကုန်လာတယ် ။

ချစ်ခြင်း နဲ့ မုန်းခြင်းတွေကြားမှာ
ကြိတ်မှိတ် မျိုသိပ်ထားရတာကို မုန်းတယ် ။
ပိုင်ဆိုင်ပြီးမှ ချောင်ထိုးထားတတ်တဲ့
အကျင့်ရှိတဲ့လူတွေနဲ့ ကင်းအောင်နေချင်တယ် ။

ဒါကြောင့် တစ်ခုခုဆိုရင် ကိုယ့်ကိုယ်ကိုယ်
ဦးစားပေး ရွေးချယ်တတ်အောင် သင်ပြီး
ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာအောင်
ဘယ်လိုနေရမလဲဆိုတာပဲ အဖြေရှာတယ် ။

အမှီအခိုမပါပဲ ရပ်တည်နိုင်ဖို့ ကြိုးစားတယ် ။
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ချစ်ပေးတယ် ။
စာအုပ်တွေနဲ့ ပိုရင်းနှီးအောင်နေပြီး
ကိုယ့်မေတ္တာနဲ့ ကိုယ် အေးချမ်းအောင် နေတယ် ။

တချို့ ခံစားချက်တွေက တခြားလူကို
ရင်ဖွင့်လိုက်မှ ပေါ့ပါးသွားတာ မဟုတ်ဘူး ။
ကိုယ့်တစ်ယောက်တည်းနေပြီး
ခေါင်းအေးအေးထား တွေးလိုက်တဲ့ အခါ
ထူးဆန်းစွာပဲ ပိုအဆင်ပြေသွားတတ်ပါတယ် ။

ဒါကြောင့်....
ဘယ်သူ့ကိုမှလည်း သွားမနှောင့်ယှက်ဘဲ
စိုးရိမ်ပူပန်မှုပေးတဲ့ အရာတွေရဲ့ အဝေးမှာ
ကျွန်မ တိတ်တဆိတ်လေးပဲ
ရှင်သန်နေထိုင်ရတဲ့ အရသာကို
အရင်ကထက် ပိုသဘောကျလာတယ် ။

ခိုင် (အညာမြေ) Zin Mar Khaing ✍👸🌻💙 #မိန်းကတိုင်းအတွက် ゚viralシ #ကျွန်မဖတ်ဖို့

နှစ်ကာလရဲ့ ကူးပြောင်းခြင်းဟာအထူးအဆန်းကြီး မသိသာပေမယ့်ဒီနှစ်တွေမှာ အထိအခိုက်တွေ များပြီးအဆိုးလောကဓံ"တရားတွေကတော့မေ့ဖို့ခက...
15/10/2025

နှစ်ကာလရဲ့ ကူးပြောင်းခြင်းဟာ
အထူးအဆန်းကြီး မသိသာပေမယ့်

ဒီနှစ်တွေမှာ အထိအခိုက်တွေ များပြီး
အဆိုးလောကဓံ"တရားတွေကတော့
မေ့ဖို့ခက်တဲ့အထိ သိသာထင်ရှားခဲ့တယ်"

ကိုယ့်ကို မှီခိုအားကိုးနေတဲ့ သူတွေအတွက်
ရှင်သန်ဖို့ကြိုးစားရင်း တစ်ခါတရံတော့
ကိုယ့်ကိုယ်ကိုယ် သံသယ"ဝင်မိတယ်

ကိုယ်တိုင် ထမ်းပိုးထားတဲ့ တာဝန်တွေ
အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါ့မလား
လောကဓံရဲ့ ရိုက်ခတ်တိုက်စားမှုတွေကြားမှာ
ငါဟာ တောင့်ခံနိုင်ပါ့မလား ? ပေါ့

ဒါပေမယ့် အဲဒီ အခိုက်အတန့် တွေမှာပဲ
ကိုယ့်ကို ​လူတချို့ကပြောတယ်"
နင်ပြောင်းလဲ"သွားတယ်နော် တဲ့ ”

အစမှာတော့
ကိုယ်ဘာတွေ ပြောင်းလဲ"သွားလဲ
အသေအချာ မသိခဲ့ဘူး"တဖြည်းဖြည်းနဲ့
ကိုယ်ပြောင်းလဲ သွားတယ် ဆိုတာ
လက်ခံလာတယ်"

စိတ်အလိုမကျ ဖြစ်နေရင်တောင်
ဖွင့်ဟ ပြောပြနေလဲ ဘယ်နှယောက်များ
စိတ်တူကိုယ်တူ နားလည်ပေးနိုင်မလဲဆိုပြီး
ဆန္ဒတွေကို မြိုသိပ်သည်းခံ နိုင်လာခဲ့တယ်"

လူ့ဘဝရဲ့အဖော်မဲ့ အထီးကျန်ခြင်းကို
တွေ့ဖူးကြုံဖူး လာတဲ့အခါ ထင်သလောက်
မဆိုးဝါးဘူး ဆိုတာကို နားလည် လာတယ်"

​ဖြတ်သန်းနေရတဲ့ ခေတ်ဆိုးကြီးထဲမှာ
အဆင်မပြေမှုတွေ အများကြီး ကြုံခဲ့သလို
အတွေ့အကြုံကောင်းတွေ ဘဝသင်္ခန်းတွေနဲ့
ပိုသန်မာပြီး သိတာတွေလည်း ပိုများလာတယ်"

ကျော်ဖြတ် နိုင်ပါ့မလား လို့ တွေးပှုခဲ့ရတဲ့
နေ့ရက်တွေကို ဒီနေ့ဒီချိန်ထိ အကောင်းဆုံး
ရင်ဆိုင် ကျော်ဖြတ် လာနိုင်ခဲ့တယ်။

မတူညီတော့တဲ့ ပြောင်းလဲခြင်း တွေကြားမှာ
ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အား"နဲ့ သတ္တိတွေ
ပိုကောင်းမွန်လာပြီး ပြောင်းလဲ လာတယ်"

ရှင်သန်နေချိန် မမောပန်းရတဲ့ လူ မရှိဘူး"
ဆိုတာကို နားလည်သဘောပေါက်လာတယ်"

နေရာအနှံ့ကို ခြေမဆန့် နိုင်ပေမယ့်လည်း
ကြုံလာတဲ့ ဆင်းရဲဒုက္ခတွေ မောပန်းမှုတွေ
ဒဏ်ရာတွေ အရာအားလုံးကို ဆန့်ကျင်ပြီး
မနေ့ကထက် ပိုသန်မာအောင် ကြိုးစားမယ်"

အဖြစ်အပျက်တွေထဲက သင်္ခန်းစာယူပြီး
ပြောင်းလဲသွားခြင်းတွေကို လက်ခံရင်း
သတ္တိနွေးနွေးလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်မယ်"

စာမူရင်း ~ ခိုင်အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 ♥♥
အညာသူ လေး 🌻
#နှစ်ကာလရဲ့နောက်ဆုံးလက်ဆောင်ဟာ
#အားလုံးအတွက်ပျော်ရွှင်ခြင်းပဲဖြစ်ပါစေ"🌻

စိတ်မပျော်တဲ့ အခါ ~~~ခံစားချက်နဲ့ ထပ်တူကျမယ့်သီချင်းတွေ နားထောင်လိုက်ပါ။နာကျင်နေလို့ စိတ်မထိန်းနိုင်တဲ့ အခါကလေးတစ်ယောက်လ...
15/10/2025

စိတ်မပျော်တဲ့ အခါ ~~~
ခံစားချက်နဲ့ ထပ်တူကျမယ့်
သီချင်းတွေ နားထောင်လိုက်ပါ။

နာကျင်နေလို့ စိတ်မထိန်းနိုင်တဲ့ အခါ
ကလေးတစ်ယောက်လို
အော်ငိုချင် ငိုချ ပစ်လိုက်ပါ။

စိတ်မပျော်စေတဲ့ အကြောင်း တွေကို
အတတ်နိုင်ဆုံး မတွေးမိအောင် နေပါ။

ကိုယ့်ကို သိမ်ငယ်စေတဲ့
ချစ်သူ ၊ သူငယ်ချင်း ၊ ပတ်ဝန်းကျင်"ရဲ့
အဝေးမှာ ရှင်သန် နိုင်အောင် ကြိုးစားပါ။

အရာရာက မတည်မြဲတဲ့ လောက”ပါ
ပျော်ရွှင်ခြင်း ၊ မပျော်ရွှင်ရခြင်း တွေ
ဒါတွေလည်း အမြဲ ကိုယ့်ဆီမှာ မရှိနိုင်ပါဘူး။

စိတ်ခံစားချက်တွေ တိုင်းက
ထင်သလောက် အရေးမကြီးဘူးဆိုတာ
တဖြည်းဖြည်း နားလည်အောင် ကြိုးစားပါ။

တစ်ယောက်တည်း အထီးကျန်လာရင်
ဖုန်း Gallery ထဲက ကိုယ့် ဓာတ်ပုံလေးတွေ
ကြည့်ပြီး ကောင်းတဲ့ အမှတ်တရတွေ တွေးပါ။

ညဘက်တွေ အိပ်မပျော်တဲ့ အခါ
စာအုပ်ဖတ်ပြီး မိသားစုနဲ့ စကားပြောပါ။

ဒီလို ကြိုးစားပြီး ရှင်သန်နေတဲ့ ကြားက
အရမ်းပင်ပန်း လာရင်လည်း~~
အရာရာကို လွှတ် ချ ကြည့် လိုက် ပါ။

အများကြီး ပိုင်ဆိုင် ရဖို့ မလိုဘူး
အကြာကြီး သန်မာ နေနိုင်ဖို့ပဲ လိုတယ်။

ဘဝ ရှိနေသရွေး အခက်ခဲ ဆိုတာလည်း
ရှိနေအုံးမှာမို့ အများကြီး တွေးပြီး
စိတ်ဓာတ်တွေ ကျမနေပါ နဲ့။

တစ်နေ့နေ့ တော့ ပြေလည် သွားမှာ ပါ
ဆိုတဲ့ စိတ်နဲ့ ဘဝ ရဲ့ ခါးတီးမှု တွေကို
ရင်ဆိုင်ကျော်ဖြတ်ဖို့ သတ္တိမွေး လိုက်ပါ။

တကယ်တော့ ဘဝထဲက မေးခွန်းတိုင်းဟာ
နေ့စဥ် ဘဝ ထဲမှာပဲ အဖြေ ရှိပါတယ်" 📚🌻

ပျော်ရွှင်ဖို့က ပျော်အောင်နေတတ်ဖို့ လိုတယ်။
ရှင်သန် နေနိုင်ဖို့က ရှင်သန်ရဲ ဖို့ပဲ လိုပါတယ်။

ခိုင် အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 Zin Mar Khaing ♥

အခုနောက်ပိုင်းမှာ မျော်လင့်ချက် တွေမှီခို အားကိုးလိုသော စိတ်ဆန္ဒ တွေနည်းပါးအောင် နေထိုင် ပါတယ် "ဘယ်လောက်ပင်ပန်းနေလဲ သိပ်...
15/10/2025

အခုနောက်ပိုင်းမှာ မျော်လင့်ချက် တွေ
မှီခို အားကိုးလိုသော စိတ်ဆန္ဒ တွေ
နည်းပါးအောင် နေထိုင် ပါတယ် "

ဘယ်လောက်ပင်ပန်းနေလဲ သိပ်မတွေးဘဲ
ငါ့အတွက် ငါဘယ်လောက်ထိ အားတင်းပြီး
ကျော်လွှားမယ်ဆိုတဲ့ စိတ်ကို မွေးထားတယ်"

နေ့ရက်တွေက သိပ့်ခက်ခဲနေ ရင်တောင်
ရပ်တည်နေနိုင်မှု တစ်ခုနဲ့ မပြိုလဲအောင်
ကြံ့ကြံ့ခံပြီး ဘဝကို ထိန်းထားတယ်"

ဒီလို ထိန်းထားတဲ့ကြားမှာ မဖြစ်မနေ
အဆင်ပြေချင်ယောင်ဆောင် ရမယ့်
နေ့ရက်တွေရှိရင်လည်း ကိုယ်ရင်ဆိုင်မယ်"

အပေါ်ယံတွေကို မကြိုက်ပေမယ့်လည်း
ဒုက္ခ ရဲ့ ခါးသီးမှုကို ရင်ဆိုင်ခဲ့ရ ဖူးတော့လည်း
ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ဖို့ပဲ တွေးတယ်"

ကိုယ်ကလက်လှမ်းပြီး ကူညီပေးခဲ့ရ ပေမယ့်
ကိုယ့်အခက်ခဲကျမှ လှောင်ပြောင်ခံလိုက်ရတဲ့
အချိန်တွေကို ဘဝမှာ စိတ်အနာဆုံးဘဲ.

ပြောရရင်...ကိုယ့်မှာ လဲကျလို့ မဖြစ်တဲ့
အကြောင်းပြချက်တွေ အများကြီး ရှိတယ်"

အဝေးကြီးတွေးပြီး အများကြီးမကြည့်နဲ့
သူတို့နေနိုင်ခဲ့ သလိုမျိုး ကိုယ့်ဘက်ကသာ

နေကြည့်လိုက်ပါ ချက်ချင်းပဲ အချိုးတွေ
ပြောင်းပြီး မခေါ်နိုင် မပြောနိုင်ဖြစ်သွားမယ့်
လူတွေ ဒီလောကမှာ အများကြီး ရှိတယ်"

ဒါကြောင့် ~~ နာကျင် စရာတွေကို
ရင်ဆိုင် ပွတ်တိုက်ပြီး ဘဝ ကို

ပျော်အောင်လည်း နေသွားမယ်
သန်မာအောင်လည်း ဆက်ကြိုးစားမယ်

တန်အောင်လည်း အားတင်းပြီး ရှင်သန်နေမယ်"
စိတ်"သောက ရှင်းရှင်းနဲ့ ဘဝ ခရီးကိုဆက်မယ်"

ခိုင် { အညာမြေ } Zin Mar Khaing ✍🌻❤
မေတ္တာဖြင့် ခိုင် ( အည​မြေ) 👸🌻🌻🌻👸
#

🌻 ” အဖော်မရှိလည်း ပျော်အောင်နေပါ ” 🌻ဘယ်သူ့ဆီကမှ မမျော်လင့်တဲ့ ပျော်ရွှင်မှု မျိုးနဲ့သာကိုယ့်ဘာသာကိုယ် ပျော်အောင်နေပါ။ကို...
15/10/2025

🌻 ” အဖော်မရှိလည်း ပျော်အောင်နေပါ ” 🌻

ဘယ်သူ့ဆီကမှ
မမျော်လင့်တဲ့ ပျော်ရွှင်မှု မျိုးနဲ့သာ
ကိုယ့်ဘာသာကိုယ် ပျော်အောင်နေပါ။
ကိုယ့်စိတ်ကို အမြဲကြည်လင်စေတဲ့
ဗဟုသုတ စာအုပ်တွေ ဖတ်ပါ။

ကိုယ်ဖမ်းဆုပ်ထားတဲ့
အရာ တော်တော်များများဟာ မထင်မှတ်ပဲ
ထိခိုက်နာကျင်ခြင်းကို
လက်ဆောင်အဖြစ်ပေးလေ့ရှိတယ်”

မုန်းသွားမယ်လို့ထင်တဲ့
လူတွေနဲ့ မချစ်ပဲ ဝေးဝေးနေပြီး ~."
ကိုယ့်စိတ်လေးကို ပျော်အောင်ထားဖို့ မမေ့ပါနဲ့"

အထီးကျန်မှုတွေ ခံစားရတဲ့
အခိုက်အတန့်တွေဖြေဖျောက်ဖို့
အိမ်မွေးတရိဆ္တန် လေးတွေ မွေးပြီး
နေ့ရက်တွေမှာ ပျော်အောင်နေကြည့်ပါ။

ကိုယ်ပေးခဲ့သလောက်သာ
တန်ပြန်သက်ရောက်မှုတွေ ရှိရင်
နားလည်မှုတွေ သည်းခံခြင်းတွေ
ချစ်ခြင်းမေတ္တာ တွေဟာ ကိုယ့်ဘက်က
ဖမ်းဆုပ်ထား နေစရာတောင် မလိုပါဘူး"

လူတွေဟာ နောက်ဆုံးမှာ
ဘယ်သူ့အတွက်ရယ်လို့
ရှင်သန်နေတာမျိုး မဟုတ်ဘဲ
ကိုယ်ကိုယ်တိုင်က ရှင်သန်လိုစိတ်နဲ့
မယိမ်းမယိုင်အောင်

ရပ်တည်နိုင်လာခဲ့တဲ့
အကြောင်းကို နားလည် လာရင်
ကိုယ့်ကိုကိုယ် အရင်ကထက်
ပိုပျော်ခွင့်ပေးတတ်လာတယ်"

လောကကြီး အကြောင်းကို
နားလည်လာဖို့ အတွက်ရင်းနှီးပေးဆပ်ရတဲ့
အရာတွေဟာ လူတိုင်းမှာ ရှိပါတယ်"

အဓိက"က
ကိုယ့်စိတ် ကိုယ့်ဘဝနဲ့ ကိုယ် ပျော်ရွှင်ဖို့
နေသားကျအောင်
ဘယ်လို နေထိုင်သွားရမလဲ ဆိုတာပါပဲ”

အဆင်မပြေတဲ့ နေ့ရက်တွေမှာ
ကိုယ့်ကိုယ်ကိုယ် အားပေးပြီး
နာကျင်ရတဲ့ အခိုက်အတန့်တွေဆို
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပါ။

နေ့ရက်တွေမှာ” ပျော်ရွှင်ခြင်း
အရသာ တွေမပါဘဲ
အချိန်ကာလတွေ မျိုသိပ့်ထား ခဲ့ရတယ်
ဆိုရင် တောင်မှ ညဘက်တွေမှာတော့
နှစ်နှစ်ခြိုက်ခြိုက် ပျော်အောင် အိပ်ပါ။

နောက်နေ့မနက်
မိုးလင်းလို့ နေမင်းကြီး ထွက်လာပြီးတဲ့နောက်
ဒုတိယမြောက် အလင်းရောင်ဟာ ~~

ကော်ဖီတစ်ခွက်သောက်ရင်း
ကိုယ့်အပြုံးလေးပဲ ဖြစ်စေချင်တယ်”

တကယ် ဆိုရင် အားလုံးရဲ့ ဘဝ”မှာ
အမှီအခိုတွေ မရှိလည်း ရှင်သန်နေ နိုင်ရင်းနဲ့
ကိုယ့်ဘေးမှာ အဖော်မရှိလည်း ~
ပျော်အောင်နေ ”စေချင်ပါတယ်"❤

မေတ္တာများစွာဖြင့် ~ခိုင်အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈
゚viralシ

Ingyinnaing 🕊️🩵

"သန်မာရမယ် ကောင်မလေးရေ"ဒီလို အကြပ်အတည်း ကာလ တွေမှာ အရမ်းပင်းပန်းနေရမယ် ဆိုတာ နားလည်ပါတယ်။ဒါပေမယ့်လေ ~~ အကောင်းဆုံး ကြိုး...
15/10/2025

"သန်မာရမယ် ကောင်မလေးရေ"

ဒီလို အကြပ်အတည်း ကာလ တွေမှာ
အရမ်းပင်းပန်းနေရမယ် ဆိုတာ
နားလည်ပါတယ်။

ဒါပေမယ့်လေ ~~
အကောင်းဆုံး ကြိုးစားပြီး
တာဝန်တွေ သိတတ်ခြင်းတွေနဲ့
​အကြာကြီး သန်မာနေပါ ကောင်မလေးရေ

လက်တွေ့ ဘဝ ဟာ
နည်းနည်းလေး ပျော်ရဖို့တွက်
များများ ပေးဆပ်နေ ရတာတွေ ရှိတယ်။

ကိုယ့်ကို အားကိုးမှီခိုနေရတဲ့ သူတွေ
အရာရာ အဆင်ပြေဖို့ အများကြီး
မျိုသိပ်ထားရတဲ့အခါ အားတင်းပြီး
သန်မာ ပေးပါ ကောင်မလေးရေ..

အပူတွေများတဲ့ ဒီလောက"ထဲမှာ
အလှဆုံး ပြုံးပြီး ကိုယ့်မေတ္တာနဲ့ကိုယ်
အေးချမ်းအောင်နေပါ ကောင်မလေးရေ..."

စိတ်မပျော်တဲ့ အခါ
ပျော်ရွှင်ခဲ့တာလေးတွေ ပြန်တွေးပြီး
ကိုယ့်ကိုယ်ကိုယ် အများကြီး ချစ်ပေးပါ။

ဝမ်းနည်း အားငယ်ရတဲ့ အခါ
တည်တည်ငြိမ်ငြိမ်လေးပဲ
နေ့ရက်တွေကို ကျော်ဖြတ်လိုက်ပါ။

တစ်ခါတလေကျရင်လေ မပြည့်စုံတဲ့ ဘဝနဲ့
ဖြတ်သန်းရတဲ့ နေ့ရက်တွေဟာ
ပိုရှည်လျားပြီး ကြာတယ် လို့ ခံစားရတယ်"

ဒါကြောင့် ~~ လှအောင်နေဖို့ လိုတယ်
စိတ်အေး ချမ်းသာအောင် တွေးဖို့ လိုတယ်
သန်မာအောင်နေဖို့ လိုတယ် ကောင်မလေးရေ.."

ကိုယ်တစ်ယောက်ထဲ မဖြစ်နိုင်ပါဘူး
ဘဝကို ရှင်သန်ဖို့ ခက်ခဲမှာပဲ ဆိုတဲ့
အတွေးတွေဟာ တစ်နေ့နေ့ ကျရင်တော့
ဟာသ ဖြစ်သွား မှာပါ ကောင်မလေးရေ....♥

✍ ခိုင်အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 ✍👸🌻🍂
#

နေ့စဥ် အကြောင်းပြချက်တွေ များစွာနဲ့အလုပ်တွေ တာဝန်တွေ ကြားမှာ~~အဆင်မပြေမှုတွေ ~~~တိုးဝင်လာတဲ့ အခါတိုင်း စိတ်ဓာတ်တွေ ကြံ့က...
13/10/2025

နေ့စဥ် အကြောင်းပြချက်တွေ များစွာနဲ့
အလုပ်တွေ တာဝန်တွေ ကြားမှာ~~

အဆင်မပြေမှုတွေ ~~~
တိုးဝင်လာတဲ့ အခါတိုင်း စိတ်ဓာတ်တွေ
ကြံ့ကြံခိုင် သန်မာနေနိုင်အောင် ကြိုးစားပါ။

အပေး မှားတဲ့ အခါ ရင်နာစရာ ဖြစ်သလို
အတွေး တွေ လွဲမှားနေတဲ့ အခါ မှာလည်း
ဘဝဟာ နာကျင် စရာ ပိုများပါတယ်။

ဒီလောကမှာ ရှင်သန်နေကြတဲ့ လူတိုင်းဟာ
မမောပန်းရတဲ့ သူရယ်လို့ မရှိပါဘူး

ဒါကြောင့် ~~
ကိုယ့်ရဲ့ အဆင်မပြေမှု တွေကို
ထိုင်တွေးမနေပဲ လုပ်စရာရှိတာကို လုပ်ပါ။

အခက်အခဲတွေ အဆင်မပြေမှု တွေဆိုတာ
ဘဝရှိတဲ့ လူတိုင်း နေရာတိုင်းမှာ ရှိနေတာမို့
တွေးပြီး ကြောက်နေစရာ မဟုတ် သလို
ခေါင်းရှုပ်ခံပြီး တွေးနေဖို့လည်း မဟုတ်ပါဘူး

ဘဝ မှာ ဆုံးရှုံး နစ်နာမှုတွေ များခဲ့ဖူးတဲ့
လူတစ်ယောက် ဖြစ်နေ ရင်တောင်
ကိုယ့်ရဲ့ အိမ်မက်တွေကို မစွန့်လွှတ်ဘဲ
ငါလုပ်နိုင်တယ် ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်ပါ။

တကယ်တော့ ~~~ဘဝဆိုတာ
ကိုယ်မလိုချင်တဲ့ အရာတွေရော မတွေ့ချင်တဲ့
လူတွေနဲ့ပါ ကြုံတွေ့ရဖို့ ဖန်တီးလာ ခဲ့တာပါ။

ဒါပေမယ့် ဘယ်လို ကျရှုံးမှု တွေနဲ့ ကြုံပြီး
ပြိုလဲခြင်းတွေ ဘယ်လောက်ပဲ များခဲ့ပါစေ
နောက်တစ်ကြိမ် ပြန်လည် တည်ဆောက် ဖို့
ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပေးခြင်းကို
တားဆီး နိုင်တဲ့အရာ ဆိုတာ မရှိပါဘူး။

အခုချိန်မှာ ခက်ခဲနေရင်တောင်~~♥
တစ်ချိန်ချိန်မှာ ပျော်ရွှင်အောင်မြင်သော
ဘဝကို ပိုင်ဆိုင်ရဖို့ ကြိုးစားပြီး ရှင်သန်နေပါ။

ခိုင် (အညာမြေ) Zin Mar Khaing 👸🌻👩‍🌾💙
#မိန်းကလေးတိုင်းဖတ်ဖို #ညီမလေးသို့

 #ကျော်ဖြတ်လာခဲ့ရတဲ့ရှင်သန်ခြင်း ”🌳စိတ်ဓာတ်တွေ ကျလာတိုင်း မငို မိအောင်ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် ခဲ့ရဖူးတယ်။ကိုယ့်ခြေထေ...
09/10/2025

#ကျော်ဖြတ်လာခဲ့ရတဲ့ရှင်သန်ခြင်း ”🌳

စိတ်ဓာတ်တွေ ကျလာတိုင်း မငို မိအောင်
ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် ခဲ့ရဖူးတယ်။

ကိုယ့်ခြေထောက်တွေ ပြိုလဲ မကျအောင်
ကြိုးစားပြီး ရပ်တည်နေခဲ့ရ ဖူးတယ်။

ကြုံလာသမျှ ဆိုးဝါးတဲ့ ခါးတီးမှုဒဏ် တွေကို
ဘာမှမဖြစ်သလိုနဲ့ ကြိတ်မှိတ်ခံစားခဲ့တယ်။

လူတချို့ရဲ့ တိုက်ခိုက်မှုတွေကို အံတုပြီး
ကိုယ်တိုင် ရုန်းကန်ပြီး ထလာခဲ့ရတယ်။

ကြေကွဲစရာတွေ တနစ်တပိုးနဲ့ ကျရှုံးမှု
ဒဏ်ကိုလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရတယ်။

ရိုက်ခတ်လာတဲ့ လောကဓံ" လှိုင်းတွေ
ကြားမှာ စိတ်မာမာနဲ့ ကျော်ဖြတ်ခဲ့ရတယ်။

ဝမ်းနည်းပူပန် စရာတွေ ရှိလာတိုင်းလည်း
ရပ်တည်နေမှုလေး ယိမ်းယိုင်မသွားအောင်
ပျော်ရွှင်စရာ တွေကို ရှာကြံပြီး ပျော်ခဲ့ရတယ်။

တစ်စုံတစ်ယောက်ကို အားကိုးရာ အဖြစ်
တရားသေလည်း ယုံကြည်ခဲ့ဖူးတယ်။

ပါးလွှာနေတဲ့ ခံနိုင်ရည်အားကို မေ့ထားပြီး
ကိုယ့်စိတ်နဲ့ ကိုယ်လှည့်စား ခဲ့ဖူးတယ်။

ဒီလိုပါပဲ ဘဝကို ပီပီပြင်ပြင် ကျော်ဖြတ်ဖို့
ကိုယ့်ကိုယ်ကိုယ် ရင်းနှိီးခဲ့ရ ဖူးတယ်။

တကယ်တော့....
ဘဝမှာ ကိုယ်တန်ဖိုးထားခဲ့ရတဲ့ သူတွေ

ကိုယ်မျော်လင့် တောင်းတ နေခဲ့ရတဲ့
အရာတွေ အားလုံးဟာ ပုံစံအမျိုးမျိုးနဲ့
ဆင်ခြေ မျိုးမျိုးသုံးပြီး စွန့်ခွာသွားတယ်။

အဲဒီလို ပျောက်ကွယ် သွားတဲ့ တစ်နေ့မှာ
ကိုယ့်မျက်ရည်၊ နာကျင်မှု ၊ဝေဒနာ တွေကို
ကိုယ်တိုင်သာ ခံရတာပဲ ဆိုတာ သိလာတယ်။

လောကကြီးကို ရင်ဆိုင်ဖို့
ကိုယ်တစ်ယောက်တည်း ဆိုရင်လည်း
ဖြစ်တယ် ဆိုတဲ့ စိတ်နဲ့ ရှင်သန်ရဲလာတယ်။

အခုချိန်မှာ ဒီလောက နဲ့ လူတွေအကြောင်း
ပိုသိလာတော့ ခါးတီးမှုတွေ ကြုံလာခဲ့ရင်
ကိုယ့်ဘဝကို ကိုယ်တိုင် ဖန်တီးယူမှ ပိုပြီး
အဓိပ္ပါယ်ပြည့်စုံတာကို နားလည်လာတယ်။

ဒါကြောင့် ~ ~ ကိုယ့်ဘဝ အနာဂတ်မှာ
အကောင်းဆုံး အားကိုးရာ စစ်စစ် ဟာ
ကိုယ့်အပြင် တခြားသူ မရှိနိုင်ဘူး ဆိုတာ
အတွေ့ အကြုံတွေ ဆီကနေ သိလာခဲ့တယ်။

ကိုယ်ဖြစ်ရင် ကိုယ်ခံပြီး ပူလောင်စရာတွေ
သိပ်ကို များလွန်းတဲ့ လောကကြီးမှာ ~~

ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးလေးနဲ့
ပြုံးပြုံးလေးပဲ ရှင်သန် တတ် နေပါပြီ ။🌳

Zin Mar Khaing ခိုင် {အညာမြေ } 🌳 🌻🌳

゚viralシfypシ゚viralシalシfollowers ゚viralシ #ကျေးကို #ရှင်သန်ခြင်းရဲ့အဓိပ္ပယ် #

မိန်းကလေး တစ်ယောက်က လောကဓံရဲ့ ဖိအားတွေကြားမှာ သန်မာနေပြီးရဲရင့်တဲ့ အရည်အချင်းလည်း ရှိနေ ရမယ် ပြီးတော့ ~~~လှကို လှမှ ဖြစ်...
07/10/2025

မိန်းကလေး တစ်ယောက်က
လောကဓံရဲ့ ဖိအားတွေကြားမှာ သန်မာနေပြီး
ရဲရင့်တဲ့ အရည်အချင်းလည်း ရှိနေ ရမယ်

ပြီးတော့ ~~~
လှကို လှမှ ဖြစ်မယ်"လှအောင်လည်း
ပြင်တတ် ဆင်တတ် လှကို လှချင်နေရမယ်"

ဒါပေမယ့် ~~~ သတိမလွတ်ဖို့က
လှပဖို့ အတွက်နဲ့ ကိုယ့်သိက္ခာကို ထိပါးပြီး
ကိုယ့်တန်ဖိုးကို ဘယ်တော့မှ အဓိပ္ပယ်မဲ့
စျေးနှိမ် ခံရအောင် မပြုလုပ် မိစေဖို့ ပါဘဲ"

မိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးဟာ
အလှအပ တစ်ခုတည်း မဟုတ်ပါဘူး။

ပြီးတော့ ~~~
မိန်းကလေး တစ်ယောက်က သူ အမြဲ
လှပချင် ရခြင်းရဲ့ အကြောင်းပြချက် က
တခြားလူအတွက် လှချင်တာ မဖြစ်သင့်ဘူး"
ကိုယ့်ကိုယ်ကိုယ် အမြဲ ယုံကြည်မှု ရှိနေဖို့
အတွက်ပဲ ဖြစ်သင့် ပါ တယ် "

မိန်းကလေး ဆိုတာ အချင်းနဲ့ အဆင်းဟာ
အမြဲ ဒွန်တွဲလျှက် ဖြစ်နေ ရမယ်လေ"

ကိုယ့်ကိုယ်ကိုယ် လှနေ ဖို့ လိုသလို
အရည်အချင်း အပြည့်ရှိတဲ့ မိန်းကလေး
ဖြစ်အောင် အမြဲ ကြိုးစားနေဖို့လည်း လိုတယ်။

အရည်အချင်း ရျှိနေတဲ့ မိန်းကလေး ဟာ
ဘေးလူတွေ အမြင်မှာလည်း လှပနေ သလို ~
လှအောင်နေတတ်တဲ့ မိန်းကလေး ကလည်း
အမြဲယုံကြည်မှုရှိပြီး အရည်အချင်း ရှိနေမယ်"

စိတ်ဒုက္ခ နဲ့ စိတ်သုခ ဟာ တစ်ဖက်ဆီရှိ သလို
မိန်းကလေးနဲ့ အလှပ အလှပ နဲ့ အရည်အချင်း
ဆိုတာလည်း ချိတ်ဆက်မှု ရှိနေပါတယ်

ဒါကြောင့် ~ အမျိုးသမီးတွေဟာ လှဖို့လိုတယ်
ကိုယ့် အရည်အချင်းနဲ့ကိုယ် လှအောင် နေရမယ်"
အဲဒီလို နေနိုင်အောင်လည်း အမြဲကြိုးစားရမယ်"

ခိုင်(အညာမြေ) Zin Mar Khaing ✍👸🌻💙
👸 ” အမျိုးသမီး အတိုင်း အတွက် ”👸
#မိန်းကလေးတိုင်းဖတ်ဖို

ဝမ်းနည်းလို့ ရေးတဲ့စာ" 😌တကယ်ပင်ပန်းလွန်းတဲ့ အခိုက်အတန့်တွေမှာတစ်ယောက်ယောက်ကို အားကိုးတကြီးမှီချလိုက်ချင်ပေမယ့် ကိုယ့်ကြေ...
07/10/2025

ဝမ်းနည်းလို့ ရေးတဲ့စာ" 😌

တကယ်ပင်ပန်းလွန်းတဲ့ အခိုက်အတန့်တွေမှာ
တစ်ယောက်ယောက်ကို အားကိုးတကြီး
မှီချလိုက်ချင်ပေမယ့် ကိုယ့်ကြောင့်
သူ့ကို ဝန်ပိသွားမှာကို မလိုချင်ပြန်ဘူး"

တစ်ခါတလေ ~~
ရင်ထဲခံစားရခက်တဲ့ အကြောင်းတွေကို
စိတ်ချလက်ချနဲ့ ရင်ဖွင့်ချင်ခဲ့တယ်"

ဒါပေမယ့် ~~
သူ့မှာလည်း သူ့အပူ"သောကနဲ့"သူ
ရှိနေမှာပဲလေ ဆိုပြီး ပြန်နူတ်ဆိတ်မိတယ်"

တချို့နေ့ရက်တွေဆို~~
ပြိုလဲကျ မသွားအောင် အားကုန်သုံးပြီး
ဘာမှမဖြစ်သလို အထာ မျိုးနဲ့
ဘဝကို ပီပီပြင်ပြင် ရှင်သန် နေခဲ့ရတယ်"

ကိုယ့်အတွက် မိသားစုအတွက် တွေးပြီး
သိပ်အဆင် မပြေတဲ့ အလုပ်ခွင်မှာ
စိတ်အဆင်ပြေအောင် နေရပြန် တယ်"

တစ်ခါတစ်ခါ ခပ်ပြင်းပြင်း ရိုက်ခတ်လာတဲ့
လောကဓံ" လှိုင်းတွေ ကြားမှာ
ခပ်ပေပေနဲ့ မာကျောပြ လိုက်ရပြန် တယ်။

တကယ်တော့လေ ~~
စိတ်ဒဏ်ရာ"ရနေတယ် အမှိီခိုပြုချင်လိုက်တာ
ဆိုတာမျိုးကို အကြိမ်ကြိမ် တွေးခဲ့ဖူးတယ်"
အခါခါ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကယ်ရတယ်"

တချို့ဘဝတွေက စိတ်ဓာတ်တွေကျ
အခက်ခဲတွေ ကြုံလာတိုင်း ကိုယ့်ဘက်မှာ
မားမားမတ်မတ် ရှိနေတဲ့သူ မရှိတဲ့ အခါ
သူတို့ဘဝကို သူတို့ ပြန်ရှာရတဲ့ သူတွေပါ။

မငိုနိုင်တော့တဲ့ အခါမျိုးမှာ ပြုံးရယ်ခြင်းနဲ့
ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရင်း
ကိုယ့်ဒဏ်ရာကို ပြန်ဖုံးကွယ် လိုက်ရတဲ့
သူတွေဟာ ဒီကမ္ဘာမှာ အများကြီး ရှိတယ်။

ပြီးတော့ ဒီလောကထဲမှာ ရှင်သန်နေရင်းနဲ့
မသေချာ မရေရာမှုတွေ ကြားထဲမှာ
တဝဲလည်လည် ဖြစ်နေတဲ့ လူတွေလည်း
ဒီကမ္ဘာမှာ တကယ်ရှိ ပါတယ်"

#မရှိသလောက်ကိုရှားသွားတာကတော့
ကိုယ်တကယ် လိုအပ်လာတဲ့ အခါမျိုးမှာ
ကိုယ်ရှိခဲ့ဖူးသလို စိတ်ရင်းနဲ့ ကိုယ့်အပေါ်
နားလည်ပြီး စိတ်ထဲကပါတဲ့ လူတွေပေါ့"
ကိုယ့်ကမ္ဘာမှာ မရှိသလောက် ရှားပါတယ်"

စာမူရင်း ~ ခိုင်(အညာမြေ) #ဘဝစာပေ
゚viralシ #

ကျွန်မ ဘယ်သူ့ကိုမှ မှီခိုမနေချင်ဘူးဆိုတဲ့စိတ်ဟာအားကိုးစရာလိုအပ်နေတဲ့အချိန်မှာအနားမှာ ဘယ်သူမှ မရှိခြင်းတွေကြောင့်ပါ။လိုအပ...
05/10/2025

ကျွန်မ ဘယ်သူ့ကိုမှ
မှီခိုမနေချင်ဘူးဆိုတဲ့စိတ်ဟာ
အားကိုးစရာလိုအပ်နေတဲ့အချိန်မှာ
အနားမှာ ဘယ်သူမှ မရှိခြင်းတွေကြောင့်ပါ။

လိုအပ်တဲ့အချိန် အားပေးဖော်မရှိတဲ့အခါ
တစ်ယောက်ထဲ နေတတ်အောင်
နေရမယ် ဆိုတဲ့ စိတ်နဲ့ နေနိုင်လာခဲ့တယ်"

အားကိုးတကြီး အကူညီလိုအပ်တဲ့ အချိန်
ဘယ်သူကမှ လှမ်းကူဆွဲထူတာ မရှိခဲ့တော့
ကိုယ့်ကိုယ်ကိုယ် အားကိုးထူမတ်ခဲ့တယ်"

စိတ်ဓာတ်တွေကျနေတဲ့ အချိန်မှာ
အားပေးနှစ်သိမ့်မယ့်သူဆိုတာ မရှိခဲ့တော့
ကိုယ့်တာဝန်ကိုယ်ယူပြီး သန်မာနေ ခဲ့ရတယ်"

မြတ်နိုးတဲ့ အရာအားလုံးကို ဆုံးရှုံးခဲ့ဖူးလို့
ငိုနေရင်း ပင်ပန်းလွန်းတဲ့ ညအမှောင်တွေကို
တစ်ယောက်ထဲ အံကြိတ်ဖြတ်သန်းခဲ့ ရတယ်"

ဘာတွေပဲဖြစ်လာဖြစ်လာ တစ်ယောက်ထဲ
ရှင်သန်နေနိုင်အောင် ကြိုးစားခဲ့တယ်ဆိုတာ
တစ်စုံတစ်ယောက်ကို မှိီခိုရမှာကြောက်လို့ပါ။

အဲဒိီလို အရွယ်နဲ့ မမျှအောင် ရင်ဆိုင်ခဲ့ရတဲ့
အဆိုး လောကဓံ"တရား တွေကြောင့်
အရာရာကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိလာခဲ့တယ်"

ဖြတ်သန်းလာခဲ့ရတဲ့ ဘဝ"တစ်လျှောက်မှာ
ကိုယ်ရခဲ့တဲ့ သင်္ခန်းစာတွေလည်း များခဲ့ပြီမို့
ရဲရင့်စွာ ရှင်သန် နေထိုင်ဖို့ပဲ ဆန္ဒရှိတယ်"

ဘာဖြစ် လို့ လဲ ဆိုရင် ~~
တချို့ခံစားချက်တွေရဲ့ နာကျင်မှု ”က
ဘယ်သူနဲ့မှ မျှဝေခံစားပေးလို့ မရဘူးလေ"

မိန်းမသားတွေဟာ ကိုယ့်ကိုယ်ကိုယ်
အားကိုးတတ်လာတဲ့ အခါ နာကျင်နေလည်း
အပြုံးလေးနဲ့ ” အဆင်ပြေပါတယ် ”လို့
တည်တည်ငြိမ်ငြိမ်လေး ပြောတတ်လာတယ်"

သန်သန်မာမာနဲ့ လောကကြီးအလယ်မှာ
ရှင်သန်နေတဲ့ မိန်းမသားတွေရဲ့ အတိတ်မှာ
အခက်ခဲပေါင်းများစွာနဲ့ ဒဏ်ရာတွေရှိပါတယ်"

စာမူရင်း ~ ခိုင် (အညာမြေ) Zin Mar Khaing🌻
#အချစ်ရဆုံးသမီးလေးသို့ #မိန်းကလေးတိုင်းဖတ်ဖို . #ညီမလေးသို့ #

Address

Singapore

Website

Alerts

Be the first to know and let us send you an email when ခိုင် အညာမြေ - 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share