Swe Swe

Swe Swe 🍎🍐🍊🥭🥑🫒🫐🧅🫚🫜🍆🫑🍏🍒🍅🌶️🍍🍌🍋‍🟩🍈🍐🫛🍋🍌🍉🍇🍓🍈🍑🍍🥝🥥🍅🥕🌽🥒🥬🥦🧅🍠🍯🍞🌿☘️🌲🌳❄️🌵🍂🌼🌻🪻💐🌹🪷🌸🌱🌾🏵️🍄💐💚💓🤍
(2)

25/08/2026

ကျန်းမာရေးကောင်းမွန်စေနိုင်သည့်
ညအိပ်ရာဝင်ချိန် အလေ့အကျင့်ကောင်းများ

၁ ။ မှောင်နေတဲ့အိပ်ခန်းမှာ အိပ်စက်ခြင်း။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် နဲ့ မယ်လတိုနင်ထုတ်လုပ်မှုကို အထောက်အကူ ပြုပေးပါတယ်။

၂ ။ ညစာကို ပမာဏ နည်းနည်းသာစားသုံးခြင်း။
အစာခြေမှုကို ကူညီပြီး လေထိုးလေအောင့်တာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၃ ။ ရေနွေးနဲ့ ရေစိမ်ချိုးခြင်း။
ကြွက်သားတွေ ဖြေလျော့မှု ရရှိနိုင်ပြီး အိပ်ချင်
စိတ် ပေါ်ပေါက်နိုင်ပါတယ်။

၄ ။ ရေဓာတ်ဖြည့်ခြင်း ( ရေသောက်ခြင်း)။
ဆဲလ်ပြန်လည်ပြုပြင်မှုကို အထောက်အကူပြုပါတယ်။

၅ ။ အကြောဆန့်ခြင်း။
တင်းမာမှုတွေ လျော့ကျပြီး ကွေးနိုင်ဆန့်နိုင်အား ကောင်းမွန်နိုင်ပါတယ်။

၆ ။ ဆားခါးရည်နဲ့ ခြေထောက်စိမ်ခြင်း။
ကြွက်သားနာကျင်တာ သက်သာပြီး ပြန်လည်ကောင်းမွန်မှုကို အထောက်အကူပေးပါတယ်။

၇ ။ တရားထိုင်ခြင်း။
စိတ်အေးချမ်းမှုရရှိနိုင်ပြီး စိုးရိမ်စိတ်လျော့ကျနိုင်ပါတယ်။

၈ ။ စာဖတ်ခြင်း။
အိပ်ချင်စိတ်ပေါက်လာအောင် ဦးနှောက်ကို အချက်ပြပေးပါတယ်။

၉ ။ ဆေးဖက်ဝင်လက်ဖက်ရည်သောက်ခြင်း။
အာရုံကြောစနစ် အေးချမ်းမှု ရရှိနိုင်ပါတယ်။

၁၀ ။ အခန်းအပူချိန် အေးနေခြင်း။
အိပ်စက်မှု အရည်အသွေးနဲ့ ဇီဝဖြစ်စဉ် ကောင်းမွန်နိုင်ပါတယ်။

၁၁ ။ မှတ်စု( ဒိုင်ရာယီ) ရေးခြင်း။
စိတ်ထဲရှိတာတွေကိုရှင်းထုတ်နိုင်ပြီး စိတ်ဖိစီးမှုလျော့ကျနိုင်ပါတယ်။

၁၂ ။ အသက်ပြင်းပြင်းရှူခြင်း။
အာရုံကြောစနစ် ( parasympathetic nervous system) ကို တက်ကြွအောင်လှုံ့ဆော်နိုင်ပါတယ်။

၁၃ ။ လက်ကိုင်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တွေကို မကြည့်ခြင်း။
အပြာရောင်အလင်းတန်းထိတွေ့မှု နဲ့ စိတ်ကြွအောင်လှုံဆော်မှု လျော့ကျနိုင်ပါတယ်။

၁၄ ။ ကဖင်း/ အယ်လ်ကိုဟော မသောက်ခြင်း။
အိပ်စက်မှု အနှောင့်အယှက်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၁၅ ။ သက်တောင့်သက်သာရှိတဲ့ အိပ်ရာနဲ့ အိပ်စက်ခြင်း။
အနားရမှုအတွက် အနှောင့်အယှက် မဖြစ်နိုင်တော့ပါ။

၁၆ ။ အိပ်ချိန် နိုးချိန် ပုံမှန်ထားခြင်း။
အိပ်စက်မှုအရည်အသွေး ပိုမိုကောင်းမွန်အောင် ဇီဝနရီကို ထိန်းချုပ်ပေးပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

အိပ်စက်မှုအရည်အသွေး ပိုမိုကောင်းမွန်အောင် ဇီဝနရီကို ထိန်းချုပ်ပေးပါတယ်။

24/08/2026

ဆီးချိုရောဂါရှိသူတွေ ရှောင်ကြဉ်သင့်သော အရာတွေ
၁ ။ ဖြူဖွေးသောသကြာ:…
သကြားလုံး၊ အချိုတည်းစာ၊ အချိုစာတွေကို လုံးဝရှောင်ကြဉ်ရပါမယ်။

၂ ။ ဂျုံဖြူ…
ပေါင်မုန့်အဖြူ၊ ခေါက်ဆွဲ၊ ကိတ်မုန့်၊ ကွက်ကီးအစရှိတာတွေကို ရှောင်ကြဉ်ရပါမယ်။

၃ ။ အချိုဖျော်ရည်…
သစ်သီးဖျော်ရည်၊ စွမ်းအားဖြည့်ဖျော်ရည်၊ အချိုရည်အအေးမျိုးစုံတွေကို မသောက်သင့်ပါ။

၄ ။ ကာဗိုဟိုက်ဒရိတ်အစားကြူးခြင်း…
အထူးသဖြင့်ထမင်း၊ အာလူးနဲ့ ပေါင်မုန့်ကို ပမာဏများများ စားသုံးတာကို ရှောင်ရပါမယ်။

၅ ။ အစာနပ်ရှောင်ခြင်း…
အန္တရာယ်များလှတဲ့ သွေးတွင်းသကြားပမာဏ အတက်အကျ များပြားနိုင်ပါတယ်။

၆ ။ ညဉ့်နက်ချိန်မှာ အစာစားခြင်း…
သွေးတွင်းသကြားပမာဏက နာရီပေါင်းများစွာ မြင့်တက်နေနိုင်ပါတယ်။

၇ ။ ဆီကြော်စာတွေ စားသုံးခြင်း…
အင်ဆူလင်ခံနိုင်အား မြင့်မားနိုင်ပါတယ်။

၈ ။ ထုတ်ပိုးထားတဲ့ အဆာပြေစာကိုစားသုံးခြင်း…
ခေါက်ဆွဲထုပ်၊ အာလူးကျော်၊ ဘီစကစ် စတာတွေကို မစားရပါ။

၉ ။ သစ်သီးဖျော်ရည် အလွန်အကျွံသောက်ခြင်း…
သစ်သီးကို အလုံးအတိုင်းစားသုံးတာက ဖျော်ရည် လုပ်သောက်တာထက် ပိုမိုကောင်းမွန်ပါတယ်။

၁၀ ။ ဆားအစားများလွန်းခြင်း…
သွေးပေါင်ချိန်( ဖိအား) မြင့်တက်နိုင်ပြီး ကျောက်ကပ်ဝန်ပိနိုင်ပါတယ်။

၁၁ ။ အထိုင်များတဲ့ ဘဝနေထိုင်မှုပုံစံ…
သွေးတွင်းသကြားပမာဏ ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။

၁၂ ။ နာတာရှည် စိတ်ဖိစီးနေခြင်း…
စိတ်ဖိစီးမှုဟော်မုန်းကြောင့် သွေးပေါင်ချိန် မြင့်တက်နိုင်ပါတယ်။

၁၃ ။ အိပ်ရေးမဝခြင်း…
အင်ဆူလင် ခံနိုင်အားမြင့်မားနိုင်ပါတယ်။

၁၄ ။ ခြေထောက်ကို ဂရုမစိုက်ဖို့ လျစ်လျူရှုထားခြင်း…
သေးငယ်တဲ့အနာတွေက ဆိုးဆိုးရွားရွားဖြစ်သွားနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

23/08/2026

😊😊😊

30/07/2026

ကျန်းမာရေးအတွက် သိမှတ်စရာ

၁ ။ သင့်လျှာကို ခြစ်ရင်…
အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

၂ ။ တစ်ကြိမ်ကိို လှေကား ၂ ထစ်စီတက်ရင်…
ခြေထောက်နဲ့ နှလုံးသန်မာနိုင်ပါတယ်။

၃ ။ ဦးရေပြားကို နှိပ်နယ်ပေးရင်…
သွေးလှည့်ပတ်မှု ကောင်းမွန်နိုင်ပါတယ်။

၄ ။ ညအချနိန် နနွင်းစားရင်…ရောင်ရမ်းမှု လျော့ကျနိုင်ပါတယ်။

၅ ။ ခြေထောက်ကို ဆားရည်နဲ့ စိမ်ရင်..
ပင်ပန်းနွမ်းနယ်တာလျော့ကျနိုင်ပါတယ်။

၆ ။ ဖုန်းကို airplane mode မှာထားပြီးအိပ်ရင်…EMF ( လျပ်စစ်သံလိုက်လှိုင်းစက်ကွင်း) လျော့နည်းနိုင်ပါတယ်။

၇ ။ ရေမချိုးခင် အုန်းဆီလိမ်းရင်…အရေပြားရေဓာတ် ပြည့်ဝနိုင်ပါတယ်။

၈ ။ ည ၈ နာရီနောက်ပိုင်းမှာ အပြာရောင်အလင်းတန်းနဲ့ ထိတွေ့မှု မရှိရင်( ဖုန်း၊ တီဗီ၊ ကွန်ပျူတာ၊ တက်ဘလက် မသုံးရင်)…မယ်လတိုနင် မြင့်တက်နိုင်ပါတယ်။

၉ ။ တင်းကျပ်တဲ့အဝတ်အစားတွေကို ရှောင်ကြဉ်ရင်…ပြန်ရည်စီးဆင်းမှုကို အထောက်အကူပြုပါတယ်။

၁၀ ။ မနက်ပိုင်းမှာ ကော်ဖီမသောက်ပဲ သတ္တုရည် ( ဆားရည်၊ ရှောက်ရည်၊ အုန်းရည်) သောက်ရင်…စွမ်းအင်ပြည့်ဝနိုင်ပါတယ်။

၁၁ ။ နေ့စဉ် အသက်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ရင်…အဆုတ်ကျယ်ပြန့်ပြီး စိတ်အေးချမ်းမှု ရရှိနိုင်ပါတယ်။

၁၂ ။ အချဉ်ဖောက်ထားတဲ့အစားအစာတွေကို စားသုံးရင်…အူကျန်းမာရေးသန်မာနိုင်ပါတယ်။

၁၃ ။ မနက်ပိုင်းနေရောင်ခြည်ကိုရရှိရင်…
ဟော်မုန်းညီမျှမှု ရရှိစေနိုင်ပါတယ်။

၁၄ ။ ကြေးခွက်နဲ့ ရေသောက်ရင်…အဆိပ်အတောက်ဖြေလုပ်ငန်းအတွက် အထောက်အကူရပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး

22/07/2026

သင်က ဘယ်အချိန်မှာ အိပ်စက်တတ်သူလဲ ?

၁ ။ ညသန်းခေါင် ၁၂ နာရီ နဲ့ မနက် ၃ နာရီကြား အိပ်တတ်သူဖြစ်ရင်…
စိတ်ခံစားချက်ရှုပ်ထွေးနေတတ်ပြီး အလွယ်တကူ ဒေါသထွက်နိုင်ပါတယ်။ ဇီဝဖြစ်စဉ် အနှောင့်အယှက်ဖြစ်တတ်ပါတယ်။

၂ ။ မနက် ၄ နာရီ မှ အိပ်တတ်သူဖြစ်ရင်..
ခန္ဓာကိုယ်လေးလံနိုင်ပြီး စိတ်ရှုပ်ထွေးနိုင်ပါတယ်။

၃ ။ မနက် ၇ - ၉ နာရီကြား အိပ်တတ်သူဖြစ်ရင်…
ခေါင်းကိုက်နိုင်ပြီး ပျင်းရိတဲ့ ခံစားမှု ရရှိနိုင်ပါတယ်။

၄ ။ မနက် ၁၁ နာရီ နဲ့ နေ့လယ် ၁ နာရီကြားအိပ်တတ်ရင်…
ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို စွမ်းအင် ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံးအချိန်ပါ။

၅ ။ ညနေ ၃ နာရီမှာ အိပ်စက်တတ်ရင်…
ညပိုင်းအိပ်တဲ့ပုံစံက ရှုပ်ထွေးနေပြီး စိတ်ခံစားမှု အတက်အကျ များနိုင်ပါတယ်။

၆ ။ ညနေ ၆ နာရီမှာ အိပ်စက်တတ်သူ ဖြစ်ရင်..
စိတ်ဂနာမငြိမ် ဖြစ်နိုင်ပြီး ညအိပ်ပျော်ဖို့ ခက်ခဲနိုင်ပါတယ်။

၇ ။ ည ၇ နာရီမှာ အိပ်စက်တတ်ရင်..
အိပ်ချိန် စောလွန်းနေသေးတဲ့အတွက် ညလယ်မှာ နိုးထနေနိုင်ပါတယ်။

၈ ။ ည ၈ -၉ နာရီကြားမှာ အိပ်စက်တတ်ရင်…
မနက်စောစော အိပ်ရာမှ နိုးထချင်သူအတွက် သင့်တော်ပြီး လန်းဆန်းမှု ရရှိနိုင်ပါတယ်။

၉ ။ ည ၁၀ နာရီမှာ အိပ်စက်တတ်သူဖြစ်ရင်…
သင့်ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နိုင်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်ပါတယ်။

၁၀ ။ ည ၁၁ နာရီမှာ အိပ်စက်တတ်သူဖြစ်ရင်…
အိပ်ရာမှ လေးလံစွာ နိုးထလာနိုင်ပြီး ဆဲလ်တွေရဲ့ ပြန်လည်ပြုပြင်တဲ့ လုပ်ငန်းစဉ် လျော့ကျနိုင်ပါတယ်။

ဒါကြောင့် ည ၁၀ နာရီလောက် အိပ်ရာဝင်ပြီး နေ့ခင်း ၁ နာရီလောက် ၁၀-၁၅ မိနစ်ခန့် တစ်မှေး အိပ်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး #ကျန်းမာရေးဗဟုသုတတွေ

19/07/2026

ကျန်းမာနေပါတယ်ဆိုတဲ့ အချက်ပြမှုများ

၁)အချိန်မှန် ဗိုက်ဆာနေတယ်လို့ ခံစားရတယ်
ဇီဝဖြစ်စဥ် အားကောင်းနေပါတယ်

၂)သေးငယ်တဲ့ ဒဏ်ရာ မြန်မြန်ပျောက်ကင်းတယ် - ကိုယ်ခံအားစနစ်ကောင်းနေပါတယိ

၃)နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါတယ်
သင့်ရဲ့ခန္ဓာကိုယ် ပြန်တည်ဆောက်တဲ့ အားကောင်းနေပါတယ်

၄)မကြာခဏ ရေငတ်တယ်လို့ ခံစားရတယ်
ကိုယ်ခန္ဓာ သက်ဝင်လှုပ်ရှားမှု အားကောင်းနေပါတယိ

၅) ဆီးပုံမှန်အဝါရောင်ရှိနေတယ် -ကျောက်ကပ်များ အားကောင်းစွာ အလုပ်လုပ့်နေပါတယိ

၆)အလွယ်တကူ ကြက်သီးထတက်တယ် -
အာရုံကြော တုန့်ပြန်မှု အားကောင်းနေပါတယ်

၇) အလွယ်တကူရယ်မောတက်တယ် -
သင့်ရဲ့စိတ် အပစ်အနာအဆာ မရှိ အားကောင်းနေပါတယ်

ဒေါက်တာကေခိုင်
#ကျန်းမာရေးဗဟုသုတတွေ

18/07/2026

ဆရာဝန်နဲ့ ပြသသင့်သော သင့်အသက် အန္တရာယ်ရှိနိုင်သည့် နာကျင်မှု ဝေဒနာများ

၁ ။ ရင်ပတ်အတွင်းတင်းကျပ်နေပြီး မေးရိုးနာကျင်ခြင်း။
Heart attack ဒါမှမဟုတ် သွေးကြောပိတ်ဆို့တဲ့ လက္ခဏာဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

၂ ။ ဝမ်းဗိုက်အတွင်း ရုတ်တရက် စူးစူးရှရှနာကျင်ခြင်း။
အူအတက်ရောင်တာ၊ အစာအိမ်အနာပေါက်ထွက်တာ ဒါမှမဟုတ် သည်းခြေရည် စီးဆင်းမှု ပိတ်ဆို့တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

၃ ။ခြေသလုံးကြွက်သား ပြင်းပြင်းထန်ထန် နာကျင်ခြင်း။
သွေးပြန်ကြော အတွင်း သွေးခဲပိတ်တာ ( Deep vein thrombosis DVT ) ကို ညွှန်ပြနေတာပါ။ သွေးခဲတုံးပြုတ်ထွက်ပြီး အဆုတ်ထဲရောက်သွားနိုင်တဲ့ Pulmonary embolism အန္တရာယ် ရှိပါတယ်။

၄ ။ စအိုမှ သွေးထွက်ခြင်း။
အူ Polyp ( အသီး) ဒါမှမဟုတ် ကင်ဆာအတွက် စစ်ဆေးစမ်းသပ်မှု ခံယူရပါမယ်။
လိပ်ခေါင်းထွက်တာလို့ပဲ မထင်မှတ်လိုက်ပါနဲ့ ။

၅ ။ ခြေ၊ လက်တွေ အမြဲတမ်း ထုံကျဉ်နေခြင်း။
ဆီးချိုကြောင့်ဖြစ်တဲ့ အာရုံကြောပြဿနာ၊ ဗီတာမင်ချို့တဲ့တာ ဒါမှမဟုတ် အာရုံကြော ရောဂါနဲ့ ဆက်စပ်မှု ရှိပါတယ်။

၆ ။ အဆစ် အမြဲတမ်း ရောင်ရမ်းနေခြင်း။
ရောဂါပိုးကူးစက်ခံရတာ ဒါမှမဟုတ် ရောင်ရမ်းမှုရောဂါ ရုတ်တရက်ထလာတာကြောင့်ပါ။

၇ ။ ရုတ်တရက်ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း။
ဦးနှောက်အတွင်း သွေးယိုစီးတာ ဒါမှမဟုတ် aneurysm ( သွေးကြောဖောင်းကားလာခြင်း ) ဖြစ်နိုင်ခြေ များပြားပါတယ်။

၈ ။ ဇက်ခိုင်တောင့်နေပြီး အဖျားရှိခြင်း။
ဦးနှောက်အမြှေးရောင်ရမ်းရောဂါ ဖြစ်နိုင်ပြီး ချက်ချင်းဆေးကုသခံယူဖို့ လိုအပ်ပါတယ်။

၉ ။ ခါးနောက်ကျော မခံမရပ်နိုင်အောင်နာကျင်ခြင်း။
ခါးရိုးကျွံတာ၊ ကျောရိုးမ ရောဂါပိုးကူးစက်ခံရတာ ဒါမှမဟုတ် ဝမ်းဗိုက်အတွင်းက သွေးကြောမကြီး ဖောင်းကား ( Aortic aneurysm ) တာ ဖြစ်နိုင်ပါတယ်။
၁၀ ။ နားအတွင်း ပြည့်ကျပ်နေပြီး အဖျားကြီးခြင်း။
နားထဲရောဂါပိုးကူးစက်ပျံ့နှံနေတဲ့ လက္ခဏာပါ။

၁၁ ။ ရုတ်တရက် အမြင် ပြောင်းလဲခြင်း။
မြင်လွှာကွာကျတာ၊ လေဖြတ်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ အာရုံကြောရောဂါပါ။

၁၂ ။ ဆီးစပ် Pelvis နေရာမှာ အမြဲတမ်း နာကျင်နေခြင်း။
မမျိုးဥအိမ် လိမ်ခေါက်နေတာ၊ နေရာလွှဲမှားသန္ဓေတည်တာ၊ တင်ပဆုံကွင်းအတွင်းင်္အဂါတွေရောင်ရမ်းရောဂါ ( Pelvic Inflammatory Disease PID )ဒါမှမဟုတ် endometriosis ( သားအိမ်အမြှေးပါး သားအိမ်ပြင်ပရောက်နေခြင်း )ကြောင့်ပါ။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး

16/07/2026

ကြက်ဥ တစ်လုံး စားလိုက်ရင်

၁ ။ ဗီတာမင် D ကို သဘာဝအတိုင်း ရရှိနိုင်ပါတယ်။

၂ ။ ဇီဝဖြစ်စဉ်နဲ့ အဆီလောင်ကျွမ်းမှု ကောင်းမွန်နိုင်ပါတယ်။

၃ ။ ကျန်းမာရေးကောင်းမွန်နိုင်တဲ့အဆီ HDL မြင့်မားနိုင်ပါတယ်။

၄ ။ ကြီးထွားဖို့နဲ့ ပြန်လည်ပြုပြင်နိုင်ဖို့ ပရိုတင်း ရရှိနိုင်ပါတယ်။

၅ ။ ဦးနှောက်နဲ့ အာရုံကြောစနစ်အတွက် ကိုလင်း ရရှိနိုင်ပါတယ်။

၆ ။ အမြင်အာရုံကောင်းနိုင်ဖို့ လူတင်းနဲ့ ဇီရာဇန်သင်းကို ရရှိနိုင်ပါတယ်။

၇ ။ အစာအတွက် စိတ်ကျေနပ်မှုရရှိပြီး ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ပါတယ်။

၈ ။ အသည်းကို အထောက်အပံ့ပေးနိုင်တဲ့ အဟာရတွေကို ရရှိနိုင်ပါတယ်။
၉ ။ သန္ဓေသားဖွံ့ဖြိုးကြီးထွားနိုင်ပါတယ်။

၁၀ ။ ကြက်ဥအနှစ်မှ ဗီတာမင် A, D, E , K နဲ့ B12 ကို ရရှိနိုင်ပါတယ်။

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ။
#ဒေါက်တာခင်မိုးမိုး #ကျန်းမာရေးဗဟုသုတတွေ

15/07/2026

✨သွေးပေါင်ချိန် ( ဖိအား ) တိုင်းတာရာမှာ မှန်ကန်တဲ့ အဖြေရရှိနိုင်ဖို့-

၁ ။ ဆီးအိမ်တင်းနေရင်
အပေါ်ဖိအား အမှတ် ၁၀-၁၅ မှတ် ပိုသွားနိုင်ပါတယ်။
အကြံပြုချက်။ ဆီးသွားပြီးမှ သွေးပေါင်ချိန်တိုင်းပါ။

၂ ။ သွေးပေါင်ချိန်တိုင်းနေစဉ် စကားပြောရင်
သွေးပေါင်ချိန် မြင့်တက်နိုင်ပါတယ်။
အကြံပြုချက်။ သွေးပေါင်ချိန်တိုင်းနေစဉ် ငြိမ်သက်စွာနေပါ။

၃ ။ ခြေချိတ်ထိုင်နေရင်
ဖိအားအမှတ် ၅-၈ မှတ် မြင့်တက်နိုင်ပါတယ်။
အကြံပြုချက်။ ခြေချိတ်ပြီး မထိုင်ပါနဲ့။

၄ ။ အိင်္ကျီလက်ပြတ်၊ စွပ်ကြယ်ဝတ်ပြီး( လက်မောင်းပေါ်အဝတ်အစား မပါပဲ) တိုင်းတာရင်
အဖြေမှားနိုင်ပါတယ်။
အကြံပြုချက်။ လက်တိုအိင်္ကျီဝတ်ပြီးတိုင်းပါ။

၅ ။ လက်မောင်းက နှလုံးနေရာထက် နိမ့်ကျနေရင်
သွေးပေါင်အမှတ် မြင့်မားနိုင်ပါတယ်။
အကြံပြုချက်။ လက်မောင်းက နှလုံးနေရာနဲ့ တစ်တန်းထဲ ရှိရပါမယ်။

၆ ။ ခါးနောက်ကျောမှာ အမှီမပါပဲ ထိုင်ပြီးတိုင်းရင်
သွေးပေါင်အမှတ်မြင့်တက်နိုင်ပါတယ်။
အကြံပြုချက်။ နောက်မှီပါတဲ့ ကုလားထိုင်မှာ ခြေချထိုင်ပြီး တိုင်းတာပါ။

၇ ။ လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်းတိုင်းရင်
အဖြေမှားနိုင်ပါတယ်။
အကြံပြုချက်။လှုပ်ရှားမှု ပြုလုပ်အပြီး နာရီဝက်လောက် နားပြီးမှ တိုင်းတာပါ။

၈ ။ ကော်ဖီသောက်ထားရင်
အဖြေမှားနိုင်ပါတယ်။
အကြံပြုချက်။ ကော်ဖီသောက်အပြီး နာရီဝက်ကြာမှ တိုင်းတာပါ။

၉ ။ စိတ်ဖိစီးမှုများနေရင် ဒါမှမဟုတ် စိုးရိမ်စိတ်များနေရင်
White coat syndrome ခေါ်တဲ့ သွေးတိုးရောဂါဖြစ်တတ်ပါတယ်။ မိမိအိမ်မှာ စိတ်ငြိမ်နေတဲ့ အချိန်တိုင်းတာရင် သွေးပေါင်ချိန်က ပုံမှန် ဖြစ်နေပေမဲ့ ဆေးရုံ ဆေးခန်းမှာတိုင်းရင် သွေးတိုးနေတာပါ။
အကြံပြုချက်။ အသက်ပြင်းပြင်းရှူသွင်းရှူထုတ် ပြုလုပ်ပါ။ စိတ်ငြိမ်အောင် ၁၀-၁၅ မိနစ်လောက် စောင့်ပြီးမှ ပြန်တိုင်းပါ။ သင့်ဆရာဝန်ကို သင့်အိမ်မှာတိုင်းတာတဲ့ ရလဒ် အဖြေကို ပြောပြပါ။

၁၀ ။ သွေးပေါင်ချိန်တိုင်းတဲ့ လက်ပတ်က သင့်လက်နဲ့ သေးငယ်လွန်းနေရင်
သွေးဖိအားမြင့်တက်နေပြီး အဖြေမှားယွင်းနိုင်ပါတယ်။
#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
*လေးစားစွာဖြင့်-
-ဒေါက်တာခင်မိုးမိုး(Good Health Journal) #ကျန်းမာရေးဗဟုသုတတွေ

12/07/2026

အိမ်သာထဲမှ ရောဂါသဲလွန်စ 🤭

၁ ။ ညအချိန် မကြာခဏ ဆီးသွားခြင်း။
လူတွေအတွေး - အသက်အရွယ်ကြီးလာတာကြောင့်
ဆရာဝန်အတွေး - ဆီးချို ဒါမှမဟုတ် ကျောက်ကပ် ရောဂါ

၂ ။ ဆီးအမြှုပ်ထတာ မပျောက်ခြင်း
လူတွေအတွေး - ရေဖိအားကြောင့်
ဆရာဝန်အတွေး - ဆီးထဲ ပရိုတင်းစိမ့်ထွက်ခြင်း ( ကျောက်ကပ်ပျက်စီးခါစ )

၃ ။ ဝမ်း( အီအီး) ပုံစံ / အရွယ် ရုတ်တရက် ပြောင်းလဲခြင်း
လူတွေအတွေး - အစားအစာကြောင့်
ဆရာဝန်အတွေး - အူရောင်ရမ်းခြင်း ဒါမှမဟုတ် ပိတ်ဆို့ခံရခြင်း

၄ ။ ဆီး ဒါမှမဟုတ် ဝမ်းမှာ သွေးပါခြင်း ( တစ်ကြိမ်ထဲ ပါရင်တောင်)
လူတွေအတွေး - လိပ်ခေါင်းဖြစ်တာကြောင့်
ဆရာဝန်အတွေး - အူရောင်ရမ်းခြင်း ဒါမှမဟုတ် ပိတ်ဆို့ခံရခြင်း

၅ ။ ဆီးအနံ့ အလွန်ပြင်းခြင်း
လူတွေအတွေး - စားလိုက်တဲ့ အစားအစာကြောင့်
ဆရာဝန်အတွေး - ရောဂါပိုးဝင်ခြင်း ဒါမှမဟုတ် ရေဓာတ်ချို့တဲ့ခြင်း

၆ ။ ဝမ်းချုပ်ခြင်း ဒါမှမဟုတ် ဝမ်းပျက်ခြင်း
လူတွေအတွေး - အစာခြေစနစ်အားနည်းခြင်း
ဆရာဝန်အတွေး - ဟော်မုန်း ဒါမှမဟုတ် အူလမ်းကြောင်းပြဿနာ

၇ ။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်ခြင်း
လူတွေအတွေး - ဆီးလမ်းကြောင်းပိုးဝင်ရုံပါ
ဆရာဝန်အတွေး - ရောဂါပိုးတွေ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်သို့ ပျံ့နှံ့

၈ ။ အိမ်သာတက်အပြီးပင်ပန်းနေခြင်း။
လူတွေအတွေး - ပုံမှန်ပါ။
ဆရာဝန်အတွေး - သွေးအားနည်းရောဂါ ဒါမှမဟုတ် ကျောက်ကပ်ပြဿနာ

#အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ
#ဒေါက်တာခင်မိုးမိုး #ကျန်းမာရေးဗဟုသုတ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Swe Swe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share