
20/09/2025
Our Unforgettable Journey from Bali to Ijen Volcano
🌋ဒီတစ်ခါတော့ ကမ္ဘာပေါ်မှာ နေရာနည်းနည်းမှာပဲ ရှိတဲ့ 'Blue Fire' (အပြာရောင် မီးတောက်) ကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ experience လေးကို မျှဝေပေးချင်ပါတယ်..အင်ဒိုနီးရှားက Java ကျွန်းမှာရှိတဲ့ Mount Ijen မီးတောင်ပါ..
🌋East java ဘက်ခရီးစဉ်တွေကို လေယာဉ်နဲ့ သွားလို့ ရသလို bee တို့လို Bali ဘက်ရောက်ပြီးမှ East java ဘက်ကိုကားနဲ့ပြန်သွားချင်သူတွေအတွက် မျှဝေပေးမယ်နော်..
🌋ကား ၂ ဆင့် သင်္ဘောတစ်ဆင့် စီးရတာဖြစ်လို့ transportation အဆင်ပြေအောင် package ဝယ်လိုက်တာအကောင်းဆုံးပါ..Bali မှာနီးစပ်ရာနေရာတွေမှာMount Ijen အတွက် package တွေ ဝယ်လို့ရပါတယ်..
📍 ခရီးစဉ် အဆင့်ဆင့် (Bali to Ijen)
1. Bali ➡️ Gilimanuk Port (by Car/Van): ည နေ 6နာရီလောက်ဝန်းကျင်လောက် တာဝန်ရှိတဲ့ ကား driver က hotel ကိုလာခေါ်ပါတယ် ..အထူးသဖြင့် Kuta/Seminyak/Canggu ကနေ ကားစီးပြီး စတင်ထွက်ခွာရပါတယ်။ ကားစီးရတာ ၄နာရီကျော်လောက်ကြာတယ်.. အိပ်လို့လဲမပျော်ဘူး၊ တဝက်တပျက် အိပ်ငိုက်ရင်း သဘော်ကြီးထပ်ပြောင်းစီးရမယ့်နေရာရောက်သွားရော..🥱
2. Gilimanuk ➡️ Ketapang Port (by Ferry): Gilimanuk ဆိပ်ကမ်းရောက်ရင် သင်္ဘောစီးရပါမယ်..သင်္ဘောစီးချိန်က ၁ နာရီခန့်ပါ..ပြီးရင်တော့Java ကျွန်းဘက်ကို ရောက်သွားပါပြီ 😍
3. Ketapang Port ➡️ Ijen Basecamp (by Car): Java ကျွန်းပေါ်ရောက်ရင် ကားထပ်စီးပြီး Ijen မီးတောင်ခြေရင်းကို ဆက်သွားရပါတယ်..၁ နာရီခွဲလောက်ကားထပ်စီးရပါတယ် 😬
4. Basecamp ➡️ Crater Rim (by Foot/Trekking): မနက် ၁နာရီခွဲဝန်းကျင်လောက်မှာ တောင်ခြေရင်းက campsite ရောက်ပါပြီ..သူတို့ gas mask တွေပေးပြီးလိုအပ်တာတွေပြောပြပါတယ်..ဗိုက်ဆာတတ်သူတွေက အဲ့မှာသူတို့ပေးတဲ့food box လေးတွေစားလို့ရပါတယ်..ကော်ဖီတို့ ခေါက်ဆွဲပြုတ်တို့ဝယ်စားချင်လည်းရတယ်..ပြီးတော့အပေါ့အပါးသွားချင်ရင် တောင်မတက်ခင်အဲ့မှာတစ်ခါတည်းကြိုသွားထားပါ..မနက်၂နာရီမှာTrekking စတက်ပါတယ်..သူက တက်ပြီးမှ တစ်ခါမီးတောင်ကြမ်းပြင်အတွင်းထဲကို ပြန်ဆင်းရတာပါ..တောင်ခြေကနေစတက်တာ အတွင်းထဲက blue fire ဆီရောက်ဖို့ ၂နာရီကျော်ဝန်းကျင်ကြာပါတယ်..
🔥 Blue Fire ကို မြင်ရဖို့ဆိုရင်
မနက် ၄ နာရီခွဲမတိုင်ခင် ရောက်အောင်သွားရပါမယ်.. နေထွက်ပြီးရင်တော့ သူ့အလင်းရောင်ကို မမြင်ရတော့ပါဘူး..ဒါကြောင့် သက်လုံကောင်းကောင်းနဲ့ အချိန်မှီရောက်ဖို့လိုပါတယ်..💪🏻
🌋မီးတောင်ကြမ်းပြင်ထဲကို ဆင်းကြည့်ဖို့အတွက်sulfur fumes တွေမရှူမိအောင် အကာအကွယ်အနေနဲ့ gas mask နဲ့ မျက်မှန်ငှားဖို့ မမေ့ပါနဲ့..
တက်နေရင်း တအားပင်ပန်းလာရင် သူတို့ဒေသအခေါ်အဝေါ် လန်ဘော်ဂီနီ ဆိုလား 😅
အဲ့ တွန်းလှည်းလေးတွေစီးပြီးတက်လို့ရပါတယ်.
ဈေးတော့တော်တော်တောင်းတယ်..အကူအညီလိုရင် ဒေသခံ guide တွေကိုပြောပြပါ..
💰 ကုန်ကျစရိတ်
👉🏻Tour Package (Bali return): IDR 1,200,000 - 1,500,000 (အဖွဲ့လိုက်/သီးသန့်၊ Bali round trip transportation ပါ/မပါ ပေါ်မူတည်)
👉🏻Gas Mask / Headlamp နဲ့ food box ကတော့ ဝယ်တဲ့ package ထဲမှာပါပြီးသားမလို့ သူတို့ပေးပါတယ်
👉🏻protective goggles ကတော့မျက်လုံးအတွက် အကာအကွယ်အနေနဲ့ ကိုယ် လိုအပ်ရင် ငှားလို့ရပါတယ် Rental fee: IDR 15000-20000
🎒 ဘာတွေယူသွားသင့်လဲ? (Packing List)
👉🏻အပူခံအအေးခံ အင်္ကျီ ညဘက် အေးပါတယ်၊ တက်ရင်း ပူလာမယ်..Layer လုပ်ပါ..
👉🏻Trekking ဖိနပ်ကောင်းကောင်း (slippers အဆင်မပြေ)
👉🏻ရေ နဲ့ အဆာပြေစားဖို့ မုန့်အချို့
👉🏻Power Bankယူသွားပါ ဓာတ်ပုံတွေ အများကြီးရိုက်မိမှာမို့လို့ ပါ😜
⚠️ သတိထားရမယ့်အချက်များ
👉🏻ကျန်းမာရေးအသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာရှိသူများ သွားဖို့ သိပ်မသင့်တော်ပါ..မီးတောင်ကထွက်တဲ့ sulfur fumes တွေရဲ့ အနံ့ကတော်တော်ပြင်းပြီး မွှန်တာ bee ဆို မျက်ရည်ပူတွေပါ ကျတယ်..gas mask တပ်ထားလည်းမရဘူး..အဲ့အနံ့ကြီးက အနည်းနဲ့အများတော့ရှုမိတာပဲ..
💙Blue Fire ပြီးရင် နေထွက်ချိန်ကိုစောင့်ပါ..မီးတောင် အက်စစ်ကန်ပြာပြာကြီးနဲ့ နေထွက်ချိန်မြင်ကွင်းက မီးတောင်ထိပ်ကနေ ကြည့်ရတာတကယိ့အရသာ..အရမ်းပင်ပန်းခဲ့ရပေမယ့် ဒီ view တွေ့တဲ့အခါ အရမ်းတန်တယ်လို့ခံစားရတယ် 🥰
🗻အားလုံးပဲ Ijen ရဲ့ ထူးဆန်းအံ့သြဖွယ် Blue Fire ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုနိုင်ကြပါစေနော်!😚