Burmese TV

Burmese TV Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Burmese TV, Video Creator, .

ဂဏန်း 3လုံးမှန်အောင်ဖြေနိုင်တဲ့သူKpay or bill 10000ယူ😍
29/06/2024

ဂဏန်း 3လုံးမှန်အောင်ဖြေနိုင်တဲ့သူ

Kpay or bill 10000ယူ😍

နေဝင်းရဲ့ သွေးအေးအေး မာန်ပါပါသရုပ်ဆောင်တတ်မှုကြီးကိုချီးကြူးတတ်ကြသလို အိုဗာမတင်းတဲ့ သူ့ရဲ့အိုက်တင်တွေက ဝါရင့်မင်းသားကြီး...
29/06/2024

နေဝင်းရဲ့ သွေးအေးအေး မာန်ပါပါသရုပ်ဆောင်တတ်မှုကြီးကိုချီးကြူးတတ်ကြသလို အိုဗာမတင်းတဲ့ သူ့ရဲ့အိုက်တင်တွေက ဝါရင့်မင်းသားကြီးကျော်ဟိန်းနဲ့တူတဲ့သူဆိုပြီးတော့ပါ ထင်ကြေးပေးခြင်းကိုခံထားရပါတယ်။

Rapperအဆိုတော်တစ်ဦးအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ နေဝင်းကတော့ ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။ တေးသီချင်းပေါင်းများစွာကို snare ဆိုတဲ့ အဖွဲ့နဲ့ ဖန်တီးထုတ်လုပ်ခဲ့ပြီးလူငယ်တွေကြားမှာ သူ့ရဲ့ သီချင်းတွေက မသိတဲ့သူမရှိသလောက်ပါပဲ။ သူမနဲ့အိမ်မက်သီချင်းကတော့ သူ့ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်လို့နေပြီးတော့ ဂီတလောကမှာလည်းဆုများစွာကိုလက်ခံရရှိသူပါ။

အချစ်ရေးမှာလည်း beauty blogger မလေး အိမ့်ချစ်ချောဆိုသူနဲ့ ၂၀၀၉ ခုနှစ်ကတည်းက စတင်တွဲလာခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ကျသွားတာပြီး တစ်နှစ်ခွဲအကျော်မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သမီးဦးလေးကိုရရှိပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။ နေဝင်းက အိမ့်ချစ်ချောအပေါ် ချစ်တတ်မှုတွေကြောင့်လည်း အမျိုးသမီးထုကြီးရဲ့ အားကျခြင်းကိုလည်း အမြဲလိုလိုခံရလေ့ရှိသူပါ။ လက်ရှိမှာနေဝင်းက သီချင်းပိုင်းကို အားသိပ်မစိုက်ဖြစ်တော့ပဲ ၂၀၂၃ ခုနှစ်အစပိုင်းကတည်းက သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရည်ရွယ်မိုးဆိုတဲ့ ဇာတ်ကားကြီးမှာ ကျော်ရဲအောင် ၊ ရဲရင့်အောင် ၊ မေမြင့်မိုရ် ၊တို့နဲ့အတူ အကောင်းဆုံးကြိုးစားကာပါဝင်သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ နေဝင်းရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဖြစ်လို့နေခဲ့ပေမယ့်လည်း သူငအပိုအလိုမရှိကောင်းစွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့် လူအများစုရဲ့ အားပေးခြင်းကိုထပ်မံရရှိခဲ့ပါတယ်။ သရုပ်ဆောင်လောကစစချင်းမှာပင် နာမည်ရလာတဲ့ နေဝင်းက အောင်မြင်မှုတွေရရှိဖို့အတွက် အရှိန်အဟုန်ကောင်းကောင်းတစ်ခုနဲ့ ချီတက်လာခဲ့ပါတယ်။

နေဝင်းရဲ့ ကျော်ကြားမှုတွေကိုအတောင်ပံတပ်ပေးမယ့် ဇာတ်ကားကတော့ စာရိတ္တဆိုတဲ့ ဇာတ်ကားကြီးနဲ့ဖြစ်ပြီး မျိုးကျော် ဆိုတဲ့ ကာရိုက်တာနဲ့ မသိတဲ့သူမရှိဖြစ်လာခဲ့ပါတယ်။ အဆိုပါဇာတ်ကားထဲက နေဝင်းရဲ့ မျိုးကျော်ကိုရှောင် ၊ အဖြူထည်ကြီးပါ ဆိုတဲ့ ဒိုင်ယာလော့ခ်တိုတိုလေးတွေက ပျိုမဒီတွေကြားမှာ ပေါက်သွားခဲ့ဖြစ်ပါတယ်။ ဇိုးတစ်ဦးဖြစ်ပေမယ့်လည်းအချစ်နဲ့တွေ့ရင် နူးညံ့ပြောင်းလဲတတ်တယ်ဆိုတဲ့ ကာရိုက်တာကို သဘာဝအကျဆုံးသရုပ်ဆောင်နိုင်ခဲ့တာဖြစ်တာကြောင့် လူကြိုက်အများဆုံးဇာတ်ကားတစ်ကားလည်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုနဲ့ ၂၀၂၃ ခုနှစ်အကုန်မှာတော့ နေဝင်းဆိုတဲ့ နာမည်ဟာ သရုပ်ဆောင်လောကထဲမှာ အချိန်တိုအတွင်းရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပရိတ်သတ်အများစုကလည်း နေဝင်းရဲ့ သွေးအေးအေး မာန်ပါပါသရုပ်ဆောင်တတ်မှုကြီးကိုချီးကြူးတတ်ကြသလို အိုဗာမတင်းတဲ့ သူ့ရဲ့အိုက်တင်တွေက ဝါရင့်မင်းသားကြီးကျော်ဟိန်းနဲ့တူတဲ့သူဆိုပြီးတော့ပါ ထင်ကြေးပေးခြင်းကိုခံထားရတာဖြစ်ပါတယ်။ ဒီလိုတွေကြောင့်ပဲ နေဝင်းကသူ့ဘဝရဲ့ ပထမဆုံးအကယ်ဒမီဆုကြီးကိုပါ ၂၀၂၃ နှစ်မှာရရှိပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်မိုးဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုရရှိသွားခဲ့သလို သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာပြီး နှစ်ကားနဲ့တင်အကယ်ဒမီဆုရရှိသွားတာကြောင့် နေဝင်းအနေနဲ့လက်ရှိမှာ ထိပ်တန်းမင်းသားစာရင်းကိုရောက်ရှိလို့နေခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီမင်းသားတစ်လက်ဖြစ်လို့သွားတာနဲ့တစ်ပြိုင်နက်နေဝင်းရဲ့ အနုပညာကြေးကလည်း အရင် သိန်း ၈၀ ဝန်းကျင်ကနေ သိန်း ၄၀၀ လောက်အထိကိုတက်လို့သွားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ထိပ်တန်းမင်းသားတစ်လက်လို့ လူတွေရဲ့ သတ်မှတ်ခြင်းခံထားရတဲ့ မင်းသားမြင့်မြတ်နဲ့ အတူတူ ထင်ပေါ်ကျော်ကြားရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဟာသပျက်လုံးများနဲ့ထပ်မံပေါက်ခဲ့သလို ရှယ်အော်လံဆိုတဲ့ ဟာသဇာတ်ကားကြီးမှာလည်းမတူညီတဲ့ ဇာတ်ရုပ်တစ်ခုကိုချပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဟာသရော ဒရာမာပါ ကျွမ်းကျင်ပိုင်နိုင်တဲ့သူတစ်ဦးဖြစ်နေခဲ့တာကြောင့် နေဝင်းရဲ့ဇာတ်ကားတွေကထွက်ရှိတိုင်းကျော်ကြားနေခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်အများစုရဲ့ ရင်ဘတ်ထဲကမင်းသားတစ်လက်ဖြစ်နေခဲ့ပြီဖြစ်တဲ့အတွက် ပရိုဂျုဆာတော်တော်များများကပါ နေဝင်းကို သူ့ထက်ငါအရယူဖို့အတွက် အားထုတ်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းခုနှစ်တွေမှာ ရုပ်ရှင်ကြည့်တိုင်း မြင့်မြတ်ကြီးပဲ ဖြစ်နေတာကြောင့် ငြီးငွေ့နေပြီဖြစ်တဲ့အတွက်ပရိတ်သတ်တွေကပါ နေဝင်းက မြင့်မြတ်ရဲ့ အပြိုင်မင်းသားတစ်ယောက်ဖြစ်လာမယ်ဆိုပြီးတော့ ပါ ပြောဆိုနေခဲ့ကြတာဖြစ်ပါတယ်။

နေဝင်းကတော့ မြင့်မြတ်နဲ့ပြိုင်ဆိုင်နေရတာထက် ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်ကြိုးစားနေခဲ့တာပါ။ မြင့်မြတ်ကလက်ရှိမှာလည်း ငြင်းမရနိုင်တဲ့ အကောင်းဆုံးသရုပ်ဆောင်တစ်ဦးဆိုတာ အားလုံးလည်းသိကြမယ်ထင်ပါတယ်။ မြင့်မြတ်က ကျွန်တော်ထက် သာလွန်နေတဲ့သရုပ်ဆောင်တစ်ဦးဖြစ်တာကြောင့် မြင့်မြတ်နဲ့ ကိုလေးစားမှုအပြည့်အဝရှိပါတယ်ဆိုပြီး အင်တာဗျုုးတစ်ခုမှာပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ နှစ်ဦးလုံးကလက်ရှိမှာ မြန်မာပြည်ရဲ့ ငြင်းမရတဲ့ ထိပ်တန်းမင်းသားတွေဖြစ်လို့နေတာကြောင့် ရေရှည်မှာ ဘယ်သူက ပိုအောင်မြင်တဲ့ အနုပညာရှင်ဖြစ်နေမလဲဆိုတာက ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ဟုတ်ကဲ့ပါ ပရိတ်သတ်ကြီးတို့အနေနဲ့ရော ရက်ပါအဆိုတော်ကနော် အောင်မြင်ကျော်ကြားလာတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်လူသိများနေခဲ့တဲ သရုပ်ဆောင်နေဝင်းရဲ့ သရုပ်ဆောင်မှုတွေအပေါ်ထင်မြင်ချက်လေးတွေကောမန့်မှာရေးပေးသွားကြပါဦးနော်။

ဒီပုံလေးကိုကြည့်ပြီး ဘာတွေတွေးမိသွားလဲဖြေခဲ့ကြအုံး
29/06/2024

ဒီပုံလေးကိုကြည့်ပြီး ဘာတွေတွေးမိသွားလဲဖြေခဲ့ကြအုံး

ခွေး၂ကောင်ပျောက်နေလို့ကူရှာပေးပါအုံး
29/06/2024

ခွေး၂ကောင်ပျောက်နေလို့ကူရှာပေးပါအုံး

သားသမီးကောင်းတွေရထားလို့ ကျေနပ်နေတဲ့ ခင်လှိုင်
29/06/2024

သားသမီးကောင်းတွေရထားလို့ ကျေနပ်နေတဲ့ ခင်လှိုင်

သားသမီးကောင်းတွေရထားလို့ ကျေနပ်နေတဲ့ ခင်လှိုင်  

ရွှေကို ဘယ်လူမျိုးက ပထမဆုံးတွေ့ရှိခဲ့ကြတာလဲ ဖြေပေးခဲ့ကြပါ   #ဉာဏ်စမ်း
28/06/2024

ရွှေကို ဘယ်လူမျိုးက ပထမဆုံးတွေ့ရှိခဲ့ကြတာလဲ ဖြေပေးခဲ့ကြပါ

#ဉာဏ်စမ်း

အီရတ်သဲကန္တာရရှိ စစ်တပ်စခန်းတခုကိုဗိုလ်ကြီးအသစ် ပြောင်းလာတယ်..ရောက်ရောက်ချင်း တပ်ကိုစစ်ဆေးတော့ရွက်ဖျင်တဲအနီးမှာ ကုလားအုပ...
28/06/2024

အီရတ်သဲကန္တာရရှိ စစ်တပ်စခန်းတခုကို

ဗိုလ်ကြီးအသစ် ပြောင်းလာတယ်..

ရောက်ရောက်ချင်း တပ်ကိုစစ်ဆေးတော့

ရွက်ဖျင်တဲအနီးမှာ ကုလားအုပ်မကြီးတကောင်

တွေ့လိုက်တော့ တပ်ကြပ်ကြီးကို

"ဟေ့ ဒီကုလားအုတ်မကြီးက ဘာအတွက်လဲကွ"

"ဒီလိုပါဗိုလ်ကြီး...ကျွန်တော်တို့ဟာ နှစ်နဲ့ချီပြီး

သားပစ် မယားပစ်လာရတာဆိုတော့

သွေးသားဆန္ဒ မအောင့်နိူင်ဘူးလေ..

ဒါကြောင့် ဒီကုလားအုတ်မကြီးကို.. . ကို..,,,,,,,"

"တော်ပြီ ဆက်မပြောနဲ့..

ငါသဘောပေါက်ပြီ "

ဒီလိုနဲ့

လနဲနဲကြာလာတဲ့အခါ ဗိုလ်ကြီးဆိုတဲ့ကောင်

မနေနိုင် မထိုင်နိုင် ဖြစ်လာပြီး

ကုလားအုတ်မကြီးနားကို လှေကားယူလာဖို့

တပ်ကြပ်ကြီးကို အမိန့်ပေးလိုက်တယ်..

လှေကား ရောက်လာတာနဲ့

ကုလားအုတ်မကြီးနောက်မှာထောင်ပြီး

လုပ်စရာရှိတာ လုပ်တော့တာပေါ့

ကိစ္စပြီးတော့ ဗိုလ်ကြီးက လှေကားပေါ်က

ဆင်းလာပြီး တပ်ကြပ်ကြီးကို

"ဘယ်လိုလဲ...

တခြားသူတွေလည်း ဆန္ဒရှိရင် ငါ့လိုပဲမလား"

"တခြားသူတွေကတော့ ဆန္ဒရှိရင်

ကုလားအုတ်မကြီး စီးပြီး

ကောင်မလေးတွေရှိတဲ့အိမ် သွားကြတာ ဗိုလ်ကြီးရ..

ဗိုလ်ကြီးကျမှ........."

မြန်မာပြည်ရဲ့ အိုဗာအိုက်တင် အလုပ်ဆုံး အနုပညာရှင်များအနုပညာလောကထဲမှာ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကျရာဇာတ်ရုပ်တွေမှာ အိုဗာအိုက...
28/06/2024

မြန်မာပြည်ရဲ့ အိုဗာအိုက်တင် အလုပ်ဆုံး အနုပညာရှင်များ

အနုပညာလောကထဲမှာ ဇာတ်ရုပ်ပီပြင်ဖို့အတွက် ကျရာဇာတ်ရုပ်တွေမှာ အိုဗာအိုက်တင်လုပ်ပြီး ပရိတ်သတ်တွေရင်ထဲရောက်လာတဲ့ သူတွေလည်းရှိကြပါတယ်။ သူတို့တွေကတော့ ဘယ်သူတွေဖြစ်မလဲ

(၁) အေးချမ်းမောင်

အေးချမ်းမောင်ကိုတော့ သမီးဆိုးဇာတ်ကားမှာ ဇော်ဇော်ဆိုတဲ့ ကာရိုက်တာနဲ့လူသိများကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ အပြင်မှာ အနေအထိုင်အေးဆေးတဲ့အေးချမ်းမောင်က ရုပ်ရှင်ဇာတ်ကားပေါ်ရောက်သွားပြီဆိုတာနဲ့ ကြမ်းကြမ်းတမ်းတမ်းပုံစံမျိုးနဲ့ မတူညီတဲ့ ဇာတ်ကောင်စရိုက်တွေကိုပြောင်းလဲသွားတာလည်းဖြစ်ပါတယ်။ အနုပညာရှင်မင်းသမီးတွေကိုလည်းအသားယူတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး ကြမ်းတမ်းတဲ့ ကာရိုက်တာစရိုက်တွေနဲ့ တစ်သားတည်းကျနေခဲ့တာဟာ အိုဗာ တင်းတွေဇွတ်လုပ်နေခဲ့သလိုဖြစ်ပါတယ်။ စိတ်ဆိုးဒေါသထွက်တဲ့ အခန်းတွေဆိုရင်လည်း ဝုန်းဒိုင်းကြဲ တတ်သလို ချစ်သောနှင်းဆီဇာတ်ကားမှာ သူ့ရဲ့ သရုပ်ဆောင်ခန်းတစ်ချို့ကလည်း အိုဗာတင်းနေတဲ့ အတွက်ကြောင့် တစ်ချို့သော ပရိတ်သတ်တွေရဲ့ အိုဗာမင်းသားဆိုပြီး နာမည်ပြောင်ပေးထားခြင်းကိုခံထားရတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အိုဗာအိုက်တင်တွေလုပ်ရတာဟာ ဇာတ်ကောင်ကာရိုက်တာကို အပီပြင်ဆုံးကြိုးစားနေတာဖြစ်ပြီး မင်းသမီးတွေကို အသားယူတာမဟုတ်သလို အလုပ်တစ်ခုကိုအလုပ်လို တန်ဖိုးထားတဲ့ အတွက်ကြိုးစားရုံသတ်သတ်ပဲဆိုပြီးတော့ပါ ဝေဖန်သူများကိုတုန့်ပြန့်ထားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလက်ခံထားရသလို အနာဂတ်မှာ မြင့်မြတ်ခေတ်အလွန် အကောင်းဆုံးမင်းသားဆိုပြီးတော့ပါ ထင်ကြေးပေးသတ်မှတ်ခြင်းခံထားရတာပဲဖြစ်ပါတယ်။

(၂) ထက်ထက်ထွန်း

ထက်ထက်ထွန်းကတော့ အနုပညာလောကထဲကို မော်ဒယ်လောကနေ စတင်အခြေချလာခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ထက်ထက်ထွန်းက miss universe myanmar ကိုအရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူမဟာ မြန်မာကိုယ်စားပြုအဖြစ် miss universe ပြိုင်ပွဲကြီးကိုသွားရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို အကောင်းဆုံးနိုင်ငံတကာ ဝတ်စုံဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယိ။သရုပ်ဆောင်လောကကိုလည်း ၂၀၁၇ လောက်မှာ စတင်အခြေချခဲ့တာဖြစ်ပြီး ထင်သလောက်
အောင်မြင်မှုတွေမရှိခဲ့ပါဘူး။ ဗီဒီယိုခေတ်ကုန်ဆုံးသွားပြီးဇာတ်လမ်းတွဲခေတ်စားလိုက်ချိန်မှာတော့ သူမကို သမီးဆိုး၊ အိမ်ထောင်၊ လောင်ဆိုတဲ့ ဇာတ်ကားတွေမှာ လူသိများလာခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းတွဲတွေမှာ ကျရာဇာတ်ရုပ်ကိုအပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့အပြင် အိုဗာအိုက်တင်တွေလုပ်ပြီး သူမပင်ကိုယ်စရိုက်နဲ့ပေါင်းလိုက်တဲ့ အခါမှာတော့ ကွက်တိဖြစ်လို့နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ထက်ထက်ထွန်းကို ဇာတ်လမ်းတွဲမင်းသမီးလို့နာမည်ပြောင်ရရှိထားခဲ့တာဖြစ်ပါတယ်။ သူမက ထင်ပေါ်ကျော်ကြား၊ တခုတ်တရ အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ခွင့်ရရှိပြီးနောက်နာမည်ပိုပိုကြီးလာခဲ့တာဖြစ်ပါတယ်။ သူမပါဝင်ထားခဲ့တဲ့ တခုတ်တရ ဇာတ်ကားမှာလည်း အိမ်ထောင်ရှိ အမျိုးသားတစ်ဦးရဲ့ အငယ်အနှောင်းနေရာမှာ သရုပ်ဆောင်ထားခဲ့ရတာဖြစ်ပြီး ကိုရီးယားဇာတ်ကား တွေထဲကအတိုင်းကျော်လွန်၍ အိုဗာတင်းတွေလုပ်ခဲ့တာကြောင့် ပရိတ်သတ်တွေအားပေးမှု အလွန်အမင်းရရှိနေခဲ့တာလည်းဖြစ်ပါတယ်။

(3) မိုးဟေကို

အသက်လေးဆယ်နားကပ်နေပြီဖြစ်တဲ့ မိုးဟေကိုကတော့ အနုပညာလောကထဲရောက်ရှိနေတာဟာ နှစ်နှစ်ဆယ်ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ မန္တလေးသူလေးတစ်ဦးဖြစ်တဲ့ မိုးဟေကိုက သူမ၈ တန်းအရွယ်ကတည်းက မော်ဒယ်တင်မိုးလွင်ဆီမှာ အနုပညာသင်တန်းတွေက စတင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးကာမော်ဒယ်လောကကနေ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်အရောက်မှာတော့ အိမ်မက်အလွန်ဆိုတဲ့ဇာတ်ကားကြီးမှာ ခေါင်းဆောင်မင်းသမီးနေရာကနေ စတင်ပါဝင်ခွင့်ရရှိလာတာဖြစ်ပါတယ်။ သူမက ဗီဒီယိုခေတ်မှာရော ရုပ်ရှင်ဇာတ်ကားကြီးတွေမြောက်များစွာ ပါဝင်သရုပ်ဆောင််ခွင့်ရရှိခဲ့သော်လည်း အကယ်ဒမီဆုကိုမရရှိဖူးသေးတဲ့ ထိပ်တန်းမင်းသမီးတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မိုးဟေကို ကအနုပညာထက်စီးပွါးရေးကိုပဲအားစိုက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမအနေနဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပေမယ့် အကယ်ဒမီမရခဲ့တဲ့ မင်းသမီးဆိုပြီး မဖြစ်ချင်တာကြောင့် မဟာ အက်ကနေပြသခဲ့တဲ့ အမုန်းဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ပြီး ပြန်လည်ကမ်းဘတ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝိုင်းနဲ့ထိရင်ရွှေဆိုတဲ့ စကားအတိုင်းယုံကြည်တာကြောင့် ဒါရိုက်တာဝိုင်းရဲ့ ဆုံးမသွန်သင်မှုတွေနဲ့အတူ မိတင်စိန် တခုတ်တရ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို ထပ်မံရိုက်ကူးခဲ့ပါတယိ။ အဆိုပါဇာတ်ကားတွေမှာလည်း မိုးဟေကိုက သူမရဲ့ အိုဗာအိုက်တင်များကို အခုထက်ထိမလျော့နိုင်သေးတာကိုမြင်ရပြီး ပရိတ်သတ်တစ်ချို့က သူမရဲ့ မိတင်စိန်ဇာတ်ကားဟာ သက်မွန်မြင့်လောက်မကောင်းဘူးဆိုကာဝေဖန်နေကြတာဖြစ်ပါတယ်။ အဆိုပါမိတင်စိန်ရုပ်ရှင်ဇာတ်ကားကြီးထဲက အပြစ်ပေးခံရတဲ့ အခန်းတစ်ခန်းကလည်း ဂေါင်းကြီးတို့ကြည့်နေကျ ရုပ်ရှင်ကားပုံစံဖြစ်နေတာကြောင့် ဝိုင်း trollတာကိုလည်း အလူးအလဲပူးတွဲခံနေခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ်လည်း မိုးဟေကို က ရုပ်ရှင်ဇာတ်ကားတွေကို ထပ်မံရိုက်ကူးဦးမှာဖြစ်ပြီး အကယ်ဒမီမရမချင်းမနားဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် သူမရဲ့ကမ်းဘတ်ခရီးဟာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဟာသဇာတ်ရုပ်တင်မဟုတ်ပဲ သနားစရာကောင်းတဲ့ ဒရမ်မာဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မာမီသက်💙💙💙
28/06/2024

ဟာသဇာတ်ရုပ်တင်မဟုတ်ပဲ သနားစရာကောင်းတဲ့ ဒရမ်မာဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မာမီသက်💙💙💙




‘Date With Me’ မှာ စိုးပြည့် ပါမယ် ဆိုတာ ကြိုမသိခဲ့လို့ Surprise ဖြစ်သွားတယ်။ နှစ်တွေ အကြာကြီး ရင်းနှီးလာခဲ့တာမို့ အသံကြ...
26/06/2024

‘Date With Me’ မှာ စိုးပြည့် ပါမယ် ဆိုတာ ကြိုမသိခဲ့လို့ Surprise ဖြစ်သွားတယ်။ နှစ်တွေ အကြာကြီး ရင်းနှီးလာခဲ့တာမို့ အသံကြားတာနဲ့ စိုးပြည့် မှန်းတန်းသိတယ်’ လို့ ပြောလာတဲ့ ဟိန်းဝေယံ၊ စိုးပြည့်သဇင် တို့နှင့် ခဏတာ။

#ဟိန်းဝေယံ #စိုးပြည့်သဇင်

Address


Website

Alerts

Be the first to know and let us send you an email when Burmese TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share