Double Crane /စုံတြဲ ႀကိဳးၾကာ

Double Crane /စုံတြဲ ႀကိဳးၾကာ sharing is caring

20/06/2025
17/01/2024
မိမိသွာလေ ကို ဂရုစိုက် ကြပါနော် ⬇⬇💛
17/01/2024

မိမိသွာလေ ကို ဂရုစိုက် ကြပါနော် ⬇⬇💛

19/10/2023

What does prosperity mean to you, and how do you manifest it in your life?

Share your personal tips, practices, or experiences for embracing abundance and prosperity in the comments below!

, , , , , ,

"မနက်ဖြန် December 10ရက်နေ့ဟာ ကမ္ဘာ့လူအခွင့်အရေးနေ့ရဲ့ 72ကြိမ်မြောက် နှစ်ပတ်လည်‌နေ့ရက်ပါ"WORLD HUMAN RIGHTS DAYဆိုပြီး ဒ...
09/12/2021

"မနက်ဖြန် December 10ရက်နေ့ဟာ ကမ္ဘာ့လူအခွင့်အရေးနေ့ရဲ့ 72ကြိမ်မြောက် နှစ်ပတ်လည်‌နေ့ရက်ပါ"

WORLD HUMAN RIGHTS DAYဆိုပြီး ဒုတိယကမ္ဘာစစ်အပြီး 1948မှာ ကုလသမဂ္ဂကစတင် သတ်မှတ်ကြေငြာခဲ့တာပါ၊ အဓိကကတော့ စစ်ကြီးအတွင်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ လက်ရှိချိုးဖောက်ခံနေရဆဲတွေကို ပြုပြင်ပြောင်းလဲနိုင်အောင် စံပြုသတ်မှတ်ထားတဲ့ အထိမ်းအမှတ်နေ့ရက်ပါ။

အလွယ်ပြောရရင် လူသားတိုင်းအတွက် အထူးသဖြင့် အဖိနှိပ်ခံရသူတွေအတွက် အရမ်းအဓိပ္ပါယ်ရှိတဲ့ နေ့ရက်တစ်ရက်ပါ၊ (လူမျိုး၊ ဘာသာ၊ အသားအရောင်၊ စကား၊ မွေးရပ်မြေ၊ ကျားမ၊ ဆင်းရဲချမ်းသာပိုင်ဆိုင်မှု၊ ယဉ်ကျေးမှုအတွေးအခေါ် အစရှိတဲ့ ကွဲပြားမှုတွေကို အပြန်အလှန်လေးစားပြီး တူညီတဲ့ လူသားတိုင်းရသင့်သည့် အခွင့်အရေးတွေ) လွတ်လပ်တရားမျှတစွာ ရှင်သန်နေထိုင်နိုင်ရေး Human Rightsတွေကို မရသေးသူတွေအတွက် ရည်ရွယ်တဲ့ နေ့တစ်နေ့ပါပဲ။

ဒီသမိုင်းဝင်နေ့ဟာ မနက်ဖြန်မနက်မှာ ကမ္ဘာ့နေရာအနှံအပြားမှာလည်း ကျင်းပသွားမှာဖြစ်သလို လူတိုင်းရသင့်သည့် လူ့အခွင့်အရေးအတွက် ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းတောင်းဆိုမှာ ဖြစ်ပါတယ်၊ အင်မတန်မှ ရိုးရှင်းတဲ့ တိတ်ဆိတ်စွာ ရွေ့လျားသွားလာမှုကင်းမဲ့သည့် အပြုသဘောဆောင် တောင်းဆိုခြင်းမှာ လူသားဆန်သူတိုင်း ပါဝင်နိုင်ပါတယ်၊ ဘာအခက်အခဲမှ မရှိသလို ကိုဗစ်ကာလတုန်းက Home stayတစ်ရက်လိုပဲ အိမ်ထဲနေပေးခြင်းဖြင့် လိပ်ပြာသန့်စွာပါဝင်နိုင်ပါတယ်။

အရမ်းကြီး မခက်ခဲပါဘူး၊ မနက် 10နှာရီကစပြီး အိမ်ထဲ သို့ မိမိရောက်ရှိနေသည့်နေရာတွင်သာ နေထိုင်နားခိုပြီး အပြင်ထွက်သွားလာမှုကို ညနေ 4နာရီအထိ မပြုလုပ်ရင် ရပါပြီ၊ အားလုံးစောင့်ထိန်းနေချိန် ကိုယ်တစ်ယောက်ထဲ လမ်းမပေါ်မှာ သွားလာပြနေတာလည်း လူ့အခွင့်အရေးမဲ့ အဖိနှိပ်ခံနေရသူတွေအတွက်ဆို သိပ်မကောင်းပါဘူး၊ တစ်နိုင်ငံလုံးအတိုင်းအတာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုမှာ မိမိကိုယ်တိုင်ပါဝင်အားဖြည့်ခြင်းဖြင့် မိမိ၏ လူသားဆန်မှုကို ဂုဏ်ယူလိုက်ပါလို့ ပြောပါရစေ။


No Movement is a movement tomorrow
10.12.21 (10AM to 4PM)

   #ဗိုက်တာကင်း    ပါ၀င်ပစ္စည်းများနှင့် အာနိသင်ထူးများအဓိကပါ၀င်ပစ္စည်း - Hydrolyzed Collagen ၊ Lemon Verbena ၊ Isomalt ...
04/10/2021

#ဗိုက်တာကင်း


ပါ၀င်ပစ္စည်းများနှင့် အာနိသင်ထူးများ

အဓိကပါ၀င်ပစ္စည်း - Hydrolyzed Collagen ၊ Lemon Verbena ၊ Isomalt ၊ Inulin ၊ Sucralose နှင့် Tricalcium Phosphate ။

အာနိသင်ထူးများ
ဇီဝနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ သဘာဝကျန်းမာရေးဓါတ်စာ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးခြင်းကြောင့်ဖြစ်သော Collagen ခန်းခြောက်မှုကို ပြန်လည်ဖြည့် တင်းပေးနိုင်ပြီး အရိုးအဆစ် တစ်ခုနဲ့တစ်ခု ဆက်စပ်ပေးတဲ့ အရွတ်ဆဲလ်တွေကို အသစ်ပြန်လည်ပြုပြင် ထုတ်လုပ်ပေးနိုင်တဲ့အပြင် အရိုးတွေကို အားကောင်းသန်မာစေ ပါတယ်။ ရောင်ရမ်းခြင်းနှင့် လှုပ်ရှားမှုကြောင့်ဖြစ်သော အဆစ်အမြစ်ကိုက်ခဲခြင်းကို သက်သာစေပြီး အဆစ်အမြစ်များကို ကျန်းမာစေပါတယ်။

Hydrolyzed Collagen ဟာ သေးငယ်တဲ့မော်လီကျူးလေး ဖြစ်တာကြောင့် အရေပြား တစ်ရှူးတွေကို တိုက်ရိုက်ပြုပြင်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းဝင်းပစိုပြေစေပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေပါတယ်။

Lemon Verbena လို့ခေါ်တဲ့ သံပုရာရနံ့ရှိတဲ့ သဘာဝအပင်ဟာ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အဆိပ်အတောက်ရှင်းခြင်း၊ အပူငြိမ်းစေခြင်း၊ ဆီးကောင်းစေခြင်း၊ အစာဖြေဖျက်မှုအားကောင်းစေခြင်း နှင့် အသည်း၏လုပ်ဆောင်ချက်များကို တိုးမြင့်ပေး ခြင်း စသောအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

နှလုံးကိုအားကောင်းစေပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စံပယ်ပန်းကို ထည့်သွင်းထားတဲ့အတွက် စွဲမက်ဖွယ်အရသာတွေနဲ့ ပြည့်စုံပါတယ်။ ကာဗွန်ဂက်စ်မပါသော အပူ/အအေးအချိုရည်များနှင့် တွဲဖက်၍ သောက်သုံးနိုင်ပါသည်။

လူနာကုတင်ပေါ်က စတိဂျော့   ရဲ့ နောက်ဆုံးစကားများစီးပွားရေး လောကထဲမှာ ကျွန်တော်ဟာ အောင်မြင်မှု အထဋ်အထိပ်တွေကို ရရှိခဲ့တယ်။...
21/09/2021

လူနာကုတင်ပေါ်က စတိဂျော့ ရဲ့ နောက်ဆုံးစကားများ

စီးပွားရေး လောကထဲမှာ ကျွန်တော်ဟာ အောင်မြင်မှု အထဋ်အထိပ်တွေကို ရရှိခဲ့တယ်။ တစ်ပါးသူရဲ့ အမြင်မှာလည်း ကျွန်တော့်ဘဝဟာ အောင်မြင်ခြင်းရဲ့ စံနမူနာပြပေ့ါ။ ဒါပေမယ့်လည်း ကျွန်တော့်မှာ အလုပ်တွေကလွဲပြီး ပျော်ရွှင်မှုဆိုတာ မရှိသလောက်ပါပဲ။ နောက်ဆုံးကျတော့လည်း ကျွန်တော်နဲ့အတူ ရှိနေခဲ့တဲ့ ပစ္စည်း ဥစ္စာဆိုတာလည်း လောကဓံ ဓမ္မတာ တရား တစ်ခုပါပဲ။ အခုလို လူနာကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အချိန်မှာ ကျွန်တော့် ဘဝတစ်လျောက်လုံးကို ပြန်စဉ်းစားနေမိတယ်။

ကျွန်တော် ရှာဖွေခဲ့တဲ့ ဓနဥစ္စာတွေနဲ့ ဂုဏ်ယူခဲ့တဲ့ အသိအမှတ်ပြုခံရမှုတွေလည်း ဒီလို သေခြင်းတရားနဲ့ ရင်ဆိုင်ကြုံတွေ့ရခါနီးအချိန်မှာတော့ အားလုံးဟာ တဖြည်းဖြည်း မှေးမှိန်ပြီး အဓိပ္ပာယ် မဲ့လာပါလားဆိုတာကို သဘောပေါက်လာမိတယ်။ ကျွန်တော် အမှောင်ထဲက အသက်ကယ်စက် ပစ္စည်းတွေဆီက အစိမ်းရောင် မီးလေးတွေကို ကြည့်နေမိလို၊ သူတို့ ဆီက တတီတီ မြည်သံလေးတွေကို ကြားနေရတယ်။
ကျွန်တော် ခံစားနိုင်တာကတော့ ယမမင်းရဲ့ အငွေ့အသက်တွေ တဖြည်းဖြည်းနဲ့ ကျွန်တေ်ာ့ဆီ နီးကပ်လာပြီဆိုတာကိုပါ။ ကျွန်တော်ဘဝတစ်ခုလုံး ခိုင်မာဖို့ ကုံလုံပြည့်စုံတဲ့ ပစ္စည်း ဥစ္စာတွေနဲ့ လုံးဝမသက်ဆိုင်တဲ့ တခြား အရာတစ်ခု နောက်ကို လိုက်ခဲ့သင့်တယ် ဆိုတာ ကျွန်တေ်ာ် အခု သိလာရတယ်။ ပစ္စည်း ဥစ္စာတွေထက် ပိုအရေးပါမယ့် အရာမျိုးပေါ့လေ။

အနုပညာနဲ့ ဆိုင်တဲ့ အရာမျိုး ဖြစ်ချင် ဖြစ်မယ်၊ သံယောဇဉ် အချစ် နှောင်ကြိုးလေးတွေ ဖြစ်ချင် ဖြစ်မယ် ဒါမှမဟုတ် ငယ်ရွယ် နုပျိုစဉ် အချိန်အခါတုန်းက မက်ခဲ့ရတဲ့ အိပ်မက်တွေ ဖြစ်ချင် ဖြစ်မယ်ပေ့ါ။ ပစ္စည်း ဓန ဥစ္စာတွေနောက် တစ်ကောက်ကောက် ပါအောင် မရပ်မနား လိုက်နေခြင်းဟာ ကျွန်တော့်လိုမျိုး မူမမှန်တော့တဲ့ လူသားတစ်ဦး ပုံစံမျိုး ပြောင်းလဲ သွားစေလိမ့်မယ်။

ဘုရားသခင်ဟာ လူသားတိုင်းရဲ့ နှလုံးသားထဲက ချစ်ခြင်း မေတ္တာတရားတွေကို ခံစား တတ်စေဖို့ ခံစားတတ်တဲ့ စိတ်အာရုံကို ကျွန်တော်တို့အတွက် ပေးသနားခဲ့ပြီးသားပါ။ ဒါက ပစ္စည်း ဓနဥစ္စာတွေကနေ ယူဆောင်လာခဲ့တဲ့ အယူစွဲမှားမှုမျိုးကို မဟုတ်ပါဘူး။

ကျွန်တော့် ဘဝမှာ ရရှိပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်း ဓနဥစ္စာတွေက ကျွန်တော်နဲ့အတူ ယူဆောင် သွားလို့ မရပါဘူး။ ကျွန်တော် ယူဆောင်သွားလို့ရတဲ့ တစ်ခုတည်းသော အရာက ချစ်ခြင်း မေတ္တာတရားတွေ ဆီကနေ မြစ်ဖျားခံလာတဲ့ အမှတ်ရစရာတွေပါပဲ။

ချစ်ခြင်း မေတ္တာ တရားတွေကသာ သင့်အနောက်ကို ပါပြီး သင်နှင့် အတူ ရှိနေမှာပါ။ သင့်ကို ရှေ့ဆက်ဖို့ အလင်းနဲ့ ခွန်အားကို ပြပေးမယ့် တကယ့် ချမ်းသာ အစစ်ပါပဲ။ မေတ္တာတရားကတော့ မို်ုင်ပေါင်းများစွာ ခရီးဆက်နိုင်ပါတယ်။ ဘဝဆိုတာကတော့ အကန့်အသတ်မဲ့ပေါ့။ ဆန္ဒရှိတဲ့ နေရာကို သွားလိုက်ပါ။ တက်လှမ်းချင်တဲ့ဆီကို တက်လှမ်းပါ။ ဒါတွေအားလုံးဟာ သင့်နှလုံးသားနဲ့ သင့်လက်ထဲမှာပဲ ရှိနေတာပါ။

ကမ္ဘာ့ စျေးအကြီးဆုံး ကုတင်က ဘာ ကုတင်ပါလဲ ။ လူနာကုတင် ပါ။

လူတစ်ယောက်ကို ကားမောင်းခိုင်းဖို့ အတွက် ခိုင်းလို့ရတယ်။ ငွေရှာဖို့အတွက်လည်း ခိုင်းလို့ရတယ်။ ဒါပေမယ့် သင့်ကိုယ်စား ဖျားနာပေးဖို့တော့ မတတ်နိုင်ပါဘူး။ ရုပ်ဝတ္ထုပစ္စည်းတွေ ပျောက်ဆုံးရင် ပြန်ရှာလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်ရှာလို့ မရနိုင်တော့တဲ့ ပျောက်ဆုံးခြင်း တစ်ခုက ရှိနေပါတယ်။ လူ့ဘဝပါ။

လူတစ်ယောက် ခွဲစိတ်ခန်းထဲကို ၀င်ရပြီဆိုရင် သူ့ခေါင်းထဲ ပေါ်လာတဲ့ အရာတစ်ခုက ဇာတ်သိမ်းအထိ ဖတ်ဖို့ ကျန်သေးတဲ့ စာအုပ်တစ်အုပ်တော့ ရှိနေပါသေးတယ်။ ကျန်းမာခြင်း ဘဝဆိုတဲ့ စာအုပ်ပေ့ါ။

ကျွန်တော်တို့ ဘဝစင်မြင့်ထက်က ဘယ်လို နေရာမျိုးမှာ ရှိနေပါစေ၊ ဘ၀ ကန့်လန့်ကာချရမယ့် အချိန်မျိုး ကျွန်တော်တို့ အားလုံး ရင်ဆိုင်ကြရမှာပါ။ မိမိ မိသားစုအတွက်၊ မိမိ ခင်ပွန်းနဲ့ ဇနီးအတွက်၊ မိမိ မိတ်ဆွေတွေအတွက် အဖိုးတန်တဲ့ ချစ်ခြင်း မေတ္တာတရားတွေကို ပြသ ဖြည့်ဆည်း ပေးစွမ်းလိုက်ကြပါ။
ကိုယ့်ကိုကိုယ်လည်း အကောင်းမွန်ဆုံး ဂရုစိုက်ပါ။ တခြားသူများကိုလည်း မြတ်နိုးတန်ဖိုးထားပေးပါ။

English Original Version

“I reached the pinnacle of success in the business world. In others’ eyes, my life is an epitome of success.

However, aside from work, I have little joy. In the end, wealth is only a fact of life that I am accustomed to.

At this moment, lying on the sick bed and recalling my whole life, I realize that all the recognition and wealth that I took so much pride in, have paled and become meaningless in the face of impending death.

In the darkness, I look at the green lights from the life supporting machines and hear the humming mechanical sounds, I can feel the breath of god of death drawing closer …

Now I know, when we have accumulated sufficient wealth to last our lifetime, we should pursue other matters that are unrelated to wealth …

Should be something that is more important:

Perhaps relationships, perhaps art, perhaps a dream from younger days

Non-stop pursuing of wealth will only turn a person into a twisted being, just like me.

God gave us the senses to let us feel the love in everyone’s heart, not the illusions brought about by wealth.

The wealth I have won in my life I cannot bring with me. What I can bring is only the memories precipitated by love.

That’s the true riches which will follow you, accompany you, giving you strength and light to go on.

Love can travel a thousand miles. Life has no limit. Go where you want to go. Reach the height you want to reach. It is all in your heart and in your hands.

What is the most expensive bed in the world?

Sick bed …

You can employ someone to drive the car for you, make money for you but you cannot have someone to bear the sickness for you.

Material things lost can be found. But there is one thing that can never be found when it is lost — Life.

When a person goes into the operating room, he will realize that there is one book that he has yet to finish reading — Book of Healthy Life.

Whichever stage in life we are at right now, with time, we will face the day when the curtain comes down.

Treasure Love for your family, love for your spouse, love for your friends.

Treat yourself well. Cherish others.”

Steve Jobs Deathbed Speech

ဘာကြောင့်မနက်စာကို အချိန်ပေးပြီးစားပေးသင့်တာလဲ။💪💚မနက်စာစားခြင်းဟာ တစ်နေ့တာအတွက် အရေးအကြီးဆုံးအစားအစာတစ်ခုဖြစ်ပေမယ့် လူအမ...
19/09/2021

ဘာကြောင့်မနက်စာကို အချိန်ပေးပြီးစားပေးသင့်တာလဲ။💪💚

မနက်စာစားခြင်းဟာ တစ်နေ့တာအတွက် အရေးအကြီးဆုံးအစားအစာတစ်ခုဖြစ်ပေမယ့် လူအများစုကတော့ မနက်စာမစားဘဲအချိန်လွန်သွားတတ်ကြပါတယ် ။ 💚

လူအများစုဟာ မနက်မိုးလင်းတာနဲ့ သက်ဆိုင်ရာ တာဝန်တွေလုပ်ဆောင်ဖို့ ရုန်းကန်နေရတာကြောင့် မနက်စာမစားနိုင်ဘဲ အလုပ်သွားရတဲ့သူတွေနဲ့ အချို့ကတော့ အိပ်ရာထနောက်ကျတဲ့အတွက် မနက်စာကိုမစားပဲနေမိတတ်ကြတာဖြစ်ပါတယ်။ 💚

တစ်ညလုံး အချိန်ကြာမြင့်စွာအစာမစားထားတဲ့အတွက် ဦးနှောက်ရဲ့လိုအပ်တဲ့ glucose ကိုဖြည့်ဖို့နဲ့ တစ်နေ့တာလုံးကောင်းမွန်စွာလှုပ်ရှားသွားလာနိုင်ဖို့ အာဟာရပြည့်ဝတဲ့ မနက်စာကိုအချိန်ပေးပြီးစားပေးဖို့အရေးကြီးပါတယ်။💚

မနက်စာစားခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်တွေကို မြှင့်တင်ပေးရုံသာမက ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံပေးတဲ့ glycogen level ကိုလည်းမြှင့်တင်ပေးနိုင်ပါတယ်။💚

ခန္ဓာကိုယ်အတွက်အတွက် လိုအပ်တဲ့ vitamin, minerals နဲ့ အခြားအာဟာရဓာတ်တွေကို အစားအစာတွေကနေရရှိနိုင်တာဖြစ်တဲ့အတွက် မနက်စာစားတဲ့သူတွေက မစားတဲ့သူတွေထက် တစ်နေ့တာရဲ့လိုအပ်တဲ့ vitaminနဲ့ minerals ဓာတ်တွေလည်း မြန်မြန်ဖြည့်တင်းနိုင်ပါတယ်။ 💚

ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာပုံမှန်စားပေးတဲ့သူတွေဟာ အလွန်အမင်းအစာစားချင်စိတ်ကိုထိန်းချုပ်ပေးနိုင်တာကြောင့် အဝလွန်ခြင်းမဖြစ်ဘဲ ကိုယ်အလေးချိန်ထိန်းရာမှာလည်း အထောက်အကူပြုပါတယ်။💚

ဒါ့အပြင် လေ့လာချက်တွေအရ မနက်စာမစားခြင်းက ကိုယ်အလေးချိန်ကိုပိုတက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်စာမစားထားတဲ့အခါ အလွယ်တကူ မြင်နေရတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေနဲ့ အဆီများတာတွေကို စားမိနိုင်ချေပိုများတဲ့အတွက် ခန္ဓာကိုယ်ကို အဆီတက်စေပြ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ 💚💚

ဒ့ါအပြင် သွေးတွင်းသကြားဓာတ် အတက်အကျဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် ဆီးချို အဆင့်(၂)နဲ့ နှလုံးရောဂါဖြစ်ပွားခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 💚💚

အထူးသဖြင့် ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး အာရုံစူးစိုက်မှုနဲ့မှတ်ဥာဏ်စွမ်းအားကိုလည်း ပိုကောင်းစေတာကြောင့် လူငယ်တွေအနေနဲ့ လေ့လာသင်ကြားမှုကိုအထောက်အကူပြုနိုင်ပြီး လူကြီးတွေအတွက်လဲ သတိမေ့လွယ်ခြင်းနဲ့ အယ်ဇိုင်းမားဖြစ်နိုင်ချေ ရောဂါလက္ခဏာတွေကိုလျော့ချပေးနိုင်ပါတယ်။💚💚💚

Crd..

#ကျန်းမာသုခပြည့်ဝပါစေ

# (FKC)

 #မနက်ခင်းစားသုံးဖို့ သင့်တော်တဲ့ အစားအစာအချို့တွေကတော့💪💪💚ဥအမျိုးမျိုး🥚🥚🥚မနက်စာစားတဲ့အခါမှာ ဥတစ်မျိုးမျိုးကို စားသုံးပေး...
18/09/2021

#မနက်ခင်းစားသုံးဖို့ သင့်တော်တဲ့ အစားအစာအချို့တွေကတော့💪💪💚

ဥအမျိုးမျိုး🥚🥚🥚

မနက်စာစားတဲ့အခါမှာ ဥတစ်မျိုးမျိုးကို စားသုံးပေးခြင်းက သွေးတွင်းသကြားဓာတ်ကိုထိန်းသိမ်းနိုင်ပြီး ဗိုက်ပြည့်စေရုံသာမက ကယ်လိုရီပါဝင်မှုလည်းနည်းတဲ့အတွက် ကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါ့အပြင် ဥအနှစ်မှာ ပါဝင်တဲ့ lutein နဲ့ zeaxanthin ဓာတ်တွေက မျက်စိအတွင်း တိမ်စွဲခြင်းနဲ့ အမြင်အာရုံထိခိုက်ခြင်းတို့ကိုကာကွယ်ပေးပါတယ်။ 💚

ဒိန်ချဉ်🥛🥛🥛

ဒိန်ချဉ်က အရသာရှိပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ Proteinက ဗိုက်ဆာတာကို လျှော့ချပေးနိုင်ပြီး ကိုယ်အလေးချိန်ထိန်းရာမှာလည်း အထောက်အကူပြုပါတယ်။ ဒိန်ချဉ်မှာပါဝင်တဲ့ probioticဓာတ်က အစာလမ်းကြောင်းကို ကျန်းမာဖို့ ကူညီပေးတဲ့အပြင် လတ်ဆတ်တဲ့ အသီးအနှံတွေကို ဒိန်ချဉ်နဲ့ တွဲစားလို့လဲရပါတယ်။ အသီးအနှံတွေကနေ vitamin, protein နဲ့ potassium ဓာတ်တွေကိုလည် ရရှိနိုင်ပါတယ်။ 💚

ကော်ဖီ☕☕☕

ကဖင်းဓာတ်က စိတ်ခံစားချက်ကိုမြှင့်တင်ပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေရုံသာမက အဆီလောင်ကျွမ်းဖို့ကိုလည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် antioxidants ဓာတ်များစွာ ပါဝင်တဲ့အတွက် ရောင်ရမ်းခြင်းတို့ကို သက်သာစေပြီး ဆီးချိုနဲ့ အသည်းရောဂါကိုလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် ကော်ဖီကို တစ်နေ့ ၄၀၀ မိလီဂရမ်ထက်ပိုမသောက်သင့်ပါဘူး။

အုတ်ဂျုံ🍞🍝🍣

အုတ်ဂျုံက cereal ကြိုက်နှစ်သက်သူတွေအတွက် မနက်စာစားဖို့ ရွေးချယ်ရာမှာ သင့်တော်တဲ့ အစားအစာပဲဖြစ်ပါတယ်။ အုတ်ဂျုံမှာ ပါဝင်တဲ့ fiberက cholesterolကို လျှော့ချပေးတဲ့အပြင် နှလုံးကျန်းမာရေးကို ကောင်းစေပြီး သွေးဖိအားကို လျှော့ချပေးတဲ့ antioxidants ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ 💚

ဒါကြောင့် မနက်စာစားဖို့ပျင်းနေတဲ့သူတွေအနေနဲ့လည်း မနက်ဖြန်ကစပြီး ပိုပြီးကျန်းမာရေးကောင်းမွန်စေဖို့နဲ့ အာဟာရ
ပြည့်ဝစေဖို့ သင့်တော်တဲ့ မနက်စာကို နေ့စဉ်စားသုံးပေးဖို့ တိုက်တွန်းရင်း မနက်စာဘာစားရမလဲစဉ်းစားနေတဲ့သူတွေအတွက်လဲ အထက်မှာမျှဝေပေးထားတဲ့ အစားအစာလေးတွေအပြင် အခြားသင့်တော်တဲ့ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်စားဖြစ်နေတဲ့ မနက်စာလေးတွေကို အချင်းချင်း comment မှာမျှဝေပေးသွားဖို့လဲဖိတ်ခေါ်ပါတယ်နော်။💚

Crd..
#ကျန်းမာသုခပြည့်ဝပါစေ

Address

Singapore

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09788816770

Alerts

Be the first to know and let us send you an email when Double Crane /စုံတြဲ ႀကိဳးၾကာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share