
စဉ်းစားစရာလေးတွေပေးမယ် Knowledge sharing and thinking Process for you
ဘယ်အချက်အလက်က အမှန်တရားနဲ့ ✅
ဘယ်ဟာက ထင်မြင်ချက်လဲ။ 🧐

နှစ်ခုလုံး ခွါရခက်တယ် 😌    #စဉ်းစားစရာလေးတွေပေးမယ်
18/07/2025

နှစ်ခုလုံး ခွါရခက်တယ် 😌 #စဉ်းစားစရာလေးတွေပေးမယ်

17/07/2025

ပိုက်ဆံမရှာနိုင်တဲ့ ယောကျာ်းတွေကို ……
ဟုတ်လားဟင် ? ( ဆရာကြီး ဦဘုန်းဓာတု) #စဉ်းစားစရာလေးတွေပေးမယ် #လူငယ် #ဖတ်ဖို့ #စာပေ #ဗဟုသုတ

16/07/2025

စိတ်ကောင်းရှိဖို့ အရေးကြီး (ဆရာကြီး ဦးဘုန်းဓာတု) #စဉ်းစားစရာလေးတွေပေးမယ် #လူငယ် #ဖတ်ဖို့ #စာပေ #ဗဟုသုတ

16/07/2025

လူတွေရဲ့ စိတ်ရင်းအမှန် #စဉ်းစားစရာလေးတွေပေးမယ် #လူငယ် #ဖတ်ဖို့ #စာပေ #ဗဟုသုတ

လူတစ်ယောက် ပိုက်ဆံလာချေးတယ်... ကိုယ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့... No လို့ ပြောလိုက်တယ်...လူတစ်ယောက် အကူအညီလာတောင်းတယ်....
16/07/2025

လူတစ်ယောက် ပိုက်ဆံလာချေးတယ်...
ကိုယ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့...
No လို့ ပြောလိုက်တယ်...

လူတစ်ယောက် အကူအညီလာတောင်းတယ်...
ကိုယ်လုပ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့...
No လို့ ပြောလိုက်ပါတယ်...

လူတစ်ယောက် တစ်နေရာက်ိုသွားဖို့ လာခေါ်တယ်...
အချိန်မပေးနိုင်တော့လို့...
No လို့ ပြောလိုက်ပါတယ်...

ကျွန်တော်တို့ ဘဝမှာ No ဆိုတဲ့ စကားလုံးလေးကို ပြေရဲဖို့လိုပါတယ်...

No ဆိုတဲ့ စကားလေး မပြောရဲခဲ့လို့...

ချေးပြီး ပြန်မရတော့တဲ့ ပိုက်ဆံတွေ ဘယ်လောက်တောင် ရှိခဲ့ပြီးလဲ...

ကိုယ်အလုပ်မဟုတ်ပဲ ဝန်ပိခဲ့ရတဲ့ ကိစ္စတွေ ဘယ်လောက်တောင်ရှိခဲ့ပြီးလဲ....

ကိုယ်ကိစ္စမဟုတ်ပဲ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ခဲ့ရတာတွေ ဘယ်လောက်တောင် များခဲ့ပြီးလဲ...

No လို့ ငြင်းတတ်ဖို့လိုပါတယ်...

#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️
#စဉ်းစားစရာလေးတွေပေးမယ်

လူတစ်ယောက် ပိုက်ဆံလာချေးတယ်... ကိုယ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့... No လို့ ပြောလိုက်တယ်...လူတစ်ယောက် အကူအညီလာတောင်းတယ်....
16/07/2025

လူတစ်ယောက် ပိုက်ဆံလာချေးတယ်...
ကိုယ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့...
No လို့ ပြောလိုက်တယ်...

လူတစ်ယောက် အကူအညီလာတောင်းတယ်...
ကိုယ်လုပ်ပေးနိုင်တဲ့ အနေအထားမဟုတ်လို့...
No လို့ ပြောလိုက်ပါတယ်...

လူတစ်ယောက် တစ်နေရာက်ိုသွားဖို့ လာခေါ်တယ်...
အချိန်မပေးနိုင်တော့လို့...
No လို့ ပြောလိုက်ပါတယ်...

ကျွန်တော်တို့ ဘဝမှာ No ဆိုတဲ့ စကားလုံးလေးကို ပြေရဲဖို့လိုပါတယ်...

No ဆိုတဲ့ စကားလေး မပြောရဲခဲ့လို့...

ချေးပြီး ပြန်မရတော့တဲ့ ပိုက်ဆံတွေ ဘယ်လောက်တောင် ရှိခဲ့ပြီးလဲ...

ကိုယ်အလုပ်မဟုတ်ပဲ ဝန်ပိခဲ့ရတဲ့ ကိစ္စတွေ ဘယ်လောက်တောင်ရှိခဲ့ပြီးလဲ....

ကိုယ်ကိစ္စမဟုတ်ပဲ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ခဲ့ရတာတွေ ဘယ်လောက်တောင် များခဲ့ပြီးလဲ...

No လို့ ငြင်းတတ်ဖို့လိုပါတယ်...

#ပျော်ရွှင်တိုးတက်ဖို့_စာဖတ်စို့✅❤️

#စဉ်းစားစရာလေးတွေပေးမယ်

မိန်းမတွေကို အလုံးစုံပေးဆပ်ဖို့...ဘယ်တော့မှမကြိုးစားလေနဲ့။ ဘုရားသခင်က...သူတို့ကို မျက်ခုံးမွှေးပေးတယ်သူတို့က..ရိတ်ပစ်တယ်...
14/07/2025

မိန်းမတွေကို အလုံးစုံပေးဆပ်ဖို့...
ဘယ်တော့မှမကြိုးစားလေနဲ့။

ဘုရားသခင်က...
သူတို့ကို မျက်ခုံးမွှေးပေးတယ်
သူတို့က..ရိတ်ပစ်တယ် ...
အသစ်ဆွဲတယ် ..

ဘုရားက..လက်သည်းပေးတယ်..
သူတို့က..လက်သည်းတွေပြင်တယ်..
လှီးတယ် အလှဖော်တယ်..

ဘုရားက ..သူတို့ကို ဆံပင်ဖန်ဆင်းပေး
ထားတယ် ...သူတို့က ...ညှပ်တယ်...
ကောက်ဖြောင့်ဆိုးတယ်..ပြင်တယ်...

ဘုရားက...သူတို့ကိုရင်သားတစ်စုံပေး
ထားတယ် ....သူတို့က ကြိုက်တဲ့ပုံစံ...
အကြီးအသေးပြင်တယ် ...
ပစ္စည်းတွေ ဖြည့်ထည့်တယ်..

ဘုရားက ...သူတို့ကို
နှုတ်ခမ်းလှလှပေးတယ် ...
သူတို့က မနက်တိုင်း ...
တစ်နေ့တစ်ရောင် ပြောင်းဆိုးတယ်..

ဘုရားသခင်တောင် ....
သူတို့ မိန်းမတွေ စိတ်တိုင်းကျအောင်..
ဖန်ဆင်းမပေးနိုင်ဘူး ...

ခင်ဗျားက..ဘာအစွမ်းရှိလို့ ...
သူတို့စိတ်တိုင်းကျအောင်...
ဖြည့်ဆည်းနိုင်မယ်လို့ ထင်ရတာလဲ..

ပုံက ကျွန်တော့် ကောင်မလေးပါ😁

Crd to original
#စဉ်းစားစရာလေးတွေပေးမယ်

ငွေဆိုတာ လိုတဲ့အချိန်တိုင်းရှာလို့ ရတာမဟုတ်ဘူး။    ၁။ အခါအခွင့်သင့်ချိန်။၂။ ကံကောင်းနေတဲ့အချိန်...။၃။ အရွယ်ကောင်းနေတဲ့အခ...
13/07/2025

ငွေဆိုတာ လိုတဲ့အချိန်တိုင်းရှာလို့ ရတာမဟုတ်ဘူး။

၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၄။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။

အခါအခွင့်သင့်လို့ အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။

အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။

ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး..

#လူငယ်များအတွက်ဗဟုသုတစာပေများ

ငွေရှာဖို့ မပျင်းလိုက်ပါနဲ့ဘယ်လောက်ဘဲ သာယာတဲ့မိသားစုဖြစ်နေပါစေငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင်သာယာတဲ့ မိသားစုလဲ အလို...
13/07/2025

ငွေရှာဖို့ မပျင်းလိုက်ပါနဲ့

ဘယ်လောက်ဘဲ သာယာတဲ့
မိသားစုဖြစ်နေပါစေ
ငွေကြောင့်နဲ့ စိတ်တွေပူရတာ များလာရင်
သာယာတဲ့ မိသားစုလဲ အလိုလို
ပျာယာတက်ပါတယ်။

ဘယ်လောက်ဘဲ နားလည်မူရှိတဲ့
မောင်နှမတွေဖြစ်နေပါစေ
လိုအပ်တဲ့ ငွေကြောင့် ဖြစ်ပျက်လာတဲ့
ပြဿနာ တွေများလာရင် နားလည်မူတွေ
ပျောက်ကွယ်သွားနိုင်တယ်။

ဘယ်လောက်ဘဲ ချစ်တယ်
ချစ်နေတက်နေပါစေ
လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ရင်
အချစ်တွေလဲ အလကားတွေ ဖြစ်လာတယ်။

ဘယ်လောက်ဘဲ ခင်မင်တဲ့
သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူလဲသူ့အပူနဲ့ပါဘဲ ။

ဘယ်လောက်ဘဲ နီးကပ် တော်တဲ့
ဆွေမျိုးဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါဘဲ။

သာယာတဲ့ ဘဝ မိသားစု တွေကို
ငွေမဲ့ဝယ်ယူ လို့ မရနိုင်ပေမယ့်
ငွေမရှိပြန်တော့လဲ သာယာတဲ့ဘဝ
သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။
(ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့)

ဒါကြောင့် သူငယ်ချင်း
ငွေရှာဖို့မပျင်းပါနဲ့
ရေတစ်စက်ရဲ့ တန်ဖိုးက
ရေငတ် တဲ့ အချိန်မှနားလည်နိုင်သလို။

ငွေတကျပ်ရဲ့ တန်ဖိုးလည်း
ငွေပျက်တဲ့အချိန်မှ ပိုနားလည်ရပါလိမ့်မယ်
ငွေရှာဖို့ မပျင်းလိုက်ပါနဲ့...။

ငွေရှာဖို့မပျင်းလိုက်ပါနဲ့
#စဉ်းစားစရာလေးတွေပေးမယ် #လူငယ်

12/07/2025

Hi everyone! 🌟 You can support me by sending Stars – they help me earn money to keep making content that you love.

Whenever you see the Stars icon, you can send me Stars.

ဆရာကြီး မောင်သာချို ငြိမ်းချမ်းတဲ့နေရာမှာ နားနေပါတော့ဆရာ🙏 RIP  #စဉ်းစားစရာလေးတွေပေးမယ်
12/07/2025

ဆရာကြီး မောင်သာချို
ငြိမ်းချမ်းတဲ့နေရာမှာ နားနေပါတော့ဆရာ🙏 RIP
#စဉ်းစားစရာလေးတွေပေးမယ်

12/07/2025

လူငယ်တွေညံ့ရင်?? (ဆရာကြီးဦးဘုန်းဓာတု) #စဉ်းစားစရာလေးတွေပေးမယ် #လူငယ် #ဖတ်ဖို့ #စာပေ #ဗဟုသုတ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when စဉ်းစားစရာလေးတွေပေးမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share