15/11/2025
ဒီချိန် ပင်လောင်းလာလည်ရင် အလှဆုံးပါပဲ
ဘာလို့လဲဆိုတော့...
နေကြာရိုင်းတွေ ဝါဝါထိန်ထိန်နဲ့စပွင့်နေပြီ
သစ်သီးဝလံတွေလည်း ပေါများနေသေးတယ်
မနက်ခင်းပိုင်းမှာ တိမ်ပင်လယ်တွေမြင်ရပြီ
ညဘက်လည်း ကြယ်တွေကြည်ကြည်လင်လင်နဲ့မြင်ရတယ်
ဆောင်းအဝင်ခါစမလို့ အပင်များနှင်းသိပ်မထိသေးတော့ စိမ်းလန်းနေသေးတယ်
တောင်တန်းစိမ်းစိမ်းနဲ့ မြူတွေဖုံးနေတဲ့ ရှုခင်း
လတ်ဆတ်တဲ့လေထု၊ အေးမြတဲ့ ရာသီဥတုတွေနဲ့
နေလို့ တော်တော်ကောင်းတယ်
ကျန်းမာရေးတွက် တောင်တက်မလား
ရေတံခွန်သွားပြီး ရေကူး၊ အလှပုံရိုက်မလား
ချောင်းရေအေးထဲ သောက်စရာစိမ်ပြီး chill မလား အားလုံး အိုကေစိုပြေတယ်
ဒါပေမယ့် မနက်ခင်းပိုင်းနဲ့ညပိုင်းတွေ တအားအေးတော့
ရည်းစားတစ်ယောက်လောက်ရှိဖို့တော့ လိုအပ်တာပေါ့ 🥶
#ပင်လောင်း