Swee Swee

Swee Swee 🥰🥰💙

🥰
16/09/2025

🥰

ဒူးနာ၊ ဂေါက် (Gout) ရောဂါ၊ ခြေထောက်နာ၊ အဆစ်အမြစ်နာ၊ ခါးနာ၊ ခြေဖနှောက်နာ၊ ခြေဖဝါးရောင်ရမ်းခြင်းနှင့် ခြေထောက်ဆွဲခြင်းတို့ကို ဖြစ်စေတဲ့ သွေးထဲက ယူရစ်အက်ဆစ်တွေကို သန့်စင်ပေးတဲ့ စပါးလင်လက်ဖက်ရည်.....။

ပြုလုပ်နည်း.....
စပါးလင် ၄-၅ ပင်ကို ရေ ၂ လီတာနဲ့ ရောပြီး ဆူပွက်လာတဲ့အထိပြုတ်ပါ။ ဆူပွက်လာပြီးဆိုရင် မီးလျှော့ပြီး ၁၅ မိနစ်လောက်ကြာအောင် ဆက်တည်ထားပါ။ (တည်ထားစဥ် အိုးအဖုံးကို လုံးဝဖွင့်မကြည့်ရ။) ၁၅ မိနစ်ပြည့်ရင် မီးပိတ်ပြီး အအေးခံထားပါ။

အသုံးပြုနည်း.......
ရေအစား တစ်ပတ်လောက် သောက်သုံးပေးပါ။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ အားလုံးကို ဖယ်ရှားပေးပြီး နာကျင်မှုတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မည်။

အရမ်းထိရောက်ပါတယ်။ စပါးလင်က တခြားဘယ်အရာနဲ့မှ မတူအောင် ကောင်းမွန်ပါတယ်။

သွေးတိုးရောဂါ ရှိတဲ့သူ မသောက်သင့်ပါ🥰

Crd- MON SOUNG
#ကျန်းမာရေးဗဟုသုတ ゚viralシ

05/09/2025

အမြဲတမ်းနုပျိုကျန်းမာနေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်များ🥰

အောက်မှာဖော်ပြထားတဲ့ ဗီတာမင်တွေကတော့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။

-ဗီတာမင် A - အသားအရေနဲ့ ဆံပင်
မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်ရွက်
-ဗီတာမင် B - နှလုံးနဲ့ ကြွက်သား
ငါး၊ ကြက်သား၊ ပဲအမျိုးမျိုး
-ဗီတာမင် C - ကိုယ်ခံစွမ်းအားနဲ့ အသားအရေ
လိမ္မော်သီး၊ ကီဝီသီး၊ ငရုတ်ပွ
-ဗီတာမင် D - အရိုး
ငါးအဆီ၊ ဥအနှစ်၊ မှို
-ဗီတာမင် E -အဓိကအားဖြင့် antioxidant အဖြစ်အလုပ်လုပ်ပြီး ဆဲလ်တွေကို ကာကွယ်ပေးပါတယ်
ဗာဒံစေ့၊ နေကြာစေ့၊ ထောပတ်သီး
- ဗီတာမင် K - အရိုးနဲ့ သွေး
ဘရိုကိုလီ၊ ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်
- ဗီတာမင် B₁₂ - ဇီဝကမ္မဖြစ်စဉ်(အာရုံကြောစနစ် နဲ့ အနီးသွေးဥထုတ်လုပ်မှု အတွက် အရေးကြီးပါတယ်)
အမဲသား၊ နို့ထွက်ပစ္စည်း၊ ပုစွန်
-ဗီတာမင် B₂ - ဦးနှောက်လုပ်ငန်း၊ ဟော်မုန်းထုတ်လုပ်မှု
နို့၊ ဒိန်ချဉ်၊ ချိစ်
ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားလျက်-
Crd to နိုင်ဦး-၁၁၉

#ကျန်းမာရေးဗဟုသုတရကြပါစေ

04/09/2025

သင့်ကိုယ်ခန္ဓာ အစိတ်အပိုင်း ကို
ဖျက်ဆီးစေတဲ့ဘအကြောင်းအချက်

၁)သင့်ဖုန်းကို နာရီပေါင်းများစွာ
ငုံ့ကြည့်ခြင်းက သင့်ကျောရိုးကို
ပြသာနာဖြစ်စေပါတယ်🥰

၂)မိတ်ကပ်လိမ်းပြီ သနပ်ခါးလိမ်းပြီး
အိပ်တာ မျက်နှာပေါ်က ချွေးပေါက်ကို
ပိတ်စေပြီ မျက်နှာပျက်ဆီးလွယ်ပါတယ်

၃)ည အိပ်ချိန် ပါးစပ် သန့်ရှင်းရေး
သွားမတိုက် အိပ်ခြင်းက
စားကြွင်း စားကျန် များ
အက်စစ်အဖြစ်ပြောင်းလဲပြီ
သွားဖုံး နှင့် သွားများ ပျက်ဆီးမြန်ပါသည်
၄) အဆုတ် စိတ်ဖိစီးမှူကြောင့် အသက်ရှူကြပ်ပြီ အောက်စီဂျင် စီးဆင်းမှူ အားနည်းပြီ ကိုယ်ခံအား ထိခိုက်ပါသည်

၅) နှလုံး စိုရိမ်မှူများခြင်း
ပူပင်သောကများခြင်းက
ကောတီဇောကို မြင့်တက်စေပြီ
နှလုံးရောဂါ ဖြစ်နိုင်ချေ မြင့်တက်လာတာပါတယ်

၆) နောက်ကျော._ ထိုင်နေစဥ် ငိုက်မျဥ်းခြင်းက သင့်ကျောရိုးဖိစေပြီ ကြွက်သား
အားနည်းစေပါတယ်

၇)မျက်လုံး_အိပ်ယာ မဝင်မှီ ဖုန်းသုံးခြင်းက အိပ်ချိန် ထိခိုက်စေပြီ
ဟိုမုန်းကို ထိခိုက်စေပါတယ်

၈) ဦးနှောက် _ အတွေးများခြင်းက
အာရုံစူးစိုက်မှူ အားနည်းစေပြီ
သင့်ဦးနှောက်ဆဲလ်များ ပျက်ဆီးလွယိပါတယ်

၉)အစာအိမ် _ အလွန်အမင်းစားသုံးခြင်းက အစာချေဖျက်မှူအားနည်းစေပြီ
အာဟာရစုပ်ယူထိခိုက်စေပါတယ်

သူငယ်ချင်းများ
အားလုံးဗဟုသုတ ရနိုင်ပါစေ

Crd to original writer 🥰
#ကျန်းမာရေးဗဟုသုတရကြပါစေ #ဗဟုသုတ

03/09/2025

လူတွေတော်တော်များများ ဂရုမစိုက်
တတ်တဲ့ အကြောင်းအချက်
ဒါတွေ့ ဂရုစိုက်သင့်ပါတယ်🥰

၁)ရောဂါများ၏ ၈၀%သည်
စိတ်ဖိစီူမှူနှင့် ဆက်စပ်နေသောလည်း
အပန်း​ဖြေ
ခြင်းကို ဦးစာပေးလေ့မရှိပါ

၂)အစာမရှိရင် ၂၁ရက်အသက်ရှင်နိုင်ပေမဲ့
၁၁ ရက် အိပ်မပျော်ပါက သေစေနိုင်ပါသည်

၃)သင့်ကိုယ်ခံအားစနစ်၏ ၇၀%သည်
အူလမ်းကြောင်းတွင် မှီခိုနေပေးမဲ့
လူတစ်ချိူ့နေ့စဥ် ကျန်းမာရေးနှင့်
ညီညွှတ်သည်အစာ စားဖို့ မေ့လျော့နေကြတယ်

၄)အစာစားနေစဥ် ရေအေးသောက်ခြင်းသည် အစာချေဖျက်မှူ ၃၀% နှေးကွေးစေပါတယ်

၅) သင့်ဖုန်းတွင် အိမ်သာထိုင်ခုံနှင့်ညီမျှသော ဘက်တီးရီးယားရှိပါသည်
အိမ်သာထဲ့ဖုန်းဝင်ယူသူ့များ

၆) တစ်နေ့ ၆ နာရီထက်ပိုထိုင်တဲ့ လူက
စောစီးစွာ သေဆုံးနိုင်ချေ ၃၀% တိုးစေပါတယ်

၇) မနက်စာ မစားပဲနေတဲ့လူက
ဦးနှောက်နဲ့ နှလုံး ပျက်ဆီးဖို့ ၂၀%
တိုးစေပါသည်

၈) လူ ၁၀ယောက်မှာ ၁ယောက်က
တစ်နေ့ကို အသီးအရွက် လုံလောက်စွာ
စားပါတယ်

၉) အထီးကျန်ခြင်းက တစ်နေ့ စီးကရက်
၈ လိပ်သောက်သကဲ့သို့ သေစေပါသည်

၁၀ ) တစ်နေ့ ၄၅ မိနစ် လမ်းလျှောက်သူ့က စိတ်ဓါတ်ကျတာလျော့ချပေးပြီ
စိတ်ဖိစီးမှူ သက်သာပြီ နှလုံးအားကောင်းစေပါသည်❤❤

#ဗဟုသုတ #ကျန်းမာရေးဗဟုသုတရကြပါစေ

Crd to original writer 🥰

02/09/2025

နှလုံးအကြောင်း သိကောင်းစရာ
---------------------------------------------------------------
❤️လူ့ နှလုံးဟာ ရင်ညွှန့်ရိုးအောက်ပိုင်း ဘယ်ဘက်မှာတည်ရှိပြီး လူ၏ လက်သီးဆုတ်အရွယ်ခန့်ရှိပါသည်။
❤️ နှလုံးနှင့် အနီးစပ်ဆုံးနေရာတွင် အဆုတ်ရှိပါသည်။
❤️ နှလုံးမှတစ်ဆင့်သွေးများကို အဓိက ပို့လွှတ်သော အင်္ဂါများမှာ အဆုတ်နှင့် ဦးနှောက် တို့ ဖြစ်ပါသည်။
❤️ ဒါကြောင့် နှလုံးမကောင်းလျှင် အဆုတ်လည်း မကောင်းတော့သလို ဦးနှောက်အာရုံစွမ်းအားများလည်း ကျဆင်းသွားပါသည်။
❤️ နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများကို သွေးစီးဆင်းစေဖို့အတွက် အလုပ်လုပ်ရပါသည်။
❤️ အလေးချိန် (၁၀) အောင်စ ရှိပြီး အခန်း (၄) ခန်းနှင့် ဖွဲ့စည်းထားသော နှလုံးကြွက်သားဟာ အမျှင်တစ်သျှူးများဖြင့် ပေါင်းစည်းထားပြီး ၄င်းအပေါ်ယံတွင် သွေးလွှတ်ကြောငယ်လေးတွေ ပါရှိပါသည်။
❤️ နှလုံးတစ်ခုလုံးကို ဆံချည်မျှင်သွေးကြောများဖြင့် ပတ်ရံထားကာ တစ်ကိုယ်လုံးသို့ သွေးပို့သော ပမာဏသည် လူတစ်ယောက် တစ်သက်တာအတွင်း တန်ချိန် ၃၀၀ မျှ ပမာဏရှိပါသည်။
❤️ သွေးနှင့် အသက်ရှင်သန်နေရသော လူတစ်ယောက်အတွက် သွေးပို့လွှတ်သော အလုပ်ကို လုပ်ဆောင်ပေးနေရသည့် နှလုံးသည် အင်မတန်မှ အရေးပါလှပါသည်။
❤️ တစ်နည်းအားဖြင့်ဆိုသော် နှလုံးပျက်စီးနေပါက လူသားတို့ အသက်မရှင်နိုင်ပါ။🥰🥰

#ကျန်းမာရေးဗဟုသုတရကြပါစေ #ဗဟုသုတ

02/09/2025

ဝမ်းဟာ ပုံမှန်အတိုင်း အနည်းဆုံး တစ်ရက်တစ်ခါ
လောက်တော့သွားသင့်ပါတယ်။ ဝမ်းမသွားတာ ၇၂ နာရီ (၃) ရက်ထက်ကျော်ပြီ မကြာခဏလည်းဝမ်းအမြဲချုပ်နေတယ်ဆိုရင်တော့ သတိထားပါ...

ဝမ်းမသွားတာကြာရင် ဘာဖြစ်မလဲဆိုတော့..

ဝမ်းမသွားတာကြာတဲ့အခါ အူထဲမှာရှိနေတဲ့အစားဟောင်းတွေကို အူနံရံကစုပ်ယူပါတယ်။ အစာဟောင်းတွေထဲမှာ တာရှည်ခံတွေ ဥပမာ ခေါက်ဆွဲခြောက်၊ အားလူးကြော်၊ အခြားသော တာရှည်ခံ ဓာတုဆေးပါတဲ့မုန့်တွေ၊ ကော်ဖီ၊
အမြန်စားလို့ရတဲ့ ဝက်အူချောင်း ကြက်အူချောင်းလို့ ပြုပြင်ထားတဲ့အစားအစာတွေ၊ စမူဆာ အီကြာကွေး အစရှိတဲ့ဆီကြော်တွေ အကင်တွေ၊ အချိုရည်တွေ၊ မုန့်တွေ အစရှိတဲ့ သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားတဲ့အစား အသောက်တွေဟာ ရက်တွေကြာလာတဲ့အခါ အူနံရံထဲကိုစိမ့်ဝင်ပါတယ်။

အူနံရံမှာရှိတဲ့ ဆဲလ်တွေဟာ ပြုပြင်ထားတဲ့အစားအသောက်တွေ၊ ဓာတုဆေးဝါးတွေကြောင့် ဆဲလ်ဖွဲ့စည်းပုံ(Cellular Structure) တွေပျက်ပြီးတော့ ပုံမှန်မဟုတ်တော့ဘဲ ရှိသင့်တဲ့အရွယ်အစားထက်ပိုကြီးထွားလာပါတယ်။ အဲလိုကြီးထွားလာတာကို အကြိတ်အဖုတွေထွက်တယ်၊ အသားပိုဖြစ်တယ်၊ ကင်ဆာ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။

အသားငါးတွေကို ရေခဲသေတ္တာထဲမှာ ပလက်စတစ်နဲ့ ထုပ်ပိုးတာဟာ အရမ်းအန္တရာယ်များပါတယ်။
ရေခဲသေတ္တာထဲတွင် အစားအစာကို ပလပ်စတစ်နှင့်ထည့်ပြီး သိုလှောင်ထားတာဟာ အစားအသောက်ထဲကို ပလက်စတစ်ထဲက ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ ပျော်ဝင်စေပါတယ်။ ပလပ်စတစ်တွင်ပါဝင်တဲ့ ကင်ဆာဖြစ်စေသည့် စတိုင်ရင်း(Styrene) ဓါတ်နဲ့ ဒိုင်အောက်ဇင်းဓါတ်တွေဟာ အသားငါးတွေ အစားအသောက်တွေထဲကို စိမ့်ဝင်ပါတယ်။ အဲဒါတွေကို အပူပေးချက်ပြုတ်တာ ဆီနဲ့ချက်ပြုတ်တာဟာ ရင်သားကင်ဆာနှင့် ကင်ဆာအမျိုးမျိုး ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း နှင့် မျိုးပွားမှုကိုလည်း ထိခိုက်စေပါတယ်။

ကင်ဆာအကြိတ်အဖုတွေက အူလမ်းကြောင်းရဲ့ ပုံမှန်းလုပ်ငန်းတွေကို မလုပ်နိုင်အောင်နှောင့်ယှက်ပါတယ်။ အူတွေလှုပ်တာတွေ၊ အကျိအချွဲထုတ်ပေးတာတွေ၊ အစာဟောင်းတွေကို တွန်းထုတ်တာတွေ အစားဟောင်းရဲ့အဟာရကို စုပ်ယူတာတွေ မလုပ်နိုင်တဲ့အခါ ဝမ်းပိုချုပ်တာတွေနဲ့ အခြားအူလမ်းကြောင်းကျန်းမာရေး မကောင်းတော့တာတွေ အာဟာရမပြည့်ဝတာတွေ ဖြစ်လာစေပါတယ်။

အလုံးအကြိတ်တွေပိုကြီးလာတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုသာမကဘဲ အသက်ရှင်မှုအထိပါ အနှောင့်ယှက်ဖြစ်လာစေတော့တာပါပဲ။

အကြမ်းဖျဥ်းအားဖြင့် ကင်ဆာရောဂါလို့ ခေါ်ကြပါတယ်။

ကင်ဆာရောဂါဟာ အစားအသောက်အနေအထိုင်ကြောင့်ဖြစ်တာနဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်ကြပါတယ်။

ဝမ်းမှန်ဖို့ ခါးအောက်ပိုင်းလေ့ကျင့်ခန်းများများလုပ်ပါ။ လမ်းလျှောက်ပါ၊ တတ်နိုင်ရင် GYM ကစားပါ၊ အားကစားလုပ်ပါ။ ရေကို တစ်နေ့ ၃ လီတာလောက် သတိထားပြီး ရအောင်သောက်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် အရွက်တွေများများစားပါ။ အစိမ်းရောင်အရွက်တွေမှာ ကင်ဆာဖြစ်စေတဲ့၊ ဓာတ်တိုးစေတဲ့ Radical တွေကို တိုက်ဖျက်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင် Antioxidant တွေ အများကြီးပါပါတယ်။ လေ့ကျင့်ခန်းလုပ်ရင်လည်း ခန္ဓာကိုယ်ရဲ့ Immuse System ကို မြှင့်တင်ပေးပါတယ်၊ ရောဂါကာကွယ်တဲ့စနစ်ကို မြင့်တက်စေပါတယ်။

ပြုပြင်ထားတဲ့ အသင့်စားလို့ရတဲ့ အစားအသောက်တွေရှောင်ပါ၊ ဆီကြော်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အကင်တွေရှောင်ပါ၊ အသီးအရွက်များများစားပါ၊ ဒိန်ချဥ်သောက်ပါ။ အစားအသောက်တွေကို ဆီနဲ့ကြော်စားတာထက် ဆီးနည်းနည်းနဲ့ ရေနဲ့ချက်ပြုတ်စားပါ။

"ရသာရတနံ" လို့ခေါ်တဲ့ ပါးစပ်အလိုမလိုက်ပါနဲ့။

ကျန်းမာကြပါစေ။ sai min khant🥰
အူလမ်းကြောင်းမကောင်းလို့၈ကြိမ်ခွဲစိတ်ခန်းဝင်ဖူးသူ

#ကျန်းမာရေးဗဟုသုတ

01/09/2025

သိထားသင့်တယ်
----------------
သွေးကျဆေးမှန်မှန်မသောက်ရင်
ဘာဖြစ်မလဲ၊ သွေးကျဆေးစွဲသောက်ရင်
ကျောက်ကပ်ပျက်လားဆိုတဲ့ အမေးများနေလို့ ဖတ်ကြည့်စေချင်လို့ပါ

အယူမှန်ကန်..
ရောဂါဒဏ်..
အမြန်ကင်းဝေး..
ကျန်းမာရေး..

"သွေးတိုးရောဂါကိုသဘောပေါက်စေချင်တယ်"
"သွေးကျဆေးမှန်မှန်သောက်သင့်တယ်ဆိုတာကိုလည်းအမြင်မှန်ရစေချင်တယ်"
************************

အမည်..ဒေါ်နွဲ့မူ
အသက်..၆၈..နှစ်..

ခေါင်းတအားမူး..
တအားမောနေတဲ့အပြင်..
ရင်ဘတ်ထဲဆို့ကြပ်နေလို့..

ဆေးခန်းရောက်လာပါတယ်..

သွေးအချိုဓာတ်..
သွေးတွင်းအောက်စီဂျင်ရာခိုင်နှုန်း..
သွေးခုန်နှုန်း..တွေ..ပုံမှန်ပါပဲ..

သွေးပေါင်ချိန်ကတော့..
190/110mmHg..
ရှိသင့်ရှိထိုက်တာထက်..
အလွန်မြင့်တက်နေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယခုနောက်ဆုံး..
WHO..World Health Organization..
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမွန္လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ECG..ဆွဲကြည့်တော့..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးကြီးနေတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးတက်နေတာမသိဘူးလား..
သွေးပေါင်မချိန်ကြည့်ဘူးလား..မေးတော့..

သိတယ်တဲ့..
မကြာခဏလည်းချိန်ကြည့်တယ်တဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒါဖြင့်..
သွေးကျဆေးမှန်မှန်မသောက်ဘူးလား..မေးတော့..

©သွေးတက်မှသောက်တာတဲ့..

ဘာလို့..
သွေးတက်မှသောက်တာတုန်းဆိုတော့..

©သွေးနည်းသွားမှာစိုးလို့တဲ့..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ပြောကြလို့..
ကြာကြာစွဲမသောက်ရဲလို့..
မေသာက္ဘူးတဲ့..

©သွေးတက်မှာစိုးလို့..
အားဆေးလည်း..
မသောက်ရဲဘူးတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အယူအဆမှားတွေ..
အယူအဆမှားတွေ..

ဒေါ်နွဲ့မူ..လိုအယူအဆမှားတွေကို..
အမှန်ယူပြီး..
သွေးတိုးရောဂါရှိနေပါလျက်..
ဆေးမှန်မှန်မသောက်ပဲ..
ရောဂါဆိုးရွားနေတဲ့လူတွေ..
ဘယ်လောက်များနေပြီလဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

©အားဆေးသောက်ရင်..
အားဆေးထိုးရင်..
သွေးမတက်ပါ..
ဘာမှမဆိုင်ပါ..
****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..😊

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

*****အယူအဆမမှားရန်ထပ်မံ..
အသိပေးပါတယ်..
*****သွေးတက်တယ်ဆိုတာ..
သွေးများနေတာမဟုတ်ပါ..
*****သွေးကြောဖိအားတက်နေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

ŠHeart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မ်ကြ္ခံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°°

©သွေးတိုးတယ်ဆိုတာ..
သွေးတွေများလာတာမဟုတ်ပါ..
သွေးကြောများရဲ့..
ဖိအားတွန်းအား..တိုးနေများနေတာပါ..

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

©သွေးကျဆေးသည်..
ခန္ဓာကိုယ်ထဲကရှိနေတဲ့သွေးတွေ..
နည်းသွားစေတာမဟုတ်ပါ..
ရှိနေတဲ့သွေးနဲ့ဘာမှမသက်ဆိုင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..
မေတ္တာဖြင့်..
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်
ဆမ..၁၁၀၀၈..

လေးစားစွာဖြင့်
May Yadanar

Credit ....All uploader

#ကျန်းမာရေးဗဟုသုတရကြပါစေ

01/09/2025

Dr Thomas William
ရေးသားထားတဲ့ ကျန်းမာရေးနှင့်
လမ်းလျှောက်ခြင်း
ထောက်ပြရေးသားထားတာ

၁) တစ်ပတ်လျှင် ၇၅ မိနစ် လမ်းလျှောက်ခြင်းက သင့်ဘဝ
အတွက် အသက် ၂နှစ်ပေါင်းထည့်နိုင်တယ်

၂)တစ်ပတ်လျှင် ၃ကြိမ် မိနစ် ၄၀
လမ်းလျှောက်ခြင်းက
ဦးနှောက်မှတ်ညဏ် ကာကွယ်ပေးတယ်

တစ်နေ့ မိနစ်၃၀ လမ်းလျှောက်ခြင်းက
စိတ်ကျရောဂါ ၄၀ ရာခိုင်းနုန်းလျော့ချ
စိတ်ဖိစီးမှူ ကာကွယ်ပေးပါတယ်

၄) တစ်နေ့ တစ်နာရီ လမ်းလျှောက်ခြင်း
အဝလွန်နိုင်ခြေတစ်ဝတ်လျော့ချပေးပြီ
သွေးလညိပတ်မှူအားကောင်း
ခါးနာရောဂါ သက်သာစေပါတယ်

လမ်းလျှောက်ကြည့်ပါ
ချစ်သူငယ်ချင်းတို့ရေ့

#ကျန်းမာရေးဗဟုသုတရကြပါစေ #ဗဟုသုတ

31/08/2025

အသက်ရှုလို့ မဝဘူး ဆိုသူများ ဖတ်ကြည့်ပေးပါ
=====================

အသက်ရှုလို့မဝဘူး ဆိုရင် တော်တော်များများက
စိုးရိမ်းပူပန်ကြီးစွာနဲ့ပဲ နှလုံးများမကောင်းတာလား
အဆုတ်များ ပြသနာကြီးဖြစ်နေပြီလား လို့
ထင်ကြပါတယ်။ တကယ်က အဲ့တာတွေထက်
ပိုတဲ့ အကြောင်းအရင်းများစွာ ရှိပါသေးတယ် ။

ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတွေကတော့ …

၁။ စိတ်ဖိစီးမှုများလို့ ……………

မထင်မှတ်လောက်အောင်ကို စိတ်ဖိစီးမှုများပြီး
အသက်ရှုမဝ အသက်ရှုကြပ်တဲ့လူတွေများပါ
တယ်။ ဒီလိုဖြစ်တဲ့အခါမှာ ခံစားရသူဟာ
အသက်ရှုမဝတာအပြင် အသက်ရှုနှုန်းမြန်တာ
ခေါင်းမူးဝေတာ စိတ် ဂဏာမငြိမ်ဖြစ်တာ
ကြွက်သားတောင့်တင်းတာတွေ ခံစားရတတ်ပါ
တယ်။

၂။ အစာချဉ် ပြန် ရောဂါရှိတာ …………

တော်တော်များများက အသက်ရှုမဝတာ နှလုံးတို့
အဆုတ်တို့ကို သိထားပေမယ့် တကယ်တော့
အစာအိမ်က အက်ဆစ်ဓာတ်တွေထွက်တာမျာပြီး
အစာမျိုပြွန်ကိုတက်လာတာ ကလည်း
အသက်ရှုမဝပဲဖြစ်စေပါတယ်။

ဒီအခါမှာ ……
အစာမျိုချရင်နာတာ
ရင်ခေါင်းမှာ တစ်ခုခုဆို့သလိုခံစားရတာ
ရင်ဘက်အောင့်တာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။

၃။ ကြွက်သားနာတာ ………

နံရိုးကြားက ကြွက်သားလေးတွေဟာ အဓိက
အသက်ရှုတဲ့ ရှုသွင်းရှုထုတ်လုပ်ငန်းလုပ်ဆောင်
ပေးပါတယ်။ ဒီကြွက်သားတွေ ခိုက်မိတာ
မသိလိုက်ဘဲ ဒဏ်ရာရတာဖြစ်သွားရင်
အသက်ကောင်းကောင်း ဝဝလင်လင် မရှုနိုင်ဘဲ
အသက်ရှုမဝတာမျိုးခံစားနိုင်ပါတယ် ။

၄။ အဆုတ်ရောင် နီမိုးနီးယာဖြစ်တာ ………

နမိုးနီးယားပိုးဟာ အဆုတ်ထဲဝင်ပြီး
အဆုတ်ထဲမှာ လေအိတ်လေးတွေယောင်တာ
အဆုတ်ပွတာတွေဖြစ်စေပါတယ်။
အဆုတ်မကောင်းတဲ့အခါ အဆုတ်ထဲကို
လေအပြည့်မဝင်ဘဲ အသက်ရှုမဝဖြစ်စေပါတယ်။
ဒီလိုဖြစ်တဲ့အခါ ……
ဖျားတာ ချောင်းဆိုးတာ
ချမ်းတုန်တာ
ရင်ဘက်အောင့်တာ
မောပြီးနှုံးတာတွေခံစားရနိုင်ပါတယ်။

၅။ ပန်းနာရင်ကြပ်ရောဂါရှိနေတာ ………

လေပြွန်ကျွဉ်းစေတဲ့ ပန်းနာရင်ကြပ်ရောဂါရှိနေမယ်
ဆိုရင်လည်း အသက်ရှုမဝဖြစ်စေတာပါပဲ။
ဒီလိုဆိုရင်တော့ ………
မတည့်တဲ့အစားအစာစားရင် အသက်ရှုမဝတာ
ညဘက်အိပ်ချိန်မှာ တရွှီရွှီမြည်တာ
ညဘက်ထပြီးအသက်ရှုမဝဖြစ်တာတွေ
ခံစားရပါတယ်။

ထူးခြားချက်ကတော့ ရင်ကြပ်မထတဲ့အချိန်
ဆိုရင်တော့ လူကောင်းလိုပဲ လုံးဝ
အသက်ရှုချောင်ပြီး နေတတ်ပါတယ်။

၆။ နှလုံးသွေးကြောကျဉ်းတာ …………

လူတိုင်းနီးပါးသိထားတဲ့ နှလုံးသွေးကြောကျဉ်းတဲ့
လက္ခဏာတစ်ခုက အသက်ရှုမဝတာပါပဲ ။
ဒါ့အပြင် …………
ရင်ဘက်အောင့်တာ
ဘယ်ဘက်လက်မောင်ထိပ်အောင့်တာ
မေးရိုးအောင့်မှာစူးပြီးအောင့်တာ
ချွေးစေးပြန်တာတွေလည်း ခံစားရနိုင်ပါတယ်။

၇။ နှလုံးကြီးပြီး ညှစ်အားမရှိတာ …………

နှလုံးကြီးတဲ့ Hypertrophic Cardiomyopathy
မှာ ဆိုရင် နှလုံးကြွက်သားဟာ ညှစ်အားအရမ်း
နည်းတာမို့ အသက်ရှုမဝတာအပြင်ကို
မူးမေ့လဲတာ
ရင်ဘက်အောင့်တာ
ရင်တုန်တာ တွေ ခံစားရနိုင်ပါတယ်။

အခြားသော အသက်ရှုမဝတဲ့ အနေအထား
အများအပြားရှိပြီး ခုဖော်ပြထားတာတွေက
အဖြစ်များတဲ့ အရေးကြီးတဲ့ အနေအထားတွေ
ဖြစ်ပါတယ် ။🥰🥰

___________________________

Crd မယ်တင် ( ဆေး- ၁ )
ဒေါက်တာဟေမာမွှေး

#ကျန်းမာရေးဗဟုသုတရကြပါစေ

30/08/2025

လောက၌
ကြိုတင်၍ မသိနိုင်သောအရာ (၅)မျိုးရှိတယ်
---------------
ဘာတွေလဲဆိုရင်

(၁) ဇီဝိတံ -

အသက်ရှင်လျက် ဘယ်လောက်
နေရဦးမယ်ဆိုတာ မသိဘူး။
လောကကြီးမှာ ဘယ်လောက်ကြာကြာ
အသက်ရှင်နေထိုင်ရဦးမလဲ
ဆိုတာကို မသိနိုင်ဘူးတဲ့။

(၂) ဗျာဓိ -

ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ
ဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း
မသိနိုင်ပါဘူးတဲ့။ ☺

(၃) ကာလော -

ကာလဆိုတာ
လူတစ်ယောက်ဟာ ဘဝခရီး
အဆုံးသတ်မယ့်အချိန်ဟာ
ဘယ်အချိန်လဲ?

မနက်လား၊ နေ့လည်လား၊ ညလား
ပြောလို့မရဘူးတဲ့

ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ
ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ
အများကြီးရှိကြပါတယ်

အမှတ်တမဲ့နေရင်တော့
မသိဘူးပေါ့
အမှတ်နဲ့နေမယ်ဆိုရင်တော့
အကုန်သိနေမှာပဲ
မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။

(၄) ဒေဟနိက္ခေပနံ -

ကိုယ့်ရဲ့ရုပ်အလောင်းကို
ဘယ်နေရာမှာ သဂြိုလ်မယ်၊
ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာ
ကိုလည်း မသိနိုင်ဘူး

တချို့ဟာ ကောင်းကင်ယံမှာ
အနိစ္စရောက်သွားတာလည်း ရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း
အနိစ္စရောက်သွားတာလည်း ရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ

အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို
ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ
ကိုလည်း မသိနိုင်ပါဘူးတဲ့။

နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်

(၅) ဂတိ - လူတိုင်းလူတိုင်းဟာ
ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။

အဲဒီငါးဌာနက ဘာတွေလည်းဆိုလို့ရှိရင်
၁။ နတ်ပြည် - ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။

နောက်တစ်ခုက
၂။ လူ့ပြည် - ပဲ။

အကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။

အဲဒီတော့ ပုထုဇဉ်တစ်ယောက်
အနေနဲ့ ဘဝနိဂုံး အဆုံးသတ်
သွားပြီးတဲ့အခါမှာ ဘယ္ဘဝမွာ
ပြန်လည်မွေးဖွားမလဲဆိုတာ
ပြောလို့မရဘူး တဲ့။

သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့
အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့

သောတာပန်မဖြစ်သေးသမျှ
" နိယတဂတိ "
ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို
သြားလို့မရေသးဘူးတဲ့

ဘုရားအလောင်းကြီးတောင်မှ
တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။

ဘာဖြစ်လို့လဲဆိုတော့
သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး
ဘာစိတ်နဲ့သေမယ်ဆိုတာကို
ပြောလို့ မရလို့ပေါ့နော်။

ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင်
လူတိုင်းဟာ ဒီအချက်ကို ကြိုတင်
မပြောနိုင်ကြပါဘူးတဲ့။

အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို
ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ
အလွန်သနားစရာကောင်းပါတယ်။

သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို
ကယ်တင်မပေးနိုင်တော့ဘူး။

မြတ်စွာဘုရားက ဟောထားတယ်
" န သန် ပုတ်တာ တာဏာယ " တဲ့

"လောကမှာ သေခြင်းတရားနဲ့
ရင်ဆိုင်ရပြီဆိုရင်
အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ
မရှိဘူးတဲ့။ မိဘတွေအဖို့နော်"

သားသမီးတွေအတွက်လည်းပဲ
ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။

ဆွေတွေမျိုးတွေထဲမှာလည်း
ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့
ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး
ဒီလိုပြောတာ။
😊
အဂ္ဂမဟာပဏ္ဍိတ
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )

30/08/2025

မဖတ်မိရင် နောင်တရမည့် လေ့လာမှတ်သား အသုံးဝင် ဆေးနည်းတိုများ...❤❤

၁ – ချွေးထွက်များ

ချွေးထွက်များလျှင် အငန် အစပ် လျော့စားပါ။ မျက်နှာ ချွေးထွက်များလျှင် မိတ်ကပ် မလိမ်းပါနှင့်။

သနပ်ခါးအမြစ်ကို သံပုရာရည်နဲ့ ရောသွေးလိမ်းပါ။ နေ့ မလိမ်းဖြစ်လျင် ညဖက်လိမ်း အိပ်ပါ။

မျက်နာသစ်လျှင် မျက်နှာသစ်ဆေးတွင် ဆားအနည်းငယ် ရောထည့်ပြီး သစ်ပါ။ ရှားစောင်းလက်ပတ် အနှစ်နဲ့ မျက်နှာကို ပွတ်လိမ်းပေးပါ။

၂ – တင်းတိတ်

အရက် ဘီယာ လှော်စာများ မတည့်ပါ။ ထန်းရည် မတည့်သည့်အပြင် ထန်းလျက်နဲ့တောင် မတည့်ပါ။ ထန်းလျက်က သံဓာတ်များလို့ တင်းတိတ်ကို ပိုမည်းစေတယ် ။

တင်းတိတ်ထွက်လျှင် ရှားစောင်းလက်ပတ် အနှစ်ကို ပျားရည်နဲ့ရောခေါက် မျက်နှာမှာ လိမ်းထား။ ခဏကြာ မျက်နှာသစ်ပြီး သနပ်ခါးကို သံပုရာရည်နဲ့ ရော သွေးလိမ်းပါ။

၃ – ရင်ကျပ် ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင်

မုန်ညင်းဆီထဲ ကွမ်းရွက်ချေထည့်ပြီး မီးနဲ့ချက်ပါ။ ရင်ဘတ်နဲ့ ဇက်မှာ လိမ်းပါ။ စပါးလင် အမြစ်ကိုထောင်း အရည်ညှစ် ၁ ဇွန်း တိုက်ပေးပါ။ အချိုမုန့် အချိုရည်များ မစားရ မသောက်ရပါ။

၄ – ပါးစပ် (အာခံတွင်း) နံခြင်း

လေးညှင်းပွင့် ဝါးပေးပါ။ တမာရွက်နဲ့ ဆားပြုတ်ရည် ငုံပေးပါ။

ည အိပ်ခါနီး မန်ကျည်းမှည့် ဖျော်ရည်ထဲ ဆားခါး ၁ဇွန်း ထည့်ဖျော်သောက်ပါက အပုပ် ကင်းစင်စေပါတယ်။

ဂုံခါးအမှုန့်ကို ထမင်းစားပြီးတိုင်း အနည်းငယ် လျက်ပေးပါက ခံတွင်းပုပ်အနံ့ သက်သာစေတယ်။

ရှောက်ရည်နဲ့ ပျားရည် ရောစပ်ဖျော်ပြီး လျက်ပေးပါက ခံတွင်းနံ့ ကောင်းစေသည်။

ဆီးဖြူသီးကို ဝါးပြီး ငုံထားပါက ခံတွင်းအနံ့ ကောင်းစေသည်။

မက်လေချဉ် လျက်ဆား လျက်ပေးပါက ခံတွင်း ပုပ်စော်နံခြင်း သက်သာစေသည်။

လိမ္မော်သီး အခွံကို လျက်ဆားဖြင့် တို့၍ စားပါက ခံတွင်းပုပ်ရောဂါ သက်သာစေသည်။

၅ – အသက် ၆၀ ကျော် ဆီး ဝမ်းမထိန်းနိုင်လျှင် ထောပတ်ထမင်း ချက်စားပါ (သို့ ) ထမင်းပူပူကို ထောပတ်နဲ့နယ် ငါးကြော် ( သို့ ) အသားကြော်နဲ့ စားပါ။

ကောက်ညှင်း ငချိတ်ပေါင်းကို နှမ်းဆီရွဲရွဲနဲ့ နယ်စားရင်လည်း ချုပ်စေတယ်လို့ ဆရာကြီးများက ဓာတ်စာ ပေးပါတယ်။

ဟင်းရည်သောက်ခြင်း ရေစိမ်း ရေအေး သောက်ခြင်းကို ရှောင်ပါ ။လုံးဝ မသောက်ပါနဲ့။ ရေနွေးကြမ်း အဖန်ရည်သောက်ပါ။

မြင်းခွာ နွယ်ပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ဝမ်းထိန်းပါတယ်။

၆ – အသားအရမ်းယားခြင်း

ကြက်သွန် မီးဖုတ်စားပါ။ ဥသေးဆို ၂ လုံး – ဥ ၁ လုံးဆိုရင် ၇ ခု သို့မဟုတ် ၉ ဥ စားပါ။ တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ။ ကရမက်နဲ့ ဆားသွေးလိမ်းပါ ။

ယားယံခြင်းက လေကင်း (နရသုခိ) မှတ်ရာ လေစာရှောင်ပါ။ ဥပမာ မျှစ် မျှစ်ချဉ် ကုလားပဲ မှို ကိုက်လန် ပန်းဂေါ်ဖီ ကြောင်လျှာသီး ကြက်ဟင်းခါးသီး ဝက်သား ပင်လယ်စာ အုန်းထမင်း ဒံပေါက် လက်ဖက်ချဉ်စပ် ရေခဲရေ ရေခဲရိုက် အစားအစာများ ကောက်ညှင်း ကောက်ညှင်းနဲ့လုပ်သောမုန့်များ ရှောင်ပါ။

နေရောင်ခြည် မရသော နေရာတွင် နေလျှင် ပိုယားတတ်ပါသည်။ နေမထွက်လျှင် အင်ဖက် မီးလှုံဟု ရှေးလူကြီးများက ပြောပါသည်။

၇ – မျက်စိနာ မျက်လုံး ဖူးရောင်ခြင်း

ကျားမနိုင် နွယ်မြစ် သွေးလူးပါ။ မန်ကျည်းပင်အခေါက်ကို သွေးလိမ်းပါ။ ရှားစောင်းလက်ပပ် ကပ်ပေးရင်လည်း ရပါတယ် ။

မျက်စိဆရာဝန် မပြနိုင်သေးရင် ဆားရည်ကြည် ခပ်ပေးပါ။

ရှေးက လူကြီးများက မျက်စိ နီရဲနေလျှင် မိခင်နို့ရည်ကို ခပ်ပေးလေ့ ရှိပါတယ် ။

၈ – အသားအရေ အမြဲပူပြီး ပိန်နေသူ

ရှားစောင်းလက်ပပ် အနှစ်ကို သကြားနဲ့ ခေါက်စားပါ။ ရေထဲမှာ ဆားခါး ၃ ဇွန်း ထည့်ဖျော်ပြီး ရေချိုးပါ။ ဆန်ဆေးရည် ၁ ဖန်ခွက်ကို နံနက် ရေမချိုးမီ နေ့စဉ် သောက်ပေးရင် ကိုယ်အပူ ငြိမ်းပါတယ် ။

၉ – အစာအိမ်အနာ ဖြစ်ဘူးပြီး လက်ရှိအချိန်မှာ အစာမစားနိုင် အစာအိမ်ရောင်နာဖြစ်လျှင် အစာအိမ်ရောင်ရင် ထမင်းနဲ့ မာတဲ့အစာတွေ ခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ။

ဆန် လက်တစ်ဆုပ် + ပဲရာဇာ ခေါ် ပဲနီလေး လက်တစ်ဆုပ်စာ + ကြက်သွန်နီဥ ၁ လုံးပါ ထည့်ပြုတ်ပါ။

အကြောအလှော် အကြွပ်ကြော် အပူအစပ် လက်လုပ်ချဉ် ကော်ဖီမစ် ခေါက်ဆွဲခြောက်များ မစားရပါ။

ည အိပ်ရာဝင်နဲ့ မနက် အိပ်ရာနိုးနိုးချင်း ပျားရည် ၁ ဇွန်း ရေအေးနဲ့သောက်ပါ။ ပျားရည်က အစာအိမ်နာကို ကျက်ပါတယ်။

ဖီးကြမ်း ငှက်ပျောသီးကို နေ့စဉ်စားပေးလျှင် အစာအိမ်ရောင် ရောဂါကို သက်သာစေပါတယ်။ ဖီးကြမ်း ငှက်ပျောသီး၂ လုံးကို မီးဖုတ်ပြီး နေ့စဉ် စားပေးလျှင် အစာအိမ်အနာ ကျက်သည်ဟု ဆိုပါသည်။

စိတ်တိုလျှင် အစာချေရည် ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသထွက်ရမည့် ကိစ္စများကို ရှောင်ရှားပါ။ စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်ရောဂါ ပိုဆိုးတတ်ပါသည်။

၁၀ – ၅ လ ကလေးငယ် နှာစေး ချောင်းဆိုး ကိုယ်ပူ ချွဲသံကြားရလျှင်

ကွမ်းရွက်နဲ့ ချင်း ပါးပါးလှီး၃ – ရင်ကျပ် ဖြစ်နေပြီး ဇက်တောင့် မူးဝေလျှင် ရေနွေးစိမ်ထား ရေကျက်အေးလုပ်ထား ဖြည်းဖြည်းချင်း တိုက်ပေးပါ။ ခြေဖဝါးကို ဆားရေဖတ် တိုက်ပေးပါ ။

ကွမ်းရွက် မီးကင်ပြီး ရင်ဘတ်နဲ့ ကျောကို ကပ်ပေးပါ။ ကွမ်းရွက်မီးကင်ပြီး အရည်ညှစ် အုန်းဆီနဲ့ရော ကလေးငယ်ထိပ် လိမ်းပေးပါ

ရနိုင်လျှင် တိုင်းရင်းဆေးအမှတ် ၄၇ သူငယ်နာ ၇ ပါး ဆေးဝါလေးအမှုန့် ဖြင့် ကလေး ငယ်ထိပ် နှာခေါင်းထိပ် ရင်ဘတ်တို့တွင် လိမ်းပေးပါ။

၁၁ – အမျိုးသား ဆီးသွားသည့်အခါ အောင့်ခြင်း

ရေနွေးကျိုပြီး အအေးခံ မြေ သောက်ရေအိုးတွင် ထည့်ထားပြီး များများ သောက်ပေးပါ။

ကြက်သွန်နီ ဥထောင်း အရည် ၁ ဇွန်းကို သကြား တစ်ဝက် စပ်သောက်ရင် ဆီးကျဉ် သက်သာစေပါတယ် ။

ကြက်သွန်နီဥကို ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးပါ။ ဆီးသွားရင် နာတာ သက်သာစေပါတယ် ။ (တနည်း ) ဆန်ဆေးရည် ၁ ဖန်ခွက်မှာ သံပုရာသီး ၁ ခြမ်း အရည်ညှစ်ထည့်ပြီး သောက်ပါ။

အိုးရှိရင် လောက်သေရွက် ပြုတ်ရည် မတ်ခွက် ၂ လုံး ၁၄ ရက် သောက်ပါ။

၁၂ – သွားကိုက် သက်သာစေမည့်နည်း

◆ ခရေပွင့်အစိုကို ကြိတ် သွားအခေါင်းပေါက်အတွင်း သိပ်ပေးပါ ။

◆ ပုဏ္ဍရိတ်အရွက်ပြုတ်ပြီး ငုံပေးပါ။

◆ ကြက်သွန်နီဥ အလည်မှ အူတိုင်ကို ထုတ်ယူ၍ သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ ။

◆ လေညှင်းဆီ ငရုပ်ကောင်းဆီများ ဂွမ်းနဲ့တို့ပြီး သွားပေါက်တွင် သိပ်ထားလျှင်လည်း ရသည်။

သွားနှဲ့ပြီး သွားကိုက်လျှင် • ထနောင်းခေါက် တမာခေါက် သရက်ပင်ကျီးပေါင်း ပြုတ် ငုံပေးလျှင် နှဲ့သောသွား ပြန်ခိုင်ပါတယ်။

၁၃ – နှာခေါင်းပိတ် ထိပ်ကပ်နှာ

နှာခေါင်းပိတ် ထိပ်ကပ်နာ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ။

နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မည်။

ချင်းတက် ပါးပါးလှီး ရေနွေးမတ်ခွက် ၁ လုံးမှာ စိမ်ထားပါ။ ရေနွေးကြမ်း သောက်သလိုတနေကုန် သောက်နေပါ။

မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်းဆေး အမှတ် ၄၃ အကင်း ၁၀ ပါး ဆေးမူန့်ဝယ် မီးခဲပေါ်ဖြူး ရှူပေးပါ။

ထိပ်ကပ်နာ (နှပ်ပုပ်စော်နံ့လျှင် ) အဆင့်ဆိုရင်တော့ မရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကို အခြောက်လှန်း မီးရှို့ ရှူပေးရင်တော့ ပျောက်နိုင်တယ်လို့ အာယုဗေဒ ဆေးကျမ်းမှာ ပါပါတယ်။

၁၄ – တခုခုနဲ့ထိမိပြီး ခြေကျင်းဝတ်နာ

ရဲယိုရွက်ကို မီးကင် နှမ်းဆီသုတ် ရောင်တဲ့ နေရာမှာ ကပ်ပြီး ပတ်တီး စည်းထားပါ။ ၆ နာရီ ကြာသည်အထိ နေ့စဉ် စည်းပါ။

(တနည်း ) – သစ်ကြံ့ပိုး အမူန့်နဲ့ ကြက်ဥအကာရော ရေနွေးအနည်းငယ်ဖြင့် ခေါက်ပြီး

ဖျော်ထားသည်ကို ခြေကျင်းဝတ်မှာလိမ်းပြီး ဝါဂွမ်းဖြင့် အုပ်ပါ။ ပြီးလျှင် ပတ်တီးဖြင့်စည်းပါ။ ၆ နာရီ ကြာ ဖြည်ပေးလျှင် အရောင်ကျသွားလိမ့်မည်။

၁၅ – အသက်အရွယ်ကြီးသူ ခြေထောက်၂ ဖက်နဲ့ ခြေသလုံးပူပြီးကိုက်ခဲလျှင် ကိုက်ခဲ ညောင်းညာဖြစ်လျှင် မုန်ညင်းဆီ ၅ ကျပ်သားမှာ ချင်းတက် အနည်းငယ် ထုထောင်းထည့်ပြီး မီးဖြင့် ချက်ထားပါ။

– ညောင်းကိုက်သော နေရာကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။

မုန်ညှင်းဆီတွင် လေးညှင်းဆီ ငရုပ်ကောင်းဆီ ပရုပ် မင်သော် စသည်များ ထည့်ချက်ပြီး လိမ်းလျှင်လည်း ရပါသည်။

အကြောတက် ညောင်းကိုက်များလျှင် ဝမ်းမှန်အောင် ဂရုစိုက်ပါ။ ည အိပ်ရာဝင်ခါနီး မန်ကျည်းမှည့် ဖျော်ရည် သောက်ပေးပါ ။

ဆားခါးကို လှော်ပြီး ဟင်းစားဇွန်း ၁ ဇွန်းကို ရှောက်ရည် ၃ ဇွန်း ပျားရည် ၁ ဇွန်း စပ်သောက်ပါကလည်း ဝမ်းမှန် အကြော လျော့စေပါတယ်။

၁၆ – ၄၀ ကျော် နေ့ရော ညပါ ခြေဖျားထုံကျဉ်ခြင်း ထုံကျဉ် လေငန်း ဖြစ်ချင်နေလျှင် ဆင်တုန်းမနွယ်ပါတဲ့ မြန်မာဆေး တမျိုးမျိုးကို ဝယ်စားပါ ( သို့မဟုတ် ) ပရဆေးဆိုင်မှ အမူန့်ကြိတ်ပြီးသား ဆင်တုန်းမနွယ်ကို ပျားရည်နဲ့ ရောမွှေထားပါ။

ဖန်ပုလင်းတွင်ထည့် အပေါ်မှ နှမ်းဆီထည့်ပြီး အုပ်ထားပါ။ နံနက် ည ကော်ဖီဇွန်းသေးလေးနဲ့ ၁ ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ် တခါ နေရောင် ပြပေးပါ။ ဆင်တုန်းမနွယ်က အကြော လေလျှောက်ဆေး ဖြစ်ပါတယ်။

၁၇ – အသက် ၄၀ ကျော် အမျိုးသမီး ဓမ္မတာသွေး ရက်ကြာရှည်လာခြင်း

■ ပရဆေးဆိုင်မှာ ပန်းလည်းပွင့်ခြောက် ဝယ်ပြီး ပြုတ်သောက်ရင်ရက်ရှည် သွေးဆင်းခြင်း ရပ်ပါတယ် ။

■ ရေနွေးကြမ်း အဖန်ရည် မတ်ခွက် ၁ လုံးမှာ သကြား ၃ ဇွန်း ထည့် ဖျော် သောက်ပါ။

■ မနက် ရေမချိုးမီ ဆန်ဆေးရည် အကြည် ၁ ခွက်သောက်ပါ။

■ မီးကွင်းဂမုန်းကို အသုတ် ပြုလုပ်စားပါ ။

■ ဧကရာဇ်ရွက် အပွင့် တရုတ်စကားပွင့်များ အသုတ် ပြုလုပ်ပြီး စားပါက သွေးအေးပြီး သွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည် ။

၁၈ – အမျိုးသမီးများ သွေးဆုံးခါနီး ရင်သားများနာခြင်း

● ဥသျှစ်သီးကင်း အခြောက်လှန်း အမူန့်ကြိတ် ပျားရည်နဲ့ ရောစား ။(တနည်း )

● ရဲယိုသီးမှည့်ကို ပျားရည်နဲ့ ခေါက် တစ်နေ့ ၁ လုံး စားပါ။

● ရှားစောင်းလက်ပတ် အနှစ်ကို ညအိပ်ရာဝင် ရင်သားနာသည့် နေရာကပ်ပေးပါက သက်သာသည်ဟု ဆိုပါသည်။

၁၉ – သည်းခြေမှာ ကျောက်တည်ခြင်း

● သည်းခြေ ကျောက်တည်လျှင် အုန်းသီးစိမ်း ( အုန်းသီးအနု) ထိပ်မှဖွင့်ပြီး ကျောက်ချဉ် ရွေးစေ့ခန့် ထည့်ပြီး အချိန်ခဏ စောင့်ပါ။ ပြီးလျှင် ပိုက်ဖြင့် – နေ့စဉ် ၁၄ ရက် ဆက်သောက်ပါ။

● အဝါရောင် ကောက်ရိုးခြောက်ကိုပြုတ်သောက် (တနည်း ) အဝါရောင်ကောက်ရိုးခြောက်ကို လက်ဖက်ခြောက် ခပ်သောက်သလို သောက်လျှင်လည်း သည်းခြေ ကျောက်ကျစေပါတယ် ။

● (တနည်း ) ပေပင်မှ ပေရွက်ကိုပြုတ် နေ့စဉ် မှတ်ခွက် ၁ လုံးစာသောက်ပါကလည်း သည်းခြေကျောက် ကျစေပါတယ်။

၂၀ – အရက်ကြောင့် အသည်းကအပြင်က ခြောက်ပြီး အသည်း အထဲက မခြောက်သေး အသည်းထဲမှ ရေလည်း တွေ့ရသည်ဟု စစ်ဆေးချက်အတွက် အသည်းအထူးကု ညွှန်ကြားချက်ကို လိုက်နာပါ ။

မြန်မာဆေးနည်း သုံးစွဲလိုလျှင် – သင်္ဘောရွက် အစိမ်းရောင်ရင့်ရင့်ကိုယူပါ ရေစင်စင်ဆေးပါ ထောင်းပြီး အရည် ညှစ်ယူပါ။ ဟင်းစားဇွန်း ၂ ဇွန်း နံနက် ည သောက်ပါ။

သင်္ဘောရွက်ကို အဖို အမ မခွဲခြားပါ။ အာနိသင် အတူတူပါ – အင်္ဂလိပ်ဆေး သောက်နေလျင် ၃ နာရီခြား သဘောင်္ရွက်ရည်ကို သောက်ပါ ။

အသည်း မခြောက်သေးလျှင် ပိုထိရောက်အောင် မက်လင်ချဉ်သီးကို အချဉ်ရည် ချက်တိုက်ပါ။

၂၁ – ငါးအရိုးစူးခြင်း

အရိုးစူးလျှင် ဖီးကြမ်းငှက်ပျောသီး အမှည့် ၁ လုံးကို ၃ ကိုက်နဲ့ မျိုချပါ ။ မကျသည့်အခါ အန်အောင် လုပ်ပါ။

ဆား နနွင်း ရေ မတ်ခွက် ၁လုံးနဲ့ ဖျော် ကုန်အောင်သောက် ခဏကြာ အန်လာလိမ့်မည်။ လက်ထိုးပြီး အန်ထုတ်ပါ အရိုးကြီးရင် ပါလာလိမ့်မည် ။

တခါတရံမှာ အရိုးက မရှိတော့ပဲ နာနေတဲ့ဒါဏ်ကြောင့် စိတ်က စူးနေတယ် ထင်တာလဲ ရှိတယ် ။ သတိထားပါ – လည်ပင်းနာလျှင် နလင်ကျော် သွေးလိမ်းပါ ။

၂၂ – ကလေးငယ် စကားပြောထစ်ခြင်း

မြင်းခွာရွက်ကို ရေစိမ်ထား – မနက်အိပ်ရာထ သွားမတိုက်မီ ဝါးစားပေးလျှင် စကားထစ် သက်သာပါတယ်။

တနည်း – ဝါးဖြင့် ပြုလုပ်ထားသာ ပုလွေကို မူတ်ပေးလျှင် စကားထစ်သက်သာပါတယ်။

တနည်း – သံပုရာသီးကို မီးဖုတ် ပြာချ ထိုပြာဖြင့် လျှာပွတ်ပေးလျှင် စကားထစ် သက်သာစေသည်။

တနည်း – ဗာဒံသီး အတွင်းမှ အဆံ ကိုစားပေးလျှင် စကားထစ် သက်သာပါတယ်။

ကြေးဖလားဖြင့် ရေကို သောက်ပေးလျှင်လည်း စကားထစ် သက်သာပါတယ်။

၂၃ – နှာခေါင်းတွင်း ဝက်ခြံပေါက်ခြင်း

မတ်ခွက် ၁လုံးထဲ ရေနွေးပူပူနဲ့ ဆား ၂ ဇွန်း ထည့် အုပ်ထား – ဖွင့်ပြီး အငွေ့ကို ရှူသွင်းပါက နှာခေါင်းတွင်းမှ အနာ ကျက်သွားပါလိမ့်မည်။ ကွမ်းရွက် ချင်း ထန်းလျက်ပြုတ်ရည် ပူပူ ၃ ရက် ဆက်သောက်ပေးပါ ။

၂၄ – အရွယ်မတိုင်ခင် ဆံပင်ကျွတ် ထိပ်ပြောင်ခြင်း

ဆံပင် ပြန်ပေါက်အောင် ပရန္နဝါရွက်ကို ထောပတ် နှမ်းဆီ ပျားရည် ၃ မျိုးနဲ့ ရော ယိုထိုးစားပါ။ မနက် ည ဟင်းစားဇွန်း ၁ ဇွန်းစားပါ ။

နေ့စဉ် ဝမ်းနုတ်ဆေး တမျိုးမျိုး စားပါ ။ ရေခေါင်းလောင်း ချိုးပါ ။ လက်တွေ့ ပြန်ပေါက်သူ ရှိပါသည်။

ဦးခေါင်းတွင် ထောလပတ်ရွက် အရည်ညှစ်ပြီး ပွတ်ပေးလျှင်လည်း ပြန်ပေါက်နိုင်သည်။

၂၅ – ညဘက်အိပ်ပျော်အောင်

ည အိပ်ရာဝင်ခါနီး ဒူးအထက်မှ အောက်ရေလောင်း ခြေဆေးပေးလျှင် အပူသက်ပြီး ည အိပ်ပျော်ပါတယ်။

နွားနို့ပူပူ တစ်ခွက်မှာ နနွင်းမူန့် ကော်ဖီဇွန်းငယ် ၁ဇွန်း ထည့်ဖျော်သောက်ပါ ။

မိမိယုံကြည်ရာ ဘာသာနှင့် စိတ်ကိုလျော့ တရားမှတ် ပုတီးစိပ်ပါ။

၂၆ – အသားမာ

ဖီးကြမ်းငှက်ပျောသီးအခွံကို မလွင့်ပစ်ပဲ အသားမာနဲ့အတော်ဖြတ်ပြီး အသားဖက်ကကပ်ပါ။ ပလာစတာနဲ့ ကပ်ပါ။

ရေချိုးရင် အသစ်လဲပါ – ရက်ကြာကပ်ရင် အသားမာ ကျွတ်ထွက်သွားပါလိမ့်မည်။

၂၇ – ခြေဖနှောင့်ကွဲခြင်း

● ထောပတ်စစ်စစ်နဲ့ ပျားရည် ရောစပ်လိမ်းပါ။

● တမာရွက် ပြုတ်ရည်နဲ့ ဖနှောင့်ကို စိမ်ပေးပါ ။

● တမာရွက်ကို ပြာချ အုန်းဆီနဲ့ရောလိမ်းပေးပါ။

အားလုံးအဆင်ပြေပါစေ

တိုင်းရင်းသမားတော် ဆရာကြည်လွင့်မြင့် ( မုဒြာ )

#ကျန်းမာရေးဗဟုသုတ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Swee Swee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share