Mg Mg & 90's 80's

Mg Mg & 90's 80's The videos on this Page are original archive by Mg Mg & 90's 80's. The content are recreated from material recorded on tape in the 1980'90's.
(1)

Any reproduction of the video is not permitted. "Hello, my name is Maung Maung. I have worked as a documentary filmmaker for many years. The main reason for creating this page is to share with people memorable things from around 1980 and 1990, such as festivals, events, and people's lifestyles, as well as stories about famous people from various sectors."

12/08/2025

👨‍👨‍👧‍👧 ဒါဇင်ကျော် 👨‍👨‍👧‍👧
ďżź
ညီအကိုမောင်နှမ ဆိုတာ ဘုရားပေးတဲ့ လက်ဆောင်ပဲတဲ့၊ ဆိုးတဲ့ ညီအကိုမောင်နှမတွေ ရှိတဲ့သူကတော့ ဒီစကားမဟုတ်ဘူး ပြောကြမှာပေါ့လေ။

အခုဗီဒီယိုက ၁၉၉၀ က ရိုက်ထားတဲ့ ညီအကိုမောင်နှမ (၁၃) ယောက်ရှိတဲ့ မိသားစုအကြောင်း မှတ်တမ်းဗီဒီယိုပါ။

ငယ်ငယ်တုန်းကတော့ ယောက်ဖအခေါ်ခံရမှာစိုးလို့ အမတွေ၊ ညီမတွေ မရှိချင်ခဲ့ဘူး။ အခုကြတော့ ငါကံကောင်းတာပဲလို့ တွေးပြန်တယ်။

ညီအကိုမောင်နှမ အမှတ်တရတွေပေါ့။

07/08/2025

📺 ဗီဒီယိုရုံအသစ် 📺

ဒီပေ့မှာက ဗီဒီယိုတွေတင်တာဆိုတော့ အရင်တုန်းကလိုဆို ဗီဒီယိုရုံပေါ့။ ပေ့က နည်းနည်းတန့်တန့်လေး လုပ်ထားတာရယ်၊ ဇူဇူရဲ့ ရုံဝင်ခကောက်တာကို ခွဲယူထားတာရယ် တစ်ပိုင်းကြောင့်သူထုတ်ထားတာတွေကိုလဲ စည်းကမ်းလိုက်နာရတယ်ဗျာ။

အဓိက သီချင်းတွေ တင်လို့မရဘူး၊ မြန်မာသီချင်းတွေကလည်း ကော်ပီများတော့ ခနခန ပြဿနာ တက်တာပေါ့။ အဲဒါနဲ့ တစ်တော့၊ ယူကျူ့ (ပိုဆိုး) စသဖြင့် လိုက်စမ်းကြည့်ပေမယ့် အဆင်မပြေပါဘူး။

အဲဒါကြောင့် အခု ဇူဇူဆီမှာပဲ " အိမ်ကြည့်ဗီဒီယိုရုံအသစ် " တစ်ခုလုပ်လိုက်တယ်၊ ရုံဝင်ခမကောက်ဘဲ အိမ်မှာပဲ ကြည့်မှာဆိုတော့ သိပ်ပြဿနာ မရှိဘူးလို့ထင်ရတာပဲ။

ပေ့မှာတင်ဖို့ခက်တဲ့ ဗီဒီယိုတစ်ချို့ကို ဒီကနေတင်မယ်ဗျာ၊ လူအကောင့်ဆိုတော့ 'ပါဆင်နယ်တို့' 'အာဆင်နယ်တို့' လည်း နည်းနည်းပါးပါး တင်ပါတယ်။ အဆင်ပြေရင်တော့ လာကြည့်ပေါ့ဗျာ။

➡️ လိပ်စာကို ကော့မန့်မှာပေးထားပါတယ်။

➡️ သူငယ်ချင်း' ခလုတ်လည်း နှိပ်ထားလို့ရပါတယ်။

💞 မောင်မောင် 💞

31/07/2025

" TV Quiz "

တီဗီကြော်ငြာခွေတွေက အကုန်ကူးထားပြီးပေမယ့် အကုန်လုံး မကြည့်လိုက်ရဘူး။ ကူးထားတဲ့အထဲ ဟိုကြော်ငြာပါလား၊ ဒီကြော်ငြာ ပါလားမေးရင် မမှတ်မိဘူး။ အကုန်ပြန်ကြည့်မှ ရှိ / မရှိ သိရတာ။

အခု အခွေစမ်းရင်းနဲ့မှ ဒီကြော်ငြာလေး ကြည့်ရပြီး တွေ့မိလို့ သဘောကြတာနဲ့ တင်လိုက်ပါတယ် တီဗီကြော်ငြာ ပဟေဠိ ညှိပေါ့။

" မောင်မောင်နှင့်ဆရာတွတ် "မနက်က Taxi စီးသွားရင်းနဲ့ ကားပေါ်မှာ ဆရာတွတ်နဲ့ တွေ့ရတော့ ဝမ်းသာမိတယ်။ ကျွန်တော်တို့ငယ်ဘဝက ကြိ...
23/07/2025

" မောင်မောင်နှင့်ဆရာတွတ် "

မနက်က Taxi စီးသွားရင်းနဲ့ ကားပေါ်မှာ ဆရာတွတ်နဲ့ တွေ့ရတော့ ဝမ်းသာမိတယ်။ ကျွန်တော်တို့ငယ်ဘဝက ကြိုက်ခဲ့ရ သဘောကြခဲ့ရတဲ့ ဇာတ်ကောင်တွေကို ကာတွန်းစာအုပ်ထဲမှာတင်မဟုတ်ဘဲ အခုလိုမျိုး အပြင်မှာ များများတွေ့ချင်မိတာ အရင်ကတည်းပဲ။

နိုင်ငံခြားကာတွန်းဇာတ်ကောင်တွေဆိုရင် အဲဒီလို ကာတွန်းစာအုပ်တွေကမှတစ်ဆင့် ဗီဒီယိုကာတွန်းကားတွေ၊ တီဗီအစီအစဉ်တွေ၊ အရုပ်တွေ နောက်ဆုံး ပန်းခြံတွေဖွင့်််် ကျောင်းစာသင်ရိုးတွေမှာ ထည့်ရတဲ့အထိ အောင်မြင်ကြတယ်။

မြန်မာပြည်က ကာတွန်းတွေကတော့ ကာတွန်းစာအုပ်အဆင့်မှာပဲ ရပ်သွားကြပြီးတော့ အခြားစီးပွားရေး လုပ်ငန်းတွေက သိပ်ပြီးတော့ စိတ်မဝင်စားတတ်ကြဘူး။ TV မှာတော့ “ကြည့်မကောင်းဘူး အဖေကြီးရာ ဘရိတ်ဒန့် ကနေတာ” ဆိုတဲ့ ကြော်ငြာရယ်၊ တွတ်ပီနဲ့ ဗိုက်ကလေး ပြောင်' လိုက်ခွေ့လို့ ပြေးတဲ့ "အာကာထွန်း ဘောင်းဘီ" ကြော်ငြာရယ်တော့ ကြည့်ဖူးခဲ့တယ်။

'ဦးစိတ်တို မျောက်ညို' ၊ 'ဖီးကြမ်း သီးမွှေး' ၊ 'ဦးပြောင်ရှင်း' ၊ 'မောင်မောင်ဇာ' တို့ဆိုရင် အခုအချိန်ဆို ပတ်ဝန်းကျင်မှာ မတွေ့ရတော့ သလောက်ပဲ။

ကြောင်နဲ့ကြွက်က ၁၉၄၀ ၊ မစ်ကီးမောက်က ၁၉၂၈ ၊ ဒေါ်နယ်ဒတ်က ၁၉၃၄ ... ကလေးတွေ အလွယ်တစ်ကူ တွေ့နေနိုင်တုန်းပါပဲ။ မြန်မာဇာတ်ကောင်တွေအားလုံး အဲထက်ငယ်မှာပါ ...

ဒါပေမယ့် အရက်သမားစကားနဲ့ ပြောရရင် စောစောရှောတယ်ပေါ့လေ။ အေးပေါ့ ဂျော်နီလမ်းလျှောက် သောက်နေရတာနဲ့ အဆီစပ်အရက်ဖြူ ချနေရတာတော့ ဘယ်တူပါ့မလဲလေနော။

ဆရာတွတ်ကို ခုလိုတွေ့နေရတာကိုပဲ ပျော်ရတော့မှာပေါ့။

မောင်မောင်

18/07/2025

💔 ၁၉၉၀ ဂျူလိုင်လက ဝမ်းနည်းစရာသတင်း 💔

ကျွန်တော်အခုတင်နေတဲ့ ၈၀၊ ၉၀ ဗီဒီယိုတွေက အရင်တုန်းက မီဒီယာ company တစ်ခုကရိုက်ခဲ့တာပါ။ သူတို့က တစ်လအတွင်း ထူးခြားတဲ့သတင်းတွေကိုလည်း ဗီဒီယိုသတင်းဆောင်းပါးပုံစံမျိုး ရိုက်ခဲ့ပါတယ်။

၁၉၉၀-ဂျူလိုင်လမှာတော့ ရုပ်ရှင်ပရိတ်သတ်တွေအတွက် ဝမ်းနည်းစရာသတင်းတစ်ခုလဲပါလာပါတယ်။

အဲဒီတုန်းက သတင်းတင်ဆက်ပုံနဲ့ ၊ အချိန်ကို ပြန်ခံစားမိအောင် ဒီဗီဒီယိုကိုတော့ အခွေထဲမှာပါတဲ့အတိုင်းပဲ ပြန်တင်လိုက်ပါတယ်။

15/07/2025

👨‍🍳🧑‍🍳 စားကြမယ်ဟေ့ ကောင်းကောင်း 👨‍🍳🧑‍🍳

🥘 ချက်ကြ ပြုတ်ကြတဲ့သူတွေဆို “ စားကြမယ်ဟေ့ ကောင်းကောင်း ” ဆိုပြီး စားစရာဗီဒီယိုတွေအမြဲတမ်း တင်ကြပါတယ်။ အခွေကူးတဲ့အထဲ ဒီချက်တဲ့ပြုတ်တဲ့ အစီအစဉ်ပြန်ပါလာတော့ ငယ်ငယ်က တီဗီမှာကြည့်ဖူးတာကို ခပ်ရေးရေးမှတ်မိလာပါတယ်။ အစီအစဉ်တင်ဆက်တဲ့သူကလည်း သတင်းကြေငြာတဲ့ နာမည်ကြီး အစီအစဉ်တင်ဆက်သူလား ဘာလား သိပ်တော့မမှတ်မိတော့ဘူး။ အင်တာနက်မှာလည်း ရှာလို့မတွေ့ဘူးလေ။

🥗 စီနီရာချက်ကြီးတွေကတော့ ဒီအအစဉ်နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ အိမ်မှာ မီးဖိုချောင်ဝင်ရတဲ့သူတွေရောပေါ့။

🍛ကြီးဒေါ်ကိုတော့ ဒီဟင်းချက်ပြတဲ့ အစီအစဉ်ထဲကလိုမျိုး ဟင်းကောင်းကောင်းချက်ပါလားဆိုပြီး ကျောင်းသားတုန်းက ပူဖူးသလားပဲ။

တီဗီရှေ့က မိသားစုအမှတ်တရတွေ အနေနဲ့ …. တင်လိုက်ပါတယ်။ 🩵

ငယ်ငယ်က ချက်တာပြုတ်တာ ကစားခဲ့တဲ့သူတွေ တကယ်ချက်နိုင်ကြပါစေ။ 😎

07/07/2025

" အကုသိုလ်ကောင်တွေကို နေရာမပေးခြင်းဖြင့် သင်လည်း ပါဝင်နိုင်ပါပြီ "

AI နဲ့ လူလိမ်

ကျွန်တော်လည်း မနေနိုင်လို့ ပြောရဦးမယ်ဗျာ ...

' အိုးဘိုရွာက မငွေသန်း ထုထားတဲ့အရုပ်က လက်ရာ မြေတောင်မြောက်ပေးသင့်တယ်တို့' 'ကိုမင်းထွန်း ထုထားတဲ့ မိဘနှစ်ပါးပုံ အားပေးမယ့်သူ မရှိဘူး' နဲ့ လူလိမ်ပို့စ်တွေ တအား Share နေကြတာတွေ့တော့ ဖေ့ဘုတ်သုံးရင်း အကုသိုလ်များလာတယ်။ ဒီ-အေဘေး လူလိမ်တွေ အနားရှိရင် ထပါထိုးမိမယ်။

- ဘာလို့လိမ်တယ်ပြောရတာလဲ -

ဘာလို့လည်းဆိုတော့ တကယ်မရှိတဲ့ပုံနဲ့ အကြောင်းအရာကို တကယ်ရှိတယ် လိမ်ထားလို့ပဲ။
မြန်မာမှုဆိုတဲ့ လူမျိုးချစ်စိတ်၊ ဆင်းရဲတယ်ဆိုတဲ့ လူတွေရဲ့ကူညီချင်တဲ့စိတ်၊ မိဘချစ်တဲ့လူတိုင်းရဲ့စိတ် အဲဒါတွေ အခြေပြုပြီးလိမ်တာပဲ။ များသောအားဖြင့် AI နဲ့ မရင်းနှီးသူတွေက အစစ်ထင်ပြီး စိတ်၀င်စားမယ်၊ သိတဲ့သူတွေက ဝင်ဆဲမယ် ဒီနည်းအားဖြင့် လူစိတ်၀င်စားမှု ရှာတာ။

- ဘာလို့စိတ်၀င်စားမှုရှာလဲ -

ဖေ့ဘုတ်က ပိုက်ဆံရနိုင်သလို လူစိတ်၀င်စားလာတာနဲ့အမျှ ကြော်ငြာတွေလုပ် ပိုက်ဆံရှာနိုင်လို့ပဲ။

- ဘာကြောင့်အားမပေးသင့်သလဲ -

ဒီကောင်တွေက လူလိမ်တွေမို့ပဲ၊ ကျားဖြန့်ကငွေလိမ်တာ ဒီကောင်တွေက စိတ်ဝင်စားမှုနဲ့အချိန်ကို လိမ်တာ။ ဒီလိုကောင်တွေ ပေါက်လာရင် သတင်းအမှားတွေ ဖောင်းပွလာမယ်။ တကယ့်ကျင့်၀တ် လိုက်နာဖန်တီးသူတွေ ပျောက်သွားမယ်။

- ဒါဆို AI တိုင်းက လိမ်တာလား -

ကိုယ်တိုင်လည်း AI နဲ့ ကာတွန်းတွေ တင်နေတဲ့ အခါတွေရှိတယ်။ အစစ်လိုလို အတုလိုလိုဖြစ်နိုင်တာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပါတယ်။

မင်းတုန်းမင်း ဘလော့တို့ နတ်ရှင်နောင်က ဘာဖြစ်တယ်တို့ ဗီဒီယိုတွေကြ ပြန်ဖန်တီးတာမျိုး၊ လက်ရှိမရှိဘူး သူကနိုင်ငံခြား Animation movie တွေလိုပဲ၊ စိတ်ကူးဖန်တီး ဆန်းသစ်မှု၊ လိမ်တာမဟုတ်ဘူး။ အစစ်မဟုတ်ကြောင်း လူတိုင်းသိနိုင်တယ်။

ဒါပေမယ့် ...
ဒီကောင်တွေကြ အတုကို အစစ်လို့ပြောပြီး လိမ်တာပဲ။ လူလိမ် -အေဘေးတွေပေါ့။

ဒီထက်ဆဲရင် ဘန်းမှာစိုးလို့ ဒီလောက်ပါပဲ ...

- ဘယ်လိုလုပ်ရမလဲ -

လူကြီးတွေက မသိတာဆိုရင် လက်လှမ်းမှီသလောက် လိမ်နေတာမှန်းပြောပြ၊ ကိုယ်တိုင်ကကျော်သွား၊ သော'က်မြင်ကတ်လာရင် ရီပို့စ်ထုပေါ့။

ဒီလို အကုသိုလ်ကောင် -အေဘေးတွေကို နေရာမပေးခြင်းဖြင့် သင်လဲ တစ်တပ်တစ်အား ပါ၀င်နိုင်ပါတယ်။

Page ကိုလည်းကြိုက် ကော်ဖီလည်းတိုက်တဲ့ ဆရာသမားတွေနဲ့ ဆုံရတာ ၀မ်းသာပါတယ်။ ခရီးပတ်သွားနေတာမို့လို့ နောက်ထပ် ဗီဒီယိုတွေမှာ ပ...
05/07/2025

Page ကိုလည်းကြိုက် ကော်ဖီလည်းတိုက်တဲ့ ဆရာသမားတွေနဲ့ ဆုံရတာ ၀မ်းသာပါတယ်။
ခရီးပတ်သွားနေတာမို့လို့ နောက်ထပ် ဗီဒီယိုတွေမှာ ပြန်ဆုံရအောင်ပါ။

" ငယ်ဘ၀ရဲ့ ပေါက်ကရအတွေးများ "➡️ ဟိုတစ်နေ့က တိုက်ပေါ်ကနေ ထီးနဲ့  ခုန်ချတယ်တဲ့ နိုင်ငံခြား ဗီဒီယိုတစ်ခု TikTok မှာကြည့်လို...
27/06/2025

" ငယ်ဘ၀ရဲ့ ပေါက်ကရအတွေးများ "

➡️ ဟိုတစ်နေ့က တိုက်ပေါ်ကနေ ထီးနဲ့ ခုန်ချတယ်တဲ့ နိုင်ငံခြား ဗီဒီယိုတစ်ခု TikTok မှာကြည့်လိုက်ရတော့ တော်တော်ရယ်ချင်သွားတယ်။ ကိုယ်တွေငယ်ငယ်တုန်းက တစ်ကယ်လုပ်ခဲ့တာကိုး။ ခပ်မြင့်မြင့်ကနေ ထီးဖွင့်ပြီး ခုန်ချရင် အောက်ကို တစ်ဖြည်းဖြည်း ကြသွားမယ်ပဲ ထင်တာ။ အဲဒါ နဲ့ အမေရဲ့ ချာလီးထီး အသစ်စက်စက်ကိုယူ အိမ်နားက သဘော်ပင်ပေါ်တက်ပြီး ခုန်ချတော့ ထီးဂိုင်းတွေ ကြိုးထွက်သွားပါရောလား။ အဆုံးသတ်ကြတော့ ကြိမ်လုံးစာ မိတော့တာပေါ့လေ။ အဲဒါက ၄-တန်းလား ၅-တန်း လားပဲ။

➡️ နောက်တစ်ခုက တစ်ယောက်တည်း မဟုတ်ဘူး၊ အုပ်စုလိုက်ရူးကြတာ။ ကိုယ်တွေနေတဲ့ရွာက ကမ်းခြေရွာ။ ပင်လယ်ကမ်းခြေနား နေတဲ့သူတွေက ပင်လယ်ကမ်းနားမှာ အထူးအဆန်းပစ္စည်းတွေ မကြာခန ရတတ်ကြတယ်။ အကျ်ီ၊ ဘောင်းဘီ၊ ရေဒီယိုတို့လို အသုံးအဆောင်ပစ္စည်းထုတ်တွေက ပင်လယ်ထဲ မြောပြီး ကမ်းလာတင်တတ်တာမျိုး။

တစ်နေ့ကြ ဘော်ဒါတစ်ကောင်က သတင်းလာပေးတယ်။ မင်းတို့ "ဖားဖိနပ်ဆိုတာ" သိလားတဲ့၊ အဲဒီ ဖားဖိနပ်ဆိုတာ ရေထဲမှာ လမ်းလျှောက်လို့ရတယ်၊ ကမ်းခြေနားက လူတစ်ယောက်ဆီမှာ ရှိတယ် “၁၅၀၀” နဲ့ ရောင်းမယ်လို့ သတင်းရလာတယ်။

ကိုယ်တွေလဲ လိုချင်ပေမယ့် မုန့်ဖိုးက "၂၀၀" လောက် အများဆုံးရတာ၊ ဒါတောင် နေ့တိုင်းမဟုတ်ဘူးဆိုတော့ အဆင်မပြေဘူး။ အခြားကျောင်းက အတန်းကြီးသမားတွေက သတင်းရလို့ ဝယ်သွားရင် ကိုယ်တွေ မရလိုက်ဘဲနေမယ်။

အဲဒါနဲ့ အုပ်စုလိုက် တစ်ယောက် "၁၀၀- ၂၀၀" စုလိုက်တော့ "၁၅၀၀" ပြည့်သွားရော၊ အစီအစဉ်ကတော့ ညနေကြရင် ကမ်းခြေနားသွား ဖိနပ်ဝယ်ပြီး ရေပေါ်လမ်းလျှောက်ကြမယ်ပေါ့။ ညနေပိုင်းတစ်ပိုင်းလုံး လူက ကျောင်းခန်းထဲ နေပေမယ့် ရေပေါ် လမ်းလျှောက်ဖို့ပဲ စိတ်စောနေတာ။

အဲလိုနဲ့ ညနေကျောင်းဆင်းတော့ သူငယ်ချင်းတွေ လေးငါးခြောက်ယောက် အုပ်စုလိုက် အဲဖိနပ်ဝယ်ဖို့ ချီတက်သွားပါလေရော။ ရောင်းတဲ့သူကလည်း ပင်လယ်ကရတတ်တဲ့ အဲလိုတိုလီမိုလီလေးတွေ ရောင်းတာဆိုတော့ ကျွန်တော်တို့တွေ ဆော့ဖို့လာဝယ်တယ်ပဲ ထင်နေတယ်။

ဒါပေမယ့် ဒီကောင်တွေ ဘောလုံးတို့ ဦးထုပ်တို့ မဝယ်ဘဲ ဒါကြီးဘာလို့လာဝယ်လဲ မေးမယ်။ ဦးဆောင်လာတဲ့ အကောင်က “ မင်းတို့... ဒီဖိနပ် ရေပေါ်လမ်းလျှောက်ရကြောင်း မပြောနဲ့ ... သူသိရင် ငါတို့ကို ရောင်းတော့မှာ မဟုတ်ဘူးတဲ့...” ကြိုပိတ်ထားတယ်။

အဲတော့ အားလုံးကလည်း မပြောကြဘူးပေါ့။ ဟိုလိုလို ဒီလိုလို လုပ်နေကြတာ၊ ဝယ်လာပြီးတော့တောင် ကိုယ့်ဘာနဲ့ကိုယ် လူလည်လိုလို ဘာလိုလိုနဲ့။

အဲဒါနဲ့ ကမ်းခြေနားရောက်တော့ အဲဒီဖိနပ်ကြီးစီးပြီး စမ်းကြပါလေရောလား။ ဖိနပ်ကလည်းကြီးကြီး၊ မတော်တော့ ကြိုးတွေဘာတွေနဲ့ ခြေထောက်ကို ချည်ပြီး ရေထဲလမ်းလျှောက်ကြတာ။

အမျိုးမျိုးစမ်းကြတာဗျာ၊ ရေပေါ်လဲ မပေါ်ဘူး။ အဲဒါနဲ့နောက်ဆုံး ဓါတ်ခဲလိုမျိုး တစ်ခုခုနဲ့တွန်းဖို့ လိုတာလို့ သတ်မှတ်လိုက်ကြပြီး ဖိနပ်ကို တစ်ယောက်တစ်ဖက် ခွဲသိမ်းထားလိုက်ကြတယ်ဆိုပါတော့။

နောက်တစ်ပါတ်ကြ နေမကောင်းဖြစ်တာနဲ့ မြို့ကိုသွားရတယ်။ “ဖားဖိနပ်” အကြောင်းကလည်း မေ့မေ့ပျောက်ပျောက်ပေါ့။ ကျန်တဲ့ အကောင်တွေ ဘာတွေတော့ ဓါတ်ခဲရှာပြီး စမ်းသပ်ကြသေးတယ် ကြားတယ်။

အထက်တန်း အောင်ပြီးလောက်မှ တီဗီမှာကြည့်ရတာက ငယ်ငယ်က ရေပေါ်လမ်းလျှောက်ဖို့ကြိုးစားခဲ့တဲ့ “ဖားဖိနပ်” ဆိုတာ ရေကူးသမား၊ ရေငုတ်သမားတွေ သုံးနေတဲ့ swimming flippers ကြီးမှန်းသိပါရော လားဗျာ။

မောင်မောင်

25/06/2025

"​ မောင်မောင်နှင့် ဂိမ်းပေါင်း - ၅၀၀ "

😎 မိတ်ဆွေတို့ ကြည့်ရတာ စိတ်ညစ်နေသလိုပဲ .....
😎 ကျွန်တော်ဆော့နေကြ ဂိမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ .....

🎮 ဂိမ်းပေါင်း - ၅၀၀ ဆိုလို့ စလော့တို့၊ ငါးပစ်တို့၊ ဖားပစ်တို့လို့ မထင်ကြပါနဲ့။ အခုဟာက ၅-တန်း ၆-တန်းလောက်က ဂိမ်းဆိုင်မှာ တစ်နာရီ ၂၀၀/၃၀၀ ပေးပြီး နှိပ်ခဲ့ရတဲ့ ဂိမ်းတွေကိုပြောတာပါ။

🎮 ငယ်ငယ်တုန်းက နယ်မှာနေရတာဆိုတော့ နွေရာသီကျောင်းပိတ်လို့ မြို့ကိုရောက်မှ တီဗီဂိမ်းတို့ ဘာတို့ ဆော့ရတာ။ ဂိမ်းဆိုင်ကလည်း နည်းနည်းလှမ်းတယ်။ ဘေးအိမ်က ဘော်ဒါတစ်ယောက်နဲ့ သွားဖော်ရှိတော့ ဂိမ်းဆိုင်ကို အမြဲရောက်တယ်။

🎮 ဆိုင်မှာက ၂၁-လက်မတစ်လုံး ၊ ၁၄-လား ၁၆-လက်မလား အသေးတစ်လုံးရှိတယ်။ ဈေးကအတူတူပဲဆိုတော့ တီဗီအကြီးရဖို့ အမြဲတမ်း ပြေးပြီးဦးထားရတယ်။ နောက်ကြရင်တော့ သူများဆော့တာ ထိုင်ကြည့်ပေတော့ပဲ။

🎮 တော်တော်များများဆော့တာ ရမ်ဘို၊ မာရီယို၊ ပြီးတော့ ကားမောင်းတာတွေ ဘာတွေ ဆော့ကြတယ်။ အဲဒီကနေ စလိုက်တာ P-1/2/4 အထိပဲ ဆိုပါတော့။

🎮 ကျွန်တော်တို့အရွယ်တွေက နည်းနည်းအသက်ကြီးသွားလို့လား မသိဘူး ကွန်ပြူတာဂိမ်းတို့၊ ဖုန်းဂိမ်းတို့ထက် ခလုတ်လက်ကိုင်နဲ့ ဆော့ရတဲ့တီဗီဂိမ်းကို ပိုကြိုက်တယ်။ PUBG တို့ ဘာတို့အထိလဲဆော့ပါ သေးတယ်။

ဂိမ်းတွေ ပိုအဆင့်မြင့်လာတယ်၊ ပိုခေတ်မှီလာတယ်၊ ပိုများလာတယ်။

ငယ်ငယ်ကလိုပျော်ရွှင်မှုမျိုးတော့ပြန်မရတော့ဘူး ….. 🩵

18/06/2025

" မောင်မောင်နှင့် မမြင်ဖူးတဲ့ နာမည်ကြီးများ (အပိုင်း-၂) "

🔹မမြင်ဖူးတဲ့ နာမည်ကြီးများက တစ်ချိန်က တိတ်တွေထဲမှာတွေ့ရတဲ့ နာမည်ကြီးတွေရဲ့အကြောင်းပေါ့။

🔹မင်းသား၊ မင်းသမီးတွေနဲ့ ရုပ်ရှင်တွေလောက်ပဲ ရိုက်တဲ့အချိန်မှာ ဒီလိုမျိုးနယ်ပါယ်စုံက လူတွေကို မှတ်တမ်းတင်ထားတာကြ တော်တော့်ကို ရှားရှားပါးပါးပါပဲ။ ကျွန်တော်တို့ထက် အကြီးတွေကတော့ ပိုသိကြမှာပါလေ။

🔹 ၈၀/၉၀ က ရှေးဟောင်းနှောင်းဖြစ်ဆိုပေမယ့် မူပိုင်နဲ့ ကိုယ် လက်လှမ်းမှီလောက်တဲ့ ဗီဒီယိုမျိုး‌တွေကို လုပ်တာပါ။

🔹"ကနောင်မင်းသားကြီး" အကြောင်း ဗီဒီယိုတွေ တင်ပါဦး ဆိုတာကြတော့ ..… အဲ ဘယ်လိုရှင်းပြရမှန်းကို မသိတော့ပါဘူးလို့။ 😁😎

Address

Singapore

Alerts

Be the first to know and let us send you an email when Mg Mg & 90's 80's posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mg Mg & 90's 80's:

Share