
31/07/2025
“မိုးရာသီမှာ ကွန်ကရစ်လောင်းမယ်ဆို Curingပျက်စီးမှုအနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သင့်သည်များ (Damage Control)”
-မိုးတွင်းကာလ ကွန်ကရစ်လောင်းခြင်းအတွက် နောက်ထပ်မရှိမဖြစ် ပစ္စည်းကတော့ အကာပဲဖြစ်ပါသည်။
လောင်းပြီးသား ကွန်ကရစ်ကို မိုးဒဏ်မှ ကာကွယ်ဖို့အတွက် အပေါ်ယံအလွှာကို Grinding လုပ်ပြီး Coating အလွှာပါးပါးအုပ်ပေးခြင်း၊ (သို့မဟုတ်) ကွန်ကရစ်အလွှာပါးအသစ် ပြန်လောင်းခြင်းဖြင့် ပြုပြင်နိုင်ပါသည်။
မိုးရွာနေစဉ် ကွန်ကရစ်ကို ဂရုတစိုက် အကာအကွယ်ပေးထားနိုင်ခဲ့လျှင် အရည်အသွေးပြည့်မီပြီး ညီညာသည့် ကွန်ကရစ် မျက်နှာပြင်ကို ရရှိပေလိမ့်မည်။
သွန်းလောင်းနေဆဲ ကွန်ကရစ်ကို သည်းထန်သည့်မိုးမှ အကာအကွယ် ပေးမထားနိုင်ခဲ့လျှင် ကွန်ကရစ်၏ အရည်အသွေး (Quality)၊ ခံနိုင်အား (Strength) နှင့် ပုံပန်းသဏ္ဍာန် (overall appearance) တို့ကို ဆိုးရွားစွာထိခိုက်နိုင်ပါသည်။
Curing အချိန်ကိုက် လုပ်ဆောင်မှုနှင့် အကာအကွယ် လုပ်ဆောင်ပုံ အဆင့်ဆင့်ပေါ်မူတည်၍ ပျက်စီးဆုံးရှုံးမှုကအောက်ပါအတိုင်းလျှော့ချ (သို့မဟုတ်) ကာကွယ်နိုင်ပါသည်။
- ကွန်ကရစ်ဖျော်စပ်ပြီးချိန်မှ ၂-၄ နာရီအတွင်း မိုးရွာခဲ့လျှင် ကွန်ကရစ်အစိုမျက်နှာပြင်ကို မိုးရေမှ တိုက်ရိုက်ထိတွေ့ခြင်းမှ အကာအကွယ်ပေးထားပါ။
- ကွန်ကရစ်မျက်နှာပြင် အပြီးသတ်လုပ်ငန်းပြီးဆုံးမှ မိုးရွာလျှင် မိုးရေကြောင့်ကွန်ကရစ်အရည်အသွေးကို ဆိုးရွားစွာ မထိခိုက်နိုင်ပါ။
- ကွန်ကရစ်ဖျော်စပ်ပြီးချိန်မှ ၄-၈ နာရီကြာ ကွန်ကရစ်မာကျောပြီးမှ မိုးရွာခဲ့လျှင် မိုးရေကြောင့်ပျက်စီးဆုံးရှုံးမှု မဖြစ်နိုင်တော့ပါ။
Credit: Original Writer #ဆောက်လုပ်ရေး