Joy The Pa Chyl

Joy The Pa Chyl Good Food means Good Mood🌿
(1)

🌿 မဆလာနံ့သင်းသင်းလေးနဲ့     ကြက်ဥ‌မွှေချက်- ဒီနေ့တော့ တခွက်တည်းနဲ့  ဟင်းဖြစ်တဲ့ ကြက်ဥမွှေချက်လေး  ချက်ဖြစ်တယ်၊- ကြက်ဥမွှ...
01/10/2025

🌿 မဆလာနံ့သင်းသင်းလေးနဲ့
ကြက်ဥ‌မွှေချက်

- ဒီနေ့တော့ တခွက်တည်းနဲ့
ဟင်းဖြစ်တဲ့ ကြက်ဥမွှေချက်လေး
ချက်ဖြစ်တယ်၊

- ကြက်ဥမွှေချက်က
အရသာထိထိမိမိနဲ့
အစားလည်းခံသလို
ငပိရည်၊တို့စရာအစုံနဲ့တွဲစားရင်
အလွန်လိုက်ဖက်တဲ့
ဟင်းတခွက်ပါ၊

- လိပ်နေအောင်ချက်ထားတဲ့
ခရမ်းချဉ်သီးအချဉ်ဓာတ်ရယ်
ကြက်ဥအစိမ့်ဓာတ်ရယ်
ကုလားလေးမဆလာမွှေးမွှေးရယ်
တော်တော်လေးကို
စားကောင်းပါတယ်၊

- ပုံမှန် ကြက်ဥကို
ကြော်၊ ပြုတ်၊ ချက်တာတွေ
စားရတာ ရိုးလာရင်
ဒီလိုလေးချက်စားကြည့်နော်

[ချက်နည်းအသေးစိတ်လေးကို
ပုံလေးတွေအောက်မှာ
ရေးပေးထားပါတယ်]

🌿 အားလုံးပဲ စားကောင်းကြပါစေရှင်...

#ကြက်ဥမွှေချက်

🌿 ငါးသံပုရာပေါင်းကို      အိမ်မှာပဲအလွယ်လုပ်စားကြမယ်ဒီတပတ် Super Sunday မှာငါးသံပုရာပေါင်းလေးလုပ်စားဖြစ်တယ်။ငါးသံပုရာပေါ...
29/09/2025

🌿 ငါးသံပုရာပေါင်းကို
အိမ်မှာပဲအလွယ်လုပ်စားကြမယ်

ဒီတပတ် Super Sunday မှာ
ငါးသံပုရာပေါင်းလေးလုပ်စားဖြစ်တယ်။

ငါးသံပုရာပေါင်းရဲ့
အဓိက အသက်ကတော့
ငါးပေါင်း ပေါ်ကဖြန်းတဲ့
သံပုရာရည်ဆော့စ်ပါပဲ၊

ငါးကိုတော့ ကိုယ်အဆင်
ပြေရာသုံးနိုင်ပါတယ်၊
'ပ' ဒီတခါတာ့ ဈေးမှာ
အသင့်တွေ့တဲ့ 'ကကတစ်' ကို
ပေါင်းထားပါတယ်၊

ဆိုင်အရသာလေးနဲ့
ချဉ်စပ်နူးအိတဲ့ ငါးသံပရာပေါင်းရဖို့
ချက်စားကြည့်နော်

(အလွယ်တကူ
လုပ်စားလို့ရအောင်
ပြုလုပ်ပုံအဆင့်ဆင့်နဲ့
ပါဝင်ပစ္စည်းအချိုးအစားကို
ပုံလေးတွေအောက်မှာ
ရေးပေးထားပါတယ်နော်)

🌿 အားလုံးပဲ စားကောင်းကြပါစေရှင့

#ငါးသံပုရာပေါင်း

🌿 ခရမ်းချဉ်သီး ‎      လက်ဖက်အစာသွပ်‎‎- လက်ဖက်ဆို ‎  ဘယ်လိုသုပ်သုပ်‎  ဘာနဲ့ရောရော‎  အရမ်းကြိုက်လို့‎  ဘယ်ချိန်စားစား‎  ပန...
26/09/2025

🌿 ခရမ်းချဉ်သီး
‎ လက်ဖက်အစာသွပ်
‎
‎- လက်ဖက်ဆို
‎ ဘယ်လိုသုပ်သုပ်
‎ ဘာနဲ့ရောရော
‎ အရမ်းကြိုက်လို့
‎ ဘယ်ချိန်စားစား
‎ ပန်းကန်မှာနောက်ဆုံးကျန်တဲ့
‎ နှမ်းစေ့ကိုတောင်
‎ လက်နဲ့သုတ်စားတတ်တဲ့
‎ 'ပ' လို လက်ဖက်သရဲတွေ
‎ ရှိလား..😅
‎
‎- လက်ဖက်စားရင်
‎ ဆိုင်နှပ်‌(အသင့်စား)တွေထက်
‎ အိမ်မှာကျကျနန‌
‎ ကိုယ်တိုင်လုပ်ပီး
‎ ပုလင်းထဲစိမ်နှပ်ထားတဲ့
‎ လက်ဖက်ကိုပိုကြိုက်တယ်၊
‎
‎- ပီးရင် အဖိုးကြီးသုပ်၊
လက်ဖက်ပုစွန်
‎ အရူးလက်ဖက်၊
ပြောင်းဖူးလက်ဖက်
‎ အမျိုးစုံကိုလုပ်စား‌ပစ်တာ၊
‎
‎- ဒီနေ့တော့
အိမ်သားတွေလည်းကြိုက်
'ပ' လည်းကြိုက်လို့
လုပ်စားဖြစ်တဲ့
‎ ခရမ်းသီးလက်ဖက်အစာသွပ်
လုပ်နည်းလေးမျှဝေ
ပေးလိုက်ပါတယ်..
‎
‎လက်ဖက်ချစ်သူတွေ
‎Comment မှာတွေ့ကြမယ်နော်..

#လက်ဖက်အစာသွပ် #ခရမ်းချဥ်သီးအစာသွပ်

‎🌿 ကြက်သားလုံးချဉ်စပ်ကြော်‎‎- ကိုရီးယားရုပ်ရှင်တခုထဲမှာ‎  ပါတယ်၊ သမီးက အဖေကို‎  'ကြက်သားချည်းပဲ ဘာလို့‎  အမြဲစားနေရတာလဲ'...
25/09/2025

‎🌿 ကြက်သားလုံးချဉ်စပ်ကြော်
‎
‎- ကိုရီးယားရုပ်ရှင်တခုထဲမှာ
‎ ပါတယ်၊ သမီးက အဖေကို
‎ 'ကြက်သားချည်းပဲ ဘာလို့
‎ အမြဲစားနေရတာလဲ' မေးတော့
‎ အဖေက 'ကြက်သားဆိုတာ
‎ ဆင်းရဲသူတွေစားနိုင်တဲ့
‎ အသားဖြစ်လို့ပေါ့ သမီးရယ်'
‎ တဲ့၊ 😅
‎
‎- ရွာတွေမှာ ကြက်သားဟင်းက
‎ ဘုရားပွဲ နဲ့ ဧည့်သည့်လာမှ
‎ ချက်စားကြတဲ့
‎ 'ဧည်သည်ဆောင်သည်ဟင်း'
‎ ဖြစ်ပေမယ့် မြို့တွေမှာ
‎ အသားစားချင်ရင် ကြက်သားက
‎ ဈေးနှုန်းအရ Fair အဖြစ်ဆုံးနဲ့
‎ အဟာရအဖြစ်ဆုံးမို့
‎ လွယ်လင့်တကူ ချက်စားကြဆုံး
‎ ဟင်းလျာပါပဲ၊
‎
‎- အာကြောင့် ဒီနေ့
‎ ပုံမှန်ကြက်သားဟင်းတွေထက်
‎ ချဉ်စပ်အရသာလေးနဲ့
‎ တမျိုး‌စားကောင်းတဲ့
‎ ကြက်သားလုံးချဉ်စပ်
‎ ချက်နည်းလေးကို
‎ မျှဝေပေးလိုက်ပါတယ်နော်၊

🌿အားလုံးပဲစားကောင်းကြပါစေရှင်..

#ဟင်းချက်နည်းများ #ကြက်သားလုံးကြော်

‎🌿 ဆော့စ်တမျိုးနဲ့စပ်ကြော်တဲ့‎      ကြက်‌ပေါင်သားကြော်‎‎- 'ပ'က ကြက်ကြော်ဆိုရင်‎  အပြင်ကဝယ်မကျွေးဘဲ‎  အိမ်မှာပဲကြော်ကျွေး...
24/09/2025

‎🌿 ဆော့စ်တမျိုးနဲ့စပ်ကြော်တဲ့
‎ ကြက်‌ပေါင်သားကြော်
‎
‎- 'ပ'က ကြက်ကြော်ဆိုရင်
‎ အပြင်ကဝယ်မကျွေးဘဲ
‎ အိမ်မှာပဲကြော်ကျွေးဖြစ်တာ
‎ များတယ်၊
‎
‎- ကြက်သားမှာဆိုရင်
‎ ပေါင်သားက အနူးညံ့ဆုံးနဲ့
‎ စားအကောင်းဆုံးမို့
‎ ဒီတခါတော့..
‎ ဆော့စ်တမျိုး‌လေးစပ်ပီး
‎ ကြော်ကျွေးလိုက်တာ
‎ စားကောင်းလို့တဲ့၊
‎
‎ (ကိုယ်လုပ်ကျွေးတာလေးတွေ
‎ စားကောင်းရင်
‎ ဘယ်လောက်ပျော်လဲ?
‎ ဟင်းချက်သူတွေပဲသိကြပါတယ်၊
‎ အမောကိုပြေရော 😇)
‎
‎- ဒီကြော်နည်းလေးက
‎ ဆိုင်ကြော်လို
‎ အပြင်သားကြွပ်ကြွပ်
‎ အတွင်းသားသားအိအိလေးနဲ့
‎ စားလို့ကောင်းတာမို့
‎ ကြော်နည်းလေးကို
‎ Sharing လုပ်ပေးလိုက်
‎ ပါတယ်နော်။
‎
‎ [ကြော်နည်းလေးကို
‎ ပုံတပုံချင်းစီအောက်မှာ
‎ ရေးပေးထားပါတယ်]
‎
‎🌿 အားလုံးပဲ စားကောင်းကြပါစေရှင့်

#ဟင်းချက်နည်းများ #ကြက်ပေါင်ကြော်

🌿 ငါးဖယ်ရဲယိုရွက်လိပ်ချက်- ဒီနေ့ Menu လေးကတော့  ငါးဖယ်ကိုပုံမှန်ချက်နေကျအတိုင်း  မဟုတ်ဘဲ ရဲယိုရွက်နဲ့လိပ်ချက်တဲ့  ချက်နည...
23/09/2025

🌿 ငါးဖယ်ရဲယိုရွက်လိပ်ချက်

- ဒီနေ့ Menu လေးကတော့
ငါးဖယ်ကိုပုံမှန်ချက်နေကျအတိုင်း
မဟုတ်ဘဲ ရဲယိုရွက်နဲ့လိပ်ချက်တဲ့
ချက်နည်းလေးကို 'ပ' Sharing
လုပ်ပေးချင်ပါတယ်၊

- အရင်ဆုံး ငါးဖယ်ကို
ရဲယိုရွက်နဲ့လိပ်ပီးပေါင်း
ပီးမှပြန်ချက်တာမို့လို့
ရဲယိုရွက်ရဲ့ အနံ့နဲ့ဓာတ်က
ငါးဖယ်ရဲ့အသားထဲထိစိမ့်ဝင်ပီး
အရင်ကထက် ပိုချို၊ ပိုမွှေး
ပိုစားလို့ကောင်းပါတယ်၊

- [ချက်နည်းအသေးစိတ်လေးကို
ပုံလေးတွေအောက်မှာ
ရေးပေးထားပါတယ်နော်]

🌿 အားလုံးပဲစားကောင်းကြပါစေရှင်


#ငါးဖယ်ရဲယိုရွက်ချက် #ဟင်းချက်နည်းများ

🌿‎ဝက်သားကို ပုံမှန်ချက်စားရတာ‎ရိုးနေပီဆိုရင် ‎ဒီတိုင်းလေးချက်စားကြည့်နော်..‎‎"ပ" ကတော့‎ဝက်ကြိတ်သားကို‎သုံးထားပါတယ်၊‎(ကြိ...
22/09/2025

🌿‎ဝက်သားကို ပုံမှန်ချက်စားရတာ
‎ရိုးနေပီဆိုရင်
‎ဒီတိုင်းလေးချက်စားကြည့်နော်..
‎
‎"ပ" ကတော့
‎ဝက်ကြိတ်သားကို
‎သုံးထားပါတယ်၊
‎(ကြိတ်သား၀ယ်မရရင်
နုတ်နုတ်လေးစင်းပြီး
‎ချက်လို့ရပါတယ်)
‎
‎ကြိတ်သားကို
‎ဘာအကြော်မှုန့်မှမထည့်ပဲ
‎လုံးပြီးချက်ထားတာမို့
‎တင်းတင်းလေးနဲ့တော်တော်
‎စားကောင်းပါတယ်။
‎
‎မန်ကျီးသီးမှည့်ရဲ့
‎အချဉ်ဓာတ်လေးရယ်
‎ငြုပ်သီးစိမ်းရဲ့
‎အစပ်ဓာတ်လေးရယ်
‎ရှမ်းနံနံရဲ့ စားချင်ဖွယ်
‎အနံ့လေးရယ်ကြောင့်
‎ပုံမှန် ဝက်သားဟင်းတွေ
‎ချက်စား‌ရတာထက်
‎မတူညီတဲ့နောက်ထပ်အရသာ
‎တမျိုးခံစားမိစေမှာပါ၊
‎
‎[လုံးနည်းလေးရော
‎ချက်နည်းအသေးစိတ်လေးရော
‎ပုံတပုံချင်းစီအောက်မှာ
‎ရေးပေးထားပါတယ်နော်]
‎
‎အားလုံး စားကောင်းကြပါစေရှင့်

🌿PA CHYL

#ဟင်းချက်နည်းများ #ဝက်သားလုံးချက်

🌿 မိုးအေးအေးနဲ့ စားကောင်းတဲ့     သီးရွက်စုံရှူးရှဲလျှာမီးတောက်     ခေါက်ဆွဲပြုတ်- ဒီနေ့တော့ မိုးလေးအေးတာရယ်  အသားဟင်းတွေ...
21/09/2025

🌿 မိုးအေးအေးနဲ့ စားကောင်းတဲ့
သီးရွက်စုံရှူးရှဲလျှာမီးတောက်
ခေါက်ဆွဲပြုတ်

- ဒီနေ့တော့ မိုးလေးအေးတာရယ်
အသားဟင်းတွေမစားချင်တာရယ်ကြောင့်
သီးရွက်စုံနဲ့ ခေါက်ဆွဲပြုတ်လေး
လုပ်စားဖြစ်တယ်၊

- ‌သီးရွက်စုံခေါက်ဆွဲပြုတ်ဆိုလို့
အီလည်လည်နဲ့ လူမမာအနံ့ရတဲ့
ခေါက်ဆွဲမျိုးမဟုတ်ဘဲ
သူ့မှာပါတဲ့ အစပ်ဓာတ်က
'ပ' တို့လို အစပ်မကြိုက်တဲ့
သူတွေအတွက် အနေတော်
လျှာနဲ့ ခံတွင်းကိုနှိုးဆွရုံလေးမို့
မှိုရဲ့အဆိမ့်နဲ့ ပြောင်းဖူးရဲ့အချိုဓာတ်
ပေါင်းလိုက်တဲ့အခါ
တော်တော်သောက်လို့ကောင်းပါတယ်၊

- ခံတွင်းပျက်လို့ပဲဖြစ်ဖြစ်
အသားဟင်းတွေမစားချင်လို့ပဲဖြစ်ဖြစ်
လုပ်စားကြည့်ဖို့
recommend ပေးပါတယ်နော်၊

[တပုံချင်းစီအောက်မှာ
လုပ်နည်းလေးအဆင့်ဆင့်
ပြပေးထားပါတယ်]

အားလုံးစားကောင်းကြပါစေရှင့်


ေါက်ဆွဲ

🌿 ဝက်သားငပိချက်     သုံးထပ်သားနဲ့ ချက်တာမို့     တင်းတင်းထုပ်ထုပ်လေးနဲ့     တော်တော်စားကောင်းတယ်...- ချက်နည်း video လေးက...
20/09/2025

🌿 ဝက်သားငပိချက်
သုံးထပ်သားနဲ့ ချက်တာမို့
တင်းတင်းထုပ်ထုပ်လေးနဲ့
တော်တော်စားကောင်းတယ်...

- ချက်နည်း video လေးကို ညနေကျရင်
တင်ပေးပါမယ်နော်...


#ဝက်သားငပိချက် #ဟင်းချက်နည်းများ

🌿 စားတော်ပဲပြုတ်ကို ပုံစံတမျိုးလေး     သုပ်စားကြည့်ကြမယ်- ပုံမှန်အားဖြင့်  စားတော်ပဲဆိုရင်  ထမင်းနဲ့နယ်စားသလို  ကြက်သွန်...
20/09/2025

🌿 စားတော်ပဲပြုတ်ကို ပုံစံတမျိုးလေး
သုပ်စားကြည့်ကြမယ်

- ပုံမှန်အားဖြင့်
စားတော်ပဲဆိုရင်
ထမင်းနဲ့နယ်စားသလို
ကြက်သွန်နီနဲ့ သုပ်စား၊
ကြော်စားကြတာများပါတယ်၊

- ဒီနေ့တော့
စားတော်ပဲကို နောက်တမျိုး
ဒီလိုလေးသုပ်စားကြည့်နော်
မတူညီတဲ့အရသာမျိုးနဲ့
တော်တော်လေးကိုစားကောင်းတာမို့
သုပ်နည်းလေးကို Sharing
လုပ်ပေးလိုက်ပါတယ်..

[ပုံတပုံချင်းစီအောက်မှာ
သုပ်နည်းလေး ရေးပေးထားပါတယ်]

အားလုံးစားကောင်းကြပါစေရှင့်
🌿PA CHYL

#ဟင်းချက်နည်းများ

19/09/2025

🌿‎ ‎'သွားမကောင်းသူတွေပါ
‎ဝါးလို့ရတဲ့ အာဗြဲ‌ခြောက်စပ်မွကြော်'
‎
‎ဒီနေ့တော့ ‎ငယ်ငယ်က အဘွားအမြဲ
‎ကြော်ကျွေးနေကြ..
‎ကြော်ထားရင်
‎ရက်ကြာကြာလည်းခံသလို
‎အသက်ကြီးလို့
‎သွားမကောင်းတဲ့သူတွေပါ
‎၀ါးလို့ရတဲ့ ကြွပ်ကြွပ်မွမွ
‎အာဗြဲခြောက်စပ်ကြော်
‎ချက်နည်းလေးကို
‎မျှဝေပေးလိုက်ပါတယ်နော်...

#အာဗြဲခြောက်ကြော် #ဟင်းချက်နည်းများ

🌿‎'သွားမကောင်းသူတွေပါ‎ဝါးလို့ရတဲ့ အာဗြဲ‌ခြောက်စပ်မွကြော်'‎‎'ပ' တို့‌ရွာလေးက‎ပင်လယ်နဲ့နီးတော့‎ငါးခြောက်ငါးခြမ်းပေါတယ်၊‎ငယ...
19/09/2025

🌿‎'သွားမကောင်းသူတွေပါ
‎ဝါးလို့ရတဲ့ အာဗြဲ‌ခြောက်စပ်မွကြော်'
‎
‎'ပ' တို့‌ရွာလေးက
‎ပင်လယ်နဲ့နီးတော့
‎ငါးခြောက်ငါးခြမ်းပေါတယ်၊
‎ငယ်ငယ်က အိမ်မှာ
‎ဟင်းမရှိရင် (ဒါမှမဟုတ်)
‎မချက်ဖြစ်ရင်
‎အဘွားသိမ်းထားတဲ့
‎ငါးခြောက်ကြော်တွေ
‎သွားခိုးစားနေကြ.. 🤪
‎
‎ငါးခြောက်ဆိုရင်
‎ကြော်စားစား၊ ချက်စားစား
‎နောက်ဆုံး ဖုတ်ပီး
‎ဆီလေးပဲဆမ်းစားစား
‎အကုန်ကြိုက်တယ်၊
‎
‎ငါး‌ခြောက်ငါးခြမ်းကို
‎များများကြော်ပြီး
‎စားချင်တဲ့အချိန်စားဖို့
‎ပုလင်းထဲထည့်ထားရတာလည်း
‎သဘောကျတယ်၊

‎ဟင်းမရှိတဲ့ရက်ဆိုရင်
‎ပူပန်မနေဘူးရယ်..
‎ထမင်းအိုးလေးတည်
‎ငါးခြောက်ကြော်လေးနဲ့
‎ငပိရည်တို့စရာလေးမြှပ်
‎မြိန်နေရောပဲ၊
‎
‎ဒီနေ့တော့
‎ငယ်ငယ်က အဘွားအမြဲ
‎ကြော်ကျွေးနေကြ..
‎ကြော်ထားရင်
‎ရက်ကြာကြာလည်းခံသလို
‎အသက်ကြီးလို့
‎သွားမကောင်းတဲ့သူတွေပါ
‎၀ါးလို့ရတဲ့ ကြွပ်ကြွပ်မွမွ
‎အာဗြဲခြောက်စပ်ကြော်
‎ချက်နည်းလေးကို
‎မျှဝေပေးလိုက်ပါတယ်နော်

🌿PA CHYL

#ငါးခြောက်ကြော် #အာဗြဲခြောက်ကြော် #ဟင်းချက်နည်းများ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Joy The Pa Chyl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category