Good Vibes Only

Good Vibes Only 😍 Chasing my Dreams . ✍🏼 daily diaries. 💕 happy memories. 🌺

လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်မရဲ့ အိမ်နီးချင်းက ကျွန်မရဲ့wifi password ကိုမေးလာတယ်။ ကျွန်မ ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတေ...
13/05/2025

လွန်ခဲ့တဲ့ ခြောက်လလောက်က ကျွန်မရဲ့ အိမ်နီးချင်းက ကျွန်မရဲ့wifi password ကိုမေးလာတယ်။ ကျွန်မ ပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံ အပိုတပြားမှ မကုန်လို့လေ။ ပြီးတော့ သူနဲ့လဲ အဆင်ပြေလို့။

မနေ့က ရုံးက အပြန် အိမ်ကို လမ်းလျှောက်ပြန်လာတယ်။ အိမ်နီးချင်းက သူ့ အိမ်ပေါက်ဝမှာ ရပ်နေတော့ ပုံမှန်အတိုင်းပဲ ရပ်ပြီး စကားပြောကြပါတယ်။ သူက ဝမ်းသာအားရ ပြောပြတယ် နောက်ဆုံးတော့ သူ Netflix ဝယ်ကြည့်နေပီတဲ့။ အဲ့တာနဲ့ ကျွန်မ က စသလို နောက်သလိုနဲ့ ငါ အလုပ်သိပ်များနေတာနဲ့ TV လဲ ကောင်းကောင်း မကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ Netflix password ကို ငါ့ကို ငှားပေးသုံးပြီး Show တွေ တခါတလေကြည့်ရရင်တော့ ကောင်းသားပဲ လို့ ပြောလိုက်တယ်။ အဲ အချိန်မှာ အဝေးကနေ လှမ်းအော်တဲ့ အသံတခု ကြားလိုက်ရတယ်။ အဲ့တာက သူ့ မိန်းမ ကား ထဲကနေ ထိုင်ပြီး လှမ်းအော်တာ "ငါတို့ သူ့ကို password ပေးလို့မရဘူးနော် အဲ့ Netflix အကောင့်က ငါတို့ပိုက်ဆံပေးထားရတာ Share မပေးနိုင်ဘူး" လို့ လှမ်းအော်ပြောတယ်။

ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသလို ခံစားလိုက်ရတယ်။ အိမ်နီးချင်း ယောကျာ်းက အားတုံ့အားနာနဲ့ တောင်းပန်တယ်။ကျွန်မက ပြန်ပြောလိုက်တယ် "ရပါတယ် အေးဆေးပါ ပြဿနာမရှိပါဘူး" ဆိုပြီး တခြားအကြောင်းအရာတွေဘက်ကို ပြောကြပီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။

ခန ကြာတော့ သူ့မိန်းမက အပြင်ထွက်လာပြီး သူ့ယောကျာ်းကို စိုးရိမ်တကြီး အသံနဲ့ ပြောလိုက်တယ်
"TV ကြည့်လို့မရတော့ဘူး"
အိမ်နီးချင်း ယောကျာ်းကလဲ အိမ်ထဲဝင်ပြီး TV ကိုသေချာစစ်ဆေးကြည့်နေတယ်။

မိနစ်အနည်းငယ် ကြာတော့ အိမ်နီးချင်းယောကျာ်းနဲ့ မိန်းမ ကျွန်မဆီကို ရောက်လာကြပြီး "WiFi က သုံးလို့မရတော့ဘူး Password ထည့်တာလဲ မရတော့ဘူး" လို့ လာပြောကြတယ်။
ကျွန်မ သူတို့ကို ကြည့်ပြီး ပြောလိုက်တယ် ။
"Wifi password ချိန်းလိုက်တာ Wifi ဖိုးက ကျွန်မပေးရတာ Share မပေးနိုင်ဘူး" လို့
အိမ်နီးချင်းရဲ့ မိန်းမဟာ ဒေါသတွေထွက် မျက်နှာတွေ နီရဲလာပြီး တခုခုပြောဖို့ ကြိုးစားတယ် ။
သူ မပြောခင်မှာပဲ
"ဒီမယ် ညီမရေ ကျွန်မမှာလဲ ကျွန်မရဲ့ Wifi ရှိသလို ညီမမှာလဲ ညီမရဲ့ Netflix ရှိတယ်၊ အားလုံး ပျော်ရွှင်ရပါတယ်။ အကုန်အဆင်ပြေပါတယ်" လို့ ကျွန်မက ဦးအောင် ပြောလိုက်တယ်။
သူတို့နှစ်ယောက် လှည့်ထွက်သွားကြပြီး တသက်လုံး ဒီဘက်အိမ်ကိုမလာကြတော့သလို စကားလဲ မပြောကြတော့ပါဘူး။

ဒီအကြောင်းအရာလေးကနေ သင်ယူရတဲ့သင်ခန်းစာကတော့
"သူငယ်ချင်း ဆက်ဆံရေး အသွားအပြန် ရှိကို ရှိရမယ်"
"အချစ် ... အသွားအပြန် ရှိကို ရှိရမယ်"
"ကိုယ်ချင်းစာမှု.... အသွားအပြန် ရှိကို ရှိရမယ်"
"စေတနာ.... အသွားအပြန် ရှိကို ရှိရမယ်"
"Sharing (ဝေမျှခြင်း).... အသွားအပြန် ရှိကိုရှိရမယ်"

17/01/2025

🌟 Life is Short: A Story to Change Your Perspective 🚌

🎙️ Edited & Narrated by Khaing

🖋️ Author: Anonymous
📝 English text credit - Golden Quotes
🕵️‍♂️ Genre: Inspirational
🇺🇸 Language: English
🎧 Version: Full/Complete

Subscribe to our channel for more videos like this: https://www.youtube.com/

Connect with Us:
👍Facebook: https://www.facebook.com/GoodV1bes0nly

------------------------------------------

About Us: We passionately create and share our inspirational stories and audiobooks for free. If you enjoy our work, consider subscribing to our channel.




🌳✨ Weekend vibes at Bishan-Ang Mo Kio Park!From lush greenery and relaxing walks to spotting cranes and enjoying the sun...
12/01/2025

🌳✨ Weekend vibes at Bishan-Ang Mo Kio Park!
From lush greenery and relaxing walks to spotting cranes and enjoying the sunset – this park has it all! A perfect escape into nature right in the heart of Singapore. 🌞

What’s your favourite weekend activity? Let me know in the comments! 💬

Relaxing Walk at Bishan-Ang Mo Kio Park | Sunset, Nature, and Weekend Fun in Singapore!

❤️ Hello January 2025.. မင်္ဂလာ ရှိတဲ့ နှစ်သစ်မှာ အားသစ် အင်သစ်တွေနဲ့ အစပြုပီး အလုပ်တွေ ကြိုးစားနေကြပီလား.. 🌹 ချစ်သူငယ်ခ...
09/01/2025

❤️ Hello January 2025.. မင်္ဂလာ ရှိတဲ့ နှစ်သစ်မှာ အားသစ် အင်သစ်တွေနဲ့ အစပြုပီး အလုပ်တွေ ကြိုးစားနေကြပီလား..

🌹 ချစ်သူငယ်ချင်းတို့.. စာအုပ်တွေ ဖတ်ရင် ဘယ်လိုပုံစံလေးနဲ့ ဖတ်တတ်ကြလဲဟင်.. ထိုင်ခုံပေါ် ထိုင်ဖတ်တတ်တာလား? အိပ်ရာထဲ လဲလျောင်းရင်းလား? ကော်ဖီခွက်လေး ဘေးချပီး ကော်ဖီတကြိုက် စာမျက်နှာ တရွက် ဖတ်တတ်တာလား?

🌷 ကိုယ်တွေကတော့ ငယ်ငယ်ကဆို... ပက်လက်ကုလားထိုင်လေးပေါ်မှာ ဖတ်တတ်တယ်.. တခါတလေ ထမင်းစားရင်း ထမင်းပန်းကန်ဘေးမှာ စာအုပ်လေးနဲ့ ဖတ်နေတတ်တယ်.. (ငယ်ငယ်က ဖုန်းမှ မရှိတာကိုးလို့) 😁 စာအုပ်သည်သာ ပထမ.. တခါတလေဆို ကျောင်းစာ ကြည့်သလိုလိုနဲ့ ကျောင်းစာအုပ်ကြားမျာ ဝတ္ထုစာအုပ်လေး ညှပ်ပီး ဖတ်တတ်သေးတာ..

❤️ ချစ်သူငယ်ချင်းတို့ရော ? ဘယ်လိုပုံစံလေးနဲ့ စာဖတ်ရတာ နှစ်သက်ပီး ဘယ်လိုမျိုး စွဲစွဲလန်းလန်း စာဖတ်တတ်ကြလဲဟင်? ကွန်မန့်လေး မန့်ပီး ပြောပေးသွားပါဦး 😍

08/01/2025

🌿 ခေတ်အဆက်ဆက် သူတို့နဲ့ ကျနော်တို့ 🌿 Audio Book စ-ဆုံး ✨
စာရေးသူ - ဖေမြင့် (ရင်ခုန်ပွင့် မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၉၁)

All audiobooks are available at "https://www.youtube.com/"

မဆိုးဘူး။ ဒီကလေး ကြည့်ရသည်မှာ လူပုံပန်းနှင့် မလိုက်အောင်ပင် စိတ်ဓာတ်ကြံ့ခိုင်ပုံ ရသည်။ ကောင်းသည်။ ဒါမျိုးကို ကျွန်တော် သဘောကျသည်။ လူဆိုသည်မှာ ဘဝကို ရင်ဆိုင်ရဲသော သတ္တိ ရှိရလိမ့်မည်။ ဒီလို စိတ်ဓာတ်မျိုးနှင့်ဆို ဒီကလေးသည် တစ်နေ့ အောင်မြင် ကြီးပွါးရလိမ့်မည်။ သူ့ဘဝနှင့် သူ့စိတ်ဓာတ်ကလေးကို စူးစမ်း ကြည့်ချင်စိတ် ပေါက်လာသည်။

ဒီကောင်လေးကတော့ လူတော်လေးပဲ။ ငယ်ငယ်ရွယ်ရွယ်နှင့် မိသားစုကို ရှာဖွေ ကျွေးနေသည်။ ဆိုက်ကားကိုလည်း ဂရုတစိုက် ပြုပြင်တတ်ပုံ ရသည်။ သူ့ကိုယ်ပိုင် ဆိုက်ကားလား၊ ဒါမှမဟုတ် အုံနာဆီက အခနဲ့ ယူနင်းရသည်လား။ ခမျာ ကိုယ်ပိုင်ဆိုက်ကားပဲ ဖြစ်ပါစေ။

“မဟုတ်ဘူး ဦးလေးရ၊ ကျွန်တော်လဲ ဘာသာစုံ ကျူရှင် ယူပါတယ်၊ ဆိုက်ကားက နင်းသား မလာတဲ့ နေ့တွေမှာ တစ်ခါတလေ အညောင်းပြေ နည်းနည်းပါးပါး နင်းတာ၊ ကျွန်တော်က တခြား အားကစားလဲ ဝါသနာ မပါတော့ ကျန်းမာအောင် လေ့ကျင့်တဲ့ သဘောလဲ ဖြစ်တာပေါ့”�
“ဒါဆို မင်းက မင်းအဖေအမေ ထောင်ထားတဲ့ ဆိုက်ကားကို အပျော် ဝင်နင်းတာပေါ့”�
ကောင်လေးက ဆိုက်ကားကို အရှိန်လျှော့လိုက်ပြီး ကျွန်တော့်အား ဇာတ်ရေလည်အောင် ရှင်းပြသည့် လေသံမျိုးဖြင့် ပြောပြသည်။

💕🥰💕😘

🌿 Hello Bookworms & Audiobook Lovers!  📚🎧Which do you prefer: 🌸 flipping through pages or 🌺 listening on the go?Share yo...
08/01/2025

🌿 Hello Bookworms & Audiobook Lovers! 📚🎧

Which do you prefer:
🌸 flipping through pages or
🌺 listening on the go?

Share your choice and why it works for you! Let's settle this debate. 😄


07/01/2025

🦅 Be an Eagle, Not a Duck: A Lesson in Attitude 🍀 by The MindSet Series

Here’s to 2025! 🎉 Starting strong, setting goals, and embracing every moment. Let’s make this year unstoppable! 💪✨

❤️ 2025 မှာ ဘယ်လို Resolution လေးတွေ စိတ်ကူးထားကြပါသလဲ?🌷 ကျမ အတွက်တော့ စာအုပ်တွေ များများ ဖတ်ဖြစ်ရမယ်လို့ တွေးထားပါတယ်.....
07/01/2025

❤️ 2025 မှာ ဘယ်လို Resolution လေးတွေ စိတ်ကူးထားကြပါသလဲ?

🌷 ကျမ အတွက်တော့ စာအုပ်တွေ များများ ဖတ်ဖြစ်ရမယ်လို့ တွေးထားပါတယ်.. စာအုပ်တွေဟာ ကိုယ့်အတွက် မိတ်ဆွေကောင်းတွေ ဖြစ်လို့.. မိတ်ဆွေကောင်းတွေနဲ့ ၀ေးလို့မှ မဖြစ်တာလေ နော်..

🌹 ကွန်မန့်မှာ ဘယ်လို စာအုပ်လေးတွေ နားထောင်ချင်တယ်ဆိုတာကို ပြောပြသွားပေးနော်..

🍀 အသံစာအုပ်လေးတွေကို နားထောင်ပေးကြသူ ချစ်မိတ်ဆွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာရှိကြပါစေ..

06/01/2025

🌼 တက်နေခြည်၀န်း - ယဥ်ယဥ်နု(မန္တ​လေး)🌼 Audio Book FINAL

Full Version availabe at "https://www.youtube.com/"

အဲဒီလို နေတုန်း ဖိုးသားက ကိုရီ့ရှေ့ကို နှစ်ရာတန်လေး တစ်ရွက်စပြီး ချပေးလိုက်တယ်။တစ်ယောက်ပြီး တစ်ယောက် လက်သေးသေးကလေးတွေ .. လက်ညစ်ပတ်ကလေးတွေ.... တစ်ရွက်ပြီး တစ်ရွက် ယူလာကြတာ ငါးဆယ်တန် နွမ်းနွမ်းကလေးတွေ၊ ဆယ်တန်၊ နှစ်ဆယ်တန် အကြွေလေးတွေချည်းပါပဲ။ အားလုံးကို ဖိုးသားက စီထပ်ပြီး ရေပေးတာ ခြောက်ရာ့ငါးဆယ် ရှိပါတယ်။ လက်ကလေး နှစ်ဖက်နဲ့ ကိုင်ပြီး ကိုရီ့ကို ရိုရိုသေသေ ပေးရှာတော့ ကိုရီလည်း ယူပြီး အိတ်ထောင်ထဲ ထည့်လိုက်မိပါတယ်။

“ဆရာကြီး… ခွေး ဒီလို ခွဲမွေးရင် ဘယ်လောက်ယူပါသလဲ”လို့ အမျိုးသမီးတစ်ယောက်က မေးတာကို ကိုရီ ပြုံးပြီး ခေါင်းခါပြလိုက်ပါတယ်။
“ကျွန်တော် ခွဲမွေးရင် တစ်သောင်း ယူပါတယ်ဗျာ”လို့ ကိုရီ သူတို့ကို အသိခံမှာ မဟုတ်ပါဘူး။ ဘယ်တော့မှလည်း ပေတိုးတို့၊ ဖိုးသားတို့ သိအောင် ပြောဖြစ်မှာ မဟုတ်ပါဘူး။

(ဇာတ်လမ်းပြောပြသော ဒေါက်တာ ခင်မောင်ရီ B.V.S သို့ အမှတ်တရ….)

💕🥰💕😘

06/01/2025

🌼 တက်နေခြည်၀န်း - ယဥ်ယဥ်နု(မန္တ​လေး)🌼 Audio Book အပိုင်း (၁)

Full Version availabe at "https://www.youtube.com/"

“မောင်လေးရယ်… မင်း စဉ်းစားကြည့်။ မေသီတာဆိုတာ တူမအရင်းလေးလို စောင့်ရှောက်လာရတာ။ အခု ဆေးခန်းသွားချင်လို့ ဆိုင်ကယ်သွားငှားတာ၊ တရုတ်ဆိုင်ကယ်ပဲ ယူသွားပါတဲ့။ ဂျပန်ဆိုင်ကယ်က ရေဆေးထားလို့ ချမစီးချင်ဘူးတဲ့။ အစ်မကို ပြောင်ပြောင်ကြီး ပြောလွှတ်လိုက်တယ်။ ငါတို့ ကျွေးထားတဲ့ထမင်းတွေ၊ ငါတို့ ဆင်ထားတဲ့ အဝတ်အစားတွေ… ဟီး… ဟီး” ဆိုပြီး ငိုပြန်ပါလေရော။

ကိုရီ ခေါင်းကုတ်ပြီး ချော့ရပြန်ပါတော့တယ်။ သူတို့က အတုံ့အပြန် လိုချင်လို့ ပြောတာ မဟုတ်ပါဘူးလို့ ဘယ်လိုပဲ ပြောပြော သူတို့စကားတွေထဲမှာ အတုံ့အပြန် လိုချင်တာတွေက အထင်းသား ပေါ်နေလို့ ကိုရီ သက်ပြင်းချရပါတယ်။

💕🥰💕😘

🍀 Happy New Year 2025 ❤️နှစ်သစ် တခုကို ကူးပြောင်းခဲ့ကြပီကျန်ခဲ့တဲ့ ၂၀၂၄ မှာ ဘယ်အရာတွေက ကိုယ့်ကို ပျော်ရွှင်မှု အများကြီး...
06/01/2025

🍀 Happy New Year 2025 ❤️
နှစ်သစ် တခုကို ကူးပြောင်းခဲ့ကြပီ

ကျန်ခဲ့တဲ့ ၂၀၂၄ မှာ ဘယ်အရာတွေက ကိုယ့်ကို ပျော်ရွှင်မှု အများကြီး ပေးခဲ့ပီး ဘယ်အရာတွေက ကိုယ့် စိတ်ကို အနှောင့်အယှက်တွေ ပေးစေခဲ့တာလို့ ဆန်းစစ် ကြည့်မိကြပါသလား?
၂၀၂၄ မှာ ကိုယ့်ကြိုးစားမှုနဲ့ ကိုယ့်လိုချင်တဲ့ အရာတွေ ဘယ်လောက်အတိုင်းအတာအထိ ရယူနိုင်ခဲ့ကြလဲ လို့ သုံးသပ်ကြည့်မိကြလား?

ကျမအတွက်တော့ ၂၀၂၄မှာ ပျော်စရာ ခရီးလေးတွေ ထွက်ဖြစ်တယ်.. ချစ်ခင်ရတဲ့ အ၀ေးက မိတ်ဆွေတွေကို ပြန်ဆုံတွေ့ရလို့ ပျော်ရွှင်ရပါတယ် သွားချင် ရောက်ချင်လှတဲ့ အိမ်ပြန်ခရီးကတော့ မရောက်နိုင်သေးပါဘူး..
ချစ်သူ ခင်သူများဆီက လက်ဆောင် မျိုးစုံကို လက်ခံရရှိတဲ့ နှစ်တနှစ်လဲ ဖြစ်ခဲ့ပါတယ်.. ကိုယ့် ကြိုးစားမှုနဲ့ ရတာလေးတွေလဲ ရှိခဲ့ပါတယ်... သတ်မှတ်ထား မျှော်လင့်ထားသလောက်တော့ မကြိုးစားနိုင်ခဲ့သလို ခံစားရတဲ့ နှစ် တနှစ်ပါပဲ..

ချစ်ရသော မိတ်ဆွေ သူငယ်ချင်းများ Good Vibes Only တို့တွေရော .. ၂၀၂၄ နဲ့ ပတ်သက်ပီး ဘယ်လိုတွေ ခံစားရလဲ ကွန်မန့်လေးတွေ ပေးသွားပါဦးနော်...

၂၀၂၅ ကို ကျမတို့ တတွေ အားသစ် အင်သစ်တွေနဲ့ လျှောက်လှမ်းကြတာပေါ့နော်.. နှစ်သစ် အစမှာ ခွန်အားအပြည့်နဲ့ လိုသမျှ တောင့်တသမျှ ရရှိနိုင်ဖို့ အတူ ဆက် ချီတက်ကြပါစို့..

💪✨

💕 Quote #19 - Friday is a reminder that we survived another week. Keep going, you’re stronger than you think! 💕သောကြာနေ့...
01/11/2024

💕 Quote #19 - Friday is a reminder that we survived another week. Keep going, you’re stronger than you think! 💕

သောကြာနေ့ကို ရောက်လာခဲ့ပြီ ဆိုတော့ ကိုယ်တို့တွေ ခု တပတ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ အသိပေးလိုက်သလိုပါပဲ... ဆက်ကြိုးစားနေရုံ... ကိုယ်ဟာ ကိုယ်ထင်တာထက် ပိုပြီး သန်မာကြံခိုင်ပါတယ်. ရှေ့သို့ ချီတက်ကြပါဦးစို့.. ✊

Address

Jalan Jurong Kechil
Singapore
598669

Website

Alerts

Be the first to know and let us send you an email when Good Vibes Only posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share