SPORT VIEW

SPORT VIEW ခတ္တခဏရပ်နားထားပါသည်။

🚨🚨🚨 မန်ယူ 3 - 2 ဘန်လေ  #မန်ချက်စတာယူနိုက်တက်ရဲ့ ရုပ်ပျက်ဆင်းပျက် နိုင်ပွဲတစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ ဘန်လေလိုအသင်း...
30/08/2025

🚨🚨🚨 မန်ယူ 3 - 2 ဘန်လေ

#မန်ချက်စတာယူနိုက်တက်ရဲ့ ရုပ်ပျက်ဆင်းပျက် နိုင်ပွဲတစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ ဘန်လေလိုအသင်းကို ပွဲပြီးခါနီး အချိန်မှာ ထိန်းထားမယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူး။ အချိန်ပြည့်တာပဲ အော်ဟစ်နေတယ်။ Penalty အတွက် VAR check နေတဲ့အချိန်တွေ ကန်ခါနီး လေလွင့်တဲ့အချိန်တွေ အများကြီး။ ပြီးတော့ ကိုကအသင်းကြီးဆိုတဲ့ စိတ်ဓာတ်တွေပျောက်ဆုံးနေလိုက်တာဗျာ မြင်မကောင်းဘူး။

ဦးဆောင်ဂိုးအကြိမ်ကြိမ်ရပြီးတိုင်း ကစားပုံပျက်ပျက်သွားတာတွေ။ တစ်ဂိုးကျောပြီးရင် နောက်တစ်ဂိုးသွင်းမယ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေ လုံးဝပျောက်ဆုံးနေတယ်။ ပြီးတော့ နည်းပြ #အန်ဘူမို ဂိုးသွင်းလို့ ပရိတ်သတ်တွေ ဝက်ဝက်ကွဲ အောင်ပွဲခံချိန် သူက ခေါင်းတခါခါနဲ့။ နောက်ထပ် ပင်နတီရတဲ့အချိန် မပျော်မရွှင်ရုပ်နဲ့ အဲ့ကောင်ဘာဖြစ်ချင်နေမှန်းမသိဘူး။

ဘာပဲပြောပြော 3 မှတ်တော့ရခဲ့တယ်ပေါ့ဗျာ။ ဒါပေမည့် တော်တော် ထိပ်ထိပ်လန့်လန့်နဲ့ရခဲ့တဲ့ သုံးမှတ်လို့ပဲပြောလိုက်ချင်ပါတယ်။

🔵ချဲလ်ဆီး 2 - 0 ဖူလ်ဟမ်⚪ (Full Time)ပထမပိုင်း ကစားပုံအတွင်း ချဲလ်ဆီးတို့ အနိုင်ရဖို့မ‌သေချာသေးဘူးလို့ပဲဆိုရမှာပါ။  #ဒီလက...
30/08/2025

🔵ချဲလ်ဆီး 2 - 0 ဖူလ်ဟမ်⚪ (Full Time)

ပထမပိုင်း ကစားပုံအတွင်း ချဲလ်ဆီးတို့ အနိုင်ရဖို့မ‌သေချာသေးဘူးလို့ပဲဆိုရမှာပါ။ #ဒီလက်ပ် အစောကြီး ဒဏ်ရာရပြီးထွက်သွားတယ်ဆိုပေမယ့် တိုက်စစ်ကစားပုံကသိသိသာသာ အားပျော့သွားတယ်လို့မြင်ပါတယ်။ တိုက်စစ်မှူးထံ တိုက်ရိုက် ဖန်တီးမှု‌တွေ လုံးဝမမြင်ရတော့ပါဘူး။ ဖူဟန်ရဲ့ရသန်ကိုလည်း ချဲလ်ဆီးတို့ သေချာပေါက်မဖျက်ဆီးနိုင်သေးပါဘူး။ ဒါတောင် #ဂျိုရှူအာကင်း ရဲ့ဂိုးက မူနစ်ဘောလုံးလက်ခံချိန်မှာ ချာလိုဗာ့က် ကိုနင်းမိခဲ့လို့ ချဲလ်ဆီးတို့သက်သာရာရခဲ့တာပါ။ ချဲလ်ဆီးနောက်တန်းကလည်း လက်တလောခြေစွမ်းတွေအရ အချိန်မရွေးဂိုးပေးရနိုင်တဲ့အနေအထားပါ။

ပထမပိုင်းပြီးခါနီးမှာတော့ ချဲလ်ဆီးတို့ ထောင့်ကန်ဘောမှတစ်ဆင့် #ဂျာအိုပက်ဒရို ရဲ့ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ အားရစရာကောင်းတာတစ်ခုကတော့ ထောင့်ကန်ဘောတော်တော်များများကနေ ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေ ဖန်တီးလာနိုင်တာပါ။

ဒုတိယပိုင်းပွဲချိန်‌တွေမှာချဲလ်ဆီးတို့ ကောင်တာတွေကနေထိရောက်တဲ့တိုက်စစ်ဆင်မှုတွေ တွေ့ခဲ့ရပြီး ပင်နတီမှတဆင့် ဒုတိယဦးဆောင်ဂိုးရရှိပြီးချိန်မှာတော့ တိုက်စစ်ဆင်မှုတွေ ကောင်တာတွေ အားထည့်မဆော့တော့ပဲ ပွဲကိုထိန်းကစားပြီး ဖူလ်ဟမ် ကို 2 ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

🔵 ချဲလ်ဆီး 1 - 0 ဖူလ်ဟမ်⚪ (Half Time)ပထမပိုင်း ကစားပုံအတွင်း ချဲလ်ဆီးတို့ အနိုင်ရဖို့မ‌သေချာသေးဘူးလို့ပဲဆိုရမှာပါ။  #ဒီလ...
30/08/2025

🔵 ချဲလ်ဆီး 1 - 0 ဖူလ်ဟမ်⚪ (Half Time)

ပထမပိုင်း ကစားပုံအတွင်း ချဲလ်ဆီးတို့ အနိုင်ရဖို့မ‌သေချာသေးဘူးလို့ပဲဆိုရမှာပါ။ #ဒီလက်ပ် အစောကြီး ဒဏ်ရာရပြီးထွက်သွားတယ်ဆိုပေမယ့် တိုက်စစ်ကစားပုံကသိသိသာသာ အားပျော့သွားတယ်လို့မြင်ပါတယ်။ တိုက်စစ်မှူးထံ တိုက်ရိုက် ဖန်တီးမှု‌တွေ လုံးဝမမြင်ရတော့ပါဘူး။ ဖူဟန်ရဲ့ရသန်ကိုလည်း ချဲလ်ဆီးတို့ သေချာပေါက်မဖျက်ဆီးနိုင်သေးပါဘူး။ ဒါတောင် #ဂျိုရှူအာကင်း ရဲ့ဂိုးက မူနစ်ဘောလုံးလက်ခံချိန်မှာ ချာလိုဗာ့က် ကိုနင်းမိခဲ့လို့ ချဲလ်ဆီးတို့သက်သာရာရခဲ့တာပါ။ ချဲလ်ဆီးနောက်တန်းကလည်း လက်တလောခြေစွမ်းတွေအရ အချိန်မရွေးဂိုးပေးရနိုင်တဲ့အနေအထားပါ။

ပထမပိုင်းပြီးခါနီးမှာတော့ ချဲလ်ဆီးတို့ ထောင့်ကန်ဘောမှတစ်ဆင့် #ဂျာအိုပက်ဒရို ရဲ့ခေါင်းတိုက်ချက်နဲ့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ အားရစရာကောင်းတာတစ်ခုကတော့ ထောင့်ကန်ဘောတော်တော်များများကနေ ဂိုးရနိုင်လောက်တဲ့အခွင့်အရေးတွေ ဖန်တီးလာနိုင်တာပါ။ ဒုတိယပိုင်းမှာတော့ နည်းပြ မာရက်စကာ ဘယ်လိုနည်းဗျူဟာ တွေထုတ်ပြီး နိုင်ပွဲဖော်ဆောင်သွားမလဲ ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ။

🚨🚨🚨 အယ်လ်နာဆာ 2 - 2 အယ်လ်ဟီလယ် (Penalty 3-5 )ဆော်ဒီ ဖလားပွဲမှာတော့ ပွဲချိန်မိနစ် 90 အတွင်း 2-2 သရေကျနေခဲ့ပြီး  #ပင်နယ်တီ...
23/08/2025

🚨🚨🚨 အယ်လ်နာဆာ 2 - 2 အယ်လ်ဟီလယ် (Penalty 3-5 )

ဆော်ဒီ ဖလားပွဲမှာတော့ ပွဲချိန်မိနစ် 90 အတွင်း 2-2 သရေကျနေခဲ့ပြီး #ပင်နယ်တီအဆုံးအဖြတ် မှာတော့ ချဲလ်ဆီးဂိုးသမားဟောင်း ရေဘဝဲရဲ့ ကာကွာမှုနဲ့အတူ #အယ်လ်ဟီလယ် တို့ 5-3 နဲ့ အနိုင်ရ ဗိုလ်ဆွဲခဲ့ပါတယ်။

🚨🚨🚨 #မန်စီးတီး 0 - 2  #စပါး (Full Time)စပါးကတော့ ဘရန်နန်  #ဂျွန်ဆင် နဲ့ ဂျာအို  #ဖယ်လ်ဟင်ဟာ တို့ရဲ့ဂိုးတွေ နဲ့ မန်စီးတီး...
23/08/2025

🚨🚨🚨 #မန်စီးတီး 0 - 2 #စပါး (Full Time)

စပါးကတော့ ဘရန်နန် #ဂျွန်ဆင် နဲ့ ဂျာအို #ဖယ်လ်ဟင်ဟာ တို့ရဲ့ဂိုးတွေ နဲ့ မန်စီးတီးကို အီတီဟက်မှာ အနိုင်ယူသွားခဲ့ပါပြီ။

ဒီပွဲမှာစပါးကစားသမားတွေ လုပ်အားနှုံးကောင်းကောင်း နည်းဗျူဟာကျကျနဲ့ ကစားနိုင်ခဲ့လို့လည်း မန်စီးတီးကို ထိုင်ထိုက်တန်တန် အနိုင်ယူနိုင်ခဲ့တာပါ။ စပါးအသင်းရဲ့ပထမပိုင်းကစားပုံက လုံးဝအကြောက်တရားကင်းမဲ့ပြီး ယုံကြည်ချက်ရှိရှိနဲ့ ကစားခဲ့တာပါ။ Off Ball အခြေနေတွေမှာတောင် မန်စီးတီးရှေ့တန်းထိ Marking တက်ယူပြီး မန်စီးတီးဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့တာပါ။ ဒီနည်းလမ်းနဲ့ပဲ ဒုတိယဦးဆောင်ဂိုးကို ရခဲ့တာပါ။ မန်စီးတီး ဂိုးသမားရဲ့ဘောလုံးပေးပို့မှုကို ဝင်ရောက်တာဆီးခဲ့ပြီး ရစ်ချာလီဆန် ဆီ ဘောလုံးအရောက်မှာ ရစ်ချာလီဆန်က ဂိုးသမားကို ကျော်ဖြတ်ရင် အနည်းငယ်ရှံထွက်လာတဲ့ ဘောလုံးကို ဂျာအို #ပယ်ဟင်ဟာ က အပြင်းကန်သွင်းခဲ့တာပါ။

မန်စီးတီးတို့ကတော့ တွဲလုံး‌တွေများများစားစား မတွေ့ခဲ့ရပဲ ဖြတ်တင်ဘောတွေနဲ့သာ ဖန်တီးပြီး ဂိုးရဖို့ကြိုးစားခဲ့ရပါတယ်။ ဒါပေမည့်လည်း စပါးနောက်တန်းကို ဂိုးရလောက်‌တဲ့ အခွင့်ရေးတွေ သိပ်မပေါက်ရောက်ခဲ့တာတွေ့ရပြီး အပိုင်ဆုံးအခွင့်အရေး တစ်ကြိမ်ကတော့ ပထမပိုင်းပြီးခါနီး ဟာလမ်း လွတ်လွတ်ကျွတ်ကျွတ် အပိုင်ခေါင်းတိုက်ခွင့်ရတာကို ဂိုးဘားပေါ်ကျော်ခဲ့လို့ မန်စီးတီးတို့ နစ်နာခဲ့ရတာပါ။

ဘာပဲပြောပြော ဒီပွဲမှာတော့ စပါးက ထိုက်ထိုက်တန်တန် အနိုင်ကရှိခဲ့တာလို့ပဲ ပြောရပါလိမ့်မယ်။

🚨🚨🚨  #အယ်လ်နာဆာ 1 - 1  #အယ်လ်ဟီလယ် (half time) ဆော်ဒီဖလား ဗိုလ်လုပွဲရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အယ်နာဆာတို့ ဦးဆော...
23/08/2025

🚨🚨🚨 #အယ်လ်နာဆာ 1 - 1 #အယ်လ်ဟီလယ် (half time) ဆော်ဒီဖလား ဗိုလ်လုပွဲ

ရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အယ်နာဆာတို့ ဦးဆောင်ဂိုးရခဲ့ပြီး ကင်စလေ ကိုးမန်းရဲ့ ကန်ချက်ကို အယ်လ်ဟီလယ် နောက်ခံကစားသမား လက်နဲ့တားမိသလိုဖြစ်ခဲ့လို့ ရတဲ့ ပင်နယ်တီကို ရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူသွားတာပါ။ ပထမပိုင်းပြီးခါနီးမှာတော့ အယ်လ်ဟီလယ် အတွက် ချေပဂိုးကို #ဖရန့်ကက်ဆီး လှလှပပ ကန်သွင်းရယူပေးခဲ့ပြီး ပထမပိုင်းအတွင်းမှာပဲ သရေရလဒ်ရယူထားနိုင်ခဲ့ပါတယ်။

 #မန်စီးတီး 0 - 2  #စပါးစပါးကတော့ ဘရန်နန်  #ဂျွန်ဆင် နဲ့ ဂျာအို  #ဖယ်လ်ဟင်ဟာ တို့ရဲ့ဂိုးတွေ နဲ့ မန်စီးတီးကို ဦးဆောင်ထားပ...
23/08/2025

#မန်စီးတီး 0 - 2 #စပါး

စပါးကတော့ ဘရန်နန် #ဂျွန်ဆင် နဲ့ ဂျာအို #ဖယ်လ်ဟင်ဟာ တို့ရဲ့ဂိုးတွေ နဲ့ မန်စီးတီးကို ဦးဆောင်ထားပါတယ်။

Napoli ဟာ  #ဟော့လန်း ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ယနေ့တွင် ဟော့လန်း နှင့် ၎င်း၏...
23/08/2025

Napoli ဟာ #ဟော့လန်း ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ယနေ့တွင် ဟော့လန်း နှင့် ၎င်း၏ Champ တွင် စာချုပ်စည်းကမ်းချက်များ နှင့် ရေရှည်စီမံကိန်းများအကြောင်း အပြုသဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းသည် စည်းမျဥ်းစည်းကမ်းများကို သဘောတူပါက Højlund နှင့် Napoli တို့ သဘောတူ‌ဆွေးနွေးထားသည့်အတိုင်း ခေါ်ယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

🔵  #ဒွန်နာရမ်မာ အတွက် စိတ်လှုပ်ရှားမှုအခိုက်အတန့် 💔ဒွန်နာရမ်မာသည် PSG ပရိသတ်များကို ကလပ်၏ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ်နဲ့ န...
23/08/2025

🔵 #ဒွန်နာရမ်မာ အတွက် စိတ်လှုပ်ရှားမှုအခိုက်အတန့် 💔

ဒွန်နာရမ်မာသည် PSG ပရိသတ်များကို ကလပ်၏ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ်နဲ့ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

၎င်းဟာ သူ့ရဲ့ စာမျက်နှာအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး မန်စီးတီးနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ရန် ဆက်လက်လုပ်ဆောင်နေပါတယ်။

🚨 ဘိုင်ယန် 6 - 0 လစ်ပ်ဇစ် #ဘိုင်ယန်မြူးနစ် တို့ကတော့  #ဟယ်ရီကိန်း ရဲ့ Hat-Trick နဲ့အတူ  #လစ်ပ်ဇစ် ကိုဂိုးပြတ်အနိုင်ယူခဲ့...
23/08/2025

🚨 ဘိုင်ယန် 6 - 0 လစ်ပ်ဇစ်

#ဘိုင်ယန်မြူးနစ် တို့ကတော့ #ဟယ်ရီကိန်း ရဲ့ Hat-Trick နဲ့အတူ #လစ်ပ်ဇစ် ကိုဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

🚨🚨🚨 ဝက်ဟမ်း 1 - 5 ချဲလ်ဆီး (Review)🚨🚨🚨 #ချဲလ်ဆီးကတော့ ဟမ်းမားတို့ရဲ့ကွင်းမှာ တိုက်စစ်အစွမ်းပြပြီး ဂိုးပြတ်အနိုင်ယုခဲ့ပါတ...
23/08/2025

🚨🚨🚨 ဝက်ဟမ်း 1 - 5 ချဲလ်ဆီး (Review)

🚨🚨🚨 #ချဲလ်ဆီးကတော့ ဟမ်းမားတို့ရဲ့ကွင်းမှာ တိုက်စစ်အစွမ်းပြပြီး ဂိုးပြတ်အနိုင်ယုခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းမှာပဲ ချဲလ်ဆီးဦး‌ဆောင်ဂိုးခွင့်ပြုခဲ့ရတာပါ။ ဒီဂိုးကို ချဲလ်ဆီးခံစစ်ကနေတိုက်စစ်စတင်ရင်း ဝက်ဟမ်းတို့ဘောလုံးရသွားခဲ့ချိန်မှာတော့ #မာလစ်ဂျူ့ ခင်းပေးတဲ့ဘောလုံးကို #လူးကပ်ပါကွေတာ တောက်လျောက်ဆွဲပြေးပြီး ချဲလ်ဆီးဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းရယူခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးပေးပြီးနောက်ပိုင်း ချဲလ်ဆီးတို့‌ချေပဂိုးရဖို့ ကြိုးစားလာပြီး သိပ်မကြာခင်မှာပဲ ချဲလ်ဆီးတို့ထောင့်ကန်ဘောကတဆင့် ချေပဂိုးရခဲ့ပါတယ်။ချဲလ်ဆီးကွင်းလယ်ကနေတိုက်စစ်ဆင်လာရင်း #ပက်ဒရိုနက်တို ရဲ့ ဂိုးရှေ့ကိုဖြတ်တင်ပေးပို့မှုကို ဝက်ဟမ်းနောက်တန်းရှင်းထုတ်ခဲ့ရာ ထောင့်ကန်ဘောကတဆင့်ရရှိခဲ့တာပါ။ ထောင့်ကန်ဘောကိုလည်း #ပက်ဒရိုနက်တို ကန်တင်ပေးတာကို #ကူကူရယ်လာ ခေါင်းတိုက်ချက်ကနေ #ဂျာအိုပက်ဒရို ကခေါင်းတိုက်အဆုံးသတ်ပြီးချေပဂိုးသွင်းယူခဲ့ပါတယ်။

ပွဲချိန်သိပ်မကြာခင်မှာပဲ ဝက်ဟမ်းတို့အတွက် #နစ်ကလက်ဖူးခရပ်က် နောက်ထပ်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပေမယ့် VAR ကြည့်ပြီးဘောလုံးလက်ခံချိန်မှာလူကျွန်ခဲ့လို့ ချဲလ်ဆီးတို့သက်သာခဲ့ပါတယ်။ ဒီလိုနဲ့ ဝက်ဟမ်းနောက်ခံလူတွေကို ချဲလ်ဆီးတို့ Block လုပ်ရင်း ဝက်ဟမ်းခံစစ်မှူးတွေဆီကနေဘောလုံးရတဲ့အချိန်မှာတော့ #ဂျာအိုပတ်ဒရို ကဂိုး‌ရှေ့ကိုအလိုက်သင့်ပြေးတက်လာတဲ့ #ပက်ဒရိုနက်တို ကိုဖန်တီးပေးခဲ့ပြီး နက်တိုက ဦးဆောက်ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ပွဲကစားချိန် မနစ် 30 ကျော်မှာတော့ချဲလ်ဆီးတို့ နောက်ထပ်ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး လူငယ်ကစားသမား #အက်စတီဘာအို ခင်းပေးတဲ့ဘောလုံးကို #အန်ဇိုဖာနန်ဒက် ကပိတ်သွင်းရယူခဲ့တာပါ။

ပွဲချိန်ဒုတိယပိုင်းမှာလည်း ချဲလ်ဆီးတို့ကပဲ နောက်ထပ်ဦးဆောင်ဂိုး နှစ်ဂိုး ထပ်သွင်းပြီး ဝက်ဟမ်းပရိတ်သတ်အချို့ကိုပွဲချိန်မပြီးခင်အိမ်ပြန်စေခဲ့ပါတယ်။ ဒီဦးဆောင်ဂိုးနှစ်ဂိုးကိုတော့ ထောင့်ကန်ဘောတွေကတဆင့် #ကိုင်စီဒိုက တစ်ဂိုး
#တင်မီချာလိုဘာ့ ကတစ်ဂိုးသွင်းယူခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ချေပဂိုးရဖို့ ဝက်ဟမ်းတို့ကြိုးစားခဲ့ပေမယ့် ဂိုးထပ်မံမရတော့ပဲ တစ်ဂိုး ငါးဂိုး နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။

  :  #သွေးလင်းထက် ကတော့ ဒုတိယအချီမှာပဲ နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါပြီ ❤️❤️❤️❤️ #နောက်ထပ်ဝမ်းသာစရာ တစ်ခုက #ချက်ထရီ ပေ...
22/08/2025

: #သွေးလင်းထက် ကတော့ ဒုတိယအချီမှာပဲ နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါပြီ ❤️❤️❤️❤️

#နောက်ထပ်ဝမ်းသာစရာ တစ်ခုက
#ချက်ထရီ ပေးအပ်တဲ့ အပိုဆုကြေး (Bonus) ကိုပါ အရယူသွားနိုင်ပါတယ်ခင်ဗျ

ဒီပွဲမှာ #သွေးလင်းထက်ကစားသွားတာ တော်တော်ကောင်းပါတယ်။ ပထမအချီမှာ တစ်ဖက်ကစားသမားအခြေအနေကြည့်ပြီး သုံးသင့်တာတွေသုံးခဲ့ပါတယ်။ တစ်ဘက်ကစားသမားခြေကန်ချက်တွေကို ထောက်ခြေတွေသုံးခဲ့တာ၊ ခြေကန်ချက်တွေ၊ ဝိုက်လက်သီးတွေ၊ ပတ်တစ်တောင်တွေ အလျင်းသင့်သလိုသုံးသွားခဲ့တာပါ။ ဒါတောင် ပထမအချီပြီးတာနည်းနည်းလေးစောသွားလို့ ဒုတိယအချီထိရောက်သွားတာပါ။

ဒုတိယအချီစတဲ့အချိန်မှာတော့ ပြိုင်ဘက်ကစားသမားက အမှတ်ပြန်သာဖို့ဖွင့်ထိုးတဲ့အချိန်မှာ သွေးလင်းထက်ပွဲဖြစ်သွားခဲ့ပါပြီ။ ပြိုင်ဘက်ဖိုက်တာကတော့ တော်တော်အထိနာပြီး ဒုတိယအချီ 1 မိနစ်နဲ့ 50 စကန့်မှာတော့ အရှုံးပေးခဲ့ရပါတယ်။

သွေးလင်းထက်

Address

Jalan Membina
Singapore
164118

Website

Alerts

Be the first to know and let us send you an email when SPORT VIEW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share