Diary by Wai

Diary by Wai 💫💥🍷🏸🍜⛅️🔥

သိပ်ပင်ပန်းနေရင် တရေးလောက် အိပ်လိုက်ပါ ကိုယ်တို့မှာ မနက်ဖြန်ဆိုတာ ရှိပါသေးတယ် 🍀🍀🍀
09/08/2026

သိပ်ပင်ပန်းနေရင် တရေးလောက် အိပ်လိုက်ပါ
ကိုယ်တို့မှာ မနက်ဖြန်ဆိုတာ ရှိပါသေးတယ် 🍀🍀🍀





27/07/2026

ငါ့ကမ္ဘာလေး

အနွေးဓာတ်ပျောက်မှာ ကြောက်တာနဲ့

ဟိုလူ့ခယ၊ ဒီလူ့ခယ ရ

အဲတာတောင် နာကျင်စရာတွေပဲ

ပြန်ပြန်ရနေတော့

ညဘက်တွေ အခန်းထောင့်ကပ်

ပျော်စရာမကောင်းတဲ့ မနက်ဖြန်တွေအကြောင်း

မတွေးမိအောင် ကြိတ်မှိတ်သီးခံရင်းပဲ

ညတွေကိုဖြတ်သန်းနေမိတော့တယ်



ပြောသာပြောတာပါငါတို့ဟာ ဒီကမ္ဘာမှာသူချစ်နဲ့ပျော်ဖို့ထက်ကိုယ်ချစ်နဲ့ငိုဖို့သာ ရွေးချယ်ဖူးကြတဲ့သူတွေချည်းပဲ.....
28/06/2026

ပြောသာပြောတာပါ

ငါတို့ဟာ

ဒီကမ္ဘာမှာ

သူချစ်နဲ့ပျော်ဖို့ထက်

ကိုယ်ချစ်နဲ့ငိုဖို့သာ ရွေးချယ်ဖူးကြတဲ့သူတွေချည်းပဲ.....



စကားလေးတစ်ခွန်း ကြားဖူးတယ် "ချစ်ခြင်းမေတ္တာ"ဆိုတာ လွတ်လပ်ခွင့်ဖြစ်ပြီး၊ "အတ္တ"ဆိုတာ ကတော့ ချုပ်နှောင်မူဖြစ်တယ် တဲ့ ချစ်ခ...
14/06/2026

စကားလေးတစ်ခွန်း ကြားဖူးတယ်

"ချစ်ခြင်းမေတ္တာ"ဆိုတာ လွတ်လပ်ခွင့်ဖြစ်ပြီး၊ "အတ္တ"

ဆိုတာ ကတော့ ချုပ်နှောင်မူဖြစ်တယ် တဲ့

ချစ်ခြင်းမေတ္တာက “မင်းပျော်ရွှင်ပါစေ” လို့ ဆုတောင်းပေး

နိုင်ခြင်းဖြစ်ပြီး၊

အတ္တက “မင်းဟာ ငါ့အလိုအတိုင်း ဖြစ်ရမယ်” လို့

တောင်းဆိုခြင်းဖြစ်တယ်။

ရနေတဲ့ လူ့ဘဝတိုတိုလေးမှာ အတ္တကင်းတဲ့ ချစ်ခြင်းတွေနဲ့

ရှေ့ဆက်နိုင်ရင်တော့

ဘဝ ဟာ နေပျော်စရာကောင်းနေမှာပါပဲ



ဘဝမှာ ဘာအရေးကြီးဆုံးလဲ မေးရင် 'ပျော်ရွှင်မှု' လို့ပဲဖြေချင်တယ်ငယ်ငယ်တုန်းကတော့ စိတ်ညစ်စရာတွေ တွေးမယ်စိတ်ဆင်းရဲစရာတွေရှိရ...
16/04/2026

ဘဝမှာ ဘာအရေးကြီးဆုံးလဲ မေးရင် 'ပျော်ရွှင်မှု' လို့ပဲဖြေချင်တယ်
ငယ်ငယ်တုန်းကတော့ စိတ်ညစ်စရာတွေ တွေးမယ်
စိတ်ဆင်းရဲစရာတွေရှိရင် ငိုမယ်
လိုချင်တာတွေ မရရင် ပူလောင်ခဲ့တယ်

အသက်အရွယ်ရလာတဲ့ အခါမှာတော့

စိတ်ဆင်းရဲ ပူလောင်စရာတွေ ကြုံလာရင် အချိန်အကြာကြီး ခံစားမနေတော့ဘူး...

ဘယ်လောက်ပဲ နာကျင်၊ပင်ပန်းနေပါစေ
လည်ပတ်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ ငါမပျော်ရွှင်နေလို့ ဆိုပြီး ရပ်တန့်နေတဲ့အရာ ဘာမှ မရှိဘူးဆိုတာ သိလာပြီးနောက်ပိုင်း

စိတ်နှလုံးကို ဒုန်းဒုန်းချ၊ ဘဝကို နေပျော်အောင် ဖြတ်သန်းရင်းနဲ့ပဲ ကို့ကိုယ်ကို ချစ်တက်အောင် သင်ယူဖို့ ကြိုးစားလိုက်တော့တယ်

ဟုတ်တယ်မို့လား ??

ကျွန်မတို့မပျော်လည်း ကမ္ဘာက လည်နေမှာပဲ...
24နာရီ တစ်ရက် အချိန်တွေကုန်ရင်း ....
တချိန်ကျ မြူမှုန်လေးတွေလို ကျွန်မတို့ ပျောက်ကွယ်သွားမှာပဲလေ ....


#12:52Am

Address

#05-26, Blk/298
Singapore
650298

Telephone

+6583351272

Website

Alerts

Be the first to know and let us send you an email when Diary by Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Diary by Wai:

Shortcuts

Share