Lövë & Póèm

Lövë & Póèm ဘဝက တိုတို လေး
လွတ်လွတ်လပ်လပ် ရယ်မောပါ
ကိုယ့်ကို ပြုံးစေခဲ့တယ်ဆိုရင်
ဘယ်ရွေးချယ်မှုမှ နောင်တမရပါနဲ့🖤💪

သိဖို့
19/09/2025

သိဖို့

ကိုယ်ရှိတယ်နော် အဲ့ဒီစကားလေးဟာအတော်လေးနွေးထွေးရတယ်။လူဆိုတာ အနွေးဓာတ်လိုပါတယ်ပင်ပန်းတာတွေ  ဖြေဖျောက်ဖို့ပျော်ရွှင်ခြင်းတွ...
10/09/2025

ကိုယ်ရှိတယ်နော် အဲ့ဒီစကားလေးဟာ
အတော်လေးနွေးထွေးရတယ်။

လူဆိုတာ အနွေးဓာတ်လိုပါတယ်
ပင်ပန်းတာတွေ ဖြေဖျောက်ဖို့
ပျော်ရွှင်ခြင်းတွေ မျှဝေခံစားဖို့
‌တစ်ယောက်အတွက် တစ်ယောက်က ရှိနေပေးတာဟာ
တကယ်ကို ကြည်နူးစရာပါပဲ💜💜

အသက်ရှင်မှုကိုတော့ အလုပ်တစ်ခုလို့ပဲ မြင်တယ်။ အလုပ်ဆိုမှတော့ တက်ကြွတဲ့အခါလည်းရှိ ပျင်းရိ ငြီးငွေ့တာလည်း ရှိပေါ့။ ပျော်ရွှ...
10/09/2025

အသက်ရှင်မှုကိုတော့
အလုပ်တစ်ခုလို့ပဲ မြင်တယ်။
အလုပ်ဆိုမှတော့ တက်ကြွတဲ့အခါလည်းရှိ
ပျင်းရိ ငြီးငွေ့တာလည်း ရှိပေါ့။
ပျော်ရွှင်ခြင်းကတော့ အားလပ်ရက်ပေါ့
အားလပ်ရက်ဆိုမှတော့ အမြဲ မရဘူးပေါ့။
ဒါကြောင့်
ပျော်လား မပျော်လား ဆိုတာတွေ
မမေးချင် မဖြေချင်တော့ဘူး။

🤣🤣🤣🤣
10/09/2025

🤣🤣🤣🤣

ချစ်နေဖို့ထက်ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ်..ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊ကိုယ...
09/09/2025

ချစ်နေဖို့ထက်
ကိုယ်အပေါ် စေတနာရှိနေဖို့လိုတယ်..
ကိုယ်ရဲ့လက်တွဲဖော်တစ်ယောက်ဟာ
ယောကျာ်းလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ်၊

ကိုယ်အပေါ်
စေတနာရှိတဲ့လူမျိုးဖြစ်ဖို့လိုတယ်။
ချစ်တော့ချစ်တယ် ကိုယ့်အတွက်
အတ္တကြီးနေတဲ့လူမျိုးဖြစ်နေရင်
စိတ်ဆင်းရဲရတယ်။

လူတစ်ယောက်ချစ်ဖို့ မချစ်ဖို့ထက်
စေတနာ ရှိ၊ မရှိ စကားပြောကြည့်ပြီး
လေ့လာကြည့်ယုံနဲ့ အနည်းငယ်ခန့်မှန်းလို့ရတယ်။

ဒါပေမယ့်
မသိစိတ်ကြောင့်လူတစ်ယောက်ကိုချစ်မိပြီဆိုရင်
သူရဲ့ဆိုးတာတွေကို မမြင်နိုင်တော့တာပါပဲ။

ယောကျာ်းလေးတွေမှာ
မိန်းကလေးတွေကိုကြည့်ရင် ပထမဆုံး
လှတာလေးကိုအရင်မက်ကြတယ်။
မဟုတ်လည်း အရည်အချင်းရှိတဲ့သူကိုမက်ကြတယ်။

တစ်ချို့လူတွေကြတော့
ကိုယ်အပေါ် စေတနာရှိတဲ့ မိခင်နဲ့တူတဲ့အမျိုးသမီး
မျိုးကိုပဲရွေးကြတယ်။
မိန်းကလေးအများစုကတော့ မိခင်နဲ့ပိုတူကြတယ်။
ဒါပေမယ့် အကုန်လုံးတော့မဆိုနိုင်ဘူး။

တစ်ခါတစ်လေကြတော့လည်း
သူဆီကဘာရမလဲဆိုတဲ့စိတ်နဲ့ချစ်နေကြတဲ့
သူတွေလည်းရှိတယ်။
နောက်ဆုံးကြတော့ အချစ်ဆိုတာထက်

စိတ်နှလုံးကောင်းပြီး
ကိုယ်အပေါ် တကယ်မေတ္တာထားပေးနိုင်တဲ့
အမျိုးသမီးမျိုး‌ရွေးချယ်ကြတာမှန်မယ်လို့ထင်တယ်။

ငွေကြေးတစ်ခု၊ အလုပ်တစ်ခု၊
ပြည့်စုံချမ်းသာမှုတစ်ခုနဲ့အချစ်ကိုဖော်ပြလို့မရဘူး။

ကိုယ်လိုအပ်တာကို ဖြည့်ဆည်းပေးနေတဲ့သူနဲ့
လိုချင်တာကို ဖြည့်ဆည်းပေးနေတဲ့သူတောင်
ချစ်တာခြင်းမတူညီကြဘူး။

စေတနာဆိုတာမရှိတဲ့ကြားကနေ
မရရအောင်ဖန်တီးပေးချင်နေတာမျိုး။

ဝင်ငွေအများကြီးရှိပြီး ဘာမှလုပ်မပေးတဲ့
သူမျိုးထက်
သူမှာရှိတဲ့ဝင်ငွေလေးနဲ့ကိုယ့်ကိုယ်
ဖြည့်ဆည်းပေးတာမှ
စေတနာရှိတယ် လို့ခေါ်တယ်။

ချစ်တာချင်းတူကြပေမယ့် စေတနာကတော့ကွာတယ်။

တကယ်တော့လူတွေကချစ်ရင်
ဘာမဆိုကျော်ဖြတ်နိုင်တယ်လို့ထင်ကြတယ်။
အချစ်ဆိုတာထက် စေတနာ မေတ္တာကပိုလိုအပ်ပါတယ်။

သူလိုအပ်တာနဲ့ ကိုယ်လိုအပ်တာ သေချာသိပြီး
နွေးထွေးမှုပေးနိုင်ရတယ်။
သူကချစ်ပြတာကိုလိုရင် ချစ်ပြတာကိုပေးတတ်ရမယ်။
ချစ်ကြပုံခြင်းမတူကြရင်တောင်
နားလည်ကြရပါလိမ့်မယ်။ ✍️

ဒါမှ အချစ်ရဲ့အဓိပ္ပာယ်နဲ့အချစ်ရဲ့သက်ရောက်မှု
တွေဟာ အသက်ထက်ဆုံး ရှိသွားကြပီး၊
အိုမင်းခြင်းအရွယ်အထိရှင်သန်သွားကြသည်ပေါ့။

ခြေဖဝါး ကြမ်းတမ်း၍ကွဲအက်ခြင်းများကို Beauty Saloon သွားစရာမလိုဘဲ အိမ်မှာ ကိုယ်တိုင်ကုသနည်းလေးပါပထမနည်းဇလုံထဲတွင် ဆိုဒါ တ...
06/09/2025

ခြေဖဝါး ကြမ်းတမ်း၍ကွဲအက်ခြင်းများကို
Beauty Saloon သွားစရာမလိုဘဲ အိမ်မှာ
ကိုယ်တိုင်ကုသနည်းလေးပါ

ပထမနည်း

ဇလုံထဲတွင် ဆိုဒါ တစ်ခွက်၊ သံပုရာရည် စားပွဲဇွန်း ၃ဇွန်း နှင့် ရေနွေးအသင့်အတင့် တို့ကိုရောစပ်၍ ခြေထောက်ကို ၁၅ မှ ၃၀ မိနစ်ခန့်စိမ်ပေးပြီးလျှင် brush ဖြင့် ခြေဖိနောက်နှင့်ခြေသည်းများကို တိုက်ပေးပါ။ ပြီးလျှင် အုန်းဆီ သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်သော အလှဆီကိုလိမ်းပေးပါ။

ဒုတိယနည်း

ဇလုံထဲတွင် Listerine ပလုတ်ကျင်းရေ သို့မဟုတ် ကိုယ်ကြိုက်နှစ်သက်ရာ ပလုတ်ကျင်းရေ တစ်ခွက်၊ ရှာလကာရည် တစ်ခွတ် နှင့် ရေနွေး ၂ ခွက်တို့ကို ရောစပ်ပေး၍ ခြေထောက်ကို ၁၅ မှ ၃၀ မိနစ်အထိ စိမ်ပေးပြီးလျှင် ခြေဖိနောက်နှင့် ခြေသည်းများကို brush ဖြင့်တိုက်ပေးပါ။ ပြီးလျှင် ကိုယ်ကြိုက်နှစ်သက်ရာ အလှဆီ သို့မဟုတ် အုန်းဆီလိမ်းပေးပါ။

လှပလင်းလက်တောက်ပပြီး ရှုမဝတဲ့ ခြေထောက်လေးတွေကိုပိုင်ဆိုင်နိုင်မှာပါ

မအောင်မြင်ချင်တော့ဘူးးးအိပ်ရေးပဲ ဝချင်တယ်🥹
06/09/2025

မအောင်မြင်ချင်တော့ဘူးးး
အိပ်ရေးပဲ ဝချင်တယ်🥹

30/08/2025

လူတိုင်းမှာ favorite person ဆိုတာရှိပါတယ်💜
လူတစ်ယောက်နဲ့ စကားပြောရတာဖြစ်ဖြစ်
အပြန်အလှန်စာပို့ကြတာပဲဖြစ်ဖြစ်
သူနဲ့ပြောနေရရင်ကို ပတ်ဝန်းကျင်ကိုမေ့ပြီး အလိုလိုပြုံးမိတာမျိုး
စကားပြောနေရရင် စာပို့နေရရင်ကို
အလိုလိုစိတ်ကြည်နူးနေမိတာမျိုး
အဲ့လိုဆိုရင် သေချာပါတယ်
အဲ့ဒီလူကမင်းရဲ့ favourite person ပါပဲ 💜🖤

30/08/2025

I love you ma🌹

မချစ်ရင်အပြစ်ဆိုတာ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတယ်။နေရောင်မဝင်တဲ့ အခန်းလေးထဲသွေးအေးအေးအနမ်းများက စိမ့်ကျ။မင်းမွှေးခဲ့တဲ့ မ...
22/05/2025

မချစ်ရင်
အပြစ်ဆိုတာ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတယ်။

နေရောင်မဝင်တဲ့ အခန်းလေးထဲ
သွေးအေးအေးအနမ်းများက စိမ့်ကျ။

မင်းမွှေးခဲ့တဲ့ မီး
ငါ့ကိုသာ လောင်ပါစေ။

 #ချစ်တယ် ဆိုတာ လုပ်ရပ်တွေနဲ့ ဆိုင်တယ် ..ပန်းပင်လေးကို  #ချစ်တယ် ပြောပြီး ရေမလောင်း သလိုမျိုးပေါ့ …..။ #ချစ်တယ် ပြောပြီး...
23/04/2025

#ချစ်တယ်
ဆိုတာ
လုပ်ရပ်တွေနဲ့ ဆိုင်တယ် ..

ပန်းပင်လေးကို
#ချစ်တယ် ပြောပြီး ရေမလောင်း သလိုမျိုးပေါ့ …..။

#ချစ်တယ် ပြောပြီး အလေးနက်မှ မထားရင် .
ချစ်တယ် ပြောပြီး ဂရုစိုက်ကြင်နာမှု မရှိရင် ….
ဒီပန်းပင်လေးက ကြာကြာဘယ်ရှင်သန်နိုင်ပါ့မလဲ ……။

#အရာရာဟာ …..
မေတ္တာဓါတ်တွေ လိုအပ်တယ် …..။
ယုယကြင်နာမှုတွေ လိုတယ် …။လေးနက်မှုတွေ လိုတယ် …။
ဖေးမမှုတွေ လိုတယ် …။

ချစ်တယ် ပြောပြီး
ချစ်ခြင်းရဲ့ အမူအရာတွေ မပြရင်တော့
ဒီပန်းပင်လေးက 6သသွားအုံးမှာပဲ …..။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Lövë & Póèm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share