Lovely Girl

Lovely Girl Your most important in your life. So love yourself.😊

Vietnam မှာနေပြီးအလုပ်ပြန်ရှာမဲ့သူတွေအတွက် ပတ်ဝန်းကျင်လည်းအေးဆေးတိတ်ဆိတ်ပြီးစျေးလည်းချိုတဲ့ Hotel လေးတစ်ခုကိုညွှန်းပေးပါ...
26/08/2025

Vietnam မှာနေပြီးအလုပ်ပြန်ရှာမဲ့သူတွေအတွက် ပတ်ဝန်းကျင်လည်းအေးဆေးတိတ်ဆိတ်ပြီးစျေးလည်းချိုတဲ့ Hotel လေးတစ်ခုကိုညွှန်းပေးပါရစေနော် နေခြည်တည်းခဲ့တာလည်းတော်တော်အဆင်ပြေခဲ့လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Hotel ကတော့ Vietnam Ho Chi Minh ရဲ့ Tan Binh District မှာရှိတာပါ Noi Boi Airport နဲ့နီးပါတယ် HCM attractions places နဲ့တော့ဝေးပေမဲ့ ဘယ်မှမလည် အလုပ်ရှာ၊ IPA ကျတာစောင့်သူတွေအဖို့ ဘတ်ဂျက်လည်းခြိုးခြံနိုင်ပါတယ်။Hotel facilities ကတော့ အားနည်းပါတယ် ရေ​နွေးအိုးကို reception မှာတောင်းပါသူတို့​ပေးပါတယ်၊အခန်းသန့်ရှင်းရေးကတော့ကိုခေါ်မှသူတို့ဝင်မှာပါ။One star hotel ပါ သန့်ရှင်းမှုကတော့ပုံမှာတွေ့နိုင်ပါတယ်။တစ်ချို့ဟိုတယ်မှာပြတင်းပေါက်ပါတဲ့အခန်းယူမယ်ဆို SG dollar ၁၉/၂၀ ဝန်းကျင်ပါ လပေးနဲ့ဆို(၆၀၀)ဝန်းကျင်လောက်ကုန်မှာပါ။
နေခြည်ခုဟိုတယ်ကို Agoda ကနေ book လုပ်တော့ လပြတ်ငှါးလိုက်တာ discount ရတာနဲ့ဆို တရက် စင်းဒေါ်လာ ၁၃ကျပ်နဲ့တလ စင်းဒေါ်လာ (၃၉၀) ပဲပေးရပါတယ်။ပုံမှန်ဆိုလေနခြည်ရက်ပိုင်းပဲငှါးဖြစ်တယ် လပြတ်ငှါးတာစျေးပိုသက်သာပေမဲ့တချို့ဟိုတယ်တွေကြပုံနဲ့လွဲနေရင် ပြောင်းချင်လည်းငွေပြန်မအမ်းပါဘူး အာ့ကြောင့်သေချာရွေးချယ်စေချင်ပါတယ်။ဒီ cat p**c hotel ကျစွန့်စားပြီးလပြတ်ငှါးလိုက်တာ ရောက်​တော့ ကိုယ်နဲ့ကီးကိုက်လို့​အဆင်​ပြေပါတယ်။အသန့်ကြိုက်သူ၊ပတ်ဝန်းကျင်ဆူညံတာမကြိုက်သူများအဖို့ အဆင်​ပြေပါတယ်😊
Hotel က grab မှာ book လုပ်မယ်ဆို cat cat p**c ပါ။
Vietnam မှာ grab ခေါ်မယ်ဆိုတချို့ဟိုတယ်နာမည်တွေက ကို book လုပ်ထားတာနဲ့ကွဲလွဲနေတတ်ပါတယ် အာ့ကြောင့် postal code ၊လမ်းနံပါတ်တွေသေချာစစ်ပါနော်
Vietnam stay ရှောင်ဖို့ကိုယ့်ဘာသာ try ကြည့်ချင်တဲ့အမျိုးသမီးလေးတွေသိချင်တာရှိရင် comment ကအကောင့်မှာလာမေးနိုင်ပါတယ် ဒီ page က messenger မသုံးပါ

16/08/2025

Vietnam ပိုက်ဆံ​ရေတွက်ပုံ🧐
Vietnam ကို တစ်ခါမှမရောက်ဖူးသေးသူတွေတွက်သွားရောက်လည်ပတ်ဖြစ်ခဲ့ရင် အဆင်ပြေအောင်လို့ သူတို့နိုင်ငံပိုက်ဆံကို local တွေဘယ်လိုခေါ်ဝေါ်ကြလဲ ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးမယ်နော်☺️ vnd ၁သိန်းခွဲ ဆို one hundred fifty ဆိုပြီးပဲပြောပါတယ် အရှည်ပြောတဲ့ဆိုင်ကရှားတယ် သူ့တိုနှုတ်က ငွေအမောက်ကို ၃လုံးပြောပြီဆို အာ့က ၁သိန်းကျော်တဲ့တန်ကြေးပါ။ vnd ၇သောင်းဆို seventy ဆိုပြီး သောင်းဂဏန်းတန်ဆို ၂လုံးပဲပြောတတ်ကြပါတယ်။ကိုယ်ကမရှင်းရင်တော့ ph calculator ထိုးပေးလိုက်ပါသူတို့ဂဏန်းရိုက်ပေးလိပ့်မယ် ၁၅၀ (သို့) ၇၀ အတိုကောက်ပဲရေးပြကြတာ အာ့ဆိုရင်သဘောပေါက်လောက်ပြီထင်ပါတယ်။၁၅၀ဆို၁သိန်းခွဲ၊ ၇၀ ဆိုတာ ၇သောင်း ပဲကြတာကိုရည်ညွှန်းတာပဲဖြစ်ပါတယ်☺️

22/07/2025

Hanoi train သွားကြည့်ဖြစ်ခဲ့တာလေး။မသွားခင်ရထားလာမဲ့အချိန်ထက်နာရီဝက်လောက်စောသွားပေါ့။အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းလားမကောင်းလားကျမအပြုအမူကိုပဲကြည့်🤪

15/07/2025

Vietnam Hanoi ကတော့လည်စရာပတ်စရာ သိပ်မရှိပါဘူး။နောက်တနေ့တော့ တစ်ခြားမြို့သွားပါမယ်☺️

15/07/2025

Vietnam Trip Day 1 မှာဘာတွေစားဖြစ်ခဲ့လဲ 😋

ရေ​နွေးကြမ်းနှင့်ကျန်းမာ​ရေးနေခြည်က ရေ​နွေးကြမ်း​သောက်ရတာကြိုက်နှစ်သက်သူပါ ရာသီဥတုပူ​လောင်​နေလည်း အစာစားပီးတိုင်း​ရေ​နွေ...
02/06/2025

ရေ​နွေးကြမ်းနှင့်ကျန်းမာ​ရေး

နေခြည်က ရေ​နွေးကြမ်း​သောက်ရတာကြိုက်နှစ်သက်သူပါ ရာသီဥတုပူ​လောင်​နေလည်း အစာစားပီးတိုင်း​ရေ​နွေးကြမ်းအ​သောက်မပျက်သူ ခု​တော့ကို့နိုင်ငံမှာမဟုတ်​ပေမဲ့အဆီပါဝင်မှုများတဲ့အစားစာ စားပီးတိုင်း ရေ​နွေးဖြူ​သောက်ဖြစ်တယ်။အာ့မှအဆီ​တွေဟာ အစာအိမ်နဲ့အူမှာကပ်မ​နေ​တော့တဲ့အတွက်ဝမ်းဗိုက်တွင်အဆီစုခြင်းကို​လျော့ချ​ပေးနိုင်ပါတယ်။အထူးသဖြင့် အဆီပါဝင်မှုများတဲ့အစားစာ စာပီး​တိုင်း​ရေ​အေး​သောက်သုံးခြင်းကို​ရှောင်ကျင်သင့်ပါတယ်။

ရေနွေးကြမ်းကခန္ဓာကိုယ်ရဲ့ အပူတွေကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေ အလျင်အမြန် အလုပ်လုပ်ဖို့အတွက် လှုံ့ဆော်ပေးတယ်။ အစာအိမ်ထဲမှာရှိတဲ့အစာဟောင်း၊ အညစ်အကြေးတွေကိုဆီး၊ ဝမ်းအဖြစ်အပြင်ဘက် စွန့်ပစ်ပေးလို့ လူကိုပေါ့ပါး စေပါတယ်။ ကယ်လိုရီတွေလည်းလောင်ကျွမ်းစေတယ်။

တစ်နေ့တာရေနွေးကြမ်းနှစ်ခွက်သုံးခွက်လောက် သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး ဘေးထွက်ဆိုးကျိုး ဖြစ်မလာအောင်တစ်နေ့ကို သုံးလေးခွက်ပဲ သောက်သင့်တယ်။

ကျန်းမာရေးကောင်းမွန်တဲ့သူ ရောဂါအခံရှိသူတွေအနေနဲ့ တစ်ရက်ကို တစ်ခွက်နှစ်ခွက် လောက်ပဲ သောက်သုံးပေးသင့်ပါတယ်။

ရေနွေးကြမ်းအသောက်များရင် ကျန်းမာရေးအတွက် ဆိုးကျိုးရှိတတ်ပါတယ်။ ရေနွေးကြမ်းက ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်တို့ထက် ကဖင်းဓာတ်ပါဝင်မှု နည်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်မိရင် နှလုံးခုန်မြန်စေသလို သွေးတိုးရောဂါကိုလည်း ခံစားရနိုင်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးသွေးကြော ရောဂါရှိသူတွေအနေနဲ့ ရေနွေးကြမ်းကို အများကြီးမသောက်တာက အကောင်းဆုံးဖြစ်တယ်။ ရေနွေးကြမ်း သောက်ရင် ကျန်းမာရေးအတွက် ကောင်းကျိုးရှိတယ်ဆိုပေမယ့် အလွန်အကျွံ သောက်သုံးတဲ့အခါ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

လက်ဖက်ရည် အများကြီးသောက်တာက ခန္ဓာကိုယ်ရဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေနိုင်ပြီး သွေးနီဥဆဲလ်ဖြစ်ပေါ်မှု အားနည်းစေကာ မလုံလောက်တာကြောင့် သွေးအားနည်း တာတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်စိတ်၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းမမှန်တာလည်း ဖြစ်စေနိုင်ပါတယ်။

အစားအသောက်မမှန်တာ ဖြစ်နိုင်ပါတယ်။ လက်ဖက်ရည်ကျကျ သောက်တတ်သူ လက်ဖက်ခြောက်များများ ခတ်ပြီး သောက်တတ်သူတွေမှာ ရင်ခံတတ်တာ၊ အစားအသောက်မစားချင်တာ ဖြစ်နိုင်တယ်။ ပုံမှန်စားသောက်ချိန်မှာ ရေနွေးကြမ်းနှစ်ခွက်သုံးခွက်သောက်သုံးလိုက်တာကြောင့် အစာစားချိန်ကျော်သွားတာ မစားချင်တာ ဖြစ်စေနိုင်ပါတယ်။ ပုံမှန်ထက်ရေဓာတ် မြင့်သွားတတ်လို့ ကိုယ်လက်လေးလံတာ၊ ဆီးမကြာခဏသွားတာ ဖြစ်စေနိုင်ပါတယ်။

စလုံးကနေမလေးရှားကို Bus နဲ့သွားမလား?စလုံးကနေအင်ဒိုနီးရှားကို Ferry နဲ့ပဲသွားမလား?Online ကနေလွယ်ကူစွာ Book လုပ်လို့ရမဲ့ a...
23/04/2025

စလုံးကနေမလေးရှားကို Bus နဲ့သွားမလား?
စလုံးကနေအင်ဒိုနီးရှားကို Ferry နဲ့ပဲသွားမလား?
Online ကနေလွယ်ကူစွာ Book လုပ်လို့ရမဲ့ app လေးအကြောင်း Sharing လုပ်ပေးလိုက်ပါတယ်။
အ​သေးစိတ်ကိုပုံတစ်ပုံချင်းစီနှိပ်ပြီးဖတ်ကြည့်​ပေးပါရှင့်။
နေခြည်ရဲ့ဒီတခေါက်မလေးရှားခရီးစဉ်လေးကိုတော့ Easybook app လေးနဲ့ပဲလက်မှတ်တွေဝယ်ဖြစ်ခဲ့ပါတယ်။သူငယ်ချင်းတို့သိတဲ့တစ်ခြား App များရှိခဲ့ရင်လည်း comment မှာပြောပြခဲ့နော်။အဆင်ပြေကြပါစေ☺️

ကိုရီးယားအစားအစာကြိုက်နှစ်သက်သူတွေအတွက်နေခြည်ဒီတစ်ခေါက်ပိတ်ရက်လေးမှာသွားစားဖြစ်ခဲ့တဲ့ Mi Bibimbap လို့ခေါ်တဲ့ Korea food...
21/02/2025

ကိုရီးယားအစားအစာကြိုက်နှစ်သက်သူတွေအတွက်နေခြည်ဒီတစ်ခေါက်ပိတ်ရက်လေးမှာသွားစားဖြစ်ခဲ့တဲ့
Mi Bibimbap လို့ခေါ်တဲ့ Korea food restaurant လေးအကြောင်းပြောပြမယ်နော်။ဒီဆိုင်လေးထူးခြားချက်က ထမင်း၊ရေညှိဟင်းချိုနဲ့ကင်ချီ တို့ကို ကိုယ်စားနိုင်သလောက်ယူစားခွင့်ရှိတာပါ။ကင်ချီဟာဆိုရင်လည်းအနပ်မှန်တဲ့တွက် ခါးတာ၊အချဉ်စူးတာ၊ချိုစပ်ကြီးဖြစ်နေတာမျိုးမရှိပဲ တကယ့် traditional taste အရသာမျိုးပါ။စျေးကြီးတယ်ဆိုပေမဲ့သူငယ်ချင်းတွေ share ရှင်းကြမယ်ဆိုအများကြီးသက်သာပါတယ် ဟင်းတစ်ပွဲစီမှာပါဝင်တဲ့အသားတွေကလည်းများတာဖြစ်လို့ လူ၂ယောက် ကောင်းကောင်းကြီးဝပါတယ်။ခုပုံမှာပါတဲ့ဟင်း၂ပွဲနဲ့တင်နေခြည်တို့သူငယ်ချင်း၂ယောက်ဗိုက်တော်တော်တင်းသွားတာ ဆန်းစီးစီးလေးဆိုတော့ထပ်ယူဖြစ်ကြတယ် ဟင်းချိုလည်းသောက်ကောင်းလို့ထပ်ယူသေး သယ်ရင်းကလည်းကင်ချီကောင်းလို့ဆိုပြီး တပန်းကန်အမောက်ထပ်ယူဖြစ်ခဲ့ကြတယ်😁
စားသောက်ပီးဗိုက်တင်းရင် Bugis mall ထဲပဲပတ်မလား Bugis street ကိုပဲပတ်ကြည့်မလား မျက်စိအစာကျွေးလို့ရသေး။😊
ဆိုင်လိပ်စာ အောက်ကပုံမှာပါပါတယ်နော်။
MI BIBIMBAP Bugis at Singapore 🇸🇬

14/02/2025

Pattaya Dolphinarium Show 🐬
Southeast Asia ၏ အကောင်းဆုံးလင်းပိုင် show တွေထဲကတစ်ခုဖြစ်တဲ့အပြင် ချစ်စရာလင်းပိုင်လေးတွေရဲ့ Activities များစွာကိုလည်းတွေမြင်နိုင်မှာဖြစ်ပါတယ်။Dolphin Trainers တွေကလည်း ကြည့်ကောင်းချက် အထူးသဖြင့်နေခြည်တော့ မိန်းခလေးနည်းပြကို ကြွေ😍

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Lovely Girl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category