Than Than

Than Than digital creator

24/09/2025
24/09/2025
23/09/2025
 #ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်းစားခြင်းကအလွန်အကျိုးကျေးဇူးများလှပါသည် #အလွန်ရိုးရှင်းပြီး လုပ်ရလွယ်က...
23/09/2025

#ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်းစားခြင်းကအလွန်အကျိုးကျေးဇူးများလှပါသည်

#အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီ သံပုရာဆမ်း ဖြစ်ပါတယ်။
#ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။
#ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်
(၁) ကိုယ်ခံအားကို မြင့်တက်စေမည်။
(၂) လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။
(၃) ပိုးမွှားများကို သေစေနိုင်ပါသည်။
(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။
(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။
(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။
(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။
(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။
ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် အကျိုးအလွန်တစ်ရာရှိစေပါသည်
Than

 #လွန်စွာမှ အကျိုးပေးထူးခြားသည့် မနောမယသမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး🙏🙏🙏ဤ ဂါထာတော်မြတ်ကြီးကို (၉)ရက်တိတိ အဓိဋ္ဌာန်ထား လိုရာဆု...
23/09/2025

#လွန်စွာမှ အကျိုးပေးထူးခြားသည့် မနောမယသမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး🙏🙏🙏
ဤ ဂါထာတော်မြတ်ကြီးကို (၉)ရက်တိတိ အဓိဋ္ဌာန်ထား လိုရာဆုတစ်ခုတည်းတောင်းပါက အောင်မြင်စေသည့်ဂါထာတော်မြတ်ကြီးဖြစ်ပါတယ်
အဓိဋ္ဌာန်စဝင်မည့်သူသည်ပထမဆုံး
(၁) ချေးညှော်ကင်းစင်အောင် ရေမိုးသန့်စင်ရမယ်၊ ခေါင်းမှာအညစ်အကြေးရှိရင်လဲ ခေါင်းတွေဘာတွေ လျှော်ထားရမယ်၊ တစ်ကိုယ်လုံး သန့်ရှင်းနေအောင်လုပ်ထားရမယ်
(၂)တစ်ကိုယ်လုံးကို အ အမွှေးနံ့သာတွေ လိမ်းကျံထားရမယ်။
၃) ဝတ်ဖြူစင်ကြယ်ဝတ်ရမယ်။ ဖြစ်နိုင်ရင် ပိတ်ဖြူစရှည်ရှည်ကို လက်ကတော့ထိုးထားရမယ်။
(၄)ရွတ်ဆိုတဲ့သူဟာအရက်သေစာမသောက်စားဘူး၊ သားကြီးငါးကြီး မစားရဘူး။
(၅) ကာမေသုမိစ္ဆာစာရ ကင်းရမယ်။
ပြီးလျှင် အောက်ပါဂါထာတော်ကို မြတ်စွာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအရှေ့မှာ ကိုးရက်တိတိ ပုတီးကိုးပတ်တိတိစိပ်ပြီး အဓိဋ္ဌာန်ဝင်ရပါမည်
#အနက်မြန်မာပြန်

အဋ္ဌဝိသံ -နှစ်ကျိပ်ရှစ်ဆူ
သမ္ဗုဒ္ဓ-ဘုရား
ဒွါဒသဉ္စသဟဿကေ- တစ်သိန်းနှစ်ထောင်
ပဉ္စသတ သဟဿနိ-ငါးသိန်း
ဂင်္ဂါယံ-ဂင်္ဂါမြစ်
ဝါဠုကဥဏ္ဏေ-သဲလုံးတို့ကို
ပရာဇေတွာ-ရှုံးစေပြီးလျှင်
ဗဟုဖုလ္လေ-ဂင်္ဂါမြစ်သဲလုံးတို့ထက် အလွန်များစွာပွင့်ကြကုန်ပြီးသော
အဟံ-တပည့်တော်သည်
သိရဿ-ဦးခေါင်းရတနာ မြတ်သောအင်္ဂါဖြင့်
နမာမိ-လက်စုံမိုး၍ ရှိခိုးပါ၏
တေသံ-ထိုငါးသိန်းတစ်သောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူကုန်သော
ဘုရားရှင်တို့၏-တရားတော်မြတ်ကိုလည်းကောင်းသံဃဉ္စ-ရှစ်ယောက်သောအရိယသံဃာတို့ကိုလည်းကောင်း
အဟံ-တပည့်တော်သည်
နမာမိ--လက်စုံမိုး၍ ရှိခိုးပါ၏
နမက္ကာရာနုဘာဝေန-လက်စုံအုပ်မိုး ရှိခိုးပူဇော်ရသော ကုသိုလ်ကံ စေတနာတို့
သဗ္ဗေ-ခပ်သိမ်းကုန်သော
ဥပ္ပဒ္ဒဝေ-ဥပ္ပဒ္ဒဝေါ အပေါင်းတို့ကို
ဟိတွာ-စွန့်ခွာပယ်ဖျောက်ပြီးလျှင်
သဗ္ဗေ-အလုံးစုံကုန်သော
အန္တရာယာပိ-အန္တရာယ်အပေါင်းတို့သည်လည်းကောင်းအကြွင်းအကျန်မရှိကုန်သောအားဖြင့်
ဝိနဿန္တု-ပျောက်ကွယ်လွင့်ပျောက်ပါစေသတည်း

 #ကံပွင့်ချမ်းသာပြီးတော့ သိကြားမင်းကိုယ်တိုင် မ စ မည့် နမိတ်ဓာတ်ပန်းချီ ဖြစ်ပါတယ် sh areပြီး ကံပွင့်ချမ်းသာသိကြားမင်းကို...
22/09/2025

#ကံပွင့်ချမ်းသာပြီးတော့ သိကြားမင်းကိုယ်တိုင် မ စ မည့် နမိတ်ဓာတ်ပန်းချီ ဖြစ်ပါတယ် sh areပြီး ကံပွင့်ချမ်းသာသိကြားမင်းကိုယ်တိုင်ဆယ်မမည့် ဓာတ်ကူးယူပါ

 #အိုမီဂါ-၃ ငါးကြီးဆီ သောက်သုံးခြင်းက အလွန်အကျိုးရှိပါတယ်အိုမီဂါ-၃ ဆိုတာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ မပြည့်ဝဆီ (Ess...
22/09/2025

#အိုမီဂါ-၃ ငါးကြီးဆီ သောက်သုံးခြင်းက အလွန်အကျိုးရှိပါတယ်

အိုမီဂါ-၃ ဆိုတာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ မပြည့်ဝဆီ (Essential Fatty Acid) တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က ကိုယ်တိုင်မထုတ်လုပ်နိုင်တဲ့အတွက် အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာကနေ ရရှိဖို့ လိုအပ်ပါတယ်။ အဓိက အိုမီဂါ-၃ ဖြစ်တဲ့ EPA (Eicosapentaenoic acid) နဲ့ DHA (Docosahexaenoic acid) တို့ကို ငါးအဆီထွက်သော ငါးမျိုးစုံ (ဥပမာ - ဆယ်လ်မွန်၊ တူနာ၊ မက်ကရယ်) ကနေ အဓိက ရရှိပါတယ်။

အိုမီဂါ-၃ ငါးကြီးဆီ သောက်သုံးခြင်းကနေ ရရှိနိုင်တဲ့ အဓိက အကျိုးကျေးဇူးများ

၁. နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း
* သွေးတွင်းမကောင်းတဲ့ကိုလက်စထရော (LDL) နဲ့ ထရိုင်ဂလစ်စရိုက်ဓာတ်ကို လျှော့ချပေးနိုင်သည်။
* သွေးပေါင်ချိန်ကိုကျဆင်းစေသည်။
* သွေးခဲခြင်းကိုတားဆီးပေးပြီး လေဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
* နှလုံးခုန်မမှန်ခြင်း(Arrhythmia) ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသည်။

၂. ဦးနှောက်စွမ်းရည် မြှင့်တင်ပေးခြင်း
* DHA သည်ဦးနှောက်ဆဲလ်တွေရဲ့ အဓိက ဖွဲ့စည်းမှုတစ်ခုဖြစ်တာကြောင့် မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှုနဲ့ သင်ယူမှုစွမ်းရည်တို့ကို မြှင့်တင်ပေးသည်။
* အသက်ကြီးလာချိန်မှာဖြစ်တတ်တဲ့ ဦးနှောက်ကျဆင်းမှုနဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်ဟု လေ့လာချက်များစွာက ဖော်ပြထားသည်။

၃. စိတ်ကျန်းမာရေး ကောင်းမွန်စေခြင်း
* စိတ်ဓာတ်ကျခြင်း(Depression) နဲ့ စိုးရိမ်ပူပန်မှုများခြင်း (Anxiety) လက္ခဏာတွေကို သက်သာစေနိုင်သည်။
* စိတ်ခံစားမှုကိုတည်ငြိမ်စေပြီး စိတ်ကျရောဂါ ကုသမှုမှာ အထောက်အကူပြုနိုင်သည်။

၄. အရိုးအဆစ် ရောင်ရမ်းမှုကို သက်သာစေခြင်း
* ရောင်ရမ်းမှုကိုလျှော့ချပေးတဲ့ သဘာဝဂုဏ်သတ္တိရှိသည်။
* အဆစ်အမြစ်ရောင်ရမ်းနာ(Rheumatoid Arthritis) လို ရောဂါမျိုးမှာ အဆစ်တွေရဲ့ နာကျင်ကိုက်ခဲမှု၊ တောင့်တင်းမှုတို့ကို လျှော့ချပေးနိုင်သည်။

၅. မျက်စိကျန်းမာရေး အတွက် အထောက်အကူပြုခြင်း
* DHA သည်မျက်စိအာရုံကြောနဲ့ မြင်လွှာရဲ့ အဓိက ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။
* အသက်ကြီးလာချိန်မှာဖြစ်တတ်တဲ့ အမြင်အာရုံချို့ယွင်းမှု (Age-related Macular Degeneration) မှ ကာကွယ်ပေးနိုင်သည်။

၆. အရေပြားကျန်းမာရေး ကောင်းမွန်စေခြင်း
* အရေပြားကိုစိုပြေတင်းရင်းစေပြီး နေရောင်ဒဏ်ကြောင့် ပျက်စီးမှုမှ ကာကွယ်ပေးနိုင်သည်။
* ဝက်ခြံနဲ့အရေပြားယားယံခြင်းကို သက်သာစေနိုင်သည်။

၇. ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်များ ဖွံ့ဖြိုးမှုအတွက် အရေးကြီးခြင်း
* ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးပါက ကလေးရဲ့ ဦးနှောက်နဲ့ မျက်စိဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။

---

သတိထားရန် အချက်များနှင့် ဆေးပမာဏ

· ဆေးပမာဏ : တစ်နေ့လျှင် အိုမီဂါ-၃ (EPA+DHA) ၂၅၀ မီလီဂရမ်မှ ၅၀၀ မီလီဂရမ်ခန့် သောက်သုံးရန် အကြံပြုထားပါတယ်။ ရောဂါအခံရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။
· ဘေးထွက်ဆိုးကျိုး : အလွန်အကျွံသောက်ပါက မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ငါးကဲ့သို့ အနံ့ထွက်ခြင်း (fishy aftertaste) တို့ ဖြစ်တတ်ပါတယ်။
· သွေးကျဲဆေး (ဥပမာ - Warfarin) သောက်နေသူများ သွေးတိုးကျဆေး သောက်နေသူများသည် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
· အရည်အသွေးကောင်းတဲ့ ဆေးကို ရွေးချယ်ပါ : ပြဒါး (Mercury) ကင်းစင်ပြီး သန့်စင်ထားတဲ့ ဆေးကို ရွေးဝယ်ပါ။

အချုပ်အားဖြင့်
အိုမီဂါ-၃ ငါးကြီးဆီသည်နှလုံး၊ ဦးနှောက်၊ အဆစ်အမြစ်စတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါင်းစုံအတွက် အကျိုးပြုတဲ့ ဖြည့်စွက်စာတစ်မျိုး ဖြစ်ပါတယ်။ သို့သော် မည်သည့်ဖြည့်စွက်စာမဆို သင့်တော်ရုံ ပမာဏသောက်သုံးဖို့နဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

21/09/2025
21/09/2025

#အုံးလွဲရင်

✅လူတော်တော်များများ အုံးလွဲတတ်ကြပါတယ်။

#အုံးလွဲလျှင် ဦးခေါင်းကို လှည့်မရတော့ပဲ အလွန် နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။

✅ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာကား မသက်သာ။

✅နာကျင်နေတဲ့ကြွက်သားများကို နှိပ်နယ်ခြင်းကြောင့် နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။
ဒီလိုဖြစ်ရင် ဦးခေါင်းရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။

#ခြေဖဝါးစောင်းကို ဦးစွာနှိပ်ပါ။

🍀ပြီးတော့ ခြေခလယ်ကိုနှိပ်ပါ။

🍀ပြီးရင် ခြေသူကြွယ်ကိုနှိပ်ပါ။

✅မပြင်းထန်ရင် တစ်ကြိမ်နှိပ်ရုံနဲ့ ပျောက်ပြီး
ပြင်းထန်ရင် နာရီဝက်ခြားတစ်ကြိမ် နှိပ်ပေးပါ။

✅အများဆုံး ၃၄ ကြိမ် နှိပ်ရုံဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်။

✅ယခုတင်ပြချက်မှာ စာတွေ့မဟုတ်။ လက်တွေ့ဖြစ်ပါတယ်။

(ရောဂါကင်းလျက် လိုရာခရီး လျှောက်လှမ်းနိုင်ကြပါစေ)
#ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ

: ..
#မြန်မာတိုင်းရင်းဆေးများကိုမျှဝေပါတယ်

21/09/2025

Address

#12-150 Teckwhye Lane Blk 25
Singapore
680025

Website

Alerts

Be the first to know and let us send you an email when Than Than posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share