P&M Travel Diaries

P&M Travel Diaries Memories to cherish, moment to share.

ခုတလော ရာသီဥတုကပူပူနဲ့ ကမ်းခြေသွားဖို့စဉ်းစားနေတယ်ဆိုရင် ကမ်းခြေပဲရှိတဲ့နေရာမဟုတ်ပဲ တခြားစိတ်ဝင်စားစရာတွေရှိတဲ့ Indonesi...
02/11/2024

ခုတလော ရာသီဥတုကပူပူနဲ့ ကမ်းခြေသွားဖို့စဉ်းစားနေတယ်ဆိုရင် ကမ်းခြေပဲရှိတဲ့နေရာမဟုတ်ပဲ တခြားစိတ်ဝင်စားစရာတွေရှိတဲ့ Indonesia က Bali ကျွန်းလေးအကြောင်းပြောပြမယ် 😉

ဘာလီမှာ အရမ်းလှတဲ့ကမ်းခြေတွေအပြင် စိတ်ဝင်စားစရာယဉ်ကျေးမှုအမွေအနှစ်တွေနှင့် ထူးခြားတဲ့ဘာသာရေးထုံးတမ်းတွေလဲရှိပါတယ် ။ အာ့တာမို့ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေကြား ရေပန်းစားနေတဲ့နေရာတစ်ခုဖြစ်လာတယ်

ဘာလီမှာ စိမ်းစိမ်းစိုစို ကျေးလက်ရှုခင်းတွေ နှင့် အနုပညာလက်ရာမြောက်တဲ့ စိတ်ဝင်စားစရာနေရာတွေကိုကြည့်ချင်ရင် Ubub ဘက်အခြမ်းနေသင့်ပြီး Beach life ကိုခံစားချင်တယ်ဆိုရင်တော့ Uluwatu ဘက်အခြမ်းမှာနေသင့်ပါတယ် ။ Bali မှာ သွားကိုသင့်တဲ့နေရာလေး တချို့ကိုပြောပြမယ်

1. Tanah Lot Temple- ဘာလီမှာရှိတဲ့အထင်ကရ ဘုရားကျောင်း သုံးခုအနက်မှ တစ်ခုဖြစ်ပါတယ်။ Tanah Lot ကို 16 ရာစုတွင် တည်ဆောက်ခဲ့ပြီး ပင်လယ်ကမ်းစပ်ရှိ ကျောက်ဆောင်ပေါ်တွင်ရှိပါတယ်။ နေဝင်ချိန်လှလှလေးကိုခံစားချင်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာလေးတစ်ခုပါ။

2. Pura Tirta Empul Temple - ဒီ Temple က ဘာလီဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းတခုလဲဖြစ်ပါတယ် ။ UNESCO world heritage စာရင်းဝင်တဲ့ ဒီ Temple လေးမှာ Holy Spring water ရှိတာကြောင့် ရေဆင်းချိုးပြီး blessing ယူလို့ရတယ်ဆိုပီး စိတ်ဝင်စားစရာဓလေ့လေးကိုလဲတွေ့မြင်ရပါတယ်

3. Lempuyang Temple - လူတော်တော်များများသိကြတဲ့ Heaven Gate ရှိတဲ့ Temple လေးပေါ့နော် ။ ရှေးအကျဆုံးဖြစ်တဲ့ ဘုရားကျောင်းလဲဖြစ်ပါတယ်။ Tourist attraction တခုဖြစ်သလို IG photo spot ဆိုလဲမမှားဘူးပေါ့နော် ။

4. BlueDream Island- ကြည်လင်နေတဲ့ပင်လယ်ရေနှင့် လှပသောကမ်းခြေကြောင့် နာမည်ကြီးပြီး ရေငုပ်တာ နဲ့ snorkeling လုပ်ဖို့ အရမ်းကောင်းတဲ့နေရာတခုပါ ။ ဆိုက်ကယ်လေးငှား map လေးထောက်ပြီး နီးစပ်ရာ ကမ်းခြေတွေကိုလဲသွားလို့ရတယ်နော်

5. Uluwatu Temple - ဒီ Temple ကလဲ ဘာလီဟိန္ဒူဘာသာဝင်များရဲ့ ဘုရားကျောင်းတခုဖြစ်ပြီး ချောက်ကမ်းပါးပေါ်မှာရှိတာပါ ။ ဘုရားကျောင်းပေါ်ကနေ ကြည့်ရင် အပြာရောင် သမုဒ္ဒရာရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို ခံစားရမယ် ။နေဝင်ချိန်ရောက်ရင်လဲ သူတို့ famous show ဖြစ်တဲ့ Kecak dance show ကိုလဲကြည့်သင့်ပါတယ် ။ ဒီ show က ရာမနဲ့ လက္ခဏာဇာတ်ကို သူတို့ ရိုးရာပုံစံနဲ့တင်ဆက် ကပြထားတာမို့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ် ။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when P&M Travel Diaries posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share