Crazy Notes of Burmese Idiot - CNBI

Crazy Notes of Burmese Idiot - CNBI Knowledge is Power..

19/09/2025

တချို့သောနေ့ရက်တွေက အရမ်းကိုရှည်ကြာလွန်းလှပါတယ်

29/06/2025

ဘာလို့ငါ့ကျမှ အချစ်တွေက ပိုလျှံနေရတာလဲ 🤣

20/12/2024

ငါမူးနေပြန်ပါပြီ….

04/12/2024

ဟာ့ရာ့ဘု့ဂျီ့ အုပ်ချုပ်တဲ့ တိုင်းပြည်က ကင်မ်ချီမြေကို စိတ်ပူလျှက်ရှိ

18/11/2024

အသက်အရွယ်ရလာပြီး ရင့်ကျက်လာလို့ထင်ပါ့

အရင်ကလို တနင်္လာနေ့ဆိုတာကြီးကို မမုန်းတော့ဘူး

အခုက တစ်ပါတ်လုံးကို မျှမျှတတမုန်းနေမိတော့တာ 🤭🤣

Knowledge is Power..

တောင်တန်းတွေကို ချစ်တယ်တိမ်တိုက်တွေက်ို ချစ်တယ်ပင်လယ်ကြီးကိုလည်း ချစ်တယ်သဘာဝတရားကြီးကို ချစ်တယ်ထိတွေ့ခွင့်ရတိုင်း အေးချမ...
14/11/2024

တောင်တန်းတွေကို ချစ်တယ်
တိမ်တိုက်တွေက်ို ချစ်တယ်
ပင်လယ်ကြီးကိုလည်း ချစ်တယ်
သဘာဝတရားကြီးကို ချစ်တယ်
ထိတွေ့ခွင့်ရတိုင်း အေးချမ်းခွင့်ရလို့ ကျေးဇူးပါ…

I've received 100 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
14/11/2024

I've received 100 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

08/11/2024

Page ရဲ့နံမည်အတိုင်း ကျနော်ကငတုံးတစ်ကောင်ပါ နယ်နယ်ရရငတုံးတော့မဟုတ်ပါဘူ စင်္ကာပူမှာဆယ်နှစ်လောက်အင်ဂျင်နီယာနဲ့အလုပ်လုပ်နေသူပါ🤣🤣Page ထောင်ရတဲ့ရည်ရွယ်ချက်က အမှန်အတိုင်းပြောရရင် ပျင်းလို့ပါ.. ရိုးသားစွာဝန်ခံတာပါ
ကျနော် ဖြတ်သန်းခဲ့ရတဲ့ ဘဝခံစားချက်တွေကို ချပြမယ် သိထားတာတွေပြောပြမယ် ယူလို့ရတာယူသွား ယူမရရင်လည်း ထားခဲ့ပေါ့ ဟုတ်ဘူးလား….

ဖတ်ဖူးတဲ့စာတစ်ပုဒ်ရှယ်ပေးမယ် ကျနော်နဲ့ထပ်တူကျလို့

ထီးရှိတဲ့လူက ‘ဒီနေ့ မိုးရွာလိမ့်မယ်”လို့
ပြောသလို အောင်မြင်ပြီးသားသူတွေကတော့
“ဘဝဆိုတာ ရည်မှန်းချက် ရှိရမယ်”လို့
ပြောတတ်ကြတာပဲ။ သူတို့ ကံကောင်းတာက မိုးဥတု မကုန်သေးတာပဲ။

တစ်ခု ခက်တာက
ကျွန်တော့် ရည်မှန်းချက်တွေက
လေဒီဂါးဂါးရဲ့ ဖက် ရှင်တွေလို တစ်ခုပြီးတစ်ခု
ခပ်မြန်မြန် ပြောင်းလဲနေတာပဲ။ သုံးနှစ်သားလောက် က စူပါမင်းရုပ်ပြတွေ ကြည့်ပြီး မိုးပေါ် ပျံချင်တယ်။ ဒါနဲ့ အဖေ့ပုဆိုးတစ်ထည် ကို လည်ပင်းမှာသိုင်းချည်ပြီး ထမင်းစားပွဲပေါ်တက် ခုန်ချလိုက်တာ ခြေသပွတ် တိုင် လည်သွားတယ်။ နည်းနည်း ကြီးတော့ တာဇံကိုအားကျပြီး သစ်ပင်ပေါ် တက် နွယ်ကြိုး လွှဲတယ်။ ကြိုးပြတ်ကျလို့ ၇ ရက်လောက် အိပ်ရာထဲ လှဲနေ ခဲ့ရတယ်။

၇ တန်းရောက်တော့ အဆူအရိုက်ကြမ်းတဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ကြုံပြီး သူ့ယောက်ျား ဖြစ်ချင်ပြန်ရော။ (ကျောင်းအုပ်ဆရာမကြီးဟာ သူ့ ယောက်ျားကို တော်တော် ကြောက်ရတယ်ဆိုတဲ့ သတင်းကြောင့်ပါ) နောက် တော့ ဂျိမ်းစ်ဒင်းကို အားကျလို့ ၅ ပြားတန် စီးကရက် နှုတ်ခမ်းထောင့်မှာ ခဲထားတုန်း အဖေက တွေ့သွားပြီး အရွယ်မရောက်သေးဘဲ ဆေးလိပ်သောက်လို့အရိုက်ခံခဲ့ရတယ်။ အဲဒီကတည်းက ရည်မှန်းချက်ဆိုတာ ကြိမ်လုံး၊ ကျောင်းအုပ် ဆရာမကြီး ယောက်ျား၊ ခြေသပွတ်တိုင် လည်ခြင်းတို့နဲ့ တစ်ခါတစ်ရံ ဆက် စပ်နေတတ်ပါလားလို့ သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ရည်မှန်း ချက်ကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးမရှိပါဘူး။ အတန်းထဲက ခပ်လှလှ ကောင် မလေး သုံးယောက်နဲ့ ရည်းစားဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့ပေမဲ့ (သူတို့ ရည်မှန်း ချက်ထဲမှာ ကျွန်တော် ပါပုံမရလို့) မအောင်မြင်ခဲ့ပါဘူး။ အတန်းဖော် ကျွန် တော့် သူငယ်ချင်းကတော့ ရည်မှန်းချက် တော်တော်ကြီးတယ်။ သူက တင် ၃၆၊ ရင် ၃၂ မပြည့်ရင် ဘယ်မိန်းကလေးနဲ့မှ အရောတဝင် မနေဘူး။ ရတော့ မီးယပ်ပိန်ကလေးနဲ့ ရသွားရှာတယ်။

ရည်မှန်းချက်ဆိုတာ တစ်ခါတလေတော့လည်း လွဲတတ်တာပါပဲ။ တစ် ခါက ကျွန်တော် စတိုးဆိုင်တစ်ဆိုင်ထဲ ဝင်သွားတယ်။ အရောင်းစာရေး ကောင်မလေးရဲ့ အလှကို မျက်စိအရသာခံရင်း ဈေးပေါပေါ ပစ္စည်းတစ်ခုလောက် ဟန်လုပ် ဝယ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ပေါ့။ ကောင်မလေး ကောင်တာရှေ့မှာ ရပ်မိလို့ ကောင်မလေးက ဘာလိုချင်သေးလို့လဲ မေးတော့ ကျွန်တော်က ငုံ့ မကြည့်ဘဲ မှန်ဗီရိုထဲကို လက်ညှိုးထိုးပြလိုက်တယ်။ ကျွန်တော် လက်ညှိုးထိုး ပြတဲ့အရာကို ကောင်မလေးက ထုတ်ပေးတော့ အဲဒါက ကွန်ဒုံးတစ်ခု ဖြစ်နေ တယ်။ ကောင်မလေးက ပြောလိုက်သေးတယ်။ “ပျော်တတ်ရင် အဖော်ဆောင် ထားတာ ကောင်းတယ်”တဲ့။ ကျွန်တော်လည်း ရှက်ရှက်နဲ့ လှည့်ထွက်လာခဲ့တာ မှန်တံခါးကြီး တစ်ချပ်လုံးကို ထွက်ပေါက်ထင်ပြီး ဝင်တိုးမိတော့တာပဲ ...

" တစ်ခါတစ်လေ ဆရာသစ္စာနီပြောသလိုပဲ သောက်ဘဝကြီးက တစ်ပါတ်လုံးအလုပ်လုပ်ပါရပါတယ် ရည်မှန်းချက်ကရှိသလိုသလို မရှိသလိုလိုနဲ့ သောကြာနေ့ညအခုကျနော်မူးနေတာပါပဲ ဆောတီး”🤣🤣

06/11/2024

မင်းမရှိလည်း ဖြစ်တယ် ဆိုပေမယ့် ဖြစ်ချင်တိုင်းတွေဖြစ်နေတာလေ…

"တစ်စုံတစ်ရာကို တွေ့ဖူးတဲ့ပုံစံနဲ့ မပေါင်းသင်းချင်တော့၊ အလိုလို ပျောက်ကွယ်တဲ့လမ်းတွေကို ဦးတည်လိုက်တယ်။ နှလုံးသားကနာကြင်ပ...
05/11/2024

"တစ်စုံတစ်ရာကို တွေ့ဖူးတဲ့ပုံစံနဲ့ မပေါင်းသင်းချင်တော့၊ အလိုလို ပျောက်ကွယ်တဲ့လမ်းတွေကို ဦးတည်လိုက်တယ်။ နှလုံးသားကနာကြင်ပေမယ့် ခံနိုင်ရည်တော့ရှိလောက်မှာပါ"

အထီးကျန်ဆန်မှုကို ဖြတ်ကျော်ရန် အချို့သော နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ 1. **အချိန်ကို အသုံးချပါ**: သင့်ရဲ့ အချိန်က...
04/11/2024

အထီးကျန်ဆန်မှုကို ဖြတ်ကျော်ရန် အချို့သော နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

1. **အချိန်ကို အသုံးချပါ**: သင့်ရဲ့ အချိန်ကို အခြားလုပ်ရပ်များကို လုပ်ဆောင်ခြင်းဖြင့် ဖြတ်ကျော်နိုင်ပါတယ်။ ဥပမာ စိတ်ချမ်းသာစေဖို့ အချိန်မရွေး အားလပ်ချိန်များကို ဖန်တီးပစ်လိုက်ပါ တစ်နေရာရာကိုလျှောက်သွားပလိုက်ပါ

2. **စိတ်ခံစားမှုများကိုချရေးကြည့်ပါ**: သင့်ရဲ့ စိတ်ခံစားမှုများကို စာရွက်ပေါ်ရေးသားခြင်းဖြင့် သင့်ရဲ့ စိတ်ကို ပြန်လည်ပြုပြင်နိုင်ပါတယ်။

3. **လေ့ကျင့်ခန်းများ**: အားကစားလုပ်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းများကို လုပ်ခြင်းအားဖြင့် စိတ်ကို သက်သာစေပါသည်။

4. **ဆက်ဆံရေးများ**: မိတ်ဆွေများနှင့် မိသားစုနှင့် ဆက်သွယ်ရန် ကြိုးစားပါ။ ဒါက သင့်ကို အထီးကျန်းဆန်မှုမှ ကာကွယ်နိုင်ပါတယ်။

5. **လေ့လာမှု**: စိတ်ဖိစီးမှုကို လျှော့ချဖို့ စာအုပ်များ၊ သင်တန်းများ သို့မဟုတ် အွန်လိုင်း သင်ခန်းစာများကို လေ့လာပါ။

အထီကျန်ဆန်မှုများမှ ကင်းဝေးကြပါစေ…

Address

Singapore

Telephone

+6589395922

Website

Alerts

Be the first to know and let us send you an email when Crazy Notes of Burmese Idiot - CNBI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Crazy Notes of Burmese Idiot - CNBI:

Share