The Dream

The Dream "Hope "

အကယ်၍များ" စိတ်တွေလည်း အသံထွက်နိုင်ကြေးဆိုရင်ကမ္ဘာဟာ ငိုသံတွေဆူညံနေမှာပဲ"ထင်ပါတယ်။Thedream🍀
25/09/2026

အကယ်၍များ

" စိတ်တွေလည်း အသံထွက်နိုင်ကြေးဆိုရင်
ကမ္ဘာဟာ ငိုသံတွေဆူညံနေမှာပဲ"

ထင်ပါတယ်။

Thedream🍀

မင်းဟာမင်းပါပဲ …တခြားလူတွေရဲ့ စကားတွေထဲမှာမရောထွေးပစ်လိုက်ပါနဲ့တခြားလူတွေရဲ့ တံဆိပ်ခတ် ထားတဲ့ခေါင်းစဉ်တွေအပေါ်မှာလမ်းပျေ...
25/09/2026

မင်းဟာမင်းပါပဲ …
တခြားလူတွေရဲ့ စကားတွေထဲမှာ
မရောထွေးပစ်လိုက်ပါနဲ့

တခြားလူတွေရဲ့ တံဆိပ်ခတ် ထားတဲ့
ခေါင်းစဉ်တွေအပေါ်မှာ
လမ်းပျောက်မသွားပါနဲ့…

ကိုယ့်စိတ်ထင်ကြေးနဲ့ ထင်တတ်ကြတဲ့
လူတွေရဲ့ စိတ်ပေတံပေါ်မှာ
မလိုအပ်ပဲ မင်းရဲ့ခံစားချက်တွေကို
သိမ်ငယ်မခံနဲ့ တွေဝေခြင်းတွေကို
ခွင့်မပြုနဲ့ ။

တစ်ခါတစ်ရံ ကြတော့လည်းဒီလိုပါပဲ
ကြားချင်တာကြား
မြင်ချင်တာပဲမြင်ပြီး
ပြောချင်သလိုပြောတတ်ကြတဲ့လူတွေရဲ့
နှုတ်စကားတွေကို မင်းခေါင်းထဲ
အလေးခံပြီးထည့်မထားနဲ့
မင်းပဲပင်ပန်းရလိမ့်မယ် …

စကားကို လိုအပ်သလောက်ပဲပြောပြီး
အလုပ်ကိုပိုလုပ်ပါ
မင်းအတွက် စိတ်ဝမ်းနည်းထိခိုက်ရမဲ့လူတွေရဲ့
စကားတွေထက် မင်းအိပ်မက်တွေ
မင်းမျှော်လင့်ချက်တွေကိုသာအမြဲတမ်း
ခေါင်းထဲထည့်ပြီး ဥပေက္ခာပြုသင့်တာပြုပါ
လစ်လျူရှုသင့်တာရှုလိုက်ပါ…

အချိန်တန်လို့ အချိုးတကွေ့ရောက်ရင်
ရှင်းပြစရာမလိုဘဲနဲ့ အလိုလိုသိနားလည်သွားစေမဲ့
အခြေအနေတစ်ခုရောက်အောင်သာ
ကြိုးစားတာကအကောင်းဆုံးသော
ဖြေရှင်းချက်ပါပဲလေ…

မင်း အိပ်မက်တွေမဖြစ်မြောက်ခင်
တခြားလူတွေရဲ့ သတ်မှတ်ချက် တွေ
ထင်ကြေးတွေထဲမှာ မင်းကိုမင်းမရောထွေးလိုက်ပါနဲ့…

Thedream🍀

"ချစ်ခြင်းမေတ္တာလို့ပြောတဲ့အခါသတ္တိရှိရှိ ချစ်ပါများများချစ်ပြီး နည်းနည်းပဲမျှော်လင့်ပါ "Thedream🍀
25/09/2026

"ချစ်ခြင်းမေတ္တာလို့ပြောတဲ့အခါ
သတ္တိရှိရှိ ချစ်ပါ
များများချစ်ပြီး နည်းနည်းပဲမျှော်လင့်ပါ "

Thedream🍀

ဒီလိုပါပဲ … နှစ်တွေတော်တော်ကြာမှတချို့သောကိစ္စကို ပြန်သတိရဖြစ်ရင်တချိန်ကကိုယ်စွဲလန်းခဲ့သမျှ ကိုယ်ချစ်တတ်လွန်းခဲ့သမျှကိုပ...
24/09/2026

ဒီလိုပါပဲ … နှစ်တွေတော်တော်ကြာမှ
တချို့သောကိစ္စကို ပြန်သတိရဖြစ်ရင်
တချိန်ကကိုယ်စွဲလန်းခဲ့သမျှ
ကိုယ်ချစ်တတ်လွန်းခဲ့သမျှကို
ပြန်ပြီးတွေးဖြစ်ပါတယ်။

ဒီလိုပါပဲကွာ… မွေးခြင်းသေခြင်းကြားမှာတော့
ငိုခြင်းရယ်ခြင်း ကိုအကြိမ်ပေါင်းများစွာနဲ့
ငါတို့ ထိတွေ့မြည်းစမ်းရစတမ်းပေါ့။

ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်
ဘယ်သူ့ကြောင့်ကျကျ မျက်ရည်ကမျက်ရည်ပါပဲ
ဘယ်သူ့ကြောင့်ပဲ ရယ်မောရခဲ့ပါစေ
ပျော်ရွှင်ခြင်းဟာပျော်ရွှင်ခြင်းပါပဲ …

ဘဝထဲမှာတော့ ကွာ
စေတနာကောင်းလည်း
ကံကကောင်းမနေဘူး
ကုသိုလ်ဖြစ်ကြောင်း
ဘယ်လောက်လုပ်လုပ်
" ဝဋ် ကြွေး" ပါရင်ဆပ်ရတာပဲလို့
နားလည်လိုက်တဲ့အခါတွေတိုင်း
ပေးဆပ်လိုက်သမျှတွေကို
မတွန့်တိုဖြစ်တော့ဘူး။

လူတွေဆိုတာတစ်ရက်နဲ့တစ်ရက်ကြားမှာ
အသက်ရှင်သန်မှုက အိုမင်းရင့်ရော်ခြင်းတွေဘက်ကိုသာ
တဖြည်းဖြည်းရွေ့နေကြတယ်မဟုတ်လား
ရှင်သန်မှုတွေတိုင်းမှာ ဒုက္ခတွေ ရဲ့အထွင်းခံမှုတွေကိုတော့
အလူးအလိမ့်ခံစားရစမြဲပါပဲ
အဲ့ဒီ ဒုက္ခတွေထဲမှာ စိတ်ချမ်းသာမှုတွေကို
အများဆုံး သယ်ဆောင်သွားနိုင်တဲ့ကောင်တွေက
လူဖြစ်တန်တယ်ပေါ့ ။

ဒါကြောင့်… လျှောက်လှမ်းခဲ့သမျှ
ကိုယ့် ဘယ်လောက်ကောင်းအောင်နေထိုင်ရမလဲ
ရစရာရှိတာမရရင်တောင်မှာ
အကြွေးလေးတော့ မတင်သွားချင်ဘူးပေါ့
ဒီအတွက် မရချင်နေပါ ပေးစရာရှိတာပေးဖို့ပဲ
စိတ်ဝင်စားပါတယ် ။

ဒါ ကိုယ့်ခံယူချက်ပါပဲ …
အိုစာဟောင်းနွမ်းလာတာနဲ့အမျှ
မဖြစ်နိုင်တာတွေကို မလိုချင်တော့သလို
ရယူဖို့ထက် ပေးနိုင်တာကိုပဲစိတ်ဝင်စားတော့တယ်။

Thedream🍀

လောဘတကြီးပြေးလိုက်မိတဲ့ လူတွေနားက ဘာမှပြန်မရရင် စိတ်ဆင်းရဲရမှာက မင်းကိုယ်တိုင်ပါပဲ…မင်း ချစ်ရပါတယ်ဆိုတဲ့လူတွေအပေါ်ကိုမျှ...
24/09/2026

လောဘတကြီးပြေးလိုက်မိတဲ့
လူတွေနားက ဘာမှပြန်မရရင်
စိတ်ဆင်းရဲရမှာက မင်းကိုယ်တိုင်ပါပဲ…

မင်း ချစ်ရပါတယ်ဆိုတဲ့လူတွေအပေါ်ကို
မျှော်လင်ချက်ကြီးကြီးမားမားထားခဲ့ပြီးမှ
မျှော်လင့်သလောက်မဖြစ်လာရင်
ထိခိုက်ပြိုလဲရမဲ့ လူက မင်းကိုယ်တိုင်ပါပဲ…

မင်း ပြန်ချစ်သလောက်ပြန်မချစ်တဲ့
လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကိုမှ
မင်းအသည်းအသန် အလိုရှိနေတဲ့အခိုက်အတန့်မှာ
ပိုပိုပြီးမေတ္တာငတ်နေတယ်လို့ ခံစားရမှက
မင်းကိုယ်တိုင်ပါပဲ …

လူတစ်ယောက်ကို ချစ်တဲ့အခါ မျှော်လင့်ချက်
ဂိတ်ဆုံးတင်ပြီး မပြေးလိုက်မိစေနဲ့
မျှော်လင့်ချက်ဆိုတာ တကယ်တမ်းတော့
အဆိပ်အတောက်တစ်ခုလိုလည်းဖြစ်နိုင်ပါတယ်
လူတစ်ယောက်ဆီက မေတ္တာတရားကို အတင်းအဓမ္မ
မျှော်လင့်ရင်း ပူလောင်နေရတာ မင်းအတွက်
ငရဲ နေ့စွဲတွေပဲဖြစ်နေရမှာပါ …

တစ်ခါတစ်ရံတော့…ချစ်ခြင်းတွေများများနဲ့
မျှော်လင့်ချက်နည်းနည်းပဲထားပြီး
ဖြေးဖြေးမှန်မှန်ပဲချစ်တာက
ထိခိုက်ပြိုလဲမှုတွေ အနည်းဆုံးပဲပေါ့
ပူလောင်မှုတွေ သောကတွေ အနည်းပဲပေါ့ကွာ…

"ချစ်ခြင်းမေတ္တာလို့ပြောတဲ့အခါ
သတ္တိရှိရှိ ချစ်ပါ
များများချစ်ပြီး နည်းနည်းပဲမျှော်လင့်ပါ "

Thedream🍀

"ဆုတောင်း တိုင်းလည်းမပြည့်မှန်းသိပေမဲ့လောကဓံ ကမျက်နှာသာပေးရင်ဘယ်ဘဝပဲ ဖြစ်ဖြစ်အချစ်ခံချင်တဲ့ ဆန္ဒ လေးရှိပါတယ်"Thedream🍀 #...
24/09/2026

"ဆုတောင်း တိုင်းလည်း
မပြည့်မှန်းသိပေမဲ့
လောကဓံ ကမျက်နှာသာပေးရင်
ဘယ်ဘဝပဲ ဖြစ်ဖြစ်
အချစ်ခံချင်တဲ့ ဆန္ဒ လေးရှိပါတယ်"

Thedream🍀
#ချစ်ခြင်းတရားတွေသေနေခဲ့သောမြစ်တစ်စင်း

“အသိတရားနဲ့ ကိုယ်ချင်းစာတရားကို ငွေပေးပြီးဝယ်လို့ရရင်တော့ သိပ်ကောင်းတာပေါ့......လူတချို့ရဲ့ဦးနှောက်တွေအတွက်ကို ဝယ်ဖြည့်ပ...
23/09/2026

“အသိတရားနဲ့ ကိုယ်ချင်းစာတရားကို ငွေပေးပြီးဝယ်လို့ရရင်တော့ သိပ်ကောင်းတာပေါ့......

လူတချို့ရဲ့ဦးနှောက်တွေအတွက်ကို ဝယ်ဖြည့်ပေးချင်လိုက်တာ ...."

Thedream🍀

လွှတ်ချ ခံလိုက်ရတဲ့အခါနောက်တစ်ခါ ပြုတ်ကျရမှာကိုမလိုချင်တော့ ဘူး ။မရှိရင်မဖြစ်ဘူးဆိုတဲ့ လူတွေရဲ့ဖြုတ်ချခြင်း ခံလိုက်ရတဲ့အ...
23/09/2026

လွှတ်ချ ခံလိုက်ရတဲ့အခါ
နောက်တစ်ခါ ပြုတ်ကျရမှာကို
မလိုချင်တော့ ဘူး ။

မရှိရင်မဖြစ်ဘူးဆိုတဲ့ လူတွေရဲ့
ဖြုတ်ချခြင်း ခံလိုက်ရတဲ့အခါ
ကမ်းလက်တွေကိုကြောက်လာသလို
ကိုယ့်လက် တွေကိုလည်း
တခြားသူဆီ မကမ်းမိဖို့
အာရုံစွဲထားရတယ် …

ချစ်တတ်လွန်း ပါတယ်ဆိုတဲ့ နှုတ်တွေဆီက
ဖြောင့်ချက်တွေဟာ ကိုယ့်ကိုယုံကြည်စေဖို့ဖြစ်တယ်လို့
သိလိုက်တဲ့ အချိန်ကစပြီး လူတော်တော်များများရဲ့
စကားလုံးတွေကို နားမထောင်ဖြစ်ဖို့
အာရုံတွေလွဲခဲ့ရသလို
ကိုယ့်လည်း စကားတွေသိပ်မပြောမိဖို့
သတိထားလွန်းရတယ် …

မနက်ဖြန်တွေဟာ မသေချာဘူးဆိုတာ
အလိုလိုနေရင်း သိမြင်လာပြီးတဲ့နောက်ပိုင်း
အနာဂတ် ကိုမယုံကြည်ဖြစ်တော့ဘူး
ပစ္စုပန်ကလည်း သံသယ တွေနဲ့…
ဒီကြားထဲ အတိတ်ကိုပဲပြေးပြေးကြည့်တတ်လာတယ်။

အရာအားလုံး ကကိုယ်ထင်သလိုဖြစ်မလာခဲ့တော့
ဖြစ်လာတဲ့အရာအားလုံးကိုလက်ခံတတ်အောင်
ကြိုးစားယူရ သလို နောက်ထပ် ဘာကိုမှ
မျှော်လင့် ချက်တွေမထားဖြစ်တော့ပါဘူး…

ဒါကြောင့် …
တစ်ခါတလေ … ဘာကိုမှ သေသေချာချာ
မသိရတဲ့ အရာတွေကို
မျှော်လင့်ဖို့ သတ္တိအားအင်တွေက
ချို့ယွင်းပျက်စီးလာတဲ့အခါ
ကံတရားကို မယုံကြည်ဖြစ်တော့ဘူး
မနက်ဖြန်တွေကို မမျှော်လင့်တော့ဘူး
လူတွေကို သံသယ တွေနဲ့ပဲ
ဆက်ဆံတတ်လာခဲ့တယ် …

Thedream🍀

အပိုင်းအပိုင်းပြတ်ကျခဲ့သောနှစ်တွေကနေ ဒီကနေ့အထိဘဝထဲမှာလူဘယ်နှစ်ယောက်ကျန်လဲလို့ပြန်စဥ်းစားကြည့်ရင်းနဲ့ကိုယ့်ဘဝထဲက ကျန်သမျှ...
22/09/2026

အပိုင်းအပိုင်းပြတ်ကျခဲ့သော
နှစ်တွေကနေ ဒီကနေ့အထိ
ဘဝထဲမှာလူဘယ်နှစ်ယောက်ကျန်လဲလို့
ပြန်စဥ်းစားကြည့်ရင်းနဲ့
ကိုယ့်ဘဝထဲက ကျန်သမျှလူတွေကို
နေ့တိုင်းလိုလို စိတ်ချမ်းသာစေချင်တဲ့
ဆန္ဒတစ်ခုတည်း သာရှိပါတော့တယ် ။

အများကြီး မငြင်းခုံချင်တော့ဘူး
အသာစီးရနေရင်တောင် အဓိပ္ပါယ်မရှိရင်
အနိုင်မယူချင်တော့ဘူး
လက်ကျန် ပျော်ရွှင်စရာတွေပေးမယ်
ပြီးရင် ကိုယ်တတ်နိုင်အကူအညီတွေပေးမယ်
ချစ်ခြင်းလား မေတ္တာလား
ဂရုဏာလား ရစေရမယ် ။

အချိန်ကာလဟာ နာမကျန်းတဲ့
ခေတ်ကာလထဲမှာဆိုတော့
ကိုယ့်ဘေးနားက လူတွေကိုတော့
ကိုယ့်အနေနဲ့ အောက်စီဂျင်အက်တမ်
တစ်လုံးစာလောက်ပဲဖြစ်ဖြစ်
စိတ်ကြည်လင်စရာ
ပန်းကလေးတစ်ပွင့်အဖြစ်ဖြစ်
စိတ်သက်တောင့်သက်သာဖြစ်စေမယ့်
လေပြေလေးတစ်စင်းပဲ ဖြစ်ဖြစ်
အရိပ်လိုရင် အုပ်မိုးပေးနိုင်တဲ့
သစ်ပင်တစ်ပင်ပဲဖြစ်ဖြစ်...

ကိုယ်တည်ရှိနေသမျှ ကိုယ့်နားက
အားအင်တွေတွေကိုတော့
ကိုယ်ပေးချင်ရုံလေးပါပဲ..

ယူတာမယူတာကတော့
သူတို့စိတ်ဆန္ဒ
ပေးရမှာကတော့ ကိုယ့်ဆန္ဒဖြစ်ပါတယ်။

ဒါဟာ နောက်ဆုံးလက်ကျန်
အတွေးတစ်ခုမျှပဲဖြစ်ပါတယ်...

Thedream🍀
စာစုအဟောင်းများ.....

ဘောင်ကျော်ပြီးတွေးတဲ့အတွေးအခေါ်ဆိုတာရှိတယ်။အဲ့ဒီအထဲက တချို့အတွေးအခေါ်ကတော့ ကောင်းတယ်တချို့အတွေးအခေါ်ကတော့ မကောင်းဘူး ။အဲ...
22/09/2026

ဘောင်ကျော်ပြီးတွေးတဲ့အတွေးအခေါ်ဆိုတာရှိတယ်။

အဲ့ဒီအထဲက တချို့အတွေးအခေါ်ကတော့ ကောင်းတယ်
တချို့အတွေးအခေါ်ကတော့ မကောင်းဘူး ။

အဲ့ဒီ ဘောင်ကျော်ပြီးတွေးခေါ်ခြင်းတွေထဲက
တွေးခေါ်မှုတစ်ခုကိုဒီနေ့ပြောပြချင်တာ က
စိတ်ဓာတ်ကျတဲ့ အပိုင်းကို အချိန်ဖြုန်းခြင်းတစ်ခုအနေနဲ့
ဘောင်ကျော်ပြီး တွေးတာကိုပြောပြချင်တာ ။

ပုံမှန်လူတွေမှာ အခက်အခဲတွေ ပြဿနာတွေကို
မဖြေရှင်းနိုင်တော့တဲ့ အခါ

- စိတ်ဓာတ်တွေကျလာတယ်

- လုပ်ချင်ကိုင်ချင်စိတ်တွေလျှော့နည်းလာတယ်

-မအောင်မြင်တော့ဘူးဆိုတဲ့အသိစိတ်တစ်ခုနဲ့
လက်ရှိအလုပ်ကို ဖြစ်ချင်တာဖြစ်တော့ ကွာဆိုတဲ့
ပြီးစလွယ် အမှုအကျင့်နဲ့ ပစ်ထားချင်လာတယ်

" -ီး ပဲကွာ အဲ့လောက်ဖြစ်နေမှတော့ -ီးတောင်
မကြိုးစားတော့ဘူး " ဆိုတဲ့ စကားနဲ့ စိတ်လျှော့ပစ်လိုက်
တယ် ဒါက ပုံမှန်လူတွေဖြစ်နေကြပါ ။

အဲ့ဒီနောက်ဆက်တွဲ မှာက ဘာဆက်​ဖြစ်လာလည်းဆိုတော့
စိတ်ဓာတ်ကျခြင်းမှာ စီးမျှောသွားတာ စိတ်ဓာတ်ကျတာကို
မသိမသာ အရသာတွေ့လာတာ ။ စိတ်ဓာတ်ကျခြင်းထဲကို
သာယာ မိလာတာ ။ စကားမစပ် ဖြတ်ပြောရမယ်ဆိုရင်
လူတွေရဲ့ သိစိတ်နဲ့ မသိစိတ်မှာ မသိစိတ်ရဲ့အရသာ
တွေ့မှုတွေရှိတယ် ။

ဆိုကြပါစို့ ..

လူတစ်ယောက်ကို ချစ်မိသွားတယ်
အဲ့ဒီလူတစ်ယောက်ရဲ့
အသံလေးကြားတာကအစ ပျော်ရွှင်မှုတွေရနေတာမျိုး
အဲ့ဒီလူတစ်ယောက်ရဲ့ သတင်းစကားလေးတွေကို
တစ်ယောက်ယောက်ဆီက ကြားနေရရင်တောင်
ပျော်ရွှင်နေရတာမျိုး တွေ ဆိုလိုတာက သိစိတ်ဟာ
သတိထားလို့ရတယ် ..

" အော် ငါချစ်မိနေတာပဲ ငါမုန်းမိနေတာပဲ " ဆိုတဲ့
သတိ နဲ့ ရှုစားလို့ရတယ် ။ မသိစိတ်က ဘာမှကို
သတိထားလို့မရဘူး ။ ဆိုတော့ အကြောင်းပြန်ဆက်ရရင်
ဒီမသိစိတ်ကလည်း အရသာတွေ့တတ်တယ် ။

အဲ့ဒီတော့ စိတ်ဓာတ်ကျနေတဲ့ အချိန်မှာ
ဒီစိတ်ဓာတ်ကျခြင်းနောက်ဆက်တွဲကနေ
ဖြစ်လာတဲ့

-ဝမ်းနည်း မှုတွေ

-ဖြစ်မလာသေးတဲ့အရာ
တွေအပေါ်မှာ ကြိုပြီးစိုးရိမ်မှု

-အတွေးလွန်မှုတွေကို

ဘောင်ကျော်ကြည့်တတ်သူတွေအနေနဲ့
ဒါဟာ အချိန်ဖြုန်းခြင်းတစ်မျိုးပဲ ..

အဓိပ္ပါယ် မရှိဘူးကွာ .. သိလား ။
မင်း ဒါကိုဆက်လုပ်မှာလား လုပ်မယ်လို့ဆုံးဖြတ်ထားရင်
ဆက်လုပ် ။
စိတ်ဓာတ်ကျလည်း ဆက်လုပ် စိတ်ဆင်းရဲလည်း
ဆက်လုပ် ဘာစိတ်ဖြစ်နေနေ ဆက်သာလုပ်နေ ။

အေး.. ဆက်မလုပ်ဘူးလို့ဆုံးဖြတ်လိုက်ရင်လည်း
ဘာမှဆက်လုပ်မနေနဲ့ တခြား အရေးကြီးတဲ့
အလုပ်တစ်ခုကို ချက်ခြင်းပြောင်းလုပ် ။

အဲ့ဒီဆက်လုပ်ခြင်း မလုပ်ခြင်းကြားမှာ
ဖြစ်နေတဲ့ စိတ်ဓာတ်ကျခြင်းအပေါ်ကို
အရသာတွေ့လာရင်

စိတ်တွေဝေဝါးလာတယ်
ဆုံးဖြတ်ချက်တွေ ဇဝေဇဝါဖြစ်လာတယ်
ယုံကြည်မှုတွေပျောက်လာတယ်

အဲ့ဒီသုံးချက်က နောက်ဆက်လုပ်မယ့်
အလုပ်တွေအပေါ်မှာရော မကောင်းတဲ့ စိတ်အကျိုး
ဆက်တွေပါ သက်ရောက်သွားတယ် ...

ဒီတော့ နောက်ဆုံးအနေနဲ့ပြောချင်တာက
စိတ်ဓာတ်ကျခွင့်ပေးတယ်ဆိုတာ
ကိုယ့်အချိန်တွေကို ဘာမှအကျိုးမရှိ အဓိပ္ပါယ်မရှိတဲ့
နေရာတစ်ခုထဲမှာ အချိန်ဖြုန်းပစ်တာပဲ လို့
ပြောလို့ရတယ် ..

ပြီးတော့ စိတ်ဓာတ်ကျတဲ့အလေ့အထတစ်ခုကို
ကိုယ်တိုင် မွေးမြူခွင့်ပေးလိုက်တာပဲ လို့
ပြောလို့ရတယ် ။

ဒါပါပဲ ...

Thedream🍀
ခင်ဗျားတို့ရဲ့ထင်မြင်ယူဆချက်ကိုလည်း
ရေးပေးခဲ့လို့ရတယ်

Address

Singapore

Website

Alerts

Be the first to know and let us send you an email when The Dream posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share