Alin Eain Audiobooks

Alin Eain Audiobooks အသံစာအုပ် တင်ဆက်သူ

29/06/2025

ဒီကနေ့မှာတော့ ဆရာ မောရိသျှ ဘာသာပြန်ဆိုရေးသားထားတဲ့ "အာဏာစက် နည်းဥပဒေသ ၄၈ ရပ်" ဆိုတဲ့စာအုပ်ထဲက "နည်းဥပဒေသ (၁) သူ့ထက်သာကြောင်းမပြနဲ့ " ဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်ပြထားပါတယ်ရှင် 🙆‍♀️

#အာဏာစက်နည်းဥပဒေသ၄၈ရပ် #မောရိသျှ #အသံစာအုပ်

21/06/2025

တိုက်ပွဲမဝင်ဘဲနဲ့တော့ ဘယ်သူမှ အောင်ပွဲခံရမှာ မဟုတ်ဘူး” #ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွါးမယ့်ပုဂ္ဂိုလ် #ရင်ဆိုင်ယှဉ်ပြိုင်ရဲတဲ့စိတ် #ဖေမြင့် #အသံစာအုပ်

18/06/2025

တစ်ခုတည်း​သော လူတိုင်းတန်းတူညီမျှရနိုင်တဲ့ ရိုးဖြောင့်မှု ဆိုတဲ့အရင်းအနှီးကို ဆုပ်ကိုင်နိုင်ကြပါစေရှင် 🙏

# ရိုးဖြောင့်မှုအရင်းအနှီး
#အသံစာအုပ်
#အောင်သင်း

17/06/2025

ခေတ်ပျက်ကြီးဆို​ပေမယ့် ရွက်နုတွေ ဝေနိုင်ကြရင်ကောင်းမယ် လူတွေရယ်💔တခါတလေ ဘာကိုစိတ်နာလို့ နာရမှန်းမသိလောက်တဲ့ အဖြစ်တွေနဲ့ ကြုံရလမ်းပျောက်သလို ခံစားနေကြရမှာ မှန်ပေမယ့် အားတင်းထားကြပါ
သင်တစ်ယောက်ထဲ မဟုတ်ပါဘူး
ဒါကြောင့်လက်မလျှော့လိုက်ကြပါနဲ့
ကျွန်မတို့တွေအားလုံး တနေ့မှာ
ရွက်သစ်တွေ ဝေနိုင်ကြအုန်းမှာပါ 🍃☘️

ဒီနေ့မှာတော့ ဆရာကြီးအောင်သင်းရဲ့
ရွက်နုတွေ ဝေစေချင်လို့ ဆိုတဲ့ဆောင်းပါးလေးကို
နားထောင်ပြီး အားတင်းလိုက်ကြပါအုန်းရှင်🙏

#အသံစာအုပ် #အောင်သင်း

15/06/2025

ခုလက်ရှိခေတ်အနေအထားအရ
သူသူကိုယ်ကိုယ် အနာဂတ်အတွက်ရင်လေးနေကြသူတွေကြီီးမို့ ဆရာကြီး အောင်သင်းရဲ့ ဒီဆောင်းပါးလေးကို နားဆင်ရင်း ခွန်အားရကြစေဖို့ မျှော်လင့်ပါတယ်ရှင် 🙏💜

ဆရာကြီးအောင်သင်းကိုလည်း ဒီနေရာကနေ
ကျေးဇူးတင် ဦးချကန်တော့လိုက်ရပါတယ်ရှင်🙇‍♀️🙏

#အနာဂတ်ကိုမကြောက်နဲ့
#အောင်သင်း
#ဆောင်းပါး
#အသံစာအုပ်

07/06/2025

ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ရပ်တံ့ထားသော ပန်းကန်ပြားပျံတွင်းမှ ဂြိုဟ်သားတစ်ယောက်က
ဖန်သားပြင်တစ်ခုမှာ မြင်နေရသော ထိုမြင်ကွင်းကြောင့် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်၏။
ပန်းကန်ပြားပျံ၏ မောင်းနှင်စက်ခလုတ်ကို လက်နှင့် နှိပ်လိုက်ရင်း…
“ပေါက်တော့မယ့် သိပ္ပံလောက်စာလုံးကလေးကိုများ ပြေးကြည့်တဲ့သူနဲ့၊
တွေးကြည့်တဲ့သူနဲ့၊ စောင့်ကြည့်တဲ့သူနဲ့ ခံရတာတောင် နည်းသေး၊ တော်တော် အသိဉာဏ်မရှိတဲ့
သတ္တဝါတွေ”

ပန်းကန်ပြားပျံ ရုပ်ခန့်နဲ့ ပျံသန်းသွား၏။ အဖေါ် ဂြိုဟ်သား ထောက်ခံ ပြောကြားသံက
ကမ္ဘာပတ်လမ်းကြောင်းထဲမှာ လွင့်ပျံကျန်ရစ်ခဲ့သည်။
“အေးလေ….ဒါကြောင့်… ဒီသတ္တဝါတွေ ‘လူ’ ဖြစ်နေကြတာ…..’’

ဆရာကြီးတာရာမင်းဝေရဲ့ ``စုန်းကိုက်ခံရတဲ့သစ်သီး’’ ဆိုတဲ့စာအုပ်ထဲက `လူနှင့်မျက်လုံး‘ဆိုတဲ့ ခေါင်းစဉ်လေးကို ဖတ်ပြထားတာဘဲ ဖြစ်ပါတယ်ရှင်

တခြားဖတ်ပြီးသားတွေ နားထောင်ချင်တယ်ဆိုရင်
မန့်မှာ link ချထားတဲ့ YouTube ချန်နယ်မှာ နားထောင်နိုင်ပါတယ်ရှင်
YouTube မှာပိုပြီး update ဖြစ်ပါတယ်ရှင့်

အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏

02/06/2025

ဒါလေးနား​ထောင်ပြီးရင် ကိုယ့်ဘဝကိုကိုယ်
တစ်ခေါက် ပြန်တွေးကြည့်မိ၊ သုံးသပ်မိစေမှာပါ
ဘဝမှာ ဘာတွေလုပ်လို့ ဘယ်ထိခရီးပေါက်ခဲ့ပြီလဲ
ခုထက်ထိ လုပ်​နေခဲ့တာတေတွက
တကယ်လိုအပ်တာတွေရော ဟုတ်ရဲ့လား
မှန်တဲ့အရာတွေရော ဟုတ်ရဲ့လား ။

``လား ‘’ပေါင်းများစွာနဲ့ ကိုယ့်ဘဝကိုကိုယ်
ပြန်သုံးသပ်မိစေပါလိမ့်မယ်။

ကျွန်မဖတ်ပြထားတဲ့ တခြားအသံစာအုပ်တွေ
နားထောင်ချင်တယ်ဆိုရင် မန့်မှာ link ချထားပေးတဲ့
YouTube Channel မှာ နားထောင်နိုင်ပါတယ်ရှင်💜

#ရွက်လှေများ
#ဂျူး
#ဝတ္ထုတိ
#အသံစာအုပ်



20/05/2025

ဒီကနေ့မှာတော့ ဆရာကြီး ရွှေဥဒေါင်းရဲ့
``ဇာတ်လိုက်‘‘ ဆိုတဲ့ ဝတ္ထုတိုလေးကို
ဖတ်ပြထားပါတယ်ရှင်

ဆရာကြီးရဲ့ ဝတ္ထုတွေက အထွေအထူး
ညွှန်းနေစရာမလိုအောင် ကောင်းမှန်း
ဖတ်ဖူးသူတိုင်းသိကြပြီးသားမို့
အညွှန်း မရေးရခြင်းပါရှင်
တစ်ကြောင်းကတော့ ကျွန်မရဲ့
အညွှန်းကြောင့်အရသာပျက်သွားမှာကိုလည်း
မလိုလားလို့ပါရှင်

တန်ဖိုးရှိ အဖိုးတန်တဲ့ ရသစာပေတွေအတွက်
ဆရာကြီး ရွှေဥဒေါင်းကို
ဒီနေရာကနေ ကျေးဇူးတင်
ဂါဝရပြုလိုက်ရပါတယ်ရှင်🙇‍♀️🙏

22မိနစ်စာ အရှည်ကိုတော့
မန့်မှာချထားပေးတဲ့ link မှာ နားထောင်နိုင်ပါတယ်ရှင် 💜

#ဇာတ်လိုက်
#ရွှေဥဒေါင်း
#ဝတ္ထုတို
#အသံစာအုပ်


18/05/2025

ဒီနေ့မှာတော့ ဆရာမကြီး ခင်နှင်းယုရဲ့
``လေးကျွန်းမြင်းမိုရ် တောင်ထက်ပို‘‘ ဆိုတဲ့
ဝတ္ထုတိုလေးကို ဖတ်ပြထားပါတယ်ရှင် 💜

ဒီဝတ္ထုတိုလေးမှာတော့ သားသမီးတွေ
ရလာတဲ့ခါ ပျော်ရွှင်မဆုံး ဖြစ်ကြရတဲ့ မိဘတွေရဲ့
အပျော်တွေနဲ့ သားသမီးတွေအပေါ်
မိဘတွေရဲ့ မေတ္တာတရားကြီးမားပုံတို့ကို
မြင်တွေ့ကြရမှာဘဲ ဖြစ်ပါတယ်ရှင်

ရသမြောက်တဲ့ စာပေတွေအတွက်
ဆရာမကြီး ခင်နှင်းယုကို ဒီနေရာကနေ
ကျေးဇူးတင်ဦးခိုက် ကန်တော့လိုက်ရပါတယ်ရှင်🙏

အစ/အဆုံး အရှည်ကိုတော့ မန့်က link မှာ
ဝင်ရောက် နားဆင်နိုင်ပါတယ်ရှင်💜

#လေးကျွန်းမြင်းမိုရ်တောင်ထက်ပို
#ခင်နှင်းယု
#ဝတ်ထုတို
#အသံစာအုပ်


17/05/2025

ဆရာမကြီး ခင်ခင်ထူးရဲ့
``ရင်မှာပိုက်ပါလို့ ‘‘ ဆိုတဲ့
ဝတ္ထုတိုလေးကို ဖတ်ပြထားပါတယ်ရှင်

ဒီဝတ္ထုတိုလေး ထဲမှာတော့
ကျွန်မတို့ ပတ်ဝန်ကျင်းမှာ
မြင်ဖူးကြားဖူးကြမယ့်
ရိုးသားပြီး နုံအတဲ့
တောသူတောင်သား သားအမိတတွေရဲ့
အဖြစ်အပျက်ကို မြင်ရမှာဘဲ ဖြစ်ပါတယ်ရှင်

အခုလို တန်ဖိုးရှိတဲ့ စာပေတွေရေးသားပေးတဲ့
ဆရာမကြီး ခင်ခင်ထူးကို ဒီနေရာကနေ
ကျေးဇူးတင် ဂါရဝ ပြုလိုက်ရပါတယ်ရှင်🙏

စ/ဆုံးကိုတော့ မန့်က link မှာ နားထောင်နိုင်ပါတယ်ရှင်💜

#ရင်မှာပိုက်ပါလို့
#ခင်ခင်ထူး
#အသံစာအုပ်

17/05/2025

ဒီနေ့မှာတော့ ဆရာမကြီး ခင်ခင်ထူးရဲ့
``ဘအို‘‘ ဆိုတဲ့ ဝတ္ထုတိုလေးကို
ဖတ်ပြထားပါတယ်ရှင်

ငယ်ရွယ်စဉ်က အဘိုး(အဘ)နဲ့
အတူနေခဲ့ဖူးသူတွေ အတွက်
အဘကို ပြန်သတိရ အောက်မေ့စေမယ့်
ဝတ္ထုတို ကောင်းလေးတစ်ပုဒ်ဘဲ ဖြစ်ပါတယ်

လက်ရာမြောက်တဲ့ စာပေတွေ အတွက်
ဆရာမကြီး ခင်ခင်ထူးကို ဒီနေရာကနေ
ကျေးဇူးတင် ဦးခ်ိုက်ကန်တော့လိုက်ရပါတယ်ရှင်🙏

၁၄မိနစ်စာ အရှည်ကိုတော့ မန့်က linkမှာ နားဆင်နိုင်ပါတယ်ရှင်💜

#ဘအို
#ဝတ္ထုတို
#အသံစာအုပ်

Address

Woodlands Drive 40
Singapore
730704

Alerts

Be the first to know and let us send you an email when Alin Eain Audiobooks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share