Elevate With Alice

Elevate With Alice a foreign student in Singapore who shares educational contents

စင်ကာပူမှာ ကျောင်းတက်မယ်ဆိုရင် နေစရိတ်စားစရိတ်ဘယ်လောက်ရှိမလဲ တွက်ပြပါမယ်။ 2026 version လေးပြန်ရေးပေးထားပါတယ်။ ကျောင်းစရိ...
20/09/2026

စင်ကာပူမှာ ကျောင်းတက်မယ်ဆိုရင်
နေစရိတ်စားစရိတ်ဘယ်လောက်ရှိမလဲ တွက်ပြပါမယ်။ 2026 version လေးပြန်ရေးပေးထားပါတယ်။ ကျောင်းစရိတ်ကတော့ နောက်မှ ပိုစ့်တစ်ခုတင်ပြီး အသေးစိတ်တွက်ပြပါမယ်။

-

နေစရိတ်
အကြီးဆုံးစရိတ်ကတော့ အခန်းငှါးခပါ။
ပုံမှန်အားဖြင့်တော့ roommate တစ်ယောက်နဲ့ ငှါးနေကြတာများပါတယ်။

တစ်ယောက်တည်းနေရင် - ၈၀၀ ကနေ ၁၂၀၀
နှစ်ယောက်နေရင် - ၆၀၀ ကနေ ၇၀၀
သုံးယောက်နေရင် - ၄၀၀

ပြောရရင် တစ်ခန်းမှာ ၂ ယောက်၊ သုံးခန်းရှိတဲ့အိမ်တစ်ခုမှာ ၆ ယောက်နေတာမျိုးကပုံမှန်ပါပဲ။ လူပိုတင်ထားရင် အိမ်နေရာ register တင်လို့မရတာတွေဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစစ်မခံရရင်တော့ အိုခေပါတယ်။ တစ်အိမ်လုံးကို သူငယ်ချင်းတွေနဲ့ စုပြီးငှါးတာမျိုးလဲ ကောင်းပါတယ်။ အကြံပေးချင်တာကတော့ ကိုယ့်ကျောင်းမှာ အဆောင်ရှိလားရှာပါ။ အဆောင်ရရင် စျေးက အတော်လေးသက်သာပါတယ်။
-

စားစရိတ်
အပြင်မှာထွက်စားရင် ရိုးရိုး hawker center တွေမှာ ၅ကျပ်လောက်တော့ရှိပါတယ်။ အိမ်မှာစားရင်တော့ ပိုသက်သာတာပေါ့နော်။
၅ * (၃၀ * ၂) ~ ၃၀၀
နေ့တိုင်း အပြင်မှာ နှစ်နပ်စားရင်တော့ တစ်လကို ၃၀၀ လောက်ကျမှာပါ။ မနက်စာတို့ အပြင်မှာထွက်စားတဲ့စရိတ်တို့ပါရင်တော့ စုစုပေါင်း ၄၀၀ ကနေ ၄၅၀ လောက်ကျနိုင်ပါတယ်။

-

Transportation
ကျောင်းသားတွေဆို mrt ခက ပုံမှန်ထက် တစ်ဝက်သက်သာပါတယ်။ concession pass ဝယ်ထားရင်လဲ ကြိုက်သလောက်စီးမှ ၂၆ ကျပ်ပါ။ (ရထားနဲ့ကားနဲ့အရောဆိုရင်တော့ ၅၀ ပါ၊ ရထားချည်းပဲ ကားချည်းပဲဆိုရင်တော့ ၂၆ စီပါ) ဒါကတော့ poly/ BCA လိုမျိုး ကျောင်းသားတွေပဲရတာပါ။ NTU, NUS တို့ကကျ ကားခတွေကို အဲ့ထက် ၂ဆလောက်ပိုပေးရပါတယ် ဟီး။ ဘာလို့ဆို uni တက်နေတဲ့ ကျောင်းသားတွေကကျ ပုံမှန် adult fee နဲ့ပဲပေးရပြီးတော့ package ဝယ်ရင်တော့ bus only or mrt only ဆိုရင် ၅၀ လောက်ပေးရပါတယ်။ နှစ်ခုပေါင်းဆို 81 ကျပ်လောက်ပေးရပါတယ်။

-
Misc

- Ph bill - တစ်လ ၁၂ ကျပ်
- ရေဖိုးမီးဖိုးကတော့ အိမ်သူကြီးနဲ့ညှိပြီး တိုင်ပင်ရမှာပါ။
- medical fees - ကျောင်းက insurance ရှိရင်တော့ ထွေထွေထူးထူးကုန်မှာမဟုတ်ပါဘူး

-
အားလုံးပေါင်းပြီး တွက်ကြည့်လိုက်ရင်

နေစရာ - ၆၅၀
စားစရာ - ၄၅၀
Transport + others - ၁

ဆိုတော့ တစ်လအခြေခံအနေနဲ့ ၁၂၀၀ လောက်ကျနိုင်ပါတယ်။ ဒါကို part time လုပ်ရင်းကာမိနိုင်လားဆိုတာသိချင်ရင်တော့ comment က link လေးမှာဝင်ကြည့်လိုက်ပါ။
ဒါမျိုး post လေးတွေကို မလွတ်သွားချင်ရင် page လေးကို like and follow ထားဖို့ပြောချင်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ☘️

11/09/2026

Tiktok တို့ Google တို့ကပါ အလုပ်လာခေါ်တဲ့ ntu career fair လေးပါ

ပြောရရင် ကုမ္ပဏီတွေက ကျောင်းနဲ့ချိတ်ပြီးတော့ video ထဲမှာပါတဲ့ booth လေးတွေထောင်ပြီး လာမိတ်ဆက်ကြတာပါ။ ကိုယ်ကတော့ သူတို့တွေနဲ့ လိုက်ပြီးမိတ်ဆက်၊ resume တွေပေးပေါ့လေ။ Alice က first year ဆိုတော့ intern အကြောင်း မေးဖြစ်တာများပါတယ်။ သူတို့ရဲ့ အဓိက target ကတော့ 3rd year နဲ့ 4th year ကျောင်းသားတွေပါ။
ဒါပေမယ့်လဲ သူတို့ရဲ့ interview process တွေဘာတွေ စုံစမ်းပြီး ကြိုပြင်ထားလို့ရတော့ career fair သွားလိုက်ရတာ အကျိုးရှိပါတယ်။
Intern လျှောက်ချင်တယ်ဆိုရင် ntu ကျောင်းသားတွေအနေနဲ့ ကျောင်းရဲ့ portal မှာပဲ တစ်ခါတည်းလျှောက်လို့လဲရပါတယ်။ Summer vacation မှာလုပ်လို့ရတဲ့ internship တို့ winter program internship တွေလဲရှိတော့ ကိုယ့် skill ကကောင်းနေတယ်ဆို တခါတည်းစလုပ်လို့ရပါတယ်။ intern ကနေ permanent employee ဖြစ်သွားတဲ့သူတွေလဲအများကြီးပါ။
Career fair အပြင် အလုပ်ရှာလို့ကောင်းတဲ့နေရာကတော့ Linkedin ပါ။ အနည်းဆုံး 30% လောက်အလုပ်တွေက LinkedIn မှာ portfolio လုပ်ရင်း networking လုပ်ရင်းနဲ့ရကြတာပါ။ Alice ရဲ့ LinkedIn profile လေးကိုလဲ comment မှာ link ချပေးထားပါမယ်။

ဒါနဲ့ စင်ကာပူက ပညာရေးနဲ့ပတ်သတ်ပြီး အသေးစိတ်တင်ပေးနေတာမလို့ မလွတ်သွားချင်ရင် page လေးကို like and follow လုပ်ပေးထားကြပါဦးနော်။

02/09/2026

Poly နဲ့ public uni မှာ စာ၊ part time နဲ့ lifestyle ဘာကွာသွားလဲ?

Alice က NTU စတက်တာ တစ်လပြည့်တော့မယ်ဆိုတော့ uni life ဒီအကြောင်းလေးရေးပေးပါမယ်။

စာကတော့ poly ထက် နှစ်ဆလောက်ပိုများပါတယ်။ basic တွေ သိပ်မသင်ပေးတော့ပဲနဲ့ အမြန်လေ့လာရတာပါ။ self-study ကောင်းဖိုကတော့ အရမ်းအရေးကြီးပါတယ်။ Lecture တွေဆိုရင်လဲ မတက်ခင်မှာ video တွေကို ကြိုပြီးကြည့်ထားရပါတယ်၊ မဟုတ်ရင် နားလည်မှာမဟုတ်လိုပါ 🤣

Is gpa important?
gpa ကြည့်ပြီး အလုပ်ခန့်တာက business major တော့ရှိပါတယ်။ ပြီးတော့ university exchange တွေတွက်လဲ gpa က အရေးကြီးပါတယ်။ အလုပ်တွေလျှောက်ရင်တော့ IT/ engineering က gpa ကြည့်တာ အတော်ရှားတယ်လိုပြောရမယ်။ uni မှာ ကောင်းတာတစ်ခုက gpa ထက် skill ကိုပိုပြီး ဂရုစိုက်လိုရပါတယ်။ ပုံမှန် gpa လေးကိုထိန်းထားရင် အဆင်ပြေနေပါပြီ (80% လောက်) ။ poly မှာလိုမျိုး top ဖြစ်နေစရာမလိုတော့ပါဘူး 😉

Part time ကတော့ စာနိုင်တယ်ဆို လုပ်လိုရပါတယ်။ schedule ကိုလဲ တစ်ပတ်သုံးရက်လောက်ပဲတက်စရာလိုအောင်လုပ်ထားလိုရတော့ ကျန်တဲ့နေ့တွေသွားလုပ်လိုရပါတယ်။
( ဒါပေမယ့် ကျောင်းက စာသင်တာထက် ကိုယ်ကြည့်လာတဲ့ video တွေပေါ်မှာဆင့်ပြီး lecture/ discussion လုပ်ပေးတာမို self-study time တအားလိုပါတယ်)

Lifestyle - အဆောင်မှာနေရင်တော့ hall activity တွေမှာပါလိုရပြီးတော့ ညလယ်စာတွေတူတူစားတာတွေလဲလုပ်လိုရပါတယ်။ CCA တွေလည်း အတော်ပေါပါတယ်။ ဒါပေမယ့် စာနိုင်မှပါ။ ကိုယ်လိုချင်တဲ့ gpa ပေါ်မူတည်ပြီး
ကိုယ့် lifestyle က ပြောင်းသွားမှာပါ 🤣

Alice ကတော့ Scholarship ရထားတဲ့တွက် part time တော့မလုပ်ဖြစ်တော့ပါဘူး 🥳 စာပဲအာရုံစိုက်ဖြစ်ပါတယ်။ မကြာခင်စလျှောက်လိုရနေပြီဖြစ်နဲ့ scholarship တွေနဲ့ပတ်သတ်ပြီးတော့လဲ post လေးရေးပေးထားတာမို comment မှာ link ဖတ်လိုရပါတယ်။ဒါနဲ့ စင်ကာပူက ပညာရေးနဲ့ပတ်သတ်ပြီး အသေးစိတ်တင်ပေးနေတာမလို မလွတ်သွားချင်ရင် page လေးကို like and follow လုပ်ပေးထားကြပါဦးနော်။

26/08/2026

NTU, NUS တိုလိုမျိုး public uni တွေကနေ scholarship ရချင်ရင် ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်လို scholarship တွေရှိလဲ ပြောပြပါမယ်။ 🫶

စဖတ်လိုက်ကြရအောင်~~~

Scholarship က sgd 10000 လောက်ကနေစပြီးတော့ full school fees + allowance တွေပါရှိတဲ့ ပုံစံမျိုးတွေအထိရှိပါတယ်။ full မရရင်တောင် တစ်စိတ်တပိုင်းတော့ ရဖိုအခွင့်ရေးရှိပါသေးတယ်။ မကြာခင်မှာ ရှိတဲ့ scholarship type တွေကို အသေးစိတ်ရေးပြီးတင်ပေးပါမယ်။

အရင်ဆုံး scholarship လိုချင်ရင် ရှိထားရမယ့် qualification တွေကိုပြောပြပါမယ်။

- Poly ပြီးထားတာ
- A level ပြီးထားတာ
- IB diploma ပြီးထားတာ
- OSSD ပြီးထားတာ

ပြီးတော့ မနှစ်ကစပြီး ၁၂ တန်းနဲ့လျှောက်လိုရတဲ့ scholarship scheme ပါစနေပါပြီ။ အရင်နှစ်ကဝင်သွားတဲ့သူတွေထဲမှာတော့ The whole burma 4 ပါတယ်လိုသိရပါတယ်။ entrance တော့ဖြေရပါတယ်။ အောက်မှာ post link လေးထည့်ပေးထားပါမယ်။

ဘယ်လိုသူတွေရနိုင်လဲ

ပြောရရင် uni က gpa / အမှတ်တွေကို အဓိကကြည့်တာပါ။ သိတဲ့အတိုင်း public university တွေက ၆ ခုရှိတာပေါ့နော်။ NTU , NUS, SMU က 3.9(out of 4) ကပ်နေမှ ဝင်ခွင့်ရတာ ဆိုတော့ကာ scholarship ရဖိုဆို nearly perfect gpa မှရမှာပါ။ ဒါပေမယ့် SIT, SUSS, SUTD ကတော့ ဝင်ဖိုရော scholarship ရဖိုရော အခြေနေပိုများမှာပါ။

ဒါပေမယ့် အမှတ်တွေက မတိမ်းမယိမ်းဖြစ်နေရင်ရော ဘာကိုဆက်ကြည့်ပြီးဆုံးဖြတ်မှာလဲ?

Scholarship essay, CCA and achievements.

အဲ့လိုမျိုး ကျောင်းစာပြင်ပတွေကိုလုပ်တဲ့အခါ direction တစ်ခုနဲ့လုပ်တာအကောင်းဆုံးပါ။ ဥပမာ CCA ဆိုရင် ဟို club လေး နည်းနည်းပါလိုက် ဒီ club လေး နည်းနည်းပါလိုက်နဲ့ဆိုရင် ကိုယ်ပင်ပန်းရုံပဲရှိမှာပါ။ အားပေးချင်တာကတော့ club တစ်ခုခုရဲ့ position ထိပ်အထိတက်တာ ( eg - president) ဒါမှမဟုတ်ရင် volunteer ပိုင်းနဲ့ဆိုင်တဲ့ CCA တွေကို join ပါ။

ကိုယ်က
- Leadership စိတ်ဝင်စားတာလား
- Research/ Olympics / hackathon တွေပြိုင်ရတာ ပိုကြိုက်လား
- Sports
- Entrepreneurship/ startup တွေကို စိတ်ဝင်စားလား

စိတ်ဝင်စားတဲ့လမ်းကြောင်းတစ်ခုကိုရွေးပြီး storyline တစ်ခုတည်ဆောက်ပါ။ scholarship essay ရေးတဲ့အချိန်ကျရင်လဲ ကိုယ့်ရဲ့ character က strong ဖြစ်နေအောင်လိုပါ။
နောက်ပြီး ကိုယ့်ကို recommend ပေးမယ့်သူတွေကို ကြိုရှာထားသင့်ပါတယ်။

ပြန်ပြီး summarize လုပ်ရမယ်ဆိုရင်တော့

- GPA
- CCA or community work
- Recommender
- Scholarship essay
- Scholarship Interview

အဲ့တာတွေပေါ်မှာမူတည်နေပါတယ်။ ဒါနဲ့ စင်ကာပူက ပညာရေးနဲ့ပတ်သတ်ပြီး အသေးစိတ်တင်ပေးနေတာမလို မလွတ်သွားချင်ရင် page လေးကို like and follow လုပ်ပေးထားကြပါဦးနော်။
ဒါနဲ့ စီနီယာတွေ အများကြီးရှိတဲ့ network တစ်ခုလိုချင်တယ်ဆိုရင်တော့ comment မှာပြထားတဲ့ group လေးကို လာ join လိုရပါတယ်။
Good luck everyone ☘️

22/08/2026

Igcse နဲ့ poly ကိုလာဖိုအတွက် သိသင့်သမျှအစုံ

စင်ကာပူက poly တွေကို Igcse အမှတ်နဲ့ လျှောက်ချင်တဲ့သူတွေအတွက် သိသင့်သမျှ အကုန်ရေးပေးထားပါတယ်။ IGCSE မှာ Edexcel နဲ့ CIE နှစ်ခုရှိတာသိကြမှာပါ။ ဒီထဲကမှ Edexcel ကို အဓိကဦးတည်ပြီးပြောပေးသွားမှာဖြစ်ပါတယ်။ CIE အတွက်လည်း အနည်းနဲ့အများ apply ဖြစ်မှာပါ။

ကဲ စလိုက်ရအောင်

ဘယ်က နေ လျှောက်ရမလဲ?

Igcse ဖြေထားတဲ့သူတွေအနေနဲ့ poly ကို “Direct Admission Exercise (DAE)“ လိုခေါ်တဲ့လမ်းကြောင်းကနေ လျှောက်ရမှာဖြစ်ပါတယ်။ DAE ရဲ့ application window ဖွင့်တဲ့အချိန်ကတော့ mid January လောက်ဖြစ်ပါတယ်။ ရက်အတိကျကိုတော့ website မှာသွားကြည့်နိုင်ပါတယ်။ poly တစ်ခုနဲ့တစ်ခု ဖွင့်တဲ့အချိန်ကမတူကြလိုပါ။
အရေးကြီးတာလေးတစ်ခုတော့ရှိပါတယ်။ အဲ့တာကတော့ application window ဖွင့်တဲ့အချိန်မှာ တင်ဖိုတွက် igcse result က အသင့်ဖြစ်နေရမှာပါ။ ပုံမှန်တော့ Jan မှာ result ထွက်တဲ့သူတွေဆို တန်းလျှောက်လိုရတာများပါတယ်။

Requirements

ဝင်ဖိုအတွက်အမှတ် ဘယ်လောက်လိုအပ်လဲ? poly တွေက requirement စစ်ဖိုတွက်
ELR2B2 ဆိုတဲ့ အမှတ်ပေး system ကိုသုံးပါတယ်။

EL = English
R2 = 2 relevant subjects for your chosen course
B2= Other 2 best subjects

English စာအတွက်တော့ EFL(English as First Language) ဖြေဖိုပဲ recommended ပေးပါတယ်။ ESL(English as Second Language) + IELTS က နည်းနည်း chance နည်းတတ်လိုပါ။

2 relevant subjects ကတော့ ကိုယ်လျှောက်ချင်တဲ့ course နဲ့သက်ဆိုင်တဲ့ဘာသာပါ။ ဥပမာ biochemistry ဆိုရင် bio ဘာသာပေါ့။ course တစ်ခုနဲ့တစ်ခုက လိုအပ်တဲ့ ဘာသာတွေတော့ မတူတတ်ကြပါဘူး။ အဲ့ဒီ့အတွက် ကျောင်း website မှာသွားပြီး ကြည့်နိုင်ပါတယ်

Other 2 best subjects ကတော့ ကိုယ့်ရဲ့ အမှတ်အကောင်းဆုံဘာသာနှစ်ခုပါ။

Note: maths အမှတ်ကတော့ သေချာပေါက်ပါရပါမယ်။ သူ့ကို 2 relevant subjects ထဲကတစ်ခုအနေနဲ့ပဲဖြစ်ဖြစ် Other 2 best subjects ထဲကတစ်ခုအနေနဲ့ပဲဖြစ်ဖြစ်ထည့်နိုင်ပါတယ်။

ELR2B2 အတွက် အမှန်တွက်တာကိုတော့ နောက်် post ကျမှရှင်းပြပါမယ်။ အရမ်းရှည်သွားမှာစိုးလိုပါ။ chatgpt နဲ့လဲတွက်ကြည့်နိုင်ပါတယ်။ အဓိကသိထားဖိုက တော့ အဲ့ဘာသာငါးခုဆီက အမှတ်ကိုယူပြီးတွက်တယ်ဆိုတာပါ။

ဟုတ်ပြီ နောက်ဆုံးအဆင့်အနေနဲ့ ရလာတဲ့အမှတ်ကို ကျောင်းကလိုချင်တဲ့အမှတ်နဲ့တိုက်ကြည့်ပါမယ်။ ဥပမာ ကိုယ့်အမှတ်က 7 ဆိုပါတော့ - ကိုယ်လျှောက်ချင်တာက Aeronautical Engineering. သူ့ရဲ့ range က 4-15 ဖြစ်တဲ့အတွက် ကိုယ့်အမှတ်နဲ့ဝင်ဖိုသေချာနေသလောက်ပါပဲ။

Website တွေထဲဝင်ကြည့်လိုရအောင်လဲ admission page link လေးတွေကို comment မှာချပေးထားပါမယ်နော်။ ဒါနဲ့ Poly အပြီးဘာဆက်လုပ်ရမယ်ဆိုတာမျိုးလေးတွေအပြင် စင်ကာပူပညာရေးအကြောင်းလေးတွေကိုပါ page မှာတင်ပေးထားတဲ့အတွက် page လေးကို like and follow လုပ်ပေးဖိုပြောချင်ပါတယ်။

အားလုံးပဲ ကိုယ်လိုချင်တဲ့ course လေးတွေဝင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်☘️

See you🫶

ဒီနေ့မှာကျရောက်တဲ့ Alice ရဲ့ မွေးနေ့အတွက် ရေရှားတဲ့ဒေသတွေကို ရေတွင်းတူးတဲ့အလှူလေးလုပ်ဖြစ်လိုက်ပါတယ်။ ရေခေါင်တဲ့ဒေသတွေအတွ...
17/08/2026

ဒီနေ့မှာကျရောက်တဲ့ Alice ရဲ့ မွေးနေ့အတွက် ရေရှားတဲ့ဒေသတွေကို ရေတွင်းတူးတဲ့အလှူလေးလုပ်ဖြစ်လိုက်ပါတယ်။ ရေခေါင်တဲ့ဒေသတွေအတွက် နှစ်ပေါင်းများစွာသုံးလို့ရတဲ့ ရေတွင်းရအောင် ဒီနေရာလေးမှာ လှူလိုက်တာပါ 🫶🙏

NTU, NUS, SMU သုံးခုလုံးက scholarship offer ရပြီးတော့ အခု medical pathway ဘက်သွားနေတဲ့ အရမ်းတော်တဲ့အမပါ 🫶 ဆေးလိုင်းစိတ်ဝ...
15/08/2026

NTU, NUS, SMU သုံးခုလုံးက scholarship offer ရပြီးတော့ အခု medical pathway ဘက်သွားနေတဲ့ အရမ်းတော်တဲ့အမပါ 🫶 ဆေးလိုင်းစိတ်ဝင်စားရင် ဒီအမကို မေးကြည့်လို့ရပါတယ်

14/08/2026

Scholarship တွေ၊ Singapore uni/ poly/ masters degree နဲ့ဆိုင်တဲ့အကြောင်းအရာတွေကို tiktok မှာပါ တင်ပေးမှာမလို ဒီ link လေးကနေ like and follow လေးလုပ်ထားပေးကြပါဦးနော် 🫶

https://www.tiktok.com/?_r=1&_t=ZS-98sVVt63TnR

14/08/2026

NTU က ကျောင်းဝင်းထဲမှာ bus stop 34 ခုနဲ့ အဆောင် 24 ခုတောင်ရှိပါတယ်။ ကျောင်းဝင်းထဲမှာပါ mrt ဆောက်နေပြီး 2030 မှာ ဆောက်လိုပြီးတော့မှာပါ။ ဒါကတော့ ကျောင်းစတက်တက်ချင်း ပထမအပတ်မှာ အမှတ်တရလေး လိုက်ရိုက်ထားတာပါ
ကျောင်းလျှောက်ချင်ရင်တော့ January လောက်မှာ စလျှောက်လိုရပါပြီ။ Early admission ရတဲ့သူတွေအတွက်ဆိုရင်တော့ November လောက်မှာ သူတို email ကိုစာပိုမှာပါ။ အဲ့တာကြောင့် ကိုယ်က gpa ကောင်းနေတယ်ဆိုရင် email လေးတွေ သေချာစစ်ထားစေချင်ပါတယ်။
မကြာခင် NTU အကြောင်းလေးတွေနဲ့ပတ်သတ်ပြီး ပိုတင်ပေးမှာမလို like and share လုပ်ပေးကြပါဦးနော် ☘️
မေးချင်တာလေးတွေရှိရင်လဲ comment မှာပဲဖြစ်ဖြစ် messenger မှာပဲဖြစ်ဖြစ် မေးထားလိုရပါတယ် 🫶

08/08/2026

စင်ကာပူမှာ Masters degree တက်ချင်တဲ့သူတွေအတွက် အစအဆုံး ရှင်းပြထားပါတယ် ☘️

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Elevate With Alice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share