F E E L F L I X

F E E L F L I X Your daily dose of feels — welcome to FeelFlix!

10/01/2026

မနိုးတာမဟုတ်ပါဘူး ဟူးမန်း ..အိပ်မက်တွေ အကောင်ထည်ဖော်နေတာပါ😆

ကပ်မလိုက်နဲ့နို့တိုက်လိုက်မယ်​ပြောတုန်းက ဒီရုပ်မဟုတ်ဘူးလို့😅သူ့stickerလေးတွေ ချစ်လို့စုဆောင်းတင်ပေးထားတယ် 🫶🥺
07/01/2026

ကပ်မလိုက်နဲ့နို့တိုက်လိုက်မယ်​ပြောတုန်းက ဒီရုပ်မဟုတ်ဘူးလို့😅
သူ့stickerလေးတွေ ချစ်လို့စုဆောင်းတင်ပေးထားတယ် 🫶🥺

04/01/2026

မအလ ကိုလဲ အဲလိုလာလုပ်ပါစေ 🫢

#ဗင်နီဇွဲလား #အာဏာရှင် #ဖမ်းဆီး #ရုပ်သံ

03/01/2026

ဗင်နီဇွဲလာ သမ္မတ မာဒူးရိုကို အမေရိကန်က စစ်ဆင်ရေးဖြင့် ဖမ်းဆီးရမိ၊ မူးယစ်ဆေးဝါးနှင့် လက်နက်မှုများဖြင့် တရားစွဲမည်

ဗင်နီဇွဲလာနိုင်ငံ၏ သမ္မတ နီကိုလပ် မာဒူးရိုကို အမေရိကန်တပ်ဖွဲ့များက ကာရာကတ်စ်မြို့တွင် လုပ်ဆောင်ခဲ့သည့် အကြီးစား စစ်ဆင်ရေးတစ်ရပ်အပြီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထ် ထရမ့်က အတည်ပြုပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို သတင်းစာရှင်းလင်းပွဲတွင် ထပ်မံထုတ်ပြန်မည်ဟု ဆိုသည်။

ထရမ့်၏ ပြောကြားချက်အရ မာဒူးရိုကို အမေရိကန်ရေတပ် သင်္ဘော USS Iwo Jima ပေါ်တွင် တင်ဆောင်ကာ နယူးယောက်မြို့သို့ ခေါ်ဆောင်သွားနေပြီး မန်ဟက်တန် ဖက်ဒရယ်တရားရုံးတွင် မူးယစ်ဆေးဝါးနှင့် လက်နက်ဆိုင်ရာ အမှုများဖြင့် တရားစွဲဆိုမည်ဖြစ်သည်။

မာဒူးရို ဖမ်းဆီးခံရပြီးနောက် ဗင်နီဇွဲလာနိုင်ငံ၏ အုပ်ချုပ်ရေးအနာဂတ်အခြေအနေ မည်သို့ ဆက်လက်ဖြစ်ပေါ်မည်ကို မသေချာသေးကြောင်း ထရမ့်က ပြောကြားခဲ့သည်။ သို့သော် ဗင်နီဇွဲလာနိုင်ငံခြားရေးဝန်ကြီးက မာဒူးရိုသည် နိုင်ငံ၏ တရားဝင်ခေါင်းဆောင်ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားပြီး အမေရိကန်အနေဖြင့် သူ့အား ပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

စစ်ဆင်ရေးအကြောင်းနှင့် ပတ်သက်၍ သတင်းရင်းမြစ်များအရ မာဒူးရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလိုရက်စ်တို့ကို အမေရိကန် အထူးတပ်ဖွဲ့များက နေအိမ်အိပ်ခန်းမှ တိုက်ရိုက် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟယ်လီကော့ပတာတစ်စီးလည်း ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ဒီဇင်ဘာလမှ စ၍ လျှို့ဝှက်စနစ်ဖြင့် အစီအစဉ်တကျ စီမံကိန်းရေးဆွဲထားခဲ့ခြင်းဖြစ်ကြောင်းအမေရိကန်ဘက်က ပြောကြားခဲ့သည်။

👉 ဒီဖြစ်ရပ်က ကမ္ဘာ့နိုင်ငံရေးကို ဘယ်လို ပြောင်းလဲသွားမလဲ။

MCအင်တာဗျူးမှာတွေ့တုန်းက သူမျက်မှန်ချွတ်ပြတော့ မျက်နှာ ဘာဖြစ်တာလဲ ကိုယ်သိချင်နေတာ... အလှူပွဲတစ်ခုမှာ အောက်ကပရိတ်သတ်တစ်ယေ...
03/01/2026

MCအင်တာဗျူးမှာတွေ့တုန်းက သူမျက်မှန်ချွတ်ပြတော့ မျက်နှာ ဘာဖြစ်တာလဲ ကိုယ်သိချင်နေတာ... အလှူပွဲတစ်ခုမှာ အောက်ကပရိတ်သတ်တစ်ယောက်က "မင်းက တော​ကြိုက်ကောင်" ဆိုပြီး ရေသန့်ဘူးနဲ့ မျက်နှာလှမ်းပေါက်သတဲ့....
ကိုယ်လဲ သူ့ဖန်မဟုတ်ဘူး..ဒါနလုပ်တဲ့ သူ့Video တွေခါတလေတက်လာရင် ကြည့်ဖြစ်တာလောက်ပဲ။
ခုလို စရိုက်ဆန်ဆန် လုပ်ကြတာကြီးကို တော်တော်ကိုရှုံ့ချမိပါတယ်။ ကိုယ်မကြိုက်ရင် မသွားနဲ့ပေါ့ မကြည့်နဲ့ပေါ့။ လိုက်တိုက်ခိုက်စရာမှမလိုတာကြီးကို။ သူများကိုထိခိုက်အောင် ဟိန်းသူအောင်က လုပ်နေတာလဲမဟုတ်ဘဲလေ။ တို့နိုင်ငံမှာ အောက်တန်းကျတဲ့အဲလိုဖျက်လိုဖျက်စီးစိတ်ဓာတ်တွေရှိနေတာကိုက ကျက်သရေတုန်းတာ....ကွယ်

#ဟိန်းသူအောင်

ဒီနေ့လည်Hong Lim Food Centre မီးလောင်မှု(Part- 2) နောက်ဆုံးရသတင်းအပြည့်အစုံ ဒီနေ့ (ဇန်နဝါရီ ၂ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄၀ ...
02/01/2026

ဒီနေ့လည်Hong Lim Food Centre မီးလောင်မှု(Part- 2) နောက်ဆုံးရသတင်းအပြည့်အစုံ

ဒီနေ့ (ဇန်နဝါရီ ၂ ရက်)၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်လောက်၊ လူတွေ နေ့လယ်စာ စားနေကြတဲ့ အချိန်ကြီးမှာ ဖြစ်သွားတာပါ။
မီးက အဆောင်ရဲ့ ဒုတိယထပ်က မီးဖိုချောင် လေစုပ်ပိုက် (kitchen exhaust ducting) ကနေ စလောင်တာလို့ သိရပါတယ်။

မီးလောင်နေတုန်းမှာတောင် အဒေါ်ကြီးတစ်ယောက်က သူ့ရဲ့ ကော်ပြန့်ကြော် (Char Kway Teow) ပန်းကန်ကို ကိုင်ပြီး အေးအေးဆေးဆေး စားနေလို့ တခြားသူတွေက ဝိုင်းပြီး အမြန်ထွက်ဖို့ သတိပေးခဲ့ရပါသေးတယ်။
မီးစလောင်တဲ့ Ho Kee Seafood ဆိုင်က အသက် ၈၀ အရွယ် အဖိုးအိုဟာ လန့်ပြီး ဆိုင်ထဲမှာတင် ရပ်နေတာကို အနီးအနားက ဆိုင်ရှင်တစ်ယောက်က အတင်းဆွဲထုတ်ပြီး ကယ်ခဲ့ရပါတယ်။
မီးသတ်သမားတွေက ရေပိုက် ၃ ခုသုံးပြီး မီးကို အမြန်ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ ညနေ ၆ နာရီခွဲလောက်မှာတော့ ဆိုင်ရှင်တွေ ဆိုင်ထဲကို ပြန်ဝင်ခွင့် ရနေပြီလို့ သိရပါတယ်။

ကံကောင်းတာက ဘယ်သူမှ ဒဏ်ရာမရခဲ့ပါဘူး။ SCDF က လူ ၄ ယောက်ကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီနေ့ နေ့လည်စာစားချိန်ကြီးမီးလောင်.. (Part-1)Hong Lim Market and Food Centre မှာ ဒီနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ သေ...
02/01/2026

ဒီနေ့ နေ့လည်စာစားချိန်ကြီးမီးလောင်.. (Part-1)

Hong Lim Market and Food Centre မှာ ဒီနေ့ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ သောကြာနေ့) နေ့လယ်စာစားချိန်အတွင်း မီးလောင်

စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ရဲ့ ပြောကြားချက်အရ ထိခိုက်မှုရှိတဲ့ အဆောင်ထဲကနေ လူ ၄ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မီးလောင်မှုကြောင့် အစားအသောက်ဆိုင်တန်းအတွင်း မီးခိုးငွေ့တွေနဲ့ဖုန်းလွှမ်း...

ဒီနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင် Sembawang Drive , Blk 462မှာ မီးလောင်အဆိုပါတိုက်ခန်းရဲ့ ၁၁ ထပ်မှာရှိတဲ့ အခန်းတစ်ခ...
01/01/2026

ဒီနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ဝန်းကျင် Sembawang Drive , Blk 462မှာ မီးလောင်

အဆိုပါတိုက်ခန်းရဲ့ ၁၁ ထပ်မှာရှိတဲ့ အခန်းတစ်ခန်း မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

မီးလောင်တဲ့အခန်းထဲက လူတစ်ယောက်ဟာ SCDF ရောက်မလာခင်မှာပဲ အပြင်ကို ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ဘေးကင်းလုံခြုံရေးအတွက် ရဲတပ်ဖွဲ့နဲ့ SCDF က အဆိုပါတိုက်က လူပေါင်း ၉၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

လူ ၄ ဦးမှာ မီးခိုးငွေ့ရှူမိတဲ့ လက္ခဏာများရှိတဲ့အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၎င်းတို့အနက် ၃ ဦးကို Singapore General Hospital သို့လည်းကောင်း၊ ၁ ဦးကို KK Women's and Children's Hospital သို့လည်းကောင်း ပို့ဆောင်ခဲ့ပါတယ်။

လက်ရှိမှာတော့ မီးလောင်ရတဲ့အကြောင်းရင်းကို တာဝန်ရှိသူတွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ကိုယ်က ဂရုစိုက်ပေမယ့် ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကဖြစ်ရင် ကိုယ်လဲမလုပ်ရပါပဲနဲ့ မီးဘေးကြုံရနိုင်ပါတယ် အရေးကြီးတဲ့ပစ္စည်းတွေကို သယ်ရလွယ်အောင်ထားတာတို့၊ ပိုက်ဆံကို အပြင်မှာထုတ်မသိမ်းပဲ Bankအကောင့်ထဲသိမ်းထားတာတို့ လုပ်ဖြစ်တယ် မတော်တဆဆိုတာ ပြောမရဘူးလေ🥺

ဇနီးသည်ကို အခန်းထဲပိတ်ထားရတဲ့ ဆို့နင့်ဖွယ် အကြောင်းရင်း"ဇနီးဖြစ်သူကို အခန်းထဲမှာ ပိတ်လှောင်ထားတယ်" ဆိုတဲ့ တိုင်ကြားချက်တ...
28/12/2025

ဇနီးသည်ကို အခန်းထဲပိတ်ထားရတဲ့ ဆို့နင့်ဖွယ် အကြောင်းရင်း

"ဇနီးဖြစ်သူကို အခန်းထဲမှာ ပိတ်လှောင်ထားတယ်" ဆိုတဲ့ တိုင်ကြားချက်တစ်ခုကြောင့် လူမှုကူညီရေးအသင်းက သွားရောက်စစ်ဆေးတဲ့အခါမှာတော့ မြင်ကွင်းဟာ ထင်ထားတာထက် ပိုပြီး ဝမ်းနည်းဖို့ကောင်းနေခဲ့ပါတယ်။

တကယ်တော့ အမျိုးသားဖြစ်သူဟာ သူ့ဇနီးကို ရက်စက်ချင်လို့ မဟုတ်ဘဲ အသည်းအသန်ဖြစ်နေတဲ့ အဆုတ်ရောဂါကို ကုသဖို့ ဆေးဖိုးရှာရင်း သူအလုပ်သွားချိန် ဇနီးဖြစ်သူ တစ်ဦးတည်း အန္တရာယ်မဖြစ်စေဖို့ အခန်းထဲမှာ ထားခဲ့ရတာပါ။ ရှိသမျှပစ္စည်းတွေ ရောင်းချပြီး ဆေးကုသပေးပေမယ့် မလောက်ငတော့တဲ့အဆုံး မျက်ရည်တွေကြားက ဒူးထောက် လက်အုပ်ချီပြီး အကူအညီတောင်းခဲ့တဲ့ အမျိုးသားရဲ့ ပုံရိပ်က ကြည့်ရသူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။
ဝေဒနာ ခံစားနေရတဲ့ ဇနီးသည်ကလည်း "သူ့ကြောင့် ယောက်ျားဖြစ်သူ ဒုက္ခတွေမရောက်စေချင်တော့ဘူး၊ လောကကြီးကနေပဲ စွန့်ခွာသွားချင်ပြီ" ဆိုတဲ့ မျက်ဝန်းတွေနဲ့ အားနာနေရှာတာပါ။ အခုတော့ ကံကောင်းထောက်မစွာနဲ့ လူမှုကွန်ရက်ပေါ်မှာ ဒီဗီဒီယို ပြန့်နှံ့သွားပြီး အလှူရှင်တွေရဲ့ အကူအညီနဲ့ ကောင်မလေးကို ဆေးရုံတင် ကုသပေးနိုင်ခဲ့ပါပြီ။

တကယ့်ကို လေးစားဖို့ကောင်းတဲ့ အမျိုးသားရဲ့ ပြုစုယုယမှုတွေကြောင့် ဇနီးဖြစ်သူ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 💪💪💪

နိမိတ်တစ်ခုလား? ဘရာဇီးမှာ ၂၄ မီတာအမြင့်ရှိ လွတ်လပ်ရေးရုပ်ထုကြီး မုန်တိုင်းဒဏ်ကြောင့် အပိုင်းပိုင်းပြတ်ကာ လဲကျသွားဘရာဇီးန...
28/12/2025

နိမိတ်တစ်ခုလား? ဘရာဇီးမှာ ၂၄ မီတာအမြင့်ရှိ လွတ်လပ်ရေးရုပ်ထုကြီး မုန်တိုင်းဒဏ်ကြောင့် အပိုင်းပိုင်းပြတ်ကာ လဲကျသွား

ဘရာဇီးနိုင်ငံ Rio Grande do Sul ပြည်နယ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မုန်တိုင်းအတွင်း ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်နာရီ မိုင် ၅၀ ကျော်နှုန်းရှိတဲ့ လေပြင်းတွေကြောင့် Guaíba မြို့က နာမည်ကျော် လွတ်လပ်ရေးရုပ်ထု ပုံတူကြီးဟာ မြေပြင်ပေါ်ကို ခေါင်းစိုက်ပြီး လဲကျသွားခဲ့တာပါ။

ဒီရုပ်ထုဟာ ၂၄ မီတာ (ပေ ၈၀ နီးပါး) အမြင့်ရှိပြီး အောက်ခြေကွန်ကရစ်တိုင်ကတင် ၃၆ ပေကျော် မြင့်ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ရုပ်ထုရဲ့ ကိုယ်ထည်ပိုင်းဟာ အပိုင်းပိုင်းပြတ်ထွက်သွားခဲ့ပေမယ့် အောက်ခြေကွန်ကရစ်တိုင်ကတော့ မပျက်မစီးဘဲ ကျန်ရစ်ခဲ့ပါတယ်။
ရုပ်ထုဟာ ကားပါကင်ထဲကို လဲကျသွားတာဖြစ်ပေမယ့်ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိခဲ့ပါဘူး။

ဒီဖြစ်ရပ်ဟာ အွန်လိုင်းပေါ်မှာ ကြည့်ရှုသူ သန်းနဲ့ချီရှိနေပြီး လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာတော့ ငြင်းခုန်စရာတွေ ဖြစ်နေပါတယ်။

တချို့က ဒါဟာ "နိမိတ်မကောင်းတဲ့ လက္ခဏာတစ်ခု" လို့ ယူဆနေကြသလို၊ တချို့ကလည်း ဒါဟာ "ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုရဲ့ သတိပေးချက်" ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

သဘာဝတရားက ဘယ်သူက အရှင်သခင်လဲဆိုတာကို အမြဲတမ်း သတိပေးနေတာပါပဲ" လို့လည်း ဝေဖန်ရေးသားသူတွေ ရှိနေပါတယ်။

သင်ကော... ဒီလို လွတ်လပ်ရေးရုပ်ထုကြီး ပြိုလဲသွားတာကို ဘယ်လိုမြင်မိလဲ? နိမိတ်တစ်ခုလို့ ထင်ပါသလား?

#နိမိတ်

Address

Toa Payoh

Website

Alerts

Be the first to know and let us send you an email when F E E L F L I X posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share