
26/09/2025
✨ Shangri-La, Yunnan, China မှာ တိဘက်ဝတ်စုံနဲ့ Photoshoot Experience ✨
ဓာတ်ပုံမရိုက်ခင်ရှေ့တရက်တည်းက Dukezong ancient city ထဲမှာ လိုက်ပြီး တိဘက်ဝတ်စုံဆိုင်လေးတွေ အများကြီးရှိပါတယ် လိုက်ကြည့်ကြည့်တယ်။ အဓိကကတော့ စျေး နဲ့ ကိုယ်ကြိုက်တဲ့အရောင်တွေ ဝတ်စုံတွေရှိမရှိ compare လုပ်ကြည့်သာပေါ့။ နောက်ဆုံးတော့ Hotel နဲ့လည်းနီးပြီး အဆင်ပြေတဲ့ ဆိုင်လေးတစ်ဆိုင်ကို ရွေးခဲ့ပါတယ်။
ဓာတ်ပုံရိုက်မယ့်နေ့မတိုင်ခင်တည်းက Costume ကို ရွေးပြီး Deposit ပေးရတယ်။ ဆိုင်ရှင်က ပထမကတော့ဝတ်စုံ နှစ်စုံသာ စမ်းဝတ်လို့ရမယ်လို့ ပြောပေမယ့် နောက်ဆုံး သုံးစုံထိ စမ်းခွင့်ပေးပါတယ်။ အကုန်အပြီး အစီး Makeup, Accessories အပါအဝင် 70 ယွမ်သာ ကုန်ကျခဲ့တယ် – တကယ်တန်တဲ့ ဈေးပါ။ Deposit အတဝက်ပေးပြီး နောက်နေ့ မနက် ၉နာရီမှာ မိတ်ကပ်နဲ့ ဆံပင် appointment လုပ်ခဲ့တယ်။
ဓာတ်ပုံမရိုက်ခင် မနက်စာစာပြီး ဆိုင်ကိုသွားပြီး Makeup + Hair ကို တစ်နာရီကျော် လုပ်ခဲ့တယ်။ Costume ကိုလည်းသူတို့ကဝတ်ပေးပါတယ်။ ပြီးတော့ makeup လိမ်း glitter အနည်းငယ်ထည့်၊ တိမ် ကြယ်ပုံစံ glitter မျိုးစုံထည့်ပြီး ဆံပင်ကို braided လုပ်ပေးတယ်။ အမျိုးသား ဝတ်စုံလည်း ရှိတဲ့အတွက် Couple Photo, Pre-wedding အတွက် အဆင်ပြေပါတယ်။ Professional Photographer ကို တစ်ဦး ယူချင်ရင် 300–500 ယွမ် ပေးရပါတယ်။ ကိုတွေကတော့ ကိုယ့်ပါသာကို ဘဲ ဖုံးနဲ့ ရိုက်ခဲ့တယ်။
📸 ဓာတ်ပုံရိုက်ခဲ့သည့်နေရာများ
📍Songzanlin ဘုရားကျောင်း – Yunnan ရဲ့ အကြီးဆုံး တိဘက်ဗုဒ္ဓကျောင်း။ အဝါရောင်နံရံကြီးတွေ နဲ့ sunrise တို့ sunset တို့ အတွက် Perfect Backdrop ဖြစ်ပြီးအလှဆုံးနေရာလေးပါ။
📍Dukezong Ancient City – တိဘက်အိမ်လေးတွေအများဆုံးရှိတဲ့ နေရာလေးပါ ရိုးရာဓလေ့တွေကိုမပျောက်မပျက်ထိန်းသိမ်းထားတဲ့ နေရာဆိုလည်းမမှားပါဘူး ။ ဓာတ်ပုံရိုက်စရာ နေရာများစွာလည်းရှိပါတယ်။
📍Napa Sea (Tears of Shangri-La) – ရာသီအလိုက် ရေကန်၊ မြက်ခင်းပြင်အကျယ်ကြီးရှိတဲ့ နေရာ။ ကိုတွေသွားတဲ့အချိန်ကနွေရာသီဆိုတော့ မြက်တွေကနွမ်းနေပြီးစိမ်းစိမ်းစိုစိုမရှိသာကြောင့် Napa Sea ကို သွားမရိုက်ခဲ့ပါဘူး။
နေရာတိုင်းက ဓာတ်ပုံရိုက်စရာနေရာတွေအများကြီဖြစ်နေပြီး မိုးကောင်းကင်အပြာနဲ့ တိမ်လေးတွေ၊ မက်မွန်ပန်းတွေနဲ့ ချယ်ရီပန်းပွင့်တွေကြားမှာ တရုတ်ဇာတ်လမ်းက မင်းသမီးလို ခံစားခဲ့ရတယ်။
⚠️ ဓာတ်ပုံရိုက်သည့်အခါမှာ သတိထားရမည့်အချက်များ
၁။ Ancient City နဲ့ Songzanlin temple မှာ ဓာတ်ပုံဆရာတွေအတင်း လိုက်ရောင်းတတ်ပါတယ်။ ကိုမသိဘဲ ကိုယ့်ပုံကိုရိုက်ပြီးလာပြသာတို့ ဘာတို့လုပ်တတ်ကြပါတယ်။ ကိုဘာသာကိုရိုက်မယ်ဆိုရင်ဒါတွေက အနည်းငယ် အနှောက်အယှက်ဖြစ်စေပါတယ်။ သူတို့ နဲ့ ရိုက်မယ်ဆိုရင်တော့ စျေးညှိကြည့်ပါ။ Costume shop တွေကလည်း photography service ယူမလားဆိုပြီးမေးတတ်ပါတယ်။ စျေးကတော့ ကို့အတွက်တော့စျေးကြီးတယ်လို့ခံစားရပါတယ်။ ပြီးတော့ သူတို့က view ထက်လူကိုအသားပေးပြီးရိုက်ပါတယ်။ Portrait ပုံမျိူတွေပါ။ အဲဒါမို့လို့ ကိုတွေကတော့ photography service ကိုမယူခဲ့ပါဘူး။
၂။ Costume ဝတ်ထားတဲ့အချိန်မှာ Toilet သွားရခက်နိုင်တဲ့အတွက် ဖြစ်နိုင်ရင်ရေများများမသောက်သင့်ပါဘူး။
၃။ ရာသီဥတုကောင်းတဲ့နေ့ကို ရွေးပါ။ Shangri-la မှာ ကမနက်အစောကြီးနဲ့၊ ညချိန် တွေကအရမ်း အေးပါတယ် မိုးရွာတဲ့နေ့ဆို ပိုအေးပါတယ်။
၄။ Shangri-La က အမြင့် 3,160 မီတာ ရှိတဲ့အတွက် လေထုနည်းခြင်း (altitude sickness) ကိုခံရပါတယ်။ လိုအပ်ရင် Dali, Lijiang လို အလယ်ပိုင်းလောက်ကမြို့လေးတွေမှာအရင်နေပြီး ဖြည်းဖြည်းချင်း ကို့ရဲ့ body ကို adjust လုပ်ပြီး အမြင့်ဆုံးဖြစ်တဲ့ Shangri-la ကိုနောက်ဆုံး မှသွားပါ။ လိုအပ်လျှင် အောက်ဆီဂျင်ဘူးလေးတွေကို pharmacy မှာဝယ်ထားပြီးဆောင်ထားသင့်ပါတယ်။