The LEAN by Alvin

  • Home
  • The LEAN by Alvin

The LEAN by Alvin Make ourselves shiny and bright in IT field.

25/12/2024

IT Professional တွေအတွက် စင်ကာပူကရတနာသိုက်

✨ Hey Everyone! Alvin Here! ✨
Today, I’ve got something truly fascinating to share with you—some treasure in Singapore for IT Professional 💎💎

👉 Don’t forget to like, comment, and share if you’re as wowed as I am. Let me know your thoughts or tag a friend who might love this!

🔔 Follow me for more amazing content!

Singapore company တွေမှာ professional အလုပ်လုပ်မယ်ဆိုရင် ဘယ်လို bonus 💵 မျိုးတွေ ရနိုင်မလဲ?Annual salary package 💰 ဆိုတာ...
12/07/2022

Singapore company တွေမှာ professional အလုပ်လုပ်မယ်ဆိုရင် ဘယ်လို bonus 💵 မျိုးတွေ ရနိုင်မလဲ?
Annual salary package 💰 ဆိုတာ ဘာလဲ? 🤔

လစာအပြင်အပိုပေးတဲ့ အပိုဆုကြေးတွေကို စင်ကာပူမှာ variable wage components (VB) လို့ ခေါ်ပါတယ်။

ဘာတွေပါသလဲဆိုတာ မရှင်းပြခင် ကြိုပြီးအသိပေးထားချင်တာတစ်ခုက
ကုမ္ပဏီတိုင်းက Variable Components တွေ မပေးပါ

တချို့ ကုမ္ပဏီတွေက ၁ခု ၂ခု ပေးသလို တစ်ချို့ကြတစ်ခုမှမပေးတဲ့ ရုံးတွေလဲရှိတတ်ပါတယ်။

VB မှာ အောက်ပါ အပိုကြေးတွေ အကြုံးဝင်ပါတယ်။ OT ကြေးသည် Bonus မဟုတ်ပါ။

1. Annual Wage Supplement (AWS)
စင်ကာပူမှာ ၁၃လစာလို့ လူသိများပါတယ် နှစ်ကုန်တိုင်းမှာ Performance ပေါ်မမူတည်ပဲ တစ်လစာ အပိုဆောင်းပေးတဲ့ သဘောပါ။
အစိုးရအလုပ်တွေမှာ ပေးလေ့ရှိပြီး Private Company ကြီးတော်တော်များများလဲ ပေးလေ့ရှိပါတယ်။

2. Adhoc Bonus
Sales ပိုင်းတွေ တစ်ခြား Project Based Positions တွေမှာ Target မှီလို့ဖြစ်ဖြစ် Project ပြီးလို့ ဖြစ်ဖြစ်ပေးတဲ့ အပိုဆုသဘောမျိုးပါ နာမည်အတိုင်း Amount ကပုံသေတွက်လို့မရပါဘူး ရာဂဏန်း ဖြစ်နိုင်သလို သိန်းချီ သောင်းချီလဲ ဖြစ်နိုင်ပါတယ် ခင်ဗျာ

3. Performance Bonus/ Variable Bonus
အများစုရလေ့ရှိတဲ့ Bonus အမျိုးအစားပါ
များသောအားဖြင့် ၁လစာကမှစပြီး ၃လ ၄လ စာတွေထိရတတ်ပါတယ်။ မိမိရဲ့ Performance Score နှင့် Department/Team/Company ရဲ့ Performance အပေါ်မူတည်ပြီးတွက်ချက်တာ ဖြစ်ပါတယ်။

4. Sign-on Bonus
ပုံသေမရှိပါဘူး Offer Negotiation လုပ်ရမှာထည့်တောင်းရင်ရတတ်သလို Macdonald တို့ Starbuck တို့လို အလုပ် လိုအပ်ချက်များပြီး လူရှာမရတဲ့အခါ လူတွေအလုပ်လျောက်ချင်လာအောင် One Time Bonus သဘောမျိုးဖြင့်လဲ ပေးတတ်ပါသေးတယ် အများအားဖြင့် ၁လစာကနေ ၂လ ၃လစာလောက်ထိပေးနိုင်ပါတယ်။

5. Annual Bonus
Manufacturing Industry တွေမှာ သတ်မှတ်နှစ်အတွက် Target မှီရင် အပိုဆုဆိုပြီး သက်သက်ပေးတတ်ပါသေးတယ်။ Covid အချိန်တုန်းကလဲ ဝန်ထမ်းတွေ သက်သာချောင်ချိရေးဆိုပြီး ပေးတာတွေလဲ မြင်ဖူးပါတယ်။ အများအားဖြင့် တစ်လစာအောက်ပေးတာ ဖြစ်ပါတယ်။

6. Stock Options
ရတောင့်ရခဲ Bonus အမျိုးအစား ဖြစ်ပါတယ်။ များသောအားဖြင့် ဒီbonus အမျိုးအစားအတွက် Rules သီးသန့်မရှိလို့ လူကြီးသဘောအရမ်းကျပြီး ကိုယ့်အတွက်လုပ်ပေးချင်တဲ့ အခြေအနေမျိုးရောက်မှသာ ရနိုင်တာဖြစ်ပါတယ်။ သင်ရနေပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။

အဲ့ဒါဆို bonus က စုစု​ပေါင်းဆိုဘယ်လောက်အများကြီးရမှာလဲလို့ မေးစရာဖြစ်လာပါတယ်

Salary to Bonus Ration
Management Position မျိုးမရောက်သေးဘူးဆိုရင်တော့ အများအားဖြင့် Annual Salary to Bonus Ration က
4:1 or 5:1 လောက်ဖြစ်နေမှာ ဖြစ်ပါတယ်။

ဥပမာ ကျနော်ကတစ်လ 7000 ရတယ်ဆိုပါစို့
ကျနော့်တစ်နှစ်ဝင်ငွေက 7000*12= 84000 ပါ
84000 ကို 4 နဲ့စားမယ်ဆို (4:1) ဖြစ်လို့ 21000 ဟာ ကျနော့် Bonus ဖြစ်မှာပါ

Total ဖြစ်တယ့် 84000+21000= 105000 ကို Annual Package လို့ခေါ်ပါတယ်။
ဒါကြောင့် စင်ကာပူမှာ နာမည်ကြီး ဖြစ်တယ့် Forum တွေမှာ Company Review တွေဖတ်တဲ့အခါ

15 months package တို့ 16 months package တို့ရေးထားတာတွေ့ရင် သူတို့ပြောတာ Bonus amount တွေပါ ထည့်ပေါင်းထားတာကို ဆိုလိုတာပါ

12 လအလုပ်လုပ်ရင် အပိုဆုတွေက 3 လစာပိုရလို့ 15 လ စာ package လို့ ခေါ်တာပါခင်ဗျာ

Bonus တွေက အခွန်ဆောင်ရပါတယ် ကြုံတဲ့အခါ အခွန် (Tax) ပေးရပုံအကြောင်းရေးပါဦးမယ်

ကျနော်ကြုံခဲ့ မြင်ခဲ့တာတွေသာ ရေးချင်းဖြစ်ပြီး မှီငြမ်းမှု အနည်းငယ်သာပါဝင်ပါတယ်။ မဖြစ်နိုင်တာတွေ ရေးထားချင်းမဟုတ်ကြောင်းလဲ အာမခံပါတယ်။

အသုံးဝင်ကျမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ။

ကိုယ်ဟာကံဆိုးသူလားဘဝမှာ ဘာလို့ ပြသနာတွေက ကိုယ့်ကိုပဲ လာလာရှာနေတာလဲ ကံဆိုးသူဘာလို့ဖြစ်နေလဲဆိုပြီး တွေးမိနေပြီဆိုဒါဆိုဒီpo...
05/07/2022

ကိုယ်ဟာကံဆိုးသူလား

ဘဝမှာ ဘာလို့ ပြသနာတွေက ကိုယ့်ကိုပဲ လာလာရှာနေတာလဲ ကံဆိုးသူဘာလို့ဖြစ်နေလဲဆိုပြီး တွေးမိနေပြီဆို
ဒါဆိုဒီpostလေးကို ဖတ်ကြညိ့ပါဦးခင်ဗျာ

တခါတုန်းက ပြင်သစ်နိုင်ငံ အထူးအမြန်ရထား TGV High Speed Rail စတင်ချိန်အချိန်ပေါ့ဗျာ

မြို့တော်ပါရီနဲ့ မြောက်ပိုင်းမြို့တော် လိီလ်(lille) နဲ့ဆက်သွယ်ထားတဲ့ ခရီးစဉ်ကဘူတာတွေမှာ တစ်ဘူတာကို ၁၂ မိနစ် (12 mins per station) ရပ်နားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်

ခရီးသည်အတက်အဆင်း ၅ မိနစ်ယူတော့ သန့်ရှင်းရေးဝန်ထမ်းတွေအနေနဲ့ အမှိုက်ရှင်းလင်းရေးလုပ်ဖို့ ၇ မိနစ်သာ အချိန်ရပါတယ်

အဲ့ဒီ့မှာ ရထားလမ်းအုပ်ချုပ်သူတွေဟာ စိန်ခေါ်မှုတစ်ရပ်နဲ့ ရင်ဆိုင်ရတော့တာပါပဲ

သန့်ရှင်းရေးဝန်ထမ်းတွေဟာ ၇ မိနစ်နဲ့ အမှိုက်ရှင်းမနိုင်ကြပါဘူး
လူတိုးခန့်ဖို့ရာ တွဲဆိုင်းတွေမှာအလုပ်လုပ်ရတာမို့ နေရာအကန့်အသတ်ရှိတာကြောင့် မလွယ်ကူပါဘူး

အဲ့ဒီ့အခါ ခရီးသည်တွေနဲ့ စကားမပြောရဘူး အလုပ်ပဲအာရုံထားလုပ်ရမယ် အစသဖြင့် တင်းကျပ်တဲ့စည်းကမ်းတွေ training တွေထပ်ပေးပီးတော့ အလုပ်လုပ်နှုန်းကို မြှင့်တင်ဖို့ ကြိုးစားပါတော့တယ်

ဘယ်လိုပဲလုပ်လုပ် နှုန်းကတော့ ထိုက်သင့်သလောက်တက်လာပေမယ့် ၇ မိနစ်နဲ့တော့မပြီးနိုင်ပါဘူး

ခေါင်းတွေလဲခြောက်ပြီး နည်းလမ်းပေါင်းစုံစဉ်းစားကြတာပေါ့

အုပ်ချုပ်သူနဲ့ ဝန်ထမ်းတွေကြား ဆက်ဆံရေးကလဲ ဖိအားတွေနဲ့ တင်းမာမှုတွေ စတင်လာတာပါပဲ

အဲ့ဒီမှာ အုပ်ချုပ်သူတွေ သတိမေ့နေတဲ့အချက်က Human Factor ( လူသားတွေရဲ့ သက်ရောက်မှု) ပဲဖြစ်ပါတယ်
အဲ့အချက်ကို အချိန်မှီသတိထားမိပြီး အုပ်ချုပ်သူတွေဟာ မှန်ကန်တဲ့ပြောင်းလဲချက်တစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ်

များနေတဲ့အမှိုက်တွေကို ကြိုးစားရှင်းမယ့်အစား ခရီးသည်တွေက်ို အမှိုက်မပစ်ဖို့ကို ဆွဲဆောင်တာပါ
Video clips တွေ ကြော်ငြာ ပိုစတာတွေနဲ့ ခရီးသည်တွေကို သူတို့ရထားလိုင်းကို ဂုဏ်ယူလာအောင် တန်ဖိုးထားလာအောင် ထိထိရောက်ရောက်ကြေငြာပါတော့တယ်

သန့်ရှင်းရေးဝန်ထမ်းတွေကို သန့်ရှင်းရေးသာမန်ဝတ်စုံအစား ရထားနဲ့ တသားထဲဖြစ်မယ့် ခမ်းခမ်းနားနားဝတ်စုံတွေလဲပေးပြီး ခရီးသည်တွေကို ဒီလူတွေက သူတို့ဂုဏ်ယူရတဲ့ ရထားရဲ့တစိတ်တပိုင်းဆိုတာ လက်ခံလာအောင်လုပ်ယူပါတယ်
သံမဏိစဉ်းမျဉ်းဖြစ်တဲ့ သန့်ရှင်းရေးဝန်ထမ်းကို ခရီးသည်နဲ့ စကားမပြောရဘူးဆိုတဲ့ စဉ်းမျဉ်းကိုလဲ ပယ်ဖျက်ခိုက်ပါတယ်

ကာလတိုအတွင်းမှာ ရလဒ်အနေနဲ့ အမှိုက်တွေသိသိသာသာကျဆင်းသွားပီး အလုပ်သမားတွေနဲ့ အုပ်ချုပ်သူတွေကြား ဆက်ဆံရေးလည်း ပြန်လည်ပျော်ရွှင်လာပါတော့တယ်

အနီးဆုံးမြင်နိုင်တာကတော့ ကျနော်တို့ခေတ်အဆက်ဆက်က ရန်ကုန်စည်ပင်လဲ human factor ဖော်ဆောင်ရမှာ အင်မတန်အားနည်းတာကို အလွယ်လေးတွေ့မြင်န်ိုင်ပါတယ်

အထက်ပါဖော်ပြတဲ့ problem solving technique က
ကျနော့်page name LEAN by Alvin မှာပါတဲ့ LEAN method ဖြစ်ပါတယ်

LEAN ဆိုတာ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို ပိုမိုကောင်းမွန်ဖို့ လိုအပ်တဲ့ပြောင်းလဲမှုရဖို့အတွက် လုပ်နေတဲ့အရာတွေကို ပြန်လည်သုံးသပ်ပြီး မလိုပဲပိုလုပ်နေမိတာတွေ လျော့ချကာ လိုအပ်တဲ့ပြောင်းလဲမှုများ ထည့်သွင်းခြင်းလို့ အကြမ်းမျဉ်းယူဆနိုင်ပါတယ်

ကျနော်တို့ဘဝမှာ ပြသနာတွေရှင်းမနိုင်ဖြစ်နေရင်
ကိုယ့်ချည်းပဲ ပြသနာတွေအများကြီးရင်ဆိုင်နေရတယ်လို့ တွေးမိရင် ပြသနာတွေ ရှင်းဖို့ထက် ပြသနာတွေ လာတဲ့ sources တွေကို ပြန်လည်သုံးသပ်ဖို့ အကြံပေးပါရစေ

Human factor ကြောင့်ဆိုရင်တော့ ခရီးသည်တွေကိ​ု အမှိုက်မပစ်အောင် ရထားလိုင်းကို ဂုဏ်ယူလာအောင် ဆွဲဆောင်ခဲ့သလို မိမိအသိုင်းအဝိုင်း အလုပ်ခွင် မိသားစုမှာ value တခုဖန်တီးဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း အတွေးဝင်စေလိုပါတယ်

အားလုံး ပျော်ရွှင် ကျန်းမာဘေးကင်းတဲ့ July လတလကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ

မှတ်ချက်။ ။ ရထားလိုင်း, station နှင့် city name များသည် အမည်လွှဲများ ဖြစ်ကြပါသည် Fact မဟုတ်ပါ။

04/07/2022
မင်္ဂလာပါခင်ဗျာLEAN by ALVIN Page ကနေကြိုဆိုပါတယ်အားလပ်ချိန်တွေမှာ ကျနော့်Job Hunting Tips လေးများ မျှ‌ဝေ ပါရစေခင်ဗျာ ဒီ...
04/07/2022

မင်္ဂလာပါခင်ဗျာ
LEAN by ALVIN Page ကနေကြိုဆိုပါတယ်
အားလပ်ချိန်တွေမှာ ကျနော့်Job Hunting Tips လေးများ မျှ‌ဝေ ပါရစေခင်ဗျာ

ဒီနေ့ပြောချင်တဲ့ အကြောင်းကတော့ စင်ကာပူမှာ ဘယ်လို သူများထက် ဖားခုန်ခုန်(Frog Leap)ပြီး အလုပ်ရအောင်လုပ်နည်းအကြောင်းပဲဖြစ်ပါတယ်

ကိုယ်တွေ့ကြုံထားရတဲ့ အတွေ့အကြုံများဖြစ်လို့
စင်ကာပူကို အခုမှလာချင်တဲ့သူများအတွက်ရော ဒီကိုရောက်နေပြီးသား အလုပ်ပြောင်းချင်တဲ့အကိုအစ်မတွေအတွက်ရော
အသုံးတည့်ဖို့ မျှော်လင့်ပါတယ်

ဘယ်သူမှ ပြောပြလေ့မရှိတဲ့
အလုပ်ရှာနည်း
လိုချင်တဲ့အလုပ်ရအောင် ချည်းကပ်နည်း
လစာတောင်းနည်းတွေကို

Own Tune Tips & ALVIN WAYs တွေနဲ့ပြောပြမှာဖြစ်လို့ အောက်ကတစ်ပုံချင်းစီဖိပြီး ဖတ်ကြပါခင်ဗျာ

Address


Telephone

+6588660531

Website

Alerts

Be the first to know and let us send you an email when The LEAN by Alvin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The LEAN by Alvin:

  • Want your business to be the top-listed Media Company?

Share