Saw James Vlog

Saw James Vlog Collections of my photos, videos and knowledge. And cycling as well.

ဝါသနာ အရ ရိုက်ထားတဲ့ ဓါတ်ပုံ နှင့် ဗွီဒီယိုများကို ဒီ Page မှာ တင်ပါမယ်။

James Photo and Video Art
(Saw Myo Min Hlaing)

ကွီး TT ပေါ်မှာလည်း ရှိတယ်နော်။
06/01/2026

ကွီး TT ပေါ်မှာလည်း ရှိတယ်နော်။

06/01/2026

Logong Buangkok Kampong စင်ကာပူရဲ့နောက်ဆုံးလက်ကျန် ဗွမ်ကောက်ရွာလေးကို မှတ်တမ်းတင်ထားပါသည်။ YouTube မှာ တင်ထားတာကို အခု ဒီမှာ အစအဆုံး တင်ပေးလိုက်ပါတယ်။

06/01/2026

Civilian War Memorial ကျောက်တိုင်နား မနေ့ညက ဖြတ်စီးတုန်း ရိုက်ချင်တာနဲ့ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူဟာ ဒုတိယ ကမ္ဘာစစ် ရဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ရဖူးပါတယ်။ ဂျပန်သိမ်းပိုက်ခဲ့တဲ့ ၁၉၄၂ ကနေ ၁၉၄၅ အတွင်း လူထောင်ချီပြီး အသ-တ်ခံခဲ့ရပါတယ်တဲ့။ ၆၀၀၀ ကျော်လောက် မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် အမှန်တကယ် ေ-သဆုံးသူ အရေအတွက် ၂၅၀၀၀ ကနေ ၅၀၀၀၀ လောက် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်တဲ့။ ဒါတွေကို အမှတ်ရစေဖို့ Civilian War Memorial ပန်းခြံ နဲ့ ကျောက်တိုင်ကို ၁၉၆၆ မှာ ဆောက်လုပ်ခဲ့ပါတယ်။ ကျောက်တိုင်ရဲ့ပတ်ချာလည်မှာ အင်္ဂလိပ်၊ တရုတ်၊ မလေးရှား နဲ့ တမီလ် ဘာသာစကားတွေ နဲ့ ရေးထိုးထားပါတယ်။




စက်ဘီးစီးကြတဲ့ ပုံလေးတွေနဲ့ ၂၀၂၆ ပြက္ခဒိန်လုပ်ပေးလိုက်ပါတယ်။ ပုံထဲမှာ မပါဖြစ်သွားရင်  ကြိုတင်တောင်းပန်အပ်ပါတယ်။
06/01/2026

စက်ဘီးစီးကြတဲ့ ပုံလေးတွေနဲ့ ၂၀၂၆ ပြက္ခဒိန်လုပ်ပေးလိုက်ပါတယ်။ ပုံထဲမှာ မပါဖြစ်သွားရင် ကြိုတင်တောင်းပန်အပ်ပါတယ်။






05/01/2026

Happy 2026 calendar

05/01/2026
ပြက္ခဒိန်လေး စမ်းလုပ်ကြည့်တာပါ။Testing to create 2026 calendar…
05/01/2026

ပြက္ခဒိန်လေး စမ်းလုပ်ကြည့်တာပါ။
Testing to create 2026 calendar…




အသက် ၁၀၉ နှစ်ထိ အသက်ရှည်ခဲ့သည် စက်ဘီးသမားကြီးမိမိလည်း စက်ဘီးအကြောင်းတွေ ဖတ်လေ့ရှိရာ Facebook ရဲ့AI များကလည်း မိမိကို စက်...
05/01/2026

အသက် ၁၀၉ နှစ်ထိ အသက်ရှည်ခဲ့သည် စက်ဘီးသမားကြီး

မိမိလည်း စက်ဘီးအကြောင်းတွေ ဖတ်လေ့ရှိရာ Facebook ရဲ့AI များကလည်း မိမိကို စက်ဘီးအကြောင်းချည်း ပြသလေ့ရှိပါတော့တယ်။ ဒီလိုနဲဘ ဒီစက်ဘီးသမားကြီးအကြောင်း မရှာပါဘဲ မျက်စိရှေ့ ဒိတ်ဒိတ်ထိ ပို့ဆောင်လာပါလေရောဗျာ။ ဒါနဲ့ ဒီ အသက်ရာကျော်ရှည်တဲ့ Robert Marchand အကြောင်းကို လိုက်ရှာမိပါလေတော့တယ်။

Robert Marchand က ပြင်သစ်နိုင်ငံသားဖြစ်ပါတယ်။ ပထမ ကမ္ဘာစစ်ကြီးမဖြစ်ခင်​ ၁၉၁၁ ခုနှစ် မှာ သူ့ကို မွေးပါတယ်။ ၁၉၃၀ မှာ သူက မီးသတ်သမား ဖြစ်နေပါပြီ။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အဖမ်းခံရပါသေးတယ်။ လွတ်လာတဲ့နောက် ဗင်နီဇွဲလားကို သွားပြီး ကုန်ကားမောင်းခြင်း နဲ့ ကြံစိုက်ပျိုးခြင်းတို့ လုပ်ခဲ့ပါတယ်။ ၁၉၅၀ မှာ ကနေဒါကို ပြောင်းခဲ့ပါသေးတယ်။ ၁၉၆၀ ရောက်မှ ပြင်သစ်ကို ပြန်လာပြီး ဥယျာဉ်စိုက်ပျိုးခြင်း နဲ့ ဝိုင်အရောင်းအဝယ်ကို ၁၉၈၇ ထိ လုပ်ခဲ့ပါတယ်။ ကမ္ဘာပတ်ပြီး အလုပ်မျိုးစုံ လုပ်ခဲ့သူကြီးပါ။

၁၉၇၈ ခုနှစ် (အသက် ၆၇ နှစ်) ကနေ အသက် ၁၀၀ ပြည့်သိအထိ စက်ဘီးတွေ ပြန်စီးတယ် လေ့ကျင့်တယ်လို့ ရေးထားတာ ဆိုတော့ အရင်ကလည်း စီးခဲ့တယ် ထင်ပါတယ်။ အဲကာလတွေမှာ စက်ဘီးစီးတဲ့ ကမ္ဘာ့စံချိန် အမျိုးမျိုးကို ချိုးတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သူ့အသက် ၁၀၁ နှစ်မှာ ၁၅ မိုင်​လောက်ကို တစ်နာရီ နဲ့ စီးပြီး အသက်ရာကျော်စက်ဘီးသမားအဖြစ် ကမ္ဘာ့စံချိန်ကို ချိုးခဲ့ပါတယ်။ ၂၀၁၇ သူ့အသက် ၁၀၅ နှစ်ကျော်မှာ ၁၄ မိုင်လောက်ကို တစ်နာရီ နဲ့ စီးပြီး စံချိန် ထပ်ချိုးပါတယ်။ သူအရွယ် လူတွေက အရိုးဆွေးနေချိန်မှာ သူက စက်ဘီးစီးလို့ ကောင်းတုန်းပါ။ အဲဒီ ၁၀၅ နှစ်မှာ ကမ္ဘာ့အသက်ကြီးဆုံးစက်ဘီးသမား အဖြစ် ဂရင်းနစ်စံချိန်လည်း တင်ခဲ့ပါတယ်။

သူက အသီး အရွက်များများစားပါတယ်၊ အသားနည်းနည်းစားတယ်၊ ကော်ဖီလည်း သိပ်မသောက်ဘူးတဲ့။ တစ်နေ့ကို တစ်နာရီလောက် အိမ်မှာ စက်ဘီးစီး လေ့ကျင့်တယ်တဲ့။ ပသက် ၁၀၇ နှစ်မှာ ကီလိုမီတာ ၂၀ လောက် စီးပြီး မွေးနေ့ပွဲကျင်းပခဲ့သတဲ့။ အသက် ၁၀၈ နှစ်မှာတော့ နားတော်တော်လေး မကြားတော့လို့ လမ်းပေါ်မှာ စက်ဘီးစီးခြင်းကို ရပ်နားလိုက်ပါတယ်တဲ့။ သူဟာ ပြင်သစ်ကွန်မြူနစ်ပါတီ နဲ့ CGT Trade Union တို့မှာ အဖွဲ့ဝင်အဖြစ် နှစ်ပေါင်း ၉၀ ကျော် ဖြစ်ခဲ့ပါသတဲ့။ သူမသေဆုံးခင်မှာ သူဟာ တစ်ဦးတည်းသော ဒုတိယကမ္ဘာစစ်ပြန်ကြီး တစ်ဦးဖြစ်ခဲ့ပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် သူ့အသက် ၁၀၉ နှစ်မှာ ကွယ်လွန် ခဲ့ပါတယ်။

ကဲ ကျတော်တို့လည်း သူ့လို အသက်ရှည်ရှည်နေရင်း စက်ဘီး စီးကြစို့ဗျာ။ ကံကြမ္မာကတော့ ပြောလို့ မရဘူးပေါ့လေ။



သူပေးသော တာဝန်များ များလှပါသည်။
05/01/2026

သူပေးသော တာဝန်များ များလှပါသည်။

ဒီဘီးလေးနဲ့ Farewell... ဖြစ်သွားပြီ…
04/01/2026

ဒီဘီးလေးနဲ့ Farewell... ဖြစ်သွားပြီ…

04/01/2026

Road Bike year 2026. ၂၀၂၆ ကတော့ Road Bike နှစ် ဖြစ်ပါတယ်။ 😂

Address

Singapore

Alerts

Be the first to know and let us send you an email when Saw James Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saw James Vlog:

Share

Category