Saye phaw

Saye phaw Let’s explore together ✈️
Let’s crochet together 🧶
Not selling on this page 🚫

Relaxing …အသစ်အသစ်တွေလည်း သင်ယူနေပါတယ်ရှင်💜
25/11/2025

Relaxing …
အသစ်အသစ်တွေလည်း သင်ယူနေပါတယ်ရှင်💜


BATAM morning 🇮🇩
13/11/2025

BATAM morning 🇮🇩

ကိုယ်တိုင် လုပ်ရတဲ့ DIY လေးတွေဆို အရမ်းကြိုက်သော ကျွန်မ က SHOPEE က နေ 3$off ရတဲ့အခါမျိုးဆို ဒါလေးတွေ ဝယ်ဖြစ်တယ်ပေါ့နော် ...
12/11/2025

ကိုယ်တိုင် လုပ်ရတဲ့ DIY လေးတွေဆို အရမ်းကြိုက်သော ကျွန်မ က SHOPEE က နေ 3$off ရတဲ့အခါမျိုးဆို ဒါလေးတွေ ဝယ်ဖြစ်တယ်ပေါ့နော်
ဒါမျိုး DIY တွေ လုပ်တဲ့အခါ
အလုပ်မရှိအလုပ်ရှာ လို့ပြောတဲ့ လူလည်း ရှိသလို
စိတ်ကူးလေးကာင်းလိုက်တာလို့ ချီးကျူးတဲ့လူလည်းရှိတယ်
အဲ့တော့ ပြောချင်တာက
တစ်ချို့အရာတွေကို
သဘောကျတယ် ပျော်တယ်ဆို ကြိုးစားကြည့်ပါ
တစ်ချို့တွေ ကဲ့ရဲ့တိုင်း
သူများဘောင်ထဲနေစရာမလိုဘူးလို့ထင်တယ်
ဘဝက နေတတ်ရင်ပျော်စရာကောင်းပါတယ်
အမြဲတမ်း သူများစံနှုန်းအတိုင်း နေစရာမလိုပါဘူး 💙💙

2 in 1  crochet  ideas 💡 Photo from internet
11/11/2025

2 in 1 crochet ideas 💡

Photo from internet

07/11/2025

ဆရာ့ကို ဆရာမလုပ်နဲ့
ဆရာ့ကို ဆရာလုပ်ချင်ရင်
ဆရာ့ဆရာရဲ့ ဆရာ့ဆီမှာ
ဆရာသင်တန်းတက်ပြီး
ဆရာဖြစ်မှ ဆရာ့ကိုဆရာလာလုပ်
အဲ အဲ့လိုမှမဟုတ်ရင်
ဆရာ့ကို ဆရာမလုပ်နဲ့
ဂျောင်းးးး
✌️

05/11/2025

RM လိုချင်တုန်းက မရ
Vလိုချင်တယ်ဆိုမှ RM ရတော့တယ်

Hiking တက် ရင်း ရုတ်တရက် ဘဏ်ထဲက လက်ကျန်ငွေ ကို အတွေးရောက်သွားသောအခါ … #ရေပြာအိုင်
01/11/2025

Hiking တက် ရင်း ရုတ်တရက် ဘဏ်ထဲက လက်ကျန်ငွေ ကို အတွေးရောက်သွားသောအခါ …

#ရေပြာအိုင်

မလေးရှားက ရေပြာအိုင်ဆီသို့ Hiking in Malaysia 🇲🇾 (Tasik Biru (blue lake) Kangkar Pulai, Johor Bahru. ဒီရေပြာအိုင်ဆီကို သ...
01/11/2025

မလေးရှားက ရေပြာအိုင်ဆီသို့
Hiking in Malaysia 🇲🇾
(Tasik Biru (blue lake) Kangkar Pulai, Johor Bahru.

ဒီရေပြာအိုင်ဆီကို သွားခဲ့တဲ့ experiences လေးတွေကို save ရင်း sharing လုပ်ပါမယ်
shopping ထွက်ဖို့ ပိုက်ပိုက်မရှိတော့တဲ့အခါ hiking ထွက်ပါ 😇

လမ်းညွှန်

စလုံးကနေ မလေးရှားကို
woodland checkpoints ကနေကားနဲ့ပဲ သွားပါတယ်
ရထားနဲ့လည်းသွားလို့ရပေမဲ့ လက်မှတ်ကအနားကပ်ပြီးဝယ်လို့မရလိုက်ဘူး
မလေးရှားသွားဖို့ visa မလိုတော့ဘူးဆိုတော့
arrival card ပဲ ဖြည့်သွားရပါတယ်
မလေးရှား city square( JB central ) ကနေ
မိနစ်လေးဆယ်လောက်တော့ grab စီးရပါတယ်
grab(30-35RM)လောက်တော့ကျပါတယ် SGD10$လောက်ပေါ့

Noti ;
ရေဘူး အဆာပြေမုန့် UV ကာကွယ်ဖို့
Tမရှိပါဘူး car park နဲ့ တောင်ပေါ်မှာကော ကိုယ့်ကိစ္စ ကိုယ့်ဖာသာကြည့်ကျပ်လုပ်ရပါမယ်
ဦးထုပ် အဆောင်းယူသွားပါ ပုရွတ်ဆိတ်တို့ insects လေးတွေ ကျတတ်ပါတယ်
မျောက်လေးတွေလည်း ရှိလို့ အိတ်တွေ ဖုန်းတွေ သတိထားဖို့ လိုပါတယ်
အရေပြားပါးတဲ့ သူတွေက လက်အိတ်လေးနဲ့ တက်ပါ ကြိုးတွေကိုင်ဆွဲပြီး တက်ရတာမျိုးတွေရှိပါတယ်
(ကိုယ်ကတော့ လက်ပေါက်ခဲ့ပါတယ် ချော်ကျပြီး 🤣)

အထူးသတိထားရမှာက‼️
တောင်တက်နေကျလူတွေကတော့ သိပေမဲ့ အခုမှ အပျော်တမ်းစတက်မဲ့ လူတွေအတွက်ပါ (ကိုယ်တွေလိုပေါ့)
လမ်းတွေ နဲနဲရှုပ်ပါတယ် သစ်ပင်တွေမှာ အမှတ်တွေ မှတ်ထားတာတွေကို follow လုပ်ပါ ( မလေးလိုရေးထာတာတွေကိုတော့ google translate နဲ့ လုပ်ပါတယ်) လမ်းမှားတတ်ပါတယ်
Data က ရလိုက်မရလိုက်ဆိုတော့ အဖွဲ့လိုက်လေးသွားတာပိုအဆင်ပြေမယ်ထင်ပါတယ်
Safety first ပါနော် အရဲသွားတင်လို့တော့မရဘူး
တောင်ကတုံးပေါ်မှာက ကြိုးနဲ့တားထားတာမရှိတော့ ပြုတ်ကျရင်ဂိ🫩သွားနိုင်ပါတယ်
Caseလည်းရှိခဲ့တော့ သတိထားကြပါ

သဘာဝ သစ်ခွမျိုးစိတ်လေးတွေနဲ့ တောပန်းလည်း ရှိပါတယ် အရမ်းလည်း လှကြတယ်
Wild ဖြစ်တဲ့အတွက် အနံ့မွှေးကြည့်တာတို့ မလုပ်တာကောင်းမယ်ထင်တယ် allergic ဖြစ်တတ်တော့
အမှတ်အသားတွေလိုက်ရှာပြီး တောင်တက်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်

စလုံးမှာ လည်စရာတွေကုန်သွားတဲ့အခါ ဒီ ရေပြာအိုင်လေးကို သွားကြည့်ပါနော်
မလေးရှားနိုင်ငံ ဂျိုးဟိုးမြို့မှာပါ

ထပ်ပြီးတော့ alert ‼️ လုပ်ပါရစေ မလေးရှားarrival card ဖြည့်ဖို့ မမေ့ပါနဲ့နော်

#ရေပြာအိုင်

တောင်ပေါ်က Bamboo orchid  မလေးရှားမှာ hiking တက်ရင်း တောင်ပေါ်မှာ တွေ့ခဲ့တယ့်  bamboo orchid တောင်တက်ရတာ ဒါမျိုးလေးတွေကြ...
31/10/2025

တောင်ပေါ်က Bamboo orchid
မလေးရှားမှာ hiking တက်ရင်း တောင်ပေါ်မှာ တွေ့ခဲ့တယ့် bamboo orchid
တောင်တက်ရတာ ဒါမျိုးလေးတွေကြောင့် ပိုပျော်ဖို့ကောင်းတာထင်ပါရဲ့
သူရဲ့ ပင်စည်နဲ့ အရွက်က ဝါးပင် ဝါးရွက်နဲ့ တူလို့
bamboo orchid လို့ ခေါ်ကြတာပါ
တစ်နှစ်ပတ်လည်လုံးပန်းပွင့်တက်တဲ့ မျိုးဖြစ်ပြီး
အပင်မြင့်ပေါ်ထက် မြေမာပေါ်မှာ ပိုရှင်သန်ကြပါတယ်
Google က ဖတ်မိသလောက်ပါ မြန်မာလိုကော ဘယ်လိုခေါ်ကြလဲ ဒီသစ်ခွမျိုးလေးကို ..?

31/10/2025

ဝါသနာနောက်ကို လိုက်နေပါပြီ
အခုကစပြီး ခရီးတွေ သွားမယ် hiking တွေ တက်မယ်
Crochet ဘက်လည်း လုပ်ပါမယ် မျှပြီးတော့ပေါ့🤣
အခုရက်ပိုင်းတော့ ခရီးတွေသွားနေရလို့ အလုပ်အဇမ်းရှုပ်နေသောကျမ 🤣🤣

လှလိုက်တဲ့ ရေပြာအိုင်(blue lake in JOHOR BAHRU, Malaysia)  အချိန်ရှိတုန်း အခွင့်အရေးရှိတုန်း ကျန်းမာတုန်း ခရီးတွေသွားမယ်...
31/10/2025

လှလိုက်တဲ့ ရေပြာအိုင်
(blue lake in JOHOR BAHRU, Malaysia)
အချိန်ရှိတုန်း အခွင့်အရေးရှိတုန်း ကျန်းမာတုန်း ခရီးတွေသွားမယ် တောင်တွေတက်မယ်
ကိုယ့်ကို တန်းဖိုးမထားတဲ့ အရပ်ကနေ ဝေးဝေးနေမယ်
ပျော်အောင်နေမယ် ဒီလောက်ဆို တော်ပြီပေါ့ …

Address

Woodlands

Alerts

Be the first to know and let us send you an email when Saye phaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Saye phaw:

Share