19/06/2025
အင်္ဂလိပ်စာလေ့လာတာနဲ့ပတ်သက်ပြီး နိုင်ငံတနိုင်ငံချင်းစီရဲ့ နိုင်ငံသားတွေမှာ အမြင်အမျိုးမျိုးရှိကြပါတယ်။ ဒီနေ့မှာတော့ အင်္ဂလန်နဲ့ ဆွီဒင်နိုင်ငံတွေမှာ နေထိုင်တဲ့ Isabella ကို အင်္ဂလိပ်စာလေ့လာမူနဲ့ပတ်သက်ပြီး ဘယ်အပိုင်းက အရေးကြီးတယ်၊ မကြီးဘူးဆိုတာကို သူမ အမြင်ကို မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
Nice to meet you.
တွေ့ရတာဝမ်းသာပါတယ်ရှင်။
Nice to meet you, too.
ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်။
May I know your name?
နာမည်လေး သိခွင့်ရှိမလား။
My name is Izzy. What's your name?
ကျွန်မနာမည် Izzy ပါ။ ရှင့်နာမည်ကရော။
Oh, I'm Rachel. How do I spell your name?
အော်၊ ကျွန်မက Rachel ပါ။ ရှင့်နာမည်ကို ဘယ်လိုစာလုံးပေါင်းရမလဲ။
I. Z. Z. Y.
I. Z. Z. Y. ပါ။
That's a cute name. Is it Isabella or is it just Izzy?
ချစ်စရာကောင်းတဲ့ နာမည်လေးပဲ။ Isabella ကို အတိုကောက်ခေါ်တာလား ဒါမှမဟုတ် Izzy ပဲလား။
It's Isabelle.
Isabelle ပါ။
Oh. Where are you from?
အော်။ ရှင်က ဘယ်ကလဲ။
I'm from England and Sweden, but I live in London.
ကျွန်မက အင်္ဂလန်နဲ့ ဆွီဒင်ကပါ၊ ဒါပေမဲ့ လန်ဒန်မှာနေပါတယ်။
So you're a city girl?
ဒါဆို ရှင်က မြို့သူလေးပေါ့။
Yeah.
ဟုတ်ပါတယ်။
May I know what you do for a living?
အသက်မွေးဝမ်းကြောင်းအနေနဲ့ ဘာအလုပ်လုပ်လဲဆိုတာ သိလို့ရမလား။
I'm a painter.
ကျွန်မက ပန်းချီဆရာတစ်ယောက်ပါ။
That's interesting. What's the favorite... What's your favorite part of your job?
စိတ်ဝင်စားစရာပဲ။ အကြိုက်ဆုံး... ကိုယ့်အလုပ်ရဲ့ ဘယ်အပိုင်းကို အကြိုက်ဆုံးလဲ။
I just love painting a lot. I really, really love painting. So I get to do what I love. And that's such a privilege, and I'm really grateful for that.
ကျွန်မက ပန်းချီဆွဲတာကိုပဲ အရမ်းကြိုက်တာ။ တကယ်... တကယ်ကို ပန်းချီဆွဲရတာကို နှစ်သက်ပါတယ်။ အဲဒီတော့ ကိုယ်ချစ်တဲ့အရာကို လုပ်ခွင့်ရနေတာပေါ့။ ပြီးတော့ ဒါက တကယ့်ကို အခွင့်ထူးတစ်ခုပါပဲ၊ အဲဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်မိပါတယ်။
Thanks. So have you been here for long?
ကျေးဇူးပါပဲ။ ဒီကိုရောက်နေတာ ကြာပြီလား။
Yeah, we've been here for, I think... Well, we've been down for like, a week, but then we've been traveling in Southeast Asia for, like, five months. No, that's not true.
ဟုတ်၊ ကျွန်မတို့ ဒီမှာရောက်နေတာ... ကျွန်မထင်တယ်။ အင်း၊ ဒီဘက်ကိုရောက်နေတာ တစ်ပတ်လောက်ရှိပြီ၊ ဒါပေမဲ့ အရှေ့တောင်အာရှမှာ ခရီးသွားနေတာကကျတော့... ငါးလလောက်ရှိပြီ။။
And in the start, we came to Chiang Mai. So we were in Chiang Mai for almost two weeks, and now another week. So I come around.
အစတုန်းက ချင်းမိုင်ကိုလာခဲ့တယ်။ အဲဒီတော့ ချင်းမိုင်မှာ နှစ်ပတ်နီးပါးလောက်နေခဲ့ပြီး၊ အခု နောက်ထပ်တစ်ပတ်ပေါ့။ ဒီလိုပဲ လျှောက်သွားနေတာပါ။
So you're a fan of traveling?
ဒါဆို ရှင်က ခရီးသွားရတာကို သဘောကျတဲ့သူပေါ့။
Yeah.
ဟုတ်ပါတယ်။
So can I ask you some question about learning English?
ဒါဆို အင်္ဂလိပ်စာလေ့လာတာနဲ့ပတ်သက်ပြီး မေးခွန်းနည်းနည်းလောက် မေးလို့ရမလား။
Yeah, sure.
ဟုတ်ကဲ့၊ ရပါတယ်။
What do you think is the most important factor in, like, starting to learn English?
အင်္ဂလိပ်စာစလေ့လာတဲ့အခါမှာ... အရေးကြီးဆုံးအချက်က ဘာလို့ထင်လဲ။
I think with... When you're learning any language, it's just to get over the, like, oh, if I say it wrong, what if they judge me? Like, I'm gonna sound stupid. Like, you're not gonna sound stupid. You sound, like, probably pretty good, you know, like, everyone's got a different level.
ကျွန်မထင်တာကတော့... ဘယ်ဘာသာစကားကိုမဆို လေ့လာတဲ့အခါ၊ "အိုး... ငါမှားပြောမိရင် ဘယ်လိုလုပ်မလဲ၊ သူတို့က ငါ့ကို ဝေဖန်ကြမလား" "ငါပြောလိုက်ရင် အထင်သေးစရာ ဖြစ်နေမှာပဲ။" ဆိုတဲ့... အကြောက်တရားကို ကျော်လွှားဖို့ပါပဲ။ သင်က အဲဒီလို ဖြစ်နေမှာမဟုတ်ပါဘူး။ သင့်စကားပြောက တော်တော်ကောင်းနေလောက်မှာပါ၊ လူတိုင်းက အဆင့်တစ်ခုစီမှာ ရှိကြတာပဲလေ။
I think. I think not having any, like, shame or embarrassment and just going for it is the best way.
ကျွန်မထင်တယ်။ ရှက်တာတွေ၊ အားနာတာတွေ ဘာမှမရှိဘဲနဲ့ ရဲရဲကြီးသာ ပြောချလိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။
Can you give some advice on learning grammar to help the students learn English grammar?
ကျောင်းသားတွေ အင်္ဂလိပ်သဒ္ဒါလေ့လာဖို့အတွက် အကြံဉာဏ်ပေးလို့ရမလား။
Not really. I'm dyslexic, so I'm not very good at grammar. I have problems with writing, so I wouldn't be the person to ask, to be honest.
တကယ်တော့ မပေးတတ်ဘူး။ ကျွန်မက dyslexic (စာဖတ်စွမ်းရည်ချို့ယွင်းသူ) ဖြစ်တော့ သဒ္ဒါမှာ သိပ်မတော်ဘူး။ ကျွန်မမှာ စာရေးတာနဲ့ပတ်သက်ပြီး ပြဿနာတွေရှိတော့၊ ပွင့်ပွင့်လင်းလင်းပြောရရင် မေးရမယ့်လူ မဟုတ်ဘူးပေါ့။
Still was very helpful. Thank you so much for your time.
ဒါပေမဲ့လည်း အများကြီး အထောက်အကူပြုပါတယ်။ အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Thank you.
ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။