27/08/2026
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက် စစ်အုပ်စုက မတရားပုဒ်မတွေနဲ့ တရားစွဲပြီး ထောင်ဒဏ် (၁၀) နီးပါးချခံထားရပါတယ်။
ဆရာဦးညီပုဟာ ၁၉၉၀ ရွေးကောက်ပွဲနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး တစ်ကျော့ပြန်အာဏာသိမ်းမှုနဲ့အတူ ဆရာဦးညီပုဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၅ ခုနှစ်၊ NLD သောင်ပြိုကမ်းပြို အနိုင်ရမှုကြောင့် အစိုးရဖွဲ့စည်းချိန်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သူ ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်မှာ့တော့ ဆရာ့သမီး မမိုးဆန်းစုကြည်ဟာလည်း စစ်အုပ်စုရဲ့ ဖမ်ဆီးခြင်းကို ခံရပြီး ဒီကနေ့အချိန်ထိ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
ဒီနိုင်ငံမှာ အနှစ် ၂၀ ကြာ လူထုအတွက် လွတ်လပ်ခွင့်၊ တိုးတက်ခွင့်နဲ့ အကြောက်တရားမရှိ နေထိိုင်နိုင်ခွင့်ကို ခံစားရဖို့ အမေစုနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေများစွာဟာ နှစ်ရှည်ထောင်ချခံခဲ့ရပါတယ်။ တိုင်းရင်းသားခေါင်းဆောင် တစ်ချို့ဆို သ-တ်ဖြတ်ခံခဲ့ရပါတယ်။ ကျန်ခဲ့တဲ့မိသားစုကိုလည်း စီးပွားရေးလုပ်နိုင်ခွင့်တွေ ကန့်သတ်တာ၊ ပိတ်ပင်တာ၊ ခြိမ်းခြောက်တာတွေ မျိုးစုံကြုံခဲ့ရပါတယ်။ ဒါကြောင့်လည်း စစ်အုပ်စုဘက် NLD ပါတီဝင်တွေကို ထောင်ထွက်တွေလို နိမ့်ချပြောဆိုကြပါတယ်။
ဒါပေမယ့် NLD ပါတီဝင်တွေက မတရားဖမ်းဆီး ထောင်ချခံရတာကို ထည့်မပြောကြဘူး။ လက်နက်အားကိုးနဲ့ မမျှမတ ဖိနှိပ်ခံခဲ့ရတာတွေကို ထည့်မပြောကြပါဘူး။ ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ NLD ရောက်ခဲ့ချိန်မှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း လွှတ်တော်က အတည်ပြုကြေညာပေးခဲ့ရပေမယ့် အဲတုန်းက တာဝန်ရှိသူတွေဟာ လူသိရှင်ကြားမတောင်းပန်ခဲ့ပါဘူး။
ဒါပေမယ့် လူမဆန်စွာ တစ်ဖတ်တသတ်ဖိနှိပ်ခံရတာကို မေ့ပြီး ဒီတိုင်းပြည်အနာဂတ်အတွက် သဘောထားကြီးကြီးနဲ့ အနာဂတ်အတွက်ပဲ ဆက်လျှောက်ခဲ့ကြပါတယ်။ ဒီကနေ့အထိ ကိုယ်ကျိုးမငဲ့တဲ့ ခေါင်းဆောင်တွေ ကျေးဇူးဟာ ဒီနိုင်ငံအတွက်ရော မျိုးဆက်အတွက်ပါ တကယ်ကြီးမားခဲ့ပါတယ်။
ဒီလို လူမဆန်တဲ့ ဖိနှိပ်မှုတွေကို မရင်ဆိုင်ဘဲ ငြိမ်နေခဲ့ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိုတာ ကြားဖူးရုံသာ ကြားဖူးတဲ့ နိုင်ငံဖြစ်မှာ အသေအခြာပါပဲ။ ၂၀၁၁-၂၀၂၀ ကာလက ရဖူးတဲ့ အခွင့်အရေးဆိုတာ ရနိုင်ဖို့ မရှိမှာလည်း အသေအခြာပါပဲ။
စစ်တပ်က သဘောထားကောင်းလို့ ပေးခဲ့တာမဟုတ်ဘဲ အသက်တွေ၊ ဘဝတွေ အများကြီးပေးဆပ်ထားရတဲ့ ၊ ပေးဆပ်နေရတဲ့ ရလဒ်တွေမို့ ဒါကို ပြန်ယူနိုင်ဖို့ လိုပါတယ်၊ ဒီထက်ကောင်းတဲ့အခြေအနေကို ဖန်တီးနိုင်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာလည်း စိတ်ပျက်စရာ၊ အားယုတ်စရာတွေ ရှိပေမယ့် ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ကြံကြံ့ခိုင်ခိုင် ဆက်လျှောက်နေကြရမှာ ဖြစ်ပါတယ်။ လက်ရှိဒုက္ခဆင်းရဲကိုတွေးရမှာ ဖြစ်သလို ဒီမှာရပ်လိုက်ရရင် အနာဂတ်မျိုးဆက်တွေ ကြုံတွေ့ရမယ့် ဒုက္ခဆင်းရဲကိုလည်း တွေးကိုတွေးရမှာ ဖြစ်ပါတယ်။
ဆရာ့တို့ ကျေးဇူးတွေဟာ အမြဲတမ်း သတိတရ ကျေးဇူးတင်နေရမှာပါ။ အောက်မေ့နေရမှာပါ။
ဆရာ အမြန်ဆုံးလွတ်မြောက်ပါ၊ ကျန်းမာအသက်ရှည်ပါစေ 🙏🙏🙏