Karenni Entertainment Page

  • Home
  • Karenni Entertainment Page

Karenni Entertainment Page PEACE KARENNI STATE 🇵🇾 🕊 🇵🇾 Karenni Army (KA)
(1)

လွိုင်ကော်မြို့ ဘီလူးချောင်းတံတား ရေတက်နေတဲ့ မြင်ကွင်းတချို့Aug24,2025Photo -crd
24/08/2025

လွိုင်ကော်မြို့ ဘီလူးချောင်းတံတား ရေတက်နေတဲ့ မြင်ကွင်းတချို့

Aug24,2025

Photo -crd

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံ...
17/08/2025

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့ ဒုတိယအကြိမ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၇

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယနေ့မွန်းလွဲပိုင်း ဒုတိယအကြိမ်အဖြစ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်နေသူ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ ၁၆ ကုန်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။

" ၁၆ ကုန်းကို ဗုံးကျဲတာက ကလေးလေးတွေ ၅ ယောက်တောင်ပါတယ်လောလောဆယ်သိထားတာကမူကြိုကျောင်း နားကျတာတဲ့။ စုစုပေါင်း သေဆုံးသူကတော့ ၁၇ ဦးရှိပါတယ်။ ပျောက်ဆုံးသူတွေလည်းရှိပါတယ်" ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းကလည်း ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါးလိုဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်း ကင်းထောက်ပြီး ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံပျက်စီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ လိုခါ လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦးနှင့် လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ပြီး ဆေးရုံမှာ လုံးဝပျက်စီးသွားကြောင်း သိရ သည်။

“လေယာဉ်နဲ့ နှစ်ရက်ဆက်တိုက် ပျံဝဲနေတာ။ အဲလိုဆိုတော့ ပြည်သူတွေက သတိနဲ့ နေနေကြတော့ အထိခိုက်အနည်သွားတာဖြစ်ပါတယ်။ ၂ ရက်ဆက်တိုက် ပျံဝဲပြီး ဒီနေ့မနက် ၈ နာရီခွဲလောက်ကမှ ကျဲသွားတာ၊ ကလေးတစ်ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ ဆေးရုံက တော့ တော်တော် ပျက်စီးသွားတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ဓာတ်ပုံ- Nge Lay Facebook

Crd- Khit Thit Media

သြဂုတ်လ - (၁၇) ရက် ယနေ့ကျရောက်သည့် ( ၇၇ ) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနား ပုံရိပ်အချို့ ။ Photo - KNYO
17/08/2025

သြဂုတ်လ - (၁၇) ရက် ယနေ့ကျရောက်သည့် ( ၇၇ ) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနား ပုံရိပ်အချို့ ။


Photo - KNYO

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် ကရင်နီပြည်တပ်မတော် (KA) နှင့်...
17/08/2025

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် ကရင်နီပြည်တပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဦးစီးချုပ်၏ မိန့်ခွန်း

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် ကရင်နီပြည်တပ်မတော် (KA) နှင့်...
16/08/2025

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် ကရင်နီပြည်တပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ဦးစီးချုပ်၏ မိန့်ခွန်း

(၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ်၏ ...
16/08/2025

(၇၇) နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ်၏ ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်

လွိုင်ကော် - ဒီးမော့ဆို -ဖရူဆို လမ်းမကြီးအား အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးခြင်း                               ...
10/08/2025

လွိုင်ကော် - ဒီးမော့ဆို -ဖရူဆို လမ်းမကြီးအား အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးခြင်း
စာအမှတ်- KNDF/၁/၂၀၂၅ (၀၀၄)
၂၀၂၅ ခုနှစ် ၊သြဂုတ်လ (၁၀)ရက်

ကရင်နီပြည်နယ် ၊လွိုင်ကော်- ဒီးမော့ဆို - ဖရူဆို လမ်းမကြီးအား မြေပြင်စစ်ရေးအခြေအနေအရ သြဂုတ်လ(၁၀)ရက်နေ့မှစ၍ အသုံးပြုသွားခြင်းမပြုလုပ်ကြရန် အများပြည်သူများအား အသိပေးအပ်ပါသည်။

၂၀၂၅ ခုနှစ် သြဂုတ်လ(၈)ရက်နေ့မှစ၍ ဒီးမော့ဆိုမြို့အတွင်းသို့ စစ်ကောင်စီမှ စစ်‌ကြောင်းထိုးလှုပ်ရှားမှုများ ရှိလာသောကြောင့် မိမိတို့တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဖရူဆိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များမှလည်း ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက်သို့ လက်နက်ကြီးများဖြင့် ပစ်ခက်မှုများ ပြုလုပ် နေပါသည်။

အထက်ပါ မြေပြင်စစ်ရေးအခြေအနေများကြောင့် လွိုင်ကော်- ဒီးမော့ဆို- ဖရူဆို လမ်မကြီးအပြင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာသည့် လမ်းသွယ်များအား ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ (၁၀)ရက်နေ့မှစ၍ အသုံးပြုသွားလာခြင်း မပြုလုပ်ကြရန်နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
Crd-KNDF

(၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဩဂုတ်လ(၉)ရက်
09/08/2025

(၇၇) နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့

ဩဂုတ်လ(၉)ရက်

10/07/2025

Ritthaisii tlaihmi record
မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူထံအသိပေး ထုတ်ပြန်ကြေညာခြင်း
ထုတ်ပြန်ချက်အမှတ် ၃/၂၀၂၅
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်

၁။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၈)ရက်နေ့တွင် ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ ၁၁၀ကီလိုဂရမ်ခန့်၊ မောင်းပြန်သေနက်(၂)လက်၊ mini starlink(၂)ခုတို့နှင့်အတူ တော်လှန်ရေး ရဲဘော်(၃)ဦး၊ ယာဥ်မောင်း(၁)ဦး နှင့် စပယ်ယာ(၁)ဦးတို့အား Chinland Defense Force – Hakhaမှ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည်။ ဤမူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် တာဝန်ခံဖြစ်သော မောင်ဇော်လတ် အမည်ရင်း ဦးဝင်းမော် နှင့် ကိုပုတီး အမည်ရင်း ဦးကျော်မင်းဇော်တို့သည် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
၂။ ဖမ်းဆီးထားသော မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် ဖမ်းဆီးထားသူများကိုလည်း တရား ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
၃။ ဟားခါးမြို့နယ်အတွင်း မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို ထပ်မံတွေ့ရှိပါက မိမိတို့ Chinland Defense Force – Hakhaမှ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။
၄။ ပြည်သူများမှလည်း မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင် ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

CDF-Hakha Central Council
https://www.facebook.com/share/v/1E8V3Smbsj/

03/07/2025

ဒီဇယ်အင်ဂျင်နဲ့သုံးပါ စက်ချွတ်ယွင်းချက်ဖြစ်အုံးမယ်...


#ဇော်မဲလုံး

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ...
03/07/2025

ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ထုတ်ပြန်ချက် အမှတ် - ၂/၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

Crd - JCS https://m.facebook.com/story.php?story_fbid=655360567560379&id=100092593235157&mibextid=Nif5oz

#ဖားဆောင်း

03/07/2025

လေ့ကျင့်ရေးပျံသန်းပြီး ပျောက်ဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်ဟာ ကရင်နီပြည်နယ် ဖားဆောင်းမြို့အနီးမှာ ပျက်ကျ.....💥🔥

Video - Crd

#ဖားဆောင်း

Address


Alerts

Be the first to know and let us send you an email when Karenni Entertainment Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Karenni Entertainment Page:

  • Want your business to be the top-listed Media Company?

Share