
08/07/2025
ငလျင်ကြောင့် အဆောက်အဦးအပြိုအပျက်တွေအောက်မှာ ပိတ်မိနေသူတွေကို ကြွက်တွေကကယ်ဆယ်ပေးနိုင်တော့ပါမယ်
ဟုတ်ပါတယ် ။
ဘယ်ဂျီယံနိုင်ငံက သုတေသနပညာရှင်တွေနဲ့ နည်းပညာရှင်တွေ စုပေါင်းပြီးတော့ အာဖရိကကြွက်တွေကိုစမ်းသပ်ခဲ့တာပါ
ကြွက်တွေကို ကျော်ပိုးအိတ်တွေတပ်ဆင်ပေးပြီး လူအနံ့ခံခိုင်းတဲ့အခါ ကြွက်တွေက အဆောက်အဦးပုံတွေအောက်မှာပိမိနေတဲ့ လူတွေရှိရာကို အရောက်သွားခဲ့ပါတယ်
ကြွက်တွေမှာတပ်ပေးလိုက်တဲ့ ကျော်ပိုးအိတ်မှာတော့ အသံတိုးတိုးလေးကအစကြားနိုင်မဲ့ မိုက်ခရိုဖုန်းတစ်ခု ၊ ကင်မရာအသေးစားလေးတစ်လုံးနဲ့ တည်နေရာအချက်ပြစက်တစ်လုံးတို့ပါပါတယ်
ဒီနည်းလမ်းက ငလျင်ကြောပေါ်မှာရှိနေတဲ့နိုင်ငံတွေအတွက် အရမ်းအသုံးဝင်မယ်လို့ခန့်မှန်းထားပါတယ်
#ငလျင်