Cele News Celebrity များ၏သတင်းများနဲ့ အခြားစိတ်ဝင်စားအကြောင်းအရာများကိုနေ့စဥ်နဲ့အမျှအချိန်နဲ့တပြေးညီတင်ဆက်ပေးပါသည်။

ဒါရိုက်တာပြည်ဟိန်းသီဟ လွှမ်းပိုင်ကိုစိန်ခေါ်ပြီ********************************************* #လွှမ်းပိုင်      #ပြည်ဟိန်...
20/10/2025

ဒါရိုက်တာပြည်ဟိန်းသီဟ လွှမ်းပိုင်ကိုစိန်ခေါ်ပြီ
*********************************************

#လွှမ်းပိုင် #ပြည်ဟိန်းသီဟ

နေရာဝင်လုရင်း နဂါးမျက်စောင်းပစ်ခဲ့ကြတဲ့နော်ဖောအယ်ထားနဲ့ဟိန်းဝေယံအမေ........................................................
12/10/2025

နေရာဝင်လုရင်း နဂါးမျက်စောင်းပစ်ခဲ့ကြတဲ့
နော်ဖောအယ်ထားနဲ့ဟိန်းဝေယံအမေ..........................................................

ဒီတစ်ခုတော့ နော်ဖောကို ကိုယ်ချင်းစာတယ်။ စိုးမြတ်သူဇာက ဝင်ရပ်ခိုင်းတယ်လို့လည်းသိရတယ်။
နော်ဖောနေရာကိုယ်ဆိုလည်း ဒီလိုပဲဝင်တိုးရတော့မှာပဲ
အနောက်မှာရပ်နေရင်လည်း ပိုရုပ်ဆိုးမှာ။
ရွေးချယ်စရာဒီတစ်မလမ်းပဲရှိတာ။
အကောင်းဆုံးက အလိုက်တသိနေရာဖယ်ပေးလိုက်ရင်
ကြည့်လှမှာပါ။ မင်္ဂလာဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိနေကျ အထူးအဆန်းတော့မဟုတ်ဘူး။
ဒီကိစ္စမှာဘယ်သူမှန်တယ်မှားတယ်ထင်လဲ?


#ဟိန်းဝေယံ #စိုးပြည့်သဇင်

 #မြစ်လက်တက်ပေမယ့်ရေစီးကကြမ်းတယ်ဇာတ်ကားမှာနေတိုးထက်စီနီယာကျပေမယ့်ဗီတာမင်လောက်တောင်နေရာပေးမခံရလို့လူပြောများနေတဲ့ ကိုသားည...
11/10/2025

#မြစ်လက်တက်ပေမယ့်ရေစီးကကြမ်းတယ်
ဇာတ်ကားမှာနေတိုးထက်စီနီယာကျပေမယ့်
ဗီတာမင်လောက်တောင်နေရာပေးမခံရလို့
လူပြောများနေတဲ့ ကိုသားညီ...။

#မြစ်လက်တက်ပေမယ့်ရေစီးကကြမ်းတယ် #သားညီ

မင်းသမီးလား ဝက်မလားမသဲကွဲ******************************စတဲ့မန့်တွေကြောင့် ပေါက်ကွဲနေတဲ့သရုပ်ဆောင် သွန်းဆက်...။     #သွန်...
10/10/2025

မင်းသမီးလား ဝက်မလားမသဲကွဲ
******************************
စတဲ့မန့်တွေကြောင့် ပေါက်ကွဲနေတဲ့
သရုပ်ဆောင် သွန်းဆက်...။
#သွန်းဆက်

မိသားစု နဲ့အတူ ကထိန်အလှူ မင်္ဂလာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မအေးမြတ်သူ**********သရုပ်ဆောင် အေးမြတ်သူ တို့ မိသားစု ရဲ့ ကထိန်အလှ...
10/10/2025

မိသားစု နဲ့အတူ ကထိန်အလှူ မင်္ဂလာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မအေးမြတ်သူ
**********

သရုပ်ဆောင် အေးမြတ်သူ တို့ မိသားစု ရဲ့ ကထိန်အလှူတော် မင်္ဂလာကို အောက်တိုဘာလ (၁၀) ရက်နေ့က ရန်ကုန်၊ အရှေ့ဒဂုံမြို့နယ်၊ (၁၂၁) ရပ်ကွက်၊ သီရိရတနာ (စာပေ) ကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး သံဃာတော်များအား ကထိန်သင်္ကန်း နှင့် ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။

#အေးမြတ်သူ #ကထိန်အလှူ #မိသားစုအလှူ

ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးကို သ-တ်ဖြ-တ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့ကိုဖမ်းမိရန်ကုန်တိုင်း၊ ပန်းဘဲ...
08/10/2025

ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးကို သ-တ်ဖြ-တ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့ကိုဖမ်းမိ

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ် ကွက်ရှိ 32nd Beauty Land Hotel ၌ ရုပ်ရှင်ဇာတ်ဝင်ခန်းအတိုင်း အမျိုးသမီးငယ်တစ်ဦးအားသ-တ်ဖြ-တ်ခဲ့သူနှင့် ပူးပေါင်းပါဝင်သူတို့အား အခင်းဖြစ်ပြီး ၂၄ နာရီအတွင်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်သည် အောက်တိုဘာ ၆ ရက်နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ် (၅၀၂)၏ ပြတင်းပေါက်အပြင်ဘက် Air Con Outdoor စင်ပေါ်တွင် ယုနစ်နှစ်ခုကြားနေရာတွင်ပလပ်စတစ်အမှိုက်အိတ်အပြာအတွင်း၌ ခု-တ်ထ-စ်သ-တ်ဖြ-တ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလေ-ာင်းကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇ သတ်ကြီးပုဒ်မ- ၃၀၂ ဖြင့်အမှုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ‌ေ-သဆုံးသူအမျိုးသမီးသည် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း(၂၃)နှစ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ် (၇)အရှေ့ရပ်ကွက်နေ အောင်ခန့်ကျော်ဇင်(၁၈)နှစ်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အေမွန်အောင် (၁၈)နှစ်တို့ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၇ ရက်နေ့နေ့လယ်ပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏နေအိမ်မှ ပြစ်မှုကျူးလွန်စဉ်ဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား(၂)ချောင်း၊ ‌ေ-သဆုံးသူကိုင်ဆောင်သော ဖုန်းအပါအဝင် ဖုန်း(၃)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အောင်ခန့်ကျော်ဇင်သည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသ-တ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိရာ သေဆုံးသူ မစုမြတ်ဝင်းနှင့်ပျော်ပါးနေစဉ် ရုပ်ရှင်ဇာတ်ဝင်ခန်းများအတိုင်း မစုမြတ်ဝင်းအား စတီးဓား(၂)ချောင်းဖြင့် ရက်စက်စွာသ-တ်ဖြ-တ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူစွန့်ပစ်ပြီး ရည်းစားဖြစ်သူ အေမွန်အောင်နှင့်အတူ အခန်းအတွင်းပေကျံနေသည့် သွေးများအားသန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလေ-ာင်းအား ဖျောက်ဖျက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှင့် ပူးပေါင်းပါဝင်သူတို့အား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ที่อยู่

Ban Ko

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Cele Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์