07/08/2025
ကွန်ဒုံးနဲ့ပတ်သက်လို့ ဟာသလေးတခုပြောဦးမယ်။................................
ရီစရာတွေကို ထိထိမိမိရေးတတ်တဲ့ အသက်တထောင်ဂုရု ဆရာအီကြာကွေးရဲ့ဟာသလေးပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုလောက် သားဆက်ခြားဖို့ ကွန်ဒုံးတွေသုံးအောင် ကျေးရွာတွေမှာ ပညာပေးတွေ လိုက်လုပ်ကြတဲ့အချိန်ကပေါ့။ ခုလိုတားဆေး ထိုးဆေးတွေမပေါ်သေးဘူးထင်ပါတယ်။
ရွာတစ်ရွာမှာ ရွာသူရွာသား တွေကိုစုပြီး ပညာပေးသရုပ်ပြရတာပေါ့။
ကျန်းမာရေးက ဆရာမလေးက ကွန်ဒုံးတစ်ခုထုတ်ပြတယ်၊ ဒါလေးဟာ ကွန်ဒုံးလို့ခေါ်ကြောင်း၊ ညအိပ်ရင်ဘယ်လိုစွပ်အိပ်၊ ဘယ်လိုအသုံးပြုရကြောင်းပေါ့..
ကဲပိုရှင်းသွားအောင် ဆိုပြီး ဘေးနားက ဘူးစင်က ဝါးလုံးမှာပါ စွပ်ပြသေးခဲ့တာပေါ့။
ဟောပြောပြီးတော့ ရွာသားတွေကို ပါလာတဲ့ကွန်ဒုံးတွေ ဝေမျှပေးခဲ့တာပေါ့ဗျာ။
ဒီလိုနဲ့ နောက်နှစ်ကျတော့ ပညာပေးတဲ့ဆရာမလေးလဲ လမ်းကြုံလို့ အဲ့ဒီရွာဘက်ဝင်ပြီးလည်ရင်း စနည်းနားတာပေါ့။
အို ရွာထိပ်စဝင်ကတည်းက ဗိုက်ကြီးသည်တွေ စတွေ့ရတော့တာပဲ၊ မွေးပြီးတာမကြာသေးတဲ့ ကလေးအမေတွေလဲ တွေ့ရတာပေါ့၊ ကလေးတွေက တိုးပွားလျက်ပဲ။ ဒါနဲ့ ရသလောက်လူစုပြီးမေးမြန်းကြည့်တော့မှ...
" ကျုပ်တို့ ဆရာမပြောတဲ့အတိုင်းစွပ်အိပ်တာပဲ၊ မယုံလာကြည့်ပါလား" ဆိုပြီး ဆရာမကိုခေါ်ပြမှ အို အိမ်တိုင်းလိုလို ဘူးစင်ကဝါးလုံးတို့ ခြံစည်းရိုးဝါးလုံးတို့မှာ ကွန်ဒုံးလေးတွေ အစီအရီစွပ်လျက်ပဲတဲ့။ 😀
ဆရာမလေးခမျာ ငိုရမလို ရီရမလိုဖြစ်ခဲ့ရပါသတဲ့ဗျာ😁
ကျေးရွာတွေမှာ အဲ့သလိုအဖြစ်တွေလဲ ရှိခဲ့ဖူးပါတယ်။ ခုတော့ အဲ့ရွာသားတွေလဲ တိုးတက်လာတဲ့ခေတ်နဲ့အညီ ကွန်ဒုံးဘယ်နေရာစွပ်ရမလဲဆိုတာကောင်းကောင်းသိရုံမက ဘယ်နေရာဖွက်ရမလဲဆိုတာပါ ကျွမ်းကျင်နေကြမှာ သေချာပါတယ်😁
#နောက်ထပ်ဗဟုသုတရစရာနဲ့ဟာသလေးတွေအတွက်pageကိုfollowနဲ့likeလေးလုပ်ပေးကြပါဦး