29/10/2025
ဒီ Video လေး ပြန်ဖျက်ထားပါတယ်။ ပိုယူသွားသူတွေရဲ့ နေ့စဥ်ဘဝကို ထိခိုက်မှာ စိုးလို့ပါ။
ဒီ Video က မူးဟန်ဆောင်ပြီး ကယ်ရီမားတွေကို ဆယ်ဆပိုပေးတာပါ။ လူ ၁၀ယောက်မှာ ပိုပေးတဲ့ပိုက်ဆံကို တကယ်ယူသွားသူ ၂ယောက်ရှိပြီး ၈ယောက်ကတော့ ပြန်ပေးပါတယ်။
ကျွန်တော် Video တင်တုန်းက ယူသွားသူတွေရဲ့ မျက်နှာကို သေချာဝါးထားပေမယ့် ဆိုက်တွဲတွေကို မဝါးမိလိုက်ပါဘူး။
သူတို့ဟာလည်း ဆိုက်တွဲတွေနဲ့ အလုပ်လုပ်ရတာ ဖြစ်တာမို့ နေ့စဥ်ဘဝမှာ ထိခိုက်မှူတွေဖြစ်မှာ စိုးရိမ်လို့ ကျွန်တော်ပြန်ဖျက်ထားပါတယ်။
Tik tok မှာ View တွေ 3M ထိတက်ပြီးပေါက်နေလို့ကို ဖျက်ပစ်လိုက်တာပါ။ ကျွန်တော် သူတို့ကို မထိခိုက်စေချင်ပါဘူး။ ဒါကြောင့် ဖျက်ပစ်လိုက်ရတာပါ။
နောက်နေ့လောက်မှ ပြန်ပေးတဲ့သူတွေရဲ့ scene တွေပဲ စုပြီး ပြန်တင်ပေးမယ်နော်။ အားလုံး ပျော်ရွှင်ကြပါစေဗျာ
ကျွန်တော်တို့ Public Content Creator,Prankster အလုပ်က ထင်သလောက်လဲ မလွယ်ကူပါဘူး။
အမြဲ ကြိုးစားပြီး ကောင်းမွန်တာတွေ ဖန်တီးနေပါမယ်။ All peace,All love🤗❤