ဒို့အရေး Channel 2

ဒို့အရေး Channel 2 � Real News Only. Fact-Checked Daily! �

� Sharing Knowledge, Supporting CDM Heroes. �

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့၊ ၂ ရက်အတွင်း ...
30/12/2025

မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့မှု တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့၊ ၂ ရက်အတွင်း ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၂ စီး ဖျက်ဆီးနိုင်ခဲ့

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားရှိ လေတပ်စခန်းဌာနချုပ်ကို KIA က အသေခံဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာတွင် တိုက်လေယာဉ် ၁ စီး ပျက်စီးကြောင်း၊ တိုက်လေ ယာဉ် ပျက်စီးမှုကို ယနေ့တွင်မှ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

"ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မပခ လေတပ်ကို တိုက်ခိုက်မှုမှာ ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်လေယာဉ် ၁ စီး ပျက်စီးခဲ့တယ်။ ဒီဇင် ဘာလ ၂၆ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ရာမှာ ဖိုက်တာ ၁ စီး ပျက်စီးသွားပါတယ်" ဟု KIA စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့မှုတွင် Mi-17 ရဟတ် ယာဉ် ၁ စီးနှင့် K 8W တိုက် လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားခဲ့သည်။

ယခုနှစ် ၂၀၂၅ ခုနှစ်၊ မေလအတွင်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် KIA က FPV ဒရုန်းများဖြင့် စစ်ရဟတ်ယာဉ် ၂ စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကူသွားရောက်သော ဗျူဟာမှူးနှင့်အဖွဲ့ အပါအဝင် အနည်းဆုံး အရာရှိနှင့်စစ်သည် ၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။

ကသာမြို့တွင်းက စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်သဖြင့်သုံးရက်အတွင်း စစ်ကော်မရှင်တပ်က...
30/12/2025

ကသာမြို့တွင်းက စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်သဖြင့်
သုံးရက်အတွင်း စစ်ကော်မရှင်တပ်ကာကင်း ၅ခုသိမ်းရထားပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ကျော် လက်နက်တွေနဲ့ ဖမ်းမိထား

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ပါဝင်တဲ့ တပ်တွေက ကသာမြို့ထဲကို ဝင်ရောက်နိုင်ပြီး စစ်ကော်မရှင်ရဲ့ ခမရ(၃၀၉)နဲ့ ခမရ(၁၀၆) တပ်ရင်းတွေ တပ်စွဲရာနေရာတွေကို ဝင်ရောက်တိုက်ခိုက်နေတာလို့ဆိုပါတယ်။

"စခ အရှင် ၅၀ ကျော်ဖမ်းမိထားတယ်။ ကာကင်း ၅ခုလောက်ရပြီ။ ၃ရက်အတွင်း။ လက်နက်ခဲယမ်းတွေလည်း ပါတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကသာမြို့မှာ စစ်ကော်မရှင်ရဲ့ တပ်မ(၇၇) တပ်ဖွဲ့တွေအပြင် ရှမ်းနီ ပြည်သူ့စစ်တွေလည်းရှိနေပြီး စစ်အင်အား ၆၀၀ ကျော်ကျန်နေသေးတယ်လို့လည်း ပြောပြပါတယ်။

ကသာဒေသခံ အချို့ကလည်း PDF ပူးပေါင်းတပ်တွေ မနေ့က ဒီဇင်ဘာ ၂၉ရက်ကတည်းက မြို့ပေါ် ရပ်ကွက်တွေထဲ ဝင်ရောက်ပြီး စစ်ကော်မရှင်ကို တိုက်ခိုက်နေကြောင်းလူမှုကွန်ရက်မှာ ရေးသားတာတွေ တွေ့ရပါတယ်။ ကသာမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို PDF ပူးပေါင်းတပ်တွေ ဝင်စီးထားကြောင်း ရေးသားချက်အချို့လည်း တွေ့ရပါတယ်။

ဒေသခံတွေကလည်း ကသာမြို့မှာတိုက်ပွဲဖြစ်သံတွေ ဒီကနေ့ ဒီဇင်ဘာ ၃၀ရက်မှာကြားနေရကြောင်း လူမှုကွန်ရက်မှာ အချင်းချင်းအသိပေး ပြောဆိုတာတွေရှိပါတယ်။

မြို့ခံတွေ စစ်ရှောင်ဖို့ ကြိုးပမ်းနေပြီး ပိတ်မိနေတဲ့ အခြေအနေ ကြုံနေကြရတယ်လို့လည်းဆိုပါတယ်။ မနေ့ည က လေယာဉ်ဗုံးအလုံးများစွာ ကြဲချသလို ဒီကနေ့မှာလည်း လေယာဉ်ဗုံးကြဲတာ၊ လေယာဉ်ပျံဝဲတာတွေရှိနေကြောင်းလည်း ကသာဒေသခံတွေက အသိပေးပါတယ်။

စစ်ကော်မရှင်တပ်ကလည်း KIA ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့နဲ့ ကသာမြို့ကိုလေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်ခုခံတာ ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်တိုက်ပွဲလည်း ပြင်းထန်နေကြောင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးနဲ့အတူ KIA ဟာ မြစ်ကြီးနား အခြေစိုက် စစ်ကော်မရှင်တပ်၏လေတပ်ကိုလည်း အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၂၅ရက်က စစ်ကော်မရှင်တပ်ရဲ့ ရဟတ်ယာဉ် ၁စီးနဲ့ တိုက်လေယာဉ် ၁စီး ထိခိုက်ခဲ့သလို ဒီဇင်ဘာ ၂၇ရက် အသေခံဒရုန်းတိုက်ခိုက်မှုမှာလည်း တိုက်လေယာဉ် ၁စီးထိခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင် ဝါဒဖြန့်သူတွေကတော့ မြစ်ကြီးနားက လေတပ် တိုက်ခိုက်ခံရတာကို ဝန်ခံထားပေမယ့် လေယာဉ် ထိခိုက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဗန်းမော်၊ ကသာတိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့၏တာဝန်ရှိသူထံ မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါသည်။

ရေတာရှည်မြို့နယ်၊ အောင်လံမြို့နယ်နဲ့ တပ်ကုန်းမြို့ နယ်တို့မှာ စစ်‌ ကော်မရှင်အုပ်စုကို တိုက်ခိုက်မှု စကမ ၃၃ ဦးသေဆုံးဒို့အ...
30/12/2025

ရေတာရှည်မြို့နယ်၊ အောင်လံမြို့နယ်နဲ့ တပ်ကုန်းမြို့ နယ်တို့မှာ စစ်‌ ကော်မရှင်အုပ်စုကို တိုက်ခိုက်မှု စကမ ၃၃ ဦးသေဆုံး

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ မကွေးတိုင်း အောင်လံမြို့ နယ်နဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်တို့က စကမ တပ်စွဲထားတဲ့ နေရာတွေနဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ စစ်သား ၃၃ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးကျေးရွာ နဲ့ အနောက်ဘက်ကမ်းရှိ ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတို့မှာ အကြမ်းဖက်စကမ တပ်က မဲရုံများဆောက်ကာ အနီးအနားကျေးရွာက ပြည်သူများကို မဲထည့်ဖို့ဖိအားပေးနေတာကြောင့် အတုအ ယောင်ရွေး ကောက်ပွဲကို ဟန့်တားတိုက်ဖျက်နိုင်ရေးအ တွက် နေပြည်တော်တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ် ရင်းတပ်ဖွဲ့များက အဲဒီကျေးရွာများကို ဒီဇင်ဘာ လ ၂၃ ရက်မှာ တပြိုင်တည်း ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အဲဒီကျေးရွာများက စကမ အထိုင်စခန်းအချို့နဲ့ မဲရုံနေရာများအား ရှင်းလင်းခဲ့ကာ စကစ ၁၀ ဦးခန့် သေဆုံးပြီး အထိအခိုက်များစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်း တိုက်ပွဲတွင်း ပိတ်မိနေတဲ့ ပြည်သူများကို PDF တွေက ကယ်ထုတ်ပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း ဖေါ်ပြပါတယ်။

ဒီဇင်ဘာလ (၂၃) ရက်မှာ အောင်လံမြို့နယ်၊ ခလရ (၇၁) ကထွက်ခွါလာတဲ့ အင်အား (၂၀) ခန့်ပါ စကစ စစ်ကားကိုနေ ပြည်တော် PDF များနဲ့ မဟာမိတ်များ ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ရာ စကမ အရာရှိ (၁)ဦး အပါအ ဝင် (၁၆)ဦးခန့် သေဆုံးခဲ့တယ်လို့ ဖေါ်ပြချက်မှာပါရှိပါတယ်။

ဒါ့ပြင် ဒီဇင်ဘာလ ၂၆ ရက်မှာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သံပုရာကုန်းအုပ်စု၊ သဲချောင်းကျေးရွာသို့ ဝင်ရောက်လာတဲ့ အင်အား(၂၀)ခန့်ပါ စကမ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲများက စောင့်ကြိုတိုက်ခိုက်ရာ စကမ (၃)ဦး သေဆုံးခဲ့ကြောင်း ၂၈ ရက်မှာတော့ ရေတာရှည်မြို့ နယ်၊ အောင်ချမ်းသာ ကျေးရွာ ဘုရားကုန်းတွင် စကမ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ရာ စကမ ၄ ဦး သေဆုံးခဲ့ကြောင်း ဆိုထားပါတယ်။

ဒီဇင်ဘာလ (၂၇) ရက်မှာလည်း ဆွာမြို့နယ်၊ ခလရ-၁၉ တပ်ရင်းဝန်းအတွင်းသို့ (၁၀၇) မမ (၂)လုံးနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အ ကြမ်းဖက်စစ်ကော်မရှင်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။

ကော့သောင်းမြို့နယ်တွင် ရွေးကောက်ပွဲနေ့ လုံခြုံရေးယူထားသော စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေးတပ်များက ပူးပေါင်း တိ...
30/12/2025

ကော့သောင်းမြို့နယ်တွင် ရွေးကောက်ပွဲနေ့ လုံခြုံရေးယူထားသော စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်မှု စက်လှေတချို့ ပျက်စီးပြီး စစ်သားများ ထိခိုက်မှုများ

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရွေးကောက်ပွဲနေ့ လုံခြုံရေးယူထားသော စစ်သင်္ဘောနှင့် စက် လှေများကို တော်လှန်ရေးတပ်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ကော့သောင်းမြို့နယ်၊ လိုကယ် ပျံလွှားပြောက်ကျားတပ်ဖွဲ့နှင့်နီးစပ်သူမှ ဒို့အရေး Channel သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအချိန်အထိ စစ်‌ကော်မရှင်တပ်၏ ရွေး ကောက်ပွဲ လုံခြုံရေးအတွက် ကော့သောင်းမြို့မှ အင်အား ၃၀ ကျော်လိုက်ပါသော စစ်သင်္ဘောငယ် ၁ စီးနှင့်စက်လှေ ၄ စီးဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ကော့သောင်းမြို့နယ် မလိ၀မ်း‌ ကျေး ရွာ မလိ၀မ်းချောင်း၀ အနီးအရောက်တွင် တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ၃ နာရီကြာ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သင်္ဘော ၁ စီး ပျက်စီးသွားကြောင်း၊ စစ်သား အများ အပြားဒဏ်ရာရရှိကာ အထိနာသောကြောင့် လက်နက်ကြီးပစ်ကူများ အဆက်မပြတ်ပေးခဲ့ကြောင်း၊ ယင်းနောက် ပျက်စီးသွားသော စစ်သင်္ဘောနှင့် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်ကာ ကော့သောင်းမြို့ဘက်သို့ စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

"စစ်ကော်မရှင်တပ်ဘက်က သေဆုံးထိခိုက်မှု အတိအကျတော့ မသိရပါဘူး။ စစ်သင်္ဘော ၁ စီးတော့အပျက်အစီးများတယ်။ အဲဒီအပေါ်မှာပါတဲ့သူတွေ အထိခိုက်များမယ်။ အထိအခိုက်ဦးရေအတိကျတော့မသိရသေးဘူး။ စုံစမ်းနေတယ်။ သူတို့ကချက်ချင်းကော့သောင်းမြို့ထဲမောင်းပြေးသွားတယ်" ဟု တော်‌လှန်ရေးတပ်နှင့်နီးစပ်သူမှ ဆက်လက် ပြောပြသည်။

လတ်တလော ကော့သောင်းမြို့နယ်တွင် စစ်ရေးအရှိန်မြင့်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိ အမြဲရှိကြပြီး စစ်ကော်မရှင်ပြုလုပ်သော အတုယောင်ရွေးကောက်ပွဲများတွင် မပူးပေါင်း မပါဝင်ဘဲ ၀ိုင်းဝန်းတိုက်ဖျက်ကြရန် ရဲဘော်ဖီးလ်နစ်က တိုက်တွန်းထား သည်။

ပျံလွှား(LPDF)ပျောက်ကြားတပ်ဖွဲ့အနေဖြင့် စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲကို ရှုံ့ချကန့်ကွက်ပြိး လုပ်ထုံးလုပ်နည်းအတိုင်း တိုက်ဖျက်သွားမည်ဖြစ်ပြီး စစ်ကော်မရှင်၏ အတုယောင်ရွေး ကောက်ပွဲတွင် ပူးပေါင်းပါဝင် အားပေးကူညီဆောင်ရွက်နေသော မည်သည့်အဖွဲ့အစည်းဖြစ်စေ မည်သူ့ကိုဖြစ်စေ ပျံလွှား(LPDF)ပျောက်ကျားတပ်ဖွဲ့ က ရေးယူဆောင်ရွက်သွားမည်ဟု သတိပေးထားသည်။

အဆိုပါ စစ်ဆင်ရေးကို ပျံလွှားပျောက်ကြားတပ်ဖွဲ့နှင့် ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)၊ကော့သောင်းမြို့နယ်မြို့ပြသမန်းကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ပေါက်ခေါင်းက စစ်ကော်မရှင်တပ်အထိုင်စခန်းကိုတိုက်ခိုက်ရာ စစ် ကော်မရှင်အုပ်စုဝင် ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရဒို့အရေး - ဒီ ၃၀ ရက...
30/12/2025

ပေါက်ခေါင်းက စစ်ကော်မရှင်တပ်အထိုင်စခန်းကိုတိုက်ခိုက်ရာ စစ် ကော်မရှင်အုပ်စုဝင် ၄ ဦးသေပြီး ၂ ဦးဒဏ်ရာရ

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်အစပ်က စစ်ကော်မရှင်တပ်စွဲထားသည့်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်အုပ်စုဝင် ၄ ဦးသေကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၃၀ ရက်တွင် ပြည်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်သည်။

ပေါက်ခေါင်း နှင့် ပြည်မြို့နယ်အစပ် ချောင်းကောင်းရွာတွင် အင်အား ၅၀ ဦးခန့်နှင့် လက်နက်ကြီးတပ်ဆင်တပ်စွဲထားသည့်စခန်းကို ဒီဇင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီကျော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြာမြင့်ချိန် ၁၅ မိနစ်ခန့်ရှိပြီးဒဏ်ရာရသူများနှင့်သေဆုံးသူများကို ဆေးရုံသို့ပို့ဆောင်ထားကြောင်းနှင့် အသေးစိတ်ကို သိရှိရခြင်းမရှိဟု ပြည်ခရိုင် တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်Red Star ကပြောဆိုထားသည်ကို သိရှိရသည်။

ယနေ့နံနက်တွင်မှု စစ်ကော်မရှင်တပ်သည်ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာဘက်မှ ကြို့ပင်ဝိုင်းရွာဘက်ကို စစ်ကြောင်းထိုး လက်နက်ကြီးနှင့်ပစ်နေသလို သဲကုန်းမြို့နယ်ဘက်ကလည်း လက်နက်ကြီးနှင့်ပစ်ပြီး စစ်ကြောင်းထိုးကာ ဒရုန်းများလည်း ဝဲပျံနေကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါစစ်ဆင်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်း စစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၃ နှင့် ပြည်ခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပေါက်ခေါင်းမြို့နယ်သည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအပိုင်း ၂ ကို လာမည့်နှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသော်လည်း ယခု ချောင်းကောင်းအုပ်စုအပါ သစ်ရောင်းပြန်၊ ကြို့ပင်ဝိုင်း စသည့်ကျေးရွာအုပ်စု ၃၀ တွင် ကျင်းပနိုင်ခြင်းမရှိဟု သိရသည်။

မန္တလေးမှာ ပျူတွေက အမျိုးသားတစ်ဦးအားရိုက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်ထားဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅မန္တလေးမြိ...
30/12/2025

မန္တလေးမှာ ပျူတွေက အမျိုးသားတစ်ဦးအားရိုက်သတ်​ပြီး အလောင်းအမှိုက်ပုံမှာစွန့်ပစ်ထား

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။

မနေ့က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉လမ်း၊ ၁၁၄လမ်းနဲ့ ၁၁၅လမ်းကြားရှိ အမှိုက်ကန်အနီးမှာ ရိုက်နှက်နှိပ်စက်ခံထားရပြီး ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို လူတစ်စုက လာရောက်စွန့်ပစ်သွားကြောင်း MDY Revolution က အသိပေးပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ အလောင်းလာပစ်သူတွေဟာ ၆၂လမ်း ၁၁၇လမ်းနဲ့ ၁၁၈ကြားရှိ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက် ရပ်ကွက်ရုံးက ပျူစောထီးတွေ ဖြစ်ကြောင်း MDY Revolution က ထပ်မံ အသိပေးပါတယ်။

"တော်တော်သောင်းကျန်းနေတာ။ အဲဒီဘက် ဃ ရပ်ကွက်က ပျူတွေချည့်ပဲ။ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ရဲဘူး"လို့ အဆိုပါ ရပ်ကွက်အနီး နေထိုင်သူတစ်ချို့က ပြောပါတယ်။

သတ်ဖြတ်စွန့်ပစ်ခံရသူရဲ့ အသေးစိတ် အချက်အလက်တွေတော့ မသိရသေးပါဘူး။ စွန့်ပစ်ခံရတဲ့ ရုပ်အလောင်းကို မနက်ပိုင်းမှာပဲ လာရောက်ကောက်ယူသွားတယ်လို့ သိရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်က (ဃ) ရပ်ကွက်ရုံးဟာ အလုပ်အကိုင်မရှိ ရပ်ကွက်ကြမ်းပိုးတွေက ပျူစောထီးများအဖြစ် လုပ်ကိုင်နေပြီး မွှေနှောက်သောင်းကျန်းနေကြောင်း၊ ၎င်းတို့က ပေါ်တာဆွဲတာ အပါအဝင် ရပ်ကွက်နေပြည်သူများအပေါ် အနိုင်ကျင့်လို့ ပြည်သူအချို့မှာ အိမ်ခြံမြေများ ရောင်းချပြီး အခြားနေရာသို့ ပြောင်းရွှေ့သွားကြရသူများပင်ရှိနေကြောင်း MDY Revolution က ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ စစ်ကော်မရှင်တပ်လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးတွေကနေ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်ငွေညှစ်တာ၊ ခြိမ်းခြောက်လုယက်တာတွေ အဖြစ်များနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလအတွင်းကလည်း အဲဒီ (ဃ)ရပ်ကွက်ထဲမှာပဲ နေအိမ်တစ်အိမ်ကို ပျူစောထီးအဖွဲ့က ဓားပြဝင်တိုက်ပြီး အတွင်းပစ္စည်းတွေနဲ့ Hi Jet ကားတစ်စီး ပါသွားခဲ့ဖူးပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ ပိုမို ပါဝင်သော အသွင်ကူးပြောင်းရေးကာလအစိုးရ ဖြင့် NUG အစိုးရကို အစားထိုးနိုင်ရေး ဆောင်ရွက်...
30/12/2025

တိုင်းရင်းသား ခေါင်းဆောင်များ ပိုမို ပါဝင်သော အသွင်ကူးပြောင်းရေးကာလအစိုးရ ဖြင့် NUG အစိုးရကို အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိဟု ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးပြော

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များ ပိုမို ပါဝင်သော အသွင်ကူးပြောင်းရေးကာလအစိုးရ ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို အစားထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း NUG ဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောဆိုလိုက်သည်။

NUG ၏ ပြန်ကြားရေးဖြစ်သော PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။

NUG အစိုးရက ပြုပြင်ပြောင်းလဲရေးကို အဆင့် ၃ ဆင့် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ NUG အတွင်း ပြုပြင်ပြောင်းလဲရေး အဆင့် ၁ အဖြစ် ကျစ်လျစ်ပြီး မြေပြင်ကို ပိုမိုထိတွေ့နိုင်သော အစိုးရအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ အဆင့် ၂ အနေဖြင့် ဖက်ဒရယ် ယူနစ်များဖြင့် ချိတ်ပြီး စီမံအုပ်ချုပ်ရေးအာဏာများကို ခွဲဝေသွားမည်ဖြစ်ကြောင်း၊ အဆင့် ၃ တွင်မူ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များ ပါဝင်သော အသွင်ကူးပြောင်းရေးကာလ အစိုးရကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သူက ရှင်းပြသည်။

"စည်းလုံးညီညွတ်ရေး၊ တစ်ဦးနဲ့ တစ်ဦး စုစုစည်းစည်း ကျနော်တို့ တော်လှန်ရေးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များနဲ့ စောစောကလို တော်လှန်ရေးထဲမှာ ခေါင်း ဆောင်များနဲ့ နီးနီးကပ်ကပ်နေပြီးတော့ ဖက်ဒရယ် ဦးဆောင်မှုပြုနိုင်တဲ့ ခေါင်း​ဆောင်မှုပြုနိုင်တဲ့ အဖွဲ့အစည်း အခင်းအကျင်းမျိုးပေါ်ပေါက်လာဖို့ အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ Reform မှာ ၃ လအတွင်း အကောင်အထည်ဖော်ဖို့ စဉ်းစားဆုံးဖြတ် ဆွေးနွေးတိုင်ပင်ထားတဲ့ အချက်တွေ ဖြစ်ပါတယ်။ တကယ်တော့ ဒီအချိန်မှာ တော်လှန်ရေး ခေါင်းဆောင်တွေ အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်တွေ ထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ဦးဆောင်မှု ပြုတဲ့ ပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ လိုချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်းကျနော် ပြန်လည် ရောက်ရှိလာတဲ့အခါမှာ Reform ထဲက ဆုံးဖြတ်ချက်အတိုင်းပဲ တိုင်းရင်းသားတော်လှန်ရေးခေါင်း ဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ကျနော်တို့ မေးခဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်။ ဒါပေမယ့် ပေးထားချက်တွေအရ အခုထက်ထိ တော်လှန်ရေး ခေါင်းဆောင်များ တိုင်းရင်းသားခေါင်းဆောင်များ ထဲထဲဝင်ဝင်ပါဝင်နိုင်ခြင်းမရှိသေးတာကို အားမလို အားမရ ဖြစ်စရာ တွေ့ရပါတယ်" ဟု ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

Reform အဆင့် ၃ ဆင့်ပြီးလျှင် ပြည်သူလူထုလိုချင်သော တော်လှန်ရေး ပန်းတိုင်ဆီသို့ တဖြည်းဖြည်း ချီတက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းရင်းသားများ အားလုံးပါဝင်သော ပြုပြင်ပြောင်းလဲရေး သို့ ရောက်ရှိရန် ရေတိုဖြင့် မရဘဲ ရေလတ်ကာလတွင် ရည်မှန်းထားကြောင်း သူက ရှင်းပြသည်။

"တိုင်းရင်းသား ခေါင်းဆောင်များပါဝင်တဲ့ ပိုပြီးတော့
အားကောင်းတဲ့ အခင်းအကျင်းမျိုးရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီကနေ နောက်ဆုံး အဆင့် ၃ အနေနဲ့ ရေလတ်ဖြစ်မှာပေါ့။ ရေတိုတော့ မဖြစ်နိုင်ဘူး။ ရေလတ်မှာတော့ အသွင်ကူးပြောင်းရေးအစိုးရ NUG ဆိုတာ အစားထိုးပြီးတော့ NUG ရဲ့နေရာမှာ အစားထိုးပြီးတော့ အသွင်ကူးပြောင်းရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး ခေါင်း ဆောင်များ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ဒီနေ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေတဲ့အဖွဲ့အစည်းများ ဖက်ဒရယ် ယူနစ်အသီးသီးကနေပြီးတော့ ပါဝင်မှုအားကောင်းကောင်းနဲ့ အသွင်းကူးပြောင်းရေးကာလ အစိုးရ ဖွဲ့စည်းဖို့ စီစဉ်ထားရှိပါတယ်။ ဒါကြောင့် အဆင့် ၁၊ အဆင့် ၂ ၊ အဆင့် ၃ အနေနဲ့ သွားမှာဖြစ်ပါတယ်" ဟု ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။

NUG အစိုးရက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဝန်ကြီး၊ ဒုဝန်ကြီး တချို့ကို ရာထူးမှ အနားပေးပြီး ဝန်ကြီး ဌာနတချို့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းကာ ဌာနဆိုင်ရာ အရေအတွက်ကိုလည်း လျှော့ချခဲ့ကြောင်း သိရှိရသည်။

ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံနေရပြီး စစ်ကော်မရှင်က ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်နေရဒို့အရေး - ဒီ  ၃၀ ရက်နေ့။၂၀၂...
30/12/2025

ဆင်ကော်ရဲစခန်း တိုက်ခိုက်ခံနေရပြီး စစ်ကော်မရှင်က ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဝင်တွေကို ကယ်ထုတ်နေရ

ဒို့အရေး - ဒီ ၃၀ ရက်နေ့။၂၀၂၅

မကွေးတိုင်း၊ သရက်မြို့နယ် အနောက်တောင်ဘက်က ဆင်ကော်ကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဆင်းကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ကာ တိုက်ပွဲဖြစ်နေတာလို့သိရပြီး ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ၆ ရက်ခန့် ကြာမြင့်နေပြီလို့ သိရပါတယ်။

"ဒီနေ့နဲ့ဆို ၆ ရက်ပေါ့ ငြိမ်လိုက် ပြန်ပစ်လိုက်နဲ့၊ စဖြစ်တဲ့နေ့ကတော့ နှစ်ဖက်အတော်ပြင်းထန်တယ်၊ ရွာသားတွေလည်းပြေးရတာ ဘာမှယူချိန်မရကြဘူး၊ ရဲစခန်းက အပေါ်ဘက်ရောက်နေတာ၊ ရွာထဲကို လက်နက်ကြီးတွေကျတယ် အိမ်တွေလည်း ရစရာမရှိဘူး ဖွာလန်ကျဲကုန်တာ" လို့ ဒေသခံတစ်ချို့က ဒို့အရေး Channel ကိုပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ဆင်ကော်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဆင်ကော်ရဲစခန်းနဲ့ ၁၀ မိုင်ခန့်သာဝေးတဲ့ သရက်မြို့နယ် ကပစ(၁၂)ကနေ လက်နက်ကြီးပစ်ကူပေးပြီး ရမ်းသန်းပစ်ခတ်ခဲ့လို့ ဆင်ကော်ကျေးရွာထဲက လူနေအိမ်တွေ ပျက်စီးမီးလောင်ကုန်တယ်လို့လည်း ဆိုပါတယ်။

"Drone တွေကောပဲ ဘယ်ဘက်ကမှန်းမသိဘူး၊ လက်နက်ကြီးကတော့ တပ်ဘက်ကပစ်တာတွေ ရွာထဲထိတယ်၊ လူသေတာတော့မကြားဘူး၊ အရပ်သားတွေ ကိုယ်လွတ်ရုန်းခဲ့ရတော့ စားဖို့သောက်ဖို့ နေဖို့ကအစ ခက်ခဲနေကြတယ်၊ သရက်မြို့ကနေ စစ်ကူတွေလာတယ်၊ လာတဲ့လမ်းတလျှောက်လည်း ခြောက်လှန့်ပစ်ခတ်ပြီးလာတာ၊ ရွာနားက ကောက်ရိုးပုံတွေလည်း လူဝင်နေတယ်ထင်ပြီး ပစ်လိုက် မီးရှို့လိုက်နဲ့ ထင်တိုင်းကြဲပြီးလာတာ၊ ဆင်ကော်စခန်းထဲက ရဲမိသားစုဝင်တွေကို ကယ်ထုတ်နေတာထင်တယ်" လို့ ဒေသခံတစ်ချို့က ထပ်မံပြောဆိုပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ လတ်တလောမှာ ဆင်ကော်ရဲစခန်းက ရဲမိသားစုဝင်တွေကို လာရောက်ကယ်ထုတ်နေတယ်လို့သိရပြီး ဒီကနေ့ထိ တိုက်ပွဲဟာ ၆ ရက်ခန့်ကြာမြင့်နေပြီလို့ သိရပါတယ်။

30/12/2025

၂၀၂၅ ခုနှစ် အတွင်း CDM ဝန်ထမ်းများအား ထောက်ပံ့မှု မှတ်တမ်း VD ဒုတိယပိုင်း

မယ်စဲ့မြို့နယ်၊ နတ်‌ပိန်းလိမ်ကျေးရွာကို စစ်ကော်မရှင်တပ် ဗုံးကြဲ  အိမ် ၂ လုံး ထိမှန်ပျက်စီးဒို့အရေး - ဒီ  ၃၀ ရက်‌နေ့။၂၀၂၅...
30/12/2025

မယ်စဲ့မြို့နယ်၊ နတ်‌ပိန်းလိမ်ကျေးရွာကို စစ်ကော်မရှင်တပ် ဗုံးကြဲ အိမ် ၂ လုံး ထိမှန်ပျက်စီး

ဒို့အရေး - ဒီ ၃၀ ရက်‌နေ့။၂၀၂၅

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်၊ နတ်‌ပိန်းလိမ်ကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ်မှ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ တော် လှန်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါသည်။

"လာကြဲတာတော့ ပေါင် ၂၀၀ ဗုံးသီး ၂ လုံးကြဲသွားတယ် အိမ် ၂ လုံး ထိမှန်ပျက်စီးသွားတယ်။ ကြဲတဲ့ အချိန်မှာ အိမ်ပေါ်မှာ လေဖြတ်ထားတဲ့ လူနာ အသက်ကြီးလူနာ တစ်ယောက်လည်းရှိတယ်။ ထိခိုမှု မရှိဘူး လက်ရှိ အဲ့ဒီမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ အကြောင်းမဲ့ အရပ်သားပြည်သူ နေထိုင်ရာ ကျေး ရွာ၊ မြို့၊ ဆေးရုံ၊ ဆေးခန်း၊ အများပိုင် သာသနာအဆောက်အဦးတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်နေတယ် လို့ အဆိုပါ သတင်းရင်းမြစ်က ဒို့အရေး Channel ကို ပြောသည်။

သံတွဲ ငပလီ လင်းသာရပ်ကွက်ကို အကြမ်းဖက်စစ်‌‌ကော်မရှင်တပ်၏ လေတပ် မှ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတချို့သေဆုံးမှုရှိဒို့...
30/12/2025

သံတွဲ ငပလီ လင်းသာရပ်ကွက်ကို အကြမ်းဖက်စစ်‌‌ကော်မရှင်တပ်၏ လေတပ် မှ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သားတချို့သေဆုံးမှုရှိ

ဒို့အရေး - ဒီ ၃၀ ရက်နေ့။ ၂၀၂၅

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ်၊ ငပလီမြို့ ၊ လင်းသာရပ်ကွက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေတပ်က ဒီဇင်ဘာလ ၂၉ ရက် မနေ့ည ၈ နာရီကျော်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃ ဦးထက်မနည်းသေဆုံးပြီး ၁၀ ဦးထက် မနည်းဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Coastal News Agency ရဲ့ သတင်းမှာတော့ ၉ ဦးသေပြီး သေတဲ့အထဲမှာ ကလေးငယ် ၃ ဦး နဲ့ သက်ကြီးပိုင်း ၆ ဦးပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒီဗုံးကြဲတဲ့ သတင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် ဒေသခံများထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

30/12/2025

သား/သမီး ..မိဘ

ที่อยู่

4/36soi Fo1, Tambon Bang Sao Thong, Bangsao Thong
Bang Kapi
10270

เว็บไซต์

https://t.me/DAYChannel2

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဒို့အရေး Channel 2ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์