10/08/2026
သစ်ပင်တစ်ပင် ဖြစ်ထွန်းကြီးထွားလာဖို့အတွက် နှစ်ပေါင်းများစွာ မြေဩဇာကျွေး၊ ရေလောင်းပြီး နေရောင်ခြည်နဲ့ မုန်တိုင်းတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ရသလိုပါပဲ။ အဖွဲ့အစည်းတစ်ခုကို စတင်ထူထောင်ရတာဟာလည်း ရဲဘော်ရဲဘက်တွေရဲ့ သွေး၊ ချွေး၊ သံန္နိဋ္ဌာန်တွေနဲ့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ချပြီး ခဲရာခဲဆစ် တည်ဆောက်ခဲ့ရတာပါ။
တောတောင်တွေကြားမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲ၊ ခက်ခဲတဲ့ရက်တွေကို အတူတူကျော်ဖြတ်ရင်း တည်ဆောက်ခဲ့ရတဲ့ ယုံကြည်မှုနဲ့ စည်းလုံးခြင်းတရားဟာ ရွှေထက်တောင် အဖိုးတန်ခဲ့ပါတယ်။
ဒါပေမဲ့ ခက်ခဲစွာ တည်ဆောက်ခဲ့ရသလောက် ပျက်စီးယိုယွင်းသွားဖို့ကတော့ စက္ကန့်ပိုင်း မုန်တိုင်းတစ်ခုစာပဲ လိုအပ်ပါတယ်။ သံသယစိတ်ကလေး တစ်စက်၊ အတ္တနွယ်တဲ့ ပဋိပက္ခတစ်ခု ဒါမှမဟုတ် ညီညွတ်မှုကို ပြိုကွဲစေတဲ့ စကားတစ်ခွန်းဟာ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ရတဲ့ စိုက်ပျိုးမှုကို ခဏချင်းအတွင်းမှာပဲ ပြိုကျသွားစေနိုင်ပါတယ်။
ဒါကြောင့်မို့လို့ ခက်ခဲစွာ တည်ဆောက်ထားရတဲ့ အဖွဲ့အစည်းနဲ့ ညီနောင်ရင်းနှီးမှုကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းမှသာလျှင် ပျက်စီးခြင်း မုန်တိုင်းတွေကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။(10.8.2026)