Healthy Life - ကျန်းမာသောဘဝ

Healthy Life - ကျန်းမာသောဘဝ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Healthy Life - ကျန်းမာသောဘဝ, Bangkok.

👩‍⚕️Let's Strive To Have A Healthy Life!👩‍⚕️

👉ကျန်းမာရေး အသိပညာဗဟုသုတများရရှိရန် ဤ Page ကို Follow လုပ်ထားနိုင်ပါသည်👈

❤️ အားလုံးပဲ ကျန်းမာကြပါစေ။ ❤️

Health Diary on TikTok👇
https://www.tiktok.com/?is_from_webapp=1&sender_device=pc

29/07/2025

ထိုင်ဝမ်မုန်ညင်း နှင့်ကျန်းမာရေးကောင်းကျိုး



#ကျန်းမာရေးဗဟုသုတ

🍹 Healthy Juice for your mood on Sunday! (စိတ်ကလေးလန်းဆန်းဖို့ ဒီလို healthy Juice လေးသောက်ကြစို့) 🍹 #ပါဝင်ပစ္စည်းများ: ...
05/07/2025

🍹 Healthy Juice for your mood on Sunday! (စိတ်ကလေးလန်းဆန်းဖို့ ဒီလို healthy Juice လေးသောက်ကြစို့) 🍹

#ပါဝင်ပစ္စည်းများ:
- ထောပတ်သီး ၁ လုံး
- ငှက်ပျောသီး ၁ လုံး
- ဗာဒံစေ့ အနည်းငယ်

**ဖျော်စပ်နည်း:**
၁။ ထောပတ်သီးနှင့် ငှက်ပျောသီးကို အခွံနွှာပါ။
၂. ဗာဒံစေ့ကို ရေစင်အောင်ဆေးပါ (လိုအပ်ရင် တစ်ညစိမ်ထားပါ)။
၃. အားလုံးကို ဖျော်ရည်စက်ထဲထည့်ဖျော်ပြီး ရေအနည်းငယ်ထည့်ကာ ခပ်ပျစ်ပျစ်ဖျော်ပါ။

🍀အာနိသင်🍀
✅ ထောပတ်သီး 🥑-ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များပါဝင်၍ စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
✅ငှက်ပျောသီး 🍌တွင်ပါဝင်သော ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့က စိတ်တည်ငြိမ်စောပါတယ်။
✅ဗာဒံစေ့ - ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

❤️အားလုံးပဲကျန်းမာကြပါစေ❤️



💥မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများ💥မဂ္ဂနီစီယမ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်တစ...
04/07/2025

💥မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများနှင့် ၎င်းတို့၏ အကျိုးကျေးဇူးများ💥

မဂ္ဂနီစီယမ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး အောက်ပါလုပ်ငန်းစဉ်များကို ထောက်ပံ့ပေးပါတယ်။

မဂ္ဂနီစီယမ်၏ အဓိကအကျိုးကျေးဇူးများကတော့…၁)ကြွက်သားနှင့် အာရုံကြော လုပ်ဆောင်မှု
ကြွက်သားညှစ်အား၊ အာရုံကြောလှိုင်းများ ပိုမိုကောင်းမွန်စေပြီး ကြွက်တက်ခြင်းကို ကာကွယ်ပေးပါတယ်။
၂)နှလုံးကျန်းမာရေး
နှလုံးခုန်မမှန်ခြင်းနှင့်သွေးတိုးရောဂါကို လျှော့ချပေးနိုင်ပါတယ်။

၃)အရိုးသန်မာစေခြင်း
ကယ်လ်စီယမ်နှင့် ဗီတာမင် D ကို စုပ်ယူမှုအား မြှင့်တင်ပေးကာ အရိုးပွရောဂါမှ ကာကွယ်ပေးပါတယ်။

၄)စိတ်ဖိစီးမှုနှင့် အိပ်စက်မှု
ဟော်မုန်းထုတ်လုပ်မှုကို အားပေးပြီး စိတ်ငြိမ်သက်စေကာ ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။

ဒါဆို မဂ္ဂနီစီယမ်ကြွယ်ဝသော အစားအစာတွေက ဘာတွေဖြစ်မလဲ…? မဂ္ဂနီစီယမ်ကြွယ်ဝတဲ့အစားအစာတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်…

၁)ဟင်းနုနွယ်ရွက်
- အမျှင်ဓာတ်၊ သံဓာတ်နှင့် ဗီတာမင် K တို့ပါဝင်ပြီး သွေးအားနည်းရောဂါကို တိုက်ဖျက်ပေးပါတယ်။

၂)ဖရုံစေ့
- ဇင့်၊ အိုမီဂါ-၃ နှင့် အမျှင်ဓာတ်တို့ပါဝင်ကာ ဆီးကျိတ်နှင့် အရိုးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

၃)ပဲပိစပ်
- ပရိုတင်းဓာတ်မြင့်မားပြီး နှလုံးရောဂါအန္တရာယ်ကို လျှော့ချပေးပါတယ်။

၄)သီဟိုဠ်စေ့/ဗာဒံစေ့
- ကျန်းမာရေးနှင့်ညီညွတ်သော အဆီဓာတ်များပါဝင်ကာ နှလုံးအားကောင်းစေပါတယ်။

၅)ထောပတ်သီး (၁ လုံး)
- မဂ္ဂနီစီယမ်နှင့် မပြည့်ဝဆီတို့ပါဝင်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။

ဒါဆိုမဂ္ဂနီစီယမ် ချို့တဲ့ပါက ဘာတွေဖြစ်နိုင်သလဲ…?
- ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း
- နှလုံးခုန်မမှန်ခြင်း
- စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း
- ဆီးချို/သွေးတိုးရောဂါ ဖြစ်နိုင်ခြေမြင့်တက်ခြင်း

အကြံပြုချက်
- အစားအသောက်မျှတစွာစားပြီး လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် ဖြည့်စွက်အားဆေးသောက်သုံးနိုင်ပါသည်။

မဂ္ဂနီစီယမ်သည် သဘာဝအတိုင်း အာဟာရဖြင့် ရရှိနိုင်သောကြောင့် အထက်ပါ အစားအစာများကို နေ့စဉ်အစားအသောက်တွင် ထည့်သွင်းစားသုံးသင့်ပါသည်။

❤️အားလုံးပဲကျန်းမာကြပါစေ❤️
👩‍⚕️Take care yourself and share this post to your loved ones👩‍⚕️


#ကျန်းမာရေးဗဟုသုတ

💥 မီးဖိုချောင်ထဲကချောင်းဆိုးပျောက်ဆေး 💥~~~~~~~~~~~~~~~~~~~အခုလိုမိုးဦးကျရာသီမှာ နှာစေး ၊ချောင်းဆိုး၊ ဖျားနာ ၊ ကိုယ်လက်ကိ...
03/07/2025

💥 မီးဖိုချောင်ထဲကချောင်းဆိုးပျောက်ဆေး 💥
~~~~~~~~~~~~~~~~~~~
အခုလိုမိုးဦးကျရာသီမှာ နှာစေး ၊ချောင်းဆိုး၊ ဖျားနာ ၊ ကိုယ်လက်
ကိုက်၊ လည်ချောင်းနာတာစတာတွေအဖြစ်များကြပါတယ်။ တစ်ချို့ကဆေးထိုးဆေးသောက်လုပ်ရမှာကို အရမ်းကြောက်ကြပါတယ်။ချောင်းတွေတဟွတ်ဟွတ်ဆိုးနေလည်းချောင်းဆိုးပျောက်ဆေးမသောက်ချင်ဘူးဆိုတဲ့သူတွေအတွက် ငွေကုန်လည်းသက်သာ အိမ်ကမီးဖိုချောင်ထဲကနေ အလွယ်တကူရနိုင်တဲ့ပစ္စည်းလေးတွေနဲ့ ချောင်းဆိုးပျောက်ဆေးလေးတစ်ခွက် ကိုယ့်ဘာသာကိုယ်ဖျော်သောက်လို့ရပါတယ်။
ပါဝင်ပစ္စည်းလေးတွေကတော့…
✅ သံပုရာသီးတစ်ခြမ်း
✅ ပူစီနံအနည်းငယ်
✅ ချင်း( ဂျင်း) အနည်းငယ်
✅ ပျားရည်(လက်ဖက်စားဇွန်း ၂ဇွန်း)
ပါဝင်ပစ္စည်းအကုန်လုံးကို ဖန်ခွက်ထဲထည့်ပြီးရေနွေးနဲ့စိမ်သောက်ရမှာဖြစ်ပါတယ်။

ဒါကတော့ ခဏတာချောင်းဆိုတဲ့သူတွေအတွက် အိမ်တွင်းကုထုံးလေးပဲဖြစ်ပါတယ်။ ချောင်းဆိုးတာ သုံးရက်ထက်ပိုကြာလာပါက နီးစပ်ရာဆရာဝန်နှင့်ပြသပါ။



#ချောင်းဆိုး
#အိမ်တွင်းကုထုံး



#ကျန်းမာရေးဗဟုသုတ

တနေ့တစ်ခွက်ပဲ စမ်းသောက်ကြည့်နော်🍋🥒🫚~~~~~~~~~~~~~~~~~~~~~~~~~~~~~🥒🍋 သခွားသီး၊ ဂျင်း၊ ပူဒီနံ၊ သံပရာသီးကို နေ့စဥ်သောက်သုံးသ...
01/07/2025

တနေ့တစ်ခွက်ပဲ စမ်းသောက်ကြည့်နော်🍋🥒🫚
~~~~~~~~~~~~~~~~~~~~~~~~~~~~~

🥒🍋 သခွားသီး၊ ဂျင်း၊ ပူဒီနံ၊ သံပရာသီးကို နေ့စဥ်သောက်သုံးသင့်တဲ့ အကြောင်းရင်းကောင်းများ 💧✨

တစ်ခါတလေ သင်တွေးဖူးပါသလား......?
ဒီရိုး ရှင်းတဲ့ရေတစ်ခွက်ကနေ သင့်ကျန်းမာရေးကို ပြောင်းလဲပေးနိုင်တယ်ဆိုတာ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးဘူးမလား။ ဒီရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ စွမ်းအင်တွေတိုးစေတယ်၊ အသားအရေကို ကြည်လင်တောက်ပစေတယ်၊ ပြီးတော့ ခံတွင်းလည်း ရှင်းသွားစေပြီး Spa သွားသလို လန်းဆန်းတဲ့အရသာကိုလည်း ပေးနိုင်ပါတယ်...!!! 😍

ဒီအထူးဖျော်ရည်က "သခွားသီး၊ ဂျင်း၊ ပူဒီနံနှင့် သံပရာသီး” ဖြစ်ပြီး ဒီသဘာဝဖျော်ရည်မှာ အာဟာရဓာတ်တွေ၊ ဗီတာမင်နှင့် (အန်တီအောက်ဆီးဒင့်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အပြည့်အစုံပါဝင်ပါတယ်။ လူအများစုက ဒီရိုးရှင်းတဲ့ ဖျော်ရည်ကို လျစ်လျူရှုထားကြတယ်ဆိုပေမယ့် ရလဒ်ကတော့ မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ရလဒ်တွေက အံ့မခန်းပါပဲ! 🌿🍋

🥤 အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ပါဝင်ပစ္စည်းများ.....
* သခွားသီး ½ လုံး (ပါးပါးလှီးထားပါ) 🥒
* ဂျင်း လက်မဝက်ခန့် (ခြစ်ထားပါ သို့မဟုတ် လှီးထားပါ)
* ပူဒီနံရွက် လက်တစ်ဆုပ်စာ 🌱
* သံပရာသီးတစ်ခြမ်း🍋
* ရေအေး ၁-၂ လီတာ

🧊 ပြင်ဆင်နည်း အလွန်လွယ်ကူပါတယ်......။
* သခွားသီး၊ ဂျင်း၊ ပူဒီနံရွက်နဲ့ သံပရာသီးတို့ကို ရေဘူးထဲထည့်ပါ။
* ရေထည့်ပြီး ပါဝင်ပစ္စည်းတွေ ရောစပ်သွားအောင် ညင်
သာစွာမွှေပေးပါ။
* ရေခဲသေတ္တာထဲမှာ ၁ နာရီခန့် အေးအောင်ထားပါ။
(ဒါမှမဟုတ် တစ်ညလုံးထားရင် ပိုမွှေးပါလိမ့်မယ်)။
* ပြီးရင် တစ်နေ့တာလုံး သောက်သုံးနိုင်ပြီး ရေကုန်သွားရင်
ရေထပ်ဖြည့်ပြီး သောက်သုံးနိုင်ပါတယ်။

💡 နောက်ထပ် အထူးအကြံပြုချက်
“ နေ့စဉ်သောက်ဖို့ အဆင်ပြေပါတယ်။”

ဒီဖျော်ရည်က ရေငတ်ပြေရုံတင်မကဘဲ စွမ်းအင်ဖြည့်တင်းပေးတယ်၊ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး သင့်အသားအရေကို အတွင်းကနေ အပြင်အထိ ကြည်လင်တောက်ပစေပါတယ်။ 🌟

တစ်နေ့တစ်ခွက် စမ်းသောက်ကြည့်ပါ။ သင့်ကျန်းမာရေးဟာ သင်အံ့သြရလောက်အောင် ပြောင်းလဲသွားပါလိမ့်မယ်...!!!
✨ကျန်းမာရေး ကောင်းဖို့ဆိုတာ သင်နေ့စဉ်လုပ်ဆောင်တဲ့ အရာငယ်လေးတွေကနေ စတင်ပါတယ်။💕🥰

သတိပြုရန်*
-အစာအိမ်အချဉ်ဖောက်လွယ်သူများအနေဖြင့် သံပုရာသီးပမာဏကိုလျှော့သောက်ပါ။
-ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များဆရာဝန်နှင့်တိုင်ပင်ပါ။

❤️အားလုံးပဲကျန်းမာကြပါစေ❤️







#ကျန်းမာရေးဗဟုသုတ

👩‍⚕️ဒူးနာတတ်သူများရှောင်ရန်👩‍⚕️~~~~~~~~~~~~~~~~~လူတော်တော်များများကတော့ဒူးနာဖူးကြမှာပါ။ ဒူးနာတဲ့သူများသက်သာစေရန် အောက်ပါ...
01/07/2025

👩‍⚕️ဒူးနာတတ်သူများရှောင်ရန်👩‍⚕️
~~~~~~~~~~~~~~~~~

လူတော်တော်များများကတော့ဒူးနာဖူးကြမှာပါ။ ဒူးနာတဲ့သူများသက်သာစေရန် အောက်ပါ ပုံစံများကိုရှောင်ရပါမယ်။

၁) ပထမပုံစံအနေနဲ့ကတော့ Full Flexion လို့ခေါ်တဲ့ ဒူကိုအဆုံးအစွန်ထိကွေးထားတဲ့ပုံစံမျိုးပါ။ ဥပမာအားဖြင့် ဒူးထောက်တာ ၊ ပုဆစ်တုတပ်ထိုင်တာ ၊ ဆောင့်ကြောင့်ထိုင်တာ၊ တင်ပလ္လင်ခွေထိုင်တာ၊ အိမ်သာတက်ရင် ဗမာထိုင်အိမ်သာမှာထိုင်တာ စသည်တို့ကိုရှောင်ရပါမယ်။

၂) ဒုတိယပုံစံအနေနဲ့ကတော့ မကောင်းတဲ့ဒူကို ကွေးပြီး အပေါ်မှာအကြာကြီးချိတ်ထိုင်တာမျိုးရှောင်ရပါမယ်

၃) တတိယပုံစံအနေနဲ့ကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာ၊ အလေးမတာလေးရှောင်ရပါမယ်။

၄) နောက်ပုံစံတစ်ခုကတော့ Hyper Extension လို့ခေါ်တဲ့ ဒူးကိုအဆုံထိဆန့်ထုတ်တဲ့ပုံစံမျိုးကိုရှောင်ရပါမယ်။

၅) နောက်ဆုံးအနေနဲ့ကတော့ ညဘက်အိပ်တဲ့အချိန်မှာ ဒူးနှစ်ဘက် ထိပြီးအိပ်တာမျိုး မှောက်အိပ်တာမျိုးရှောင်ရပါမယ်။

❤️အားလုံးပဲကျန်းမာကြပါစေ❤️



#ဒူးနာ

#ကျန်းမာရေးဗဟုသုတ

👩‍⚕️ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင် ဒီသဘာဝနည်းလေးတွေ လုပ်ကြည့်ပါ👩‍⚕️ခြေထောက်ကြီးဖောင်းပြီးလေမလျှောက်ပဲ သွေးကျတာမျိုးဖ...
27/06/2025

👩‍⚕️ခြေထောက်ဖောရောင်ပြီး သွေးကျနေလျှင် ဒီသဘာဝနည်းလေးတွေ လုပ်ကြည့်ပါ👩‍⚕️

ခြေထောက်ကြီးဖောင်းပြီးလေမလျှောက်ပဲ သွေးကျတာမျိုးဖြစ်ဖူးကြလား? ပုံမှန်ရက်ထက်ဒီနေ့မှာသင့်ခြေထောက်ကြီးက ဖောင်းပြီးလေးလံနေတာမျိုးခံစားနေရပါသလား?

ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေတတ်သလဲဆိုတာက ကားကြာကြာမောင်းရသူ၊ ခြေထောက်ကိုအောက်ချပြီးအကြာကြီးနေရသူတွေ၊ အထိုင်များသူ၊ တစ်ချိန်လုံးမတ်တပ်ရနေရသူတွေမှာ ခြေထောက် သွေးကျဖောတာမျိုးဖြစ်တတ်ပါတယ်။ ဒါဆိုဘယ်လိုကုသရမလဲဆိုတော့….

အောက်ပါသဘဝနည်းလမ်းလေးတွေလုပ်ကြည့်ပါ….

🍀၁) ရေခဲနဲ့ခြေထောက်ကိုအုံပေးပါ

🍀၂) ရေဇလုံတစ်ခုနဲ့ခြေထောက်ကိုဆားရည်စိမ်ပေးပါ

🍀၃) ခြေထောက်ကိုအပေါ်သို့ညစဉ် ၁၀မိနစ်လောက်
ပင့်ထောင်ထားပေးပါ(ဒါမှမဟုတ်) ခြေထောာက်ကို
မြှင့်ထားပြီးအိပ်ပါ။

🍀၄)ကျောက်စရစ်ခဲပေါ်ဖိနပ်မပါပဲလမ်းလျှောက်ပေးပါ

ဒီနည်းလမ်းတွေနဲ့ကုသကြည့်တာ အဆင်မပြေပဲဆိုးဝါးနေမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ညှိနှိုင်းပြီးမှကုသသင့်ပါတယ်။






ကြက်သွန်နီ၏လျှို့ဝှက် အာနိသင် (၁၀)ချက်
22/05/2025

ကြက်သွန်နီ၏လျှို့ဝှက် အာနိသင် (၁၀)ချက်

ကြက်သွန်နီဟာ မြန်မာမီးဖိုချောင်တိုင်းမှာ မပါမဖြစ်သော အခြေခံဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သလို မိတ်ဆွေတိ.....

12/05/2025

သွေးလည်ပတ်မှုကို အားကောင်းစေပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေသော အစားအစား (၉) မျိုးကဘာတွေလဲ….
၁)ကြက်သွန်ဖြူ 🧄
သွေးကြောများကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။

၂)ချင်း (ဂျင်း) 🫚
သွေးစီးဆင်းမှုကို မြန်စေကာ ကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

၃)ငရုတ်သီး 🌶️
သွေးကြောများကို ကျယ်စေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။

၄)ပန်းဂေါ်ဖီစိမ်း 🥦
နိုက်ထရစ်အောက်ဆိုဒ် (Nitric Oxide) ထုတ်လုပ်မှုကို အားပေးပြီး သွေးကြောများကို ကျယ်စေပါတယ်။

၅)သစ်ကြံပိုးခေါက်
ကိုယ်တွင်းသွေးလှည့်ပတ်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
၆)သံပရိုသီး၊ လိမ္မော်သီး 🍋‍🟩
ဗီတာမင် C ကြွယ်ဝမှုကြောင့် သွေးကြောနံရံများကို သန်မာစေပါသည်။

၇)ဗာဒံစေ့နှင့် အခွံမာသီးများ
ဗီတာမင် E နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများပါဝင်ကာ သွေးလည်ပတ်မှုကို ကောင်းစေပါသည်။

၈)ဆော်လမော်ငါး 🍣
Omega-3 fatty acids ပါဝင်မှုကြောင့် သွေးခဲမှုကို လျော့ကျစေပြီး သွေးစီးဆင်းမှုကို ကောင်းစေပါသည်။

၉)ဖရဲသီး 🍉
Citrulline ပါဝင်မှုကြောင့်သွေးကြောများကိုဖြေလျော့ စေပြီး သွေးလည်ပတ်မှုကိုအားကောင်းစေပါတယ်။

ဤအစားအစာများကို မှန်မှန်စားသုံးပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာရေးနှင့် ကိုယ်တွင်းအင်္ဂါများသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ကောင်းစွာရောက်ရှိစေပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးပြီး လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော သွေးလည်ပတ်မှုကို ရရှိနိုင်ပါတယ်။

❤️အားလုံးပဲကျန်းမာကြပါစေ❤️
🍃Take care yourself and please share this post to your loved ones🍃


ที่อยู่

Bangkok
10240

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Healthy Life - ကျန်းမာသောဘဝผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์