TECHDIAL LAB ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก TECHDIAL LAB, ครีเอเตอร์ดิจิทัล, Bangkok Yai.

VPN,Spotify,Telegram Star/Premium, Facebook, TikTok like and Followers Boost, Office Activate and License Buy, Apps Subscriptionsယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါပြီ

🚨 Crypto စျေးကွက် လှုပ်ခတ်ဖို့ အားယူနေပြီလား? 📈📉အချိန်ကုန်သက်သာပြီး အတိကျဆုံး သိရဖို့ TECHDIAL LAB ရဲ့ ဒီနေ့အတွက် လိုရင်...
23/02/2026

🚨 Crypto စျေးကွက် လှုပ်ခတ်ဖို့ အားယူနေပြီလား? 📈📉
အချိန်ကုန်သက်သာပြီး အတိကျဆုံး သိရဖို့ TECHDIAL LAB ရဲ့ ဒီနေ့အတွက် လိုရင်းတိုရှင်း Market Update ကို ဖတ်ကြည့်လိုက်ပါ။
📊 ဒီနေ့အတွက် အဓိက အချက် (၃) ချက် -
1️⃣ BTC အခြေအနေ: လက်ရှိမှာ Bitcoin ဟာ 64900$ ဝန်းကျင်မှာ အားယူနေပါတယ်။ အဓိက Support Level ကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် နောက်ထပ် အတက်လမ်းကြောင်း (Uptrend) အသစ်တစ်ခုကို မျှော်လင့်နိုင်ပါတယ်။
2️⃣ Altcoins အလားအလာ: ETH နဲ့ တခြား Altcoin တွေက BTC ရဲ့ လှုပ်ရှားမှုကို အနီးကပ် စောင့်ကြည့်နေပါတယ်။ BTC စျေးငြိမ်သွားတဲ့အချိန်ဟာ Altcoin တွေ ပြန်လည်နေရာရလာမယ့် အချိန် (Altseason) ဖြစ်လာနိုင်ပါတယ်။
3️⃣ ဘာလုပ်သင့်လဲ?: စျေးကွက် Direction မပြတ်သားသေးချိန်မို့ FOMO (အလောတကြီးလိုက်ဝယ်တာမျိုး) လုံးဝမလုပ်ဘဲ Risk Management ကိုသာ အဓိကထား ဂရုစိုက်ပါ။
🗣️ သင့်အမြင်ကရော... အခုအခြေအနေမှာ ဘယ် Coin ကို အများဆုံး စောင့်ကြည့်နေလဲ? Comment မှာ ဝင်ရောက်ဆွေးနွေးခဲ့ပါဦး! 👇
🔔 နောက်ဆုံးရ Market Insight တွေကို နေ့စဉ် အမြန်ဆုံးသိရဖို့ TECHDIAL LAB ကို Follow လုပ်ထားလိုက်ပါ။

📉 Bitcoin ဘာလို့ ရုတ်တရက် ထိုးဆင်းသွားရတာလဲ? "နိုးလာတာနဲ့ Portfolio လေး ကြည့်လိုက်မိတာ... အနီရောင်တွေချည်းပဲ!" 😱BTC က ဈေ...
10/02/2026

📉 Bitcoin ဘာလို့ ရုတ်တရက် ထိုးဆင်းသွားရတာလဲ?
"နိုးလာတာနဲ့ Portfolio လေး ကြည့်လိုက်မိတာ... အနီရောင်တွေချည်းပဲ!" 😱
BTC က ဈေးတက်မယ်လို့ အားလုံးက မျှော်လင့်နေချိန်မှာမှ ဘာလို့ အခုလို ရုတ်တရက် ထိုးကျသွားရတာလဲ? ဒီနေ့မှာတော့ TechDial Lab ကနေ လက်ရှိ Market ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို အချက်အလက်နဲ့တကွ ရှင်းပြပေးသွားပါမယ်။

စျေးကွက်ထဲမှာ BTC ကျရတဲ့ အဓိက လက်သည်တွေကတော့...
Macroeconomic Factors (ကမ္ဘာ့စီးပွားရေး အခြေအနေ): US က ထွက်လာတဲ့ စီးပွားရေး ကိန်းဂဏန်းတွေ (ဥပမာ - အလုပ်အကိုင်နှုန်းနဲ့ အတိုးနှုန်း) က မျှော်လင့်ထားတာထက် ပြောင်းလဲနေတာကြောင့် ရင်းနှီးမြှုပ်နှံသူတွေက Risk များတဲ့ Crypto ထဲကနေ ငွေပြန်ထုတ်နေကြတာပါ။
Exchange Inflows (အရောင်းဖိအား များလာခြင်း): Whale ကြီးတွေနဲ့ Institutional တွေက သူတို့ရဲ့ Profit တွေကို ထုတ်ယူ (Take Profit) လိုက်တာကြောင့် စျေးကွက်ထဲမှာ ရောင်းလိုအား (Supply) များပြီး ဈေးက ရုတ်တရက် အောက်ကို ဆင်းသွားတာဖြစ်ပါတယ်။
Liquidation Cascade: Future Trade ဆော့တဲ့သူတွေဆီက Long Position တွေ အစုလိုက်အပြုံလိုက် "လောင်" သွားတာကြောင့် တစ်ဆင့်ပြီးတစ်ဆင့် စျေးက ပိုကျသွားရတာပါ။
💡 မှတ်ချက်: Crypto Market မှာ 20% ကနေ 30% ထိ Correction ဆင်းတာဟာ "Bull Market" တစ်ခုရဲ့ သဘာဝပဲဖြစ်ပါတယ်။ ဒါဟာ ပြန်တက်ဖို့အတွက် အားယူနေတာလည်း ဖြစ်နိုင်ပါတယ်။
အခုလို ဈေးကျနေတဲ့အချိန်မှာ သင်ကရော ဘာလုပ်နေလဲ? 🤔
A. "Dip" ကို စောင့်ပြီး ထပ်ဝယ်မယ် (Buy the Dip)
B. အေးအေးဆေးဆေးပဲ HODL ထားမယ်
C. ကြောက်လို့ အကုန်ရောင်းလိုက်ပြီ
မင့်ကို Comment မှာ ပြောပြခဲ့ပါဦး! ပြီးတော့ ဒီလို Update မျိုးတွေကို အမြဲသိရအောင် TechDial Lab ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။ ✨

စျေးအနီပြနေတာကို မကြောက်နဲ့၊ နောက်ကွယ်က ငွေစီးကြောင်း (Money Flow) ကို ကြည့်! 👀📉BNB စျေးက $633 (-1.75%) ဝန်းကျင်မှာ အနီရ...
10/02/2026

စျေးအနီပြနေတာကို မကြောက်နဲ့၊ နောက်ကွယ်က ငွေစီးကြောင်း (Money Flow) ကို ကြည့်! 👀📉
BNB စျေးက $633 (-1.75%) ဝန်းကျင်မှာ အနီရောင်ပြပြီး ကျနေပေမယ့် On-chain data တွေကို သေချာကြည့်လိုက်ရင် အခြေအနေက တစ်မျိုးဗျ... 🤔
စျေးကျနေပေမယ့် Money Flow က အစိမ်းရောင် (Green) အပြည့်ပြနေတယ်ဗျာ။ ဒီနေ့တစ်ရက်တည်းမှာတင် Net Inflow က BNB အလုံးရေ ၉,၄၀၀ ကျော် အသားတင်ဝင်ထားတာ တွေ့ရတယ်။ 🔥
ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အသေးစားသမားတွေရော၊ အလတ်စားရော၊ Whale (ငါးမန်း) ကြီးတွေပါ အကုန်လုံး ဝယ်တဲ့ဘက် (Net Buy) မှာ ရှိနေကြတာပဲ။ ပြီးခဲ့တဲ့ ၅ ရက်လုံး Outflow ဖြစ်ခဲ့ပေမယ့် ဒီနေ့မှ ပြန်ဝင်လာကြတာနော်။ Order Book ကို ကြည့်မယ်ဆိုရင်လည်း ဝယ်လိုအား (Buy Side) က ၅၃% ကျော်တောင် ရှိနေတာဆိုတော့ တော်တော်လေး အားကောင်းတယ်လို့ ပြောလို့ရတယ်။ 💪🐳
ဒါက စျေးပြန်မတက်ခင် တိတ်တိတ်လေး စု (Accumulate) နေတဲ့ သဘောလား? 🎒🚀
ကဲ... ဘော်ဒါတို့ရော ဘယ်လိုဆုံးဖြတ်မလဲ? အနီရောင်မြင်ပြီး လန့်ပြေးမလား? ဒါမှမဟုတ် အခွင့်ကောင်းလို့မြင်ပြီး ဝင်ကောက်မလား? Comment မှာ ဆွေးနွေးပေးသွားကြပါဦး! 👇

ဖုန်းအသစ်ဝယ်ရင် ဒါတွေအရင်စစ်!" ⚠️"ဖုန်းက အသစ်စက်စက်ပါ၊ ဘူးပိတ်လေး" ဆိုတိုင်း ယုံပြီး ဝယ်လာခဲ့တာလား? 📦နယ်စပ်က ပြန်ပတ်ထားတ...
17/01/2026

ဖုန်းအသစ်ဝယ်ရင် ဒါတွေအရင်စစ်!" ⚠️

"ဖုန်းက အသစ်စက်စက်ပါ၊ ဘူးပိတ်လေး" ဆိုတိုင်း ယုံပြီး ဝယ်လာခဲ့တာလား? 📦
နယ်စပ်က ပြန်ပတ်ထားတဲ့ (Re-sealed) ဘူးတွေ၊ အပိုပစ္စည်းလဲထားတဲ့ ဖုန်းတွေကို အသစ်ဆိုပြီး အရောင်းခံရတဲ့ ဖြစ်စဉ်တွေ ခဏခဏ ကြားနေရပါတယ်။ သင့်ပိုက်ဆံ မနှမြောရအောင် ဒီ (၃) ချက်ကို မဖြစ်မနေ စစ်ပါ။

၁။ ဘူးက Sticker ကိုပဲ မကြည့်နဲ့ (The Serial Trick) 🔍
ဘူးပေါ်က IMEI နံပါတ်နဲ့ ဖုန်းထဲက IMEI နံပါတ် တူ၊ မတူ စစ်ရုံနဲ့ မလုံလောက်ပါဘူး။ ဖုန်းရဲ့ Official Website မှာ အဲ့ဒီ IMEI ကို ရိုက်ထည့်စစ်ကြည့်ပါ။ Activation Date က သင်ဝယ်တဲ့နေ့ မဟုတ်ဘဲ လွန်ခဲ့တဲ့ လပိုင်းကတည်းက ဖြစ်နေရင် ဒါဟာ "အသစ်မဟုတ်ဘူး" လို့ သတ်မှတ်လို့ရပါတယ်။
၂။ Screen ရဲ့ လျှို့ဝှက်ချက် (White Spot စစ်ဆေးနည်း) 💡
ဖုန်းဆိုင်ရဲ့ မီးရောင်အောက်မှာ Screen က ကြည်နေတတ်ပါတယ်။ ဒါပေမဲ့ အဖြူရောင် Wallpaper ကို အဆုံးထိလင်းပြီး သေချာကြည့်ပါ။ Screen ပေါ်မှာ အစက်အပြောက်ဖြူဖြူလေးတွေ (White Spots) ရှိနေရင် ဒါဟာ Panel မကောင်းတာ ဒါမှမဟုတ် Display လဲထားတာ ဖြစ်နိုင်ပါတယ်။
၃။ Charging Port နဲ့ စပီကာပေါက်ကို မှုတ်ကြည့်ပါ 💨
ဘူးပိတ်အသစ်ဆိုရင် အားသွင်းပေါက်ထဲမှာ ဖုန်စင်လေးတောင် ရှိမနေရပါဘူး။ အားသွင်းပေါက်မှာ ပွန်းရာရှိနေရင် ဒါဟာ အရင်က အသုံးပြုခဲ့ဖူးတဲ့ (Used/Refurbished) ဖုန်းကို ဘူးပြန်ပိတ်ထားတာ သေချာသလောက်ရှိပါတယ်။

ဒီ Post က သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့ဦး။ 💡

"ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ လူတစ်ယောက်စာ အလုပ်လုပ်ပေးနိုင်တဲ့ Free အကြမ်းဆုံး AI (၅) ခု! 🧐ဒါတွေသိထားရင် ခင်ဗျားရဲ့ Pr...
17/01/2026

"ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ လူတစ်ယောက်စာ အလုပ်လုပ်ပေးနိုင်တဲ့ Free အကြမ်းဆုံး AI (၅) ခု! 🧐
ဒါတွေသိထားရင် ခင်ဗျားရဲ့ Productivity က သူများထက် ၁၀ ဆ ပိုမြန်သွားမှာပါ။"

အခုခေတ်မှာ AI ကို အသုံးမချတတ်ရင် ခေတ်နောက်ကျကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းသိထားသင့်တဲ့ Tool တွေကို စုစည်းပေးလိုက်ပါတယ်။
🛑Claude AI: စာသားတွေရေးရာမှာ ပိုပြီး လူသားဆန်တယ်၊ နားလည်ရလွယ်တယ်။ Programming နဲ့ Data Analysis အတွက် အကောင်းဆုံးပဲ။
🛑Canva Magic Studio: ဒီဇိုင်းမဆွဲတတ်လည်း ရတယ်။ စာရိုက်လိုက်ရုံနဲ့ ပုံဖော်ပေးတဲ့ AI စနစ်တွေ အခမဲ့ သုံးလို့ရပါတယ်။
🛑CapCut Desktop (AI Features): ဗီဒီယိုထဲက နောက်ခံတွေကို ဖယ်တာ၊ စာတန်းထိုးတာ (Auto Captions) တွေကို AI နဲ့ စက္ကန့်ပိုင်းအတွင်း လုပ်ပေးနိုင်ပါတယ်။
Ads ကြော်ငြာ☹️👉(Capcut AI ပါတဲ့ Capcut pro premium ကို ကျနော်ဆီဈေးသက်သက်သာသာနဲ့ လာဝယ်လို့ရပါတယ်)
🛑Leonardo.ai: Midjourney ကို ပိုက်ဆံမပေးချင်သူတွေအတွက် အကောင်းဆုံးပဲ။ အရည်အသွေးမြင့် Image တွေကို အခမဲ့ Generate လုပ်လို့ရပါတယ်။
🛑Perplexity AI: Google ခေါက်နေစရာမလိုတော့ဘူး။ ခင်ဗျားသိချင်တာကို မေးလိုက်တာနဲ့ Sources တွေပါ တိတိကျကျ ပြပေးမယ့် AI Search Engine ပါ။

"ခင်ဗျားရော အခုလောလောဆယ် ဘယ် AI Tool ကို အသုံးအများဆုံးလဲ? Comment မှာ တစ်ချက်လောက် ပြောသွားပေးဦးနော်! 👇
နောက်ထပ် အသုံးဝင်တဲ့ နည်းပညာတွေအကြောင်း သိရအောင် ဒီ Post လေးကို Save ထားပြီး Share သွားဖို့ မမေ့နဲ့ဦး!"

🛑 2026မှာ AI ကို မေးခွန်းတွေပဲ မေးတတ်တာလား? (ဒါဆိုရင်တော့ မင်းနောက်ကျကျန်ခဲ့ပြီ!)အခုခေတ်မှာ ChatGPT ကို "မေးခွန်းမေးတာ" ...
17/01/2026

🛑 2026မှာ AI ကို မေးခွန်းတွေပဲ မေးတတ်တာလား? (ဒါဆိုရင်တော့ မင်းနောက်ကျကျန်ခဲ့ပြီ!)
အခုခေတ်မှာ ChatGPT ကို "မေးခွန်းမေးတာ" တစ်ခုတည်းအတွက်ပဲ သုံးနေသေးတယ်ဆိုရင် သင်ဟာ နည်းပညာရဲ့ အစွမ်းကုန်ကို အသုံးမချရသေးပါဘူး။ အခုလက်ရှိ Tech World ရဲ့ အကြီးမားဆုံး Trend က AI Agents တွေ ဖြစ်လာပါပြီ။
💡 AI Agent ဆိုတာ ဘာလဲ? (The Value)
အရင်က AI (Chatbots) တွေက သင်ခိုင်းတာကို "ပြောပြ" ရုံပဲ တတ်တာပါ။ ဒါပေမဲ့ AI Agent တွေကတော့ သင့်ကိုယ်စား "အလုပ်လုပ်ပေး" မှာပါ။
ဥပမာအားဖြင့်-
အရင်က: "ခရီးသွားဖို့ Plan ဆွဲပေး" လို့ AI ကို ခိုင်းရင် List တစ်ခုပဲ ထွက်လာမယ်။
အခု (AI Agent): "ခရီးသွားဖို့ Plan ဆွဲပြီး Flight Ticket နဲ့ Hotel ပါ တစ်ခါတည်း Booking တင်ပေးလိုက်တော့" လို့ ခိုင်းလို့ရလာပါပြီ။
🚀 ဘာကြောင့် ဒါကို သိထားသင့်တာလဲ?
Autonomous Work: ကိုယ်တိုင် ဆုံးဖြတ်ချက်ချပြီး အလုပ်တစ်ခုပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိလာတယ်။
Productivity 10x: Coding ရေးတာ၊ Data ရှာတာကအစ Marketing Campaign တစ်ခုလုံးကို AI Agent တွေက Run ပေးနိုင်တော့မှာပါ။
Future of Work: နောက်ပိုင်းမှာ ကုမ္ပဏီတွေက ဝန်ထမ်းတစ်ယောက်ချင်းစီအတွက် AI Agent တစ်ခုစီ ပေးထားတဲ့အထိ ဖြစ်လာတော့မှာပါ။
"AI က လူတွေရဲ့နေရာကို အစားထိုးမှာမဟုတ်ဘူး၊ AI ကို ကျွမ်းကျင်စွာ သုံးတတ်တဲ့သူတွေကပဲ အသုံးမပြုတတ်တဲ့သူတွေကို အစားထိုးသွားမှာပါ။"
👇 သင်ကော ဘယ်လိုထင်လဲ?
AI တွေက ငါတို့ရဲ့အလုပ်တွေကို ကူညီပေးမယ့် သူငယ်ချင်းကောင်းတွေ ဖြစ်လာမလား? ဒါမှမဟုတ် အလုပ်အကိုင်တွေအတွက် ခြိမ်းခြောက်မှု ဖြစ်လာမလား?
သင် လက်ရှိသုံးဖူးသမျှထဲမှာ အကြိုက်ဆုံး AI Tool က ဘာလဲဆိုတာ Comment မှာ ပြောပြခဲ့ပါဦး! 💬
ဒီ Post က သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့ဦး။ 💡

📱 Physical SIM Vs eSIM: ဘာတွေကွာခြားလဲ?(သေခြားမသိရင်ဖတ်သွားပါ)🧐၁။ ပုံစံသွင်ပြင် (Physical Appearance)Physical SIM: ကျွန်...
17/01/2026

📱 Physical SIM Vs eSIM: ဘာတွေကွာခြားလဲ?(သေခြားမသိရင်ဖတ်သွားပါ)🧐
၁။ ပုံစံသွင်ပြင် (Physical Appearance)
Physical SIM: ကျွန်တော်တို့ အမြဲမြင်နေကျ ပလတ်စတစ်ကတ်ပြားလေးတွေပါ။ ဖုန်းဘေးက SIM Tray ကို ထိုးဖွင့်ပြီး ထည့်ရပါတယ်။
eSIM (Electronic SIM): ဖုန်းရဲ့ Motherboard ထဲမှာ တစ်ခါတည်း Built-in ပါဝင်တဲ့ Chip လေးဖြစ်ပါတယ်။ အပြင်ကနေ ထည့်စရာမလိုသလို၊ ထုတ်လို့လည်း မရပါဘူး။
၂။ အသုံးပြုရလွယ်ကူမှု (Ease of Use)
Physical SIM: ဖုန်းတစ်လုံးကနေ တစ်လုံးကို အလွယ်တကူ ပြောင်းထည့်လို့ရပါတယ်။ ဒါပေမဲ့ ကတ်ပျောက်မှာ၊ SIM Slot ဖုန်ဝင်မှာ ဒါမှမဟုတ် ကတ်ပြား နည်းနည်းပွန်းရုံနဲ့ အချက်ပြမတက်တော့တာမျိုး ကြုံရတတ်ပါတယ်။
eSIM: QR Code လေး Scan ဖတ်လိုက်ရုံနဲ့တင် ဖုန်းထဲကို Line ရောက်လာမှာပါ။ ကတ်အဝင်အထွက်လုပ်နေစရာမလိုလို့ SIM Tray ပျက်စီးမှာ စိတ်ပူစရာမလိုတော့ပါဘူး။
၃။ လုံခြုံရေး (Security)
Physical SIM: ဖုန်းအခိုးခံရရင် သူခိုးက SIM ကတ်ကို ထုတ်ပစ်လိုက်ရုံနဲ့ ဖုန်းကိုရှာရခက်သွားပါပြီ။
eSIM: ဖုန်းထဲမှာ တစ်ခါတည်းမြှုပ်ထားတာကြောင့် သူခိုးက အလွယ်တကူ ထုတ်ပစ်လို့မရပါဘူး။ ဖုန်းပျောက်ရင် ပြန်ရှာရတာ ပိုလွယ်ကူစေပါတယ်။
၄။ ခရီးသွားလာမှု (International Roaming)
Physical SIM: နိုင်ငံခြားသွားရင် အဲဒီနိုင်ငံက SIM ကတ်ကို ဝယ်ပြီး လဲထည့်ရပါတယ်။
eSIM: နိုင်ငံတကာသွားရင် Local Operator တွေဆီကနေ eSIM Plan တွေကို Online ကနေတိုက်ရိုက်ဝယ်ပြီး ဖုန်းထဲမှာတင် အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
💡 ဘယ်သူတွေ eSIM သုံးသင့်သလဲ?
ဖုန်းထဲမှာ SIM ကတ် အများကြီး (ဥပမာ- ၅ ခုကနေ ၈ ခုအထိ) သိမ်းထားချင်သူတွေ။
SIM ကတ် အထုတ်အသွင်းလုပ်ရတာ ပျင်းသူတွေ။
ဖုန်းရဲ့ လုံခြုံရေးကို ပိုမိုမြင့်တင်ချင်သူတွေ။
သတိပြုရန်: eSIM သုံးဖို့အတွက် သင့်ဖုန်းက eSIM Support ဖြစ်ဖို့ လိုအပ်သလို၊ သက်ဆိုင်ရာ Operator (MPT, ATOM, Ooredoo, Mytel) တွေမှာလည်း eSIM ဝန်ဆောင်မှု ရှိမရှိ အရင်စစ်ဆေးဖို့ လိုပါတယ်။
သင်ရော အခုလက်ရှိ ဘယ် SIM အမျိုးအစားကို သုံးနေတာလဲ?
Physical SIM ရဲ့ အဆင်ပြေမှုကို ကြိုက်တာလား ဒါမှမဟုတ် eSIM ရဲ့ ခေတ်မီမှုကို သဘောကျတာလား? ကွန်မန့်မှာ ဆွေးနွေးသွားကြရအောင်! 👇
ဒီ Post က သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့ဦး။ 💡

Telegram Stars ⭐ ရှိထားရင် Paid Channel တွေက Exclusive Content တွေကို ကြည့်နိုင်မယ်၊ Mini Apps/Games မှာ Item ဝယ်လို့ရမယ...
17/01/2026

Telegram Stars ⭐ ရှိထားရင် Paid Channel တွေက Exclusive Content တွေကို ကြည့်နိုင်မယ်၊ Mini Apps/Games မှာ Item ဝယ်လို့ရမယ်၊ ကိုယ်ကြိုက်တဲ့ Creator တွေကို Support ပေးနိုင်မယ်။ 👍
🔥 ဒီနေ့အတွက် အထူးဈေးနှုန်းများ 🔥
⭐ 50 Stars - 5,000 Ks
⭐ 75 Stars - 7,000 Ks
⭐ 100 Stars - 10,000 Ks
⭐ 150 Stars - 14,500 Ks
⭐ 250 Stars - 24,500 Ks
⭐ 350 Stars - 34,500 Ks
⭐ 500 Stars - 45,000 Ks
(မှတ်ချက် - Telegram Star လိုသလောက် ဝယ်လို့ရပါတယ်)
💯 Techdiallab မှာ ယုံကြည်စိတ်ချရဆုံး၊ ဈေးနှုန်းအမှန်ကန်ဆုံးနဲ့ ကြာချိန်မရှိ ချက်ချင်းရယူလိုက်ပါ။
💬 မှာယူလိုပါက လိုချင်တဲ့ Stars အရေအတွက်ကို Chat Box မှာ လာပြောပေးနော်!
Telegram ကိုလဲ ဆက်သွယ်လို့ရပါတယ်ဗျ

Telegram Stars ⭐ ရှိထားရင် ဘာတွေလုပ်လို့ရမလဲ?✅ Exclusive Content Unlock: Channel တွေက Paid Media (Video/Photo) တွေကို ကြ...
17/01/2026

Telegram Stars ⭐ ရှိထားရင် ဘာတွေလုပ်လို့ရမလဲ?
✅ Exclusive Content Unlock: Channel တွေက Paid Media (Video/Photo) တွေကို ကြည့်ရှုနိုင်မယ်။
✅ In-App Purchases: Mini Apps နဲ့ Games တွေမှာ Item တွေ၊ Digital Goods တွေ ဝယ်လို့ရမယ်။
✅ Support Creators: ကိုယ်အားပေးတဲ့ Channel တွေကို Star ပေးပြီး Support လုပ်နိုင်မယ်။
💯 ကျနော်တို့ TECHDIAL LAB မှာ ယုံကြည်စိတ်ချရဆုံးနဲ့ ဈေးနှုန်းအမှန်ကန်ဆုံး ဝယ်ယူရရှိနိုင်ပါပြီ။ ကြာချိန်မရှိ၊ ချက်ချင်းရ။
💬 Stars လိုချင်ရင် အခုပဲ Chat Box (or) telegram ကိုဆက်သွယ်လိုက်ပါဗျ ⭐

🎬 CapCut Premium Pro (1 Month) - Discount Sale 🛑ဗီဒီယိုတွေကို Pro ကျကျ Edit ဖို့ CapCut Pro ကို ဈေးနှုန်းအထူးချိုသာစွာနဲ...
14/01/2026

🎬 CapCut Premium Pro (1 Month) - Discount Sale 🛑
ဗီဒီယိုတွေကို Pro ကျကျ Edit ဖို့ CapCut Pro ကို ဈေးနှုန်းအထူးချိုသာစွာနဲ့ အခုပဲ ဝယ်ယူလိုက်ပါ။
✅ Package Options:
Own Mail (မိမိအီးမေးလ်ဖြင့်): ~~15,000 Ks~~ >> 10,000 Ks
Sell Account (ဆိုင်အကောင့်): ~~10,000 Ks~~ >> 6,000 Ks
✨ ဘာတွေရမလဲ?
Device (၂) လုံးအထိ တစ်ပြိုင်နက် သုံးနိုင်ခြင်း။
Premium Effects, Filters & Transitions အကုန်သုံးရမည်။
4K Export & No Watermark။
AI Features များ အစုံအလင် အသုံးပြုနိုင်ခြင်း။
📩 ဝယ်ယူလိုပါက Telegram@leodass111(သို့) CB တွင် အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။

⚡ Laptop ဘက်ထရီ ကြာကြာခံစေမယ့် နည်းလမ်း (၃) ခု ပိုက်ဆံအကုန်အကျခံ ဝယ်ထားတဲ့ ကိုယ့် Laptop လေး ဘက်ထရီမခံတော့ရင် ရောင်းရခက်...
14/01/2026

⚡ Laptop ဘက်ထရီ ကြာကြာခံစေမယ့် နည်းလမ်း (၃) ခု

ပိုက်ဆံအကုန်အကျခံ ဝယ်ထားတဲ့ ကိုယ့် Laptop လေး ဘက်ထရီမခံတော့ရင် ရောင်းရခက်၊ သုံးရခက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်လေးတွေ ဂရုစိုက်ကြည့်နော်။ 👇
1️⃣ Overcharging မလုပ်ပါနဲ့ - 100% ပြည့်တာနဲ့ အားသွင်းကြိုး ဖြုတ်သုံးပါ။ (Modern Laptop အချို့ကတော့ Auto Cut ပါပါတယ်)
2️⃣ Heat ကို သတိပြုပါ - ပူလွန်းတဲ့နေရာတွေ၊ စောင်အထူကြီးတွေပေါ်တင်သုံးတာက Battery Cell တွေကို ပျက်စီးစေပါတယ်။
3️⃣ Background Apps တွေပိတ်ပါ - မလိုတဲ့ App တွေ Run နေတာက စက်ကိုပိုလုပ်ခိုင်းရာရောက်ပြီး ဘက်ထရီကုန်မြန်စေပါတယ်။
IT နဲ့ပတ်သက်တဲ့ အခက်အခဲမှန်သမျှ TechDial Lab မှာ အကောင်းဆုံး ဖြေရှင်းပေးနေပါပြီ။ 🛠️

ဒီအချက်လေးတွေက အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေသိအောင် Share လုပ်ပေးသွားဦးနော်။

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းနဲ့ ဆုံးဖြတ်နေတုန်းပဲလား?🙄ဖုန်းအသစ်တစ်လုံး လဲတော့မယ်ဆိုရင် လူတိုင်းက Desi...
09/01/2026

ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် ဈေးနှုန်းတစ်ခုတည်းနဲ့ ဆုံးဖြတ်နေတုန်းပဲလား?🙄
ဖုန်းအသစ်တစ်လုံး လဲတော့မယ်ဆိုရင် လူတိုင်းက Design လှတာနဲ့ ဈေးသက်သာတာကိုပဲ အရင်ကြည့်မိတတ်ကြပါတယ်။ ဒါပေမဲ့... ဝယ်ပြီးမှ "ဂိမ်းဆော့ရင် ပူတယ်"၊ "အားမခံဘူး"၊ "Camera ရုပ်ထွက် မကြည်ဘူး" ဆိုတဲ့ နောင်တတွေ မရစေဖို့ ဒီအချက် (၃) ချက်ကို အရင်စစ်ဆေးကြည့်ပါ။ 🧐

🔶 Chipset (ဖုန်းရဲ့ဦးနှောက်): ဖုန်းရဲ့ မြန်ဆန်မှုက Processor ပေါ်မှာ အဓိကမူတည်ပါတယ်။ ဂိမ်းသမားဆိုရင် Snapdragon Series ကို ဦးစားပေးသင့်ပြီး၊ ပုံမှန်အသုံးပြုသူဆိုရင်တော့ Battery ချွေတာပေးတဲ့ Chipset မျိုးကို ရွေးချယ်သင့်ပါတယ်။
🔶 Display & Refresh Rate: အခုခေတ်မှာ 120Hz မပါရင် ခေတ်နောက်ကျနေပါပြီ။ Screen ပွတ်ရတာ ချောမွေ့နေဖို့နဲ့ အရောင်အသွေးစိုပြည်ဖို့ AMOLED Display ဟာ အကောင်းဆုံးပါပဲ။
🔶 Fast Charging: အားသွင်းဖို့ နာရီဝက်ထက်ပိုပြီး အချိန်မပေးပါနဲ့။ အနည်းဆုံး 33W နဲ့အထက် Fast Charging ပါဝင်တဲ့ ဖုန်းမျိုးကိုပဲ ရွေးချယ်ပါ။
ဒီ Post က သင့်အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့ဦး။ 💡
နောက် post မှာ ပြန်တွေ့ကြပါမယ်

ပိုပြီးအသေးစိတ်သိချင်ရင်တော့ Messenger မှာ အခုပဲ စာပို့ပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 📩

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TECHDIAL LABผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์