The Data Info 2 "Welcome to The Data Info 2"

27/05/2025

ဇာတ်ကြီးဆယ်ဘွဲ့မှာ

တေမိ၊
ဇနက၊
သုဝဏ္ဏသာမ၊
နေမိ၊
မဟောသဓာ၊
ဘူရိဒတ်၊
စန္ဒကုမာရ၊
နာရဒ၊
ဝိဓူရနှင့်
ဝေဿန္တရာ

ဇာတ်တော်ကြီးများ ဖြစ်ကြကာ ယင်းတို့ကို အလွယ်အကူ မှတ်သားနားလည်စေရန် တေ၊ ဇ၊ သု၊ နေ၊မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေ ဟူသော အက္ခရာသင်္ကေတအဖြစ် မှတ်သား ကြသည်။

23/05/2025

ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့)

၁။ အာရှတိုက်
၂။ အာဖရိကတိုက်
၃။ မြောက်အမေရိကတိုက်
၄။ တောင်အမေရိကတိုက်
၅။ အန္တာတိကတိုက်
၆။ ဥရောပတိုက် နှင့်
၇။ ဩစတြေးလျတိုက်

တို့ ဖြစ်ကြသည်။

22/05/2025

မောင်ပေါက်ကျိုင်း သင်ကြားရရှိခဲ့သော စကားကြီး (၃) ခွန်းမှာ

၁။ မေးပါများစကားရ

၂။ သွားပါများခရီးရောက်

၃။ မအိပ်မနေ အသက်ရှည်

ဟူ၍ ဖြစ်သည်။

21/05/2025

ဆယ့်နှစ်လရာသီ ပွဲတော်များ

၁။ တန်ခူးလ - သင်္ကြန်ပွဲ
၂။ ကဆုန်လ - ညောင်ရေသွန်းပွဲ
၃။ နယုန်လ - စာတော်ပြန်ပွဲ
၄။ ဝါဆိုလ - ဝါဆိုပွဲ
၅။ ဝါခေါင်လ - စာရေးတံမဲပွဲ
၆။ တော်သလင်းလ - လှေပြိုင်ပွဲ
၇။ သီတင်းကျွတ်လ - မီးထွန်းပွဲ
၈။ တန်ဆောင်မုန်းလ - ကထိန်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲ
၉။ နတ်တော်လ - စာဆိုတော်ပွဲ
၁၀။ ပြာသိုလ - မြင်းခင်းပွဲ
၁၁။ တပို့တွဲလ - ထမနဲပွဲ
၁၂။ တပေါင်းလ - သဲပုံစေတီပွဲ၊ တပေါင်းပွဲ

20/05/2025

ဘဒ္ဒကမ္ဘာ ဘုရား(၅)ဆူ

၁။ ကကုသန်ဘုရား
၂။ ကောဏဂုံဘုရား
၃။ ကဿပဘုရား
၄။ ဂေါတမဘုရား
၅။ အရိမေတ္တေယျဘုရား ( ပွင့်တော်မူလတ္တံ့)

19/05/2025

ခင်ပွန်းကြီးဆယ်ပါးဆိုသည်မှာ-
၁။ ဗုဒ္ဓ - သဗ္ဗညုတ မြတ်စွာဘုရားရှင်
၂။ ပစ္စေကဗုဒ္ဓါ - ပစ္စေကဗုဒ္ဓါ ဘုရားငယ်များ
၃။ အဂ္ဂသာဝက၊ မဟာသာဝက - မြတ်ဗုဒ္ဓ၏ တပည့်သာဝကများ
၄။ ရဟန္တာ - အာသဝေါ ကုန်ခန်းပြီးသော ရဟန္တာ အရှင်မြတ်ကြီးများ
၅။ မာတာ - မွေးသမိခင်
၆။ ပီတု - မွေးသဖခင်
၇။ အာစရိယ - မြတ်ဆရာသမား
၈။ ဝုဒ္ဓါ - သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့် ပြည့်စုံ သောပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်၊ မိမိထက်သိကာအရွယ်ကြီးမားသူ
၉။ ဓမ္မကထိက - ဆရာ (ဓမ္မ တို့ကိုဆုံးမတတ်သောဆရာသမားများ)
၁၀။ ဟိတကရ - ထမင်းတစ်လုတ် ရေတစ်မှုတ် စသည်ကိုပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော မိမိကို ကိုယ်၊ နှုတ်၊ နှလုံးဖြင့်ကျေးဇူးပြုဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်များ ကိုဆိုသည်။

19/05/2025

ရဟန်းတော်များ မစားရသော အသားကြီး (၁ဝ) ပါးဟူလို။
(၁) မနုဿ မံသ - လူသား
(၂) ဟတ္ထိ မံသ - ဆင်သား
(၃) အဿမံသ - မြင်းသား
(၄) သုနခ မံသ - ခွေးသား
(၅) အဟိ မံသ - မြွေသား
(၆) သီဟ မံသ - ခြင်္သေ့သား
(၇) ဗျဂ္ဃ မံသ - ကျားသား
(၈) ဒီပိ မံသ - ကျားသစ်သား
(၉) အစ္ဆ မံသ - ဝံသား
(၁ဝ) တရစ္ဆ မံသ - ဝံပုလွေသား

လူ, ခွေး, မြင်း, ဆင်၊ သစ်, ကျား, ခြင်၊ ဝံ လျှင်, အောင်း, မြွေမျိုး။
ရိုး, ရေ, သား, သွေး၊ အမွေးတို့ပါ၊ မသုံးရာ၊ ဆယ်ဖြာ အသားမျိုး။

18/05/2025

ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်

၁။ ပန်းပဲ
၂။ ပန်းထိမ်
၃။ ပန်းပု
၄။ ပန်းချီ
၅။ ပန်းယွန်း
၆။ ပန်းပွတ်
၇။ ပန်းတော့
၈။ ပန်းတမော့
၉။ ပန်းရန်
၁၀။ ပန်းတဉ်း ကိုဆိုလိုသည်။

ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မဝင်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။

ที่อยู่

Sanphawut Road
Bangkok
10260

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ The Data Info 2ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์