
26/02/2024
စစ်သားဟောင်းများ တပ်ထဲပြန်လာကြရန် မက်လုံးပေးဖိတ်ခေါ်နေ
----------------
တပ်ထဲပြန်ဝင်ရေးစီမံချက်ကို စစ်ဗိုလ်ဟောင်းများက စိတ်ဝင်စားမှုနည်းပါးသော်လည်း ဝင်ငွေနည်း အောက်ခြေစစ်သားဟောင်းများက စိတ်ဝင်စားနေသည်။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေသည် ပင်စင်လစာ ကျပ်သိန်း ၃၀ ရနေသော်လည်း ပင်စင်စားတပ်သား ၁ ဦးသည် ၁ လလျှင် အမြင့်ဆုံး ကျပ် ၁ သိန်း ၆ သောင်းသာ ရရှိသည်။
အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့နှင့် ရင်ဆိုင်နေကြရသည့် ဝင်ငွေနည်း အောက်ခြေစစ်သားဟောင်းများသည် စစ်ကောင်စီ၏ ပစ်မှတ်အသစ်ဖြစ်လာသည်။
၂၀၁၉ စာရင်းများအရ တပ်သားသစ်မှ အရာခံဗိုလ်အဆင့်ကို အမှုထမ်းအရေအတွက်သည် ၂ သိန်း ၁ သောင်းကျော်ရှိပြီး စုစုပေါင်း ပင်စင်သားစစ်သားများ၏ ၈၅ ရာခိုင်နှုန်းဖြစ်သည်။
၎င်းတို့ကို နောက်တန်းတွင်သာ ထားမည်ဟု မက်လုံးပေးကာ တပ်ထဲ ပြန်ဝင်ရန် စည်းရုံးနေသည်ဟု သိရသည်။
အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/49570/
ပုံစာ - ၂၀၁၈ အတွင်းက ရန်ကုန်မြို့လယ် စစ်တပ်ထောက်ခံပွဲတွင် တွေ့ရသည့် စစ်မှုထမ်းဟောင်းများ (ဓာတ်ပုံ - Myanmar Now)
#စစ်မှုထမ်းဟောင်း